The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️စလင်းမှာ မီးဘေးသင့် ပြည်သူတွေကို ပကဖ ငွေကြေးနဲ့ ရိက္ခာတွေ ထောက်ပံ့

၂၂ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်/ရဲမေတွေက ငွေကြေးနဲ့ ရိက္ခာတွေ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ မြို့နယ် ပကဖ ရဲ့ စက်တင်ဘာ ၂၂ ရက်၊ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ မြို့နယ် ပကဖ နဲ့ ရပ်ကျေး ပကဖ တွေရဲ့ မိသားစုဝင် အိမ်ထောင်စု ၅၀ ခန့်ကို ငွေကြေးနဲ့ ဆန်တွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝှမ်းမှာ NUG အစိုးရက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေကို ကျယ်ပြန့်စွာ ဖွဲ့စည်းထားပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👍11👏2🤬1
◼️ကော့သောင်းမှာ စစ်ထဲထည့်ဖို့ စစ်တပ်ဖမ်းဆီးထားသူ ၂ ဦးနဲ့ ပစတဦးကို ပကဖ ကယ်ထုတ်

🔹စစ်မှုထမ်း(ပစ)က တော်လှန်ရေးရဲဘော်အဖြစ် စစ်တပ်ကို ပြန်လည်တိုက်ခိုက်မည်ဟုဆို

၂၂ စက်တင်ဘာ ||| နွေဦးအသံ |||

ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ထဲထည့်ဖို့ အဓမ္မဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၂ ဦးနဲ့ စစ်မှုထမ်း(ပစ)တဦးကို မြို့နယ် (ပကဖ) က ကယ်ထုတ်ခဲ့ပြီး စစ်မှုထမ်းတပ်သားက စစ်တပ်ကို ပြန်လည်တိုက်ခိုက်လိုတာကြောင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

မလိဝမ်းကျေးရွာ၊ စစ်တပ်လက်ပါးစေ အုပ်ချုပ်ရေးမှူးရုံးမှာ စစ်တပ်က စစ်မှုထမ်းတပ်သားအဖြစ်စေခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျော်မင်းဦး (၂၁ နှစ်)နဲ့ ကျော်မင်းခန့် (၂၄ နှစ်)တို့ကို ပကဖ ရဲဘော်တွေက စက်တင်ဘာလထဲမှာ သွားရောက်ကယ်တင်နိုင်ခဲ့တယ်လို့ မြို့နယ် ပကဖ က ထုတ်ပြန်ထားတာပါ။

အလားတူ ကော့သောင်းအခြေစိုက် စစ်တပ် ခလရ ၂၆၂ မှ ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ အပတ်စဉ် ၂၀ ဆင်း စစ်မှုထမ်းတပ်သား(ပစ) ဇော်ကိုကို ကိုလည်း ပကဖ ရဲဘော်တွေက စက်တင်ဘာလထဲမှာပဲ သွားရောက်ကယ်ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူတို့ ၃ ဦးထဲမှ စစ်မှုထမ်းတပ်သား(ပစ) ဇော်ကိုကိုက တော်လှန်ရေးရဲဘော်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ပြီး စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်လိုတာကြောင့် မြို့နယ် ပကဖ တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

အဆိုပါ ၃ ဦးကို လူ့ဂုဏ်သိက္ခာနဲ့အညီ စောင့်ရှောက်ထားပြီး ဓားပြဂိုဏ်းအဆင့်သာရှိတဲ့ စစ်တပ်တွင်းမှ တပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး ဘက်ပြောင်းခိုလှုံကြဖို့နဲ့ လက်နက်ခဲယမ်း ယူ‌ဆောင်လာပါက ထိုက်တန်စွာဆုငွေချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ ကော့သောင်း(ပကဖ)က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍34❤7🤬1
◼️ရခိုင်-မကွေးအစပ် စစ်တပ်ကို AA ၂ ရက်တာတိုက်ခိုက်မှု စကစများစွာသေဆုံးပြီး လက်နက်အမြောက်အများသိမ်းရ

၂၂ စက်တင်ဘာ ||| နွေဦးအသံ |||

ရခိုင်နဲ့ မကွေးအစပ် နေရာ ၃ နေရာမှာ အကြမ်းဖက်စစ်တပ်ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တို့မှာ ၂ ရက်တာ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ်အစပ် သဖန်ရောင်ကျေးရွာ၊ ကံကြိုးကျေးရွာနဲ့ ပွိုင့် ၉၄၈ ကုန်းအနီးတို့မှာ ၂ ရက်တာတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်အုပ်စု အလောင်းများစွာနဲ့ သိမ်းဆည်းရရှိ လက်နက်ခဲယမ်း အမြောက်အများကို AA က ထပ်မံထုတ်ပြထားတာပါ။

ရခိုင်ပြည်နယ်အတွင်း ဆုံးရှုံးထားတဲ့ မြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က 'ရန်နိုင်အောင်စစ်ဆင်ရေး' လို့ အမည်တပ်ပြီး အင်အားအလုံးအရင်းအသုံးပြုကာ ဖြန့်ကျက်ထိုးစစ်ဆင်နေသော်လည်း သေဆုံးထိခိုက်၊ ဆုံးရှုံးမှုများစွာနဲ့ အထိနာလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👍10👏5🤬1
◼️စလင်းမှာ စစ်ယာဉ်တန်းကို PDF ဒရုန်းတိုက်ခိုက်မှု ယာဉ်တစီးထိမှန်ခဲ့ပြီး စစ်သားနဲ့ လက်နက်များထိခိုက်ပျက်စီး

၂၃ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ စလင်း - ကံပြားလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက စက်တင်ဘာ ၁၉ ရက်မှာ FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ စစ်လက်နက်ပစ္စည်းတွေ သေဆုံးထိခိုက်၊ ပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။

မင်းဘူးမြို့မှ တက်လာတဲ့ ယာဉ်အစီး ၁၈၀ ကျော်ပါ စစ်တပ်ယာဉ်တန်းကို လက်ပံကျင်းကျေးရွာအနီးမှာ PDF မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ တပ်ရင်းဒရုန်းလက်ရုံးတပ်ဖွဲ့တို့က FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ယာဉ်တစီး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒရုန်းထိမှန်တဲ့ယာဉ်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မင်းဘူးခရိုင်စစ်ဌာနက စက်တင်ဘာ ၂၃ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

အဆိုပါစစ်တပ်ယာဉ်တန်းဟာ လမ်းကြောင်းတလျှောက် ပြည်သူတွေကို ပေါ်တာဆွဲတာ၊ မတရားဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အမြဲမပြတ်ပြုလုပ်လျက်ရှိတာကြောင့် စစ်ရေးအခြေအနေတွေကို နားစွင့်ပြီး သတိနဲ့ရှောင်ရှားသွားလာကြဖို့ PDF မင်းဘူးခရိုင်စစ်ဌာနက သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤28👍7👏4🤬1
| ပြည်သူကို ပေါ်တာဆွဲဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ယာဉ်တန်းကို PDF ဒရုန်းတိုက်ခိုက်မှုမှတ်တမ်း |

◼️မကွေးဒေသ၊ မင်းဘူးမြို့မှ ထွက်ခွာလာပြီး လမ်းတလျှောက်မှာ ပြည်သူတွေကို ပေါ်တာဆွဲ၊ ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့လာတဲ့ ယာဉ်အစီး ၁၈၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ တပ်ရင်းဒရုန်းလက်ရုံးတပ်ဖွဲ့တို့က စက်တင်ဘာ ၁၉ ရက်မှာ FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ သေဆုံးထိခိုက်၊ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မင်းဘူးခရိုင်စစ်ဌာနက ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

၂၃ စက်တင်ဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤5👏4🤬1