The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️အမှောင်ထုကိုငြိမ်မခံဘဲ ကိုယ်တိုင်အလင်းထွန်းညှိပြီး တော်လှန်ရေးမှာပါဝင်မယ့် ရဲဘော်သစ်များ PDF Zoland ဖိတ်ခေါ်

၂၉ စက်တင်ဘာ ||| နွေဦးအသံ |||

သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရေး အမှောင်ထုကို ငြိမ်မခံဘဲ ကိုယ်တိုင်အလင်းထွန်းညှိပြီး တော်လှန်ရေးမှာ တက်ကြွစွာပါဝင်လိုတဲ့ ရဲဘော်သစ်တွေကို PDF Zoland က အပတ်စဉ် (၂၀) အခြေခံစစ်သင်တန်းအတွက် ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

"ခုချိန် တော်လှန်ရေးမှာ ပရိသတ်မလိုဘူး ပါဝင်သူပဲ လိုပါတယ်၊ သမိုင်းပေးတာဝန်ကို ကိုယ်တိုင် ထမ်းဆောင်ကြစို့" လို့ PDF Zoland က စက်တင်ဘာ ၂၈ ရက်မှာ အခြေခံစစ်သင်တန်း အပတ်စဉ် (၂၀) သို့ လာရောက်ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ချက် ထုတ်ပြန်ထားတာပါ။

နွေဦးတော်လှန်ရေး ၅ နှစ်တာအတွင်း စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ မတရားမှု တိုက်ဖျက်ရေးဟာ လက်ရှိမျိုးဆက်ရဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းပေးတာဝန်ဖြစ်တာကြောင့် ငြိမ်ခံနေပါက နောက်မျိုးဆက်ပါ နွံထဲနစ်သွားနိုင်သလို ဒီတခေါက်မနိုင်ရင် နှစ်ဆ ထပ်မံရုန်းကန်ရလိမ့်မယ်လို့ ထောက်ပြထားပါတယ်။

အောင်ပွဲရဖို့အတွက် ပြိုင်တူတွန်းရင် မကြာတော့တာကြောင့် စက်ဆုပ်ဖွယ် အာဏာရှင်စနစ် နိဂုံးချုပ်ရေးနဲ့ ပြည်သူတရပ်လုံးရဲ့ လွတ်လပ်မှု၊ တရားမျှတမှုအတွက် ခွန်အားတခုအဖြစ် လာရောက်ပူးပေါင်းကြဖို့ လှိုက်လှဲစွာဖိတ်ခေါ်အပ်တယ်လို့ PDF Zoland က နှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | PDF Zoland

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤33👍20🥰3👏1🤬1
◼️‌ပြည်သူ့စစ် အဓမ္မစုဆောင်းခြင်း အစီအစဉ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်း

၃၀ စက်တင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့စစ် အဓမ္မစုဆောင်းခြင်း အန္တရာယ်မှ တိမ်းရှောင်လိုတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာပါက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်နိုင်တဲ့အပြင် ကဏ္ဍမျိုးစုံမှာ မိမိ ဆန္ဒအလိုက် ရွေးချယ်ပါဝင်နိုင်တယ်လို့ စက်တင်ဘာ ၃၀ ရက်မှာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကိုးကား ထုတ်ပြန်ချက်အရ သိရပါတယ်။

လူငယ်တွေအနေနဲ့ ကိုယ်တိုင်ကျွမ်းကျင်တဲ့အရာနဲ့ စိတ်ဝင်စားရာကဏ္ဍအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကုန်ထုတ်လုပ်ရေးတွေမှာ ပါဝင်ပြီး ပြည်သူ့အကျိုးပြုဝန်ဆောင်မှုတွေ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

အလားတူ တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ကိုက်ညီလျှင် PDF နဲ့ ပကဖအဖွဲ့တွေမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်သလို ပညာဆက်လက်သင်ယူလိုတဲ့ လူငယ်တွေအတွက်လည်း ပညာသင်ယူခွင့်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးရဲဘော်တွေ၊ တော်လှန်ပြည်သူတွေနဲ့အတူ ရပ်တည်ရုန်းကန်ပြီး လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ရရှိနိုင်သလို ပြည်သူလူထုအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှု အစီအစဉ်ကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ လိုအပ်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤24👍13🤬3
◼️လက်နယ်ခဲယမ်းအချို့ သိမ်းဆည်းရရှိဟုဆို

၃၀ စက်တင်ဘာ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရှမ်းနီ ပြည်သူ့စစ် SNA တပ်စခန်း ၂ ခုကို KIA PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာ တပ်စွဲထားတဲ့ ရှမ်းနီ ပြည်သူ့စစ် စခန်း ၂ ခုကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤24👍9👏2🥰1
◼️PRF အဖွဲ့ဝင် အချက်လက်များဖော်ထုတ်နိုင်ဟု စစ်တပ်ထုတ်ပြန်မှု လိမ်လည်စွပ်စွဲချက်အဖြစ်ပယ်ချ

🔹ပြည်သူကိုခြိမ်းခြောက်ပြီး တော်လှန်ရေးဝင်ငွေလမ်းကြောင်း ဖြတ်တောက်ဖို့ဖြစ်ကြောင်း အသိပေး

🔹ပြည်သူ့အချက်လက်များ စစ်တပ်ထံပေးတဲ့ ရိုးမဘဏ်နဲ့ Wave Money ကို အကြမ်းဖက်အားပေးအဖြစ်ရှုတ်ချ

၃၀ စက်တင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF တပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်များ ဖော်ထုတ်နိုင်ခဲ့ကြောင်း အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူကိုခြိမ်းခြောက်ပြီး တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ဖြစ်တာကြောင့် လိမ်လည်စွပ်စွဲချက်အဖြစ် PRF က ပယ်ချလိုက်ပါတယ်။

'CRPH ၊ NUG နဲ့ PDF တွေကို ငွေကြေးထောက်ပံ့နေတဲ့ PRF အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးရမိ' လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအပေါ် အပြည့်အဝ စိစစ်ပြီးဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ အမှန်တရားနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ လိမ်လည်စွပ်စွဲချက်သာဖြစ်တယ်လို့ ပြတ်သားစွာပယ်ချကြောင်း PRF က စက်တင်ဘာ ၂၉ ရက်၊ ညပိုင်းမှာ ကြေညာထားတာပါ။

PRF စနစ်မှာ အဖွဲ့ဝင် မှတ်ပုံတင်ဖို့ အမည်လွှဲ တခုနဲ့ အီးမေးလ် တခုသာ လိုအပ်ပြီး ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံးဝသိမ်းဆည်းထားတာမရှိတာကြောင့် စစ်တပ်ရဲ့ စွပ်စွဲချက်ဟာ အခြေအမြစ်မရှိကြောင်း ထောက်ပြထားပါတယ်။

စစ်တပ်ဖော်ပြထားတဲ့ ဖမ်းဆီးမှုတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း Wave Money Agent တဦးရဲ့ စာရင်းနဲ့ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းအချက်အလက်တွေကို စုစည်းပြီး PRF နဲ့ ဆက်စပ် ချဲ့ကားထားတဲ့အပြင် ပြည်သူကိုခြိမ်းခြောက်ပြီး တော်လှန်ရေးဝင်ငွေလမ်းကြောင်း ဖြတ်တောက်ဖို့နဲ့ ဖမ်းဆီးခံရသူတွေကို ထပ်တိုးအမှုဆင်ဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်ထံ ပြည်သူ့ အချက်အလက်ပေးနေတဲ့ Wave Money နဲ့ ရိုးမဘဏ်တို့ကိုလည်း အကြမ်းဖက်အားပေးအဖွဲ့တွေအဖြစ် ပြင်းထန်စွာရှုတ်ချလိုက်ပြီး တော်လှန်ရေးမှာ ပါဝင်ရင်း ပြည်သူတွေ ဖမ်းဆီးခံရမှုအပေါ် လေးနက်စွာ ဝမ်းနည်းစာနာရသလို တရားမျှတမှု ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အသိပေးထားပါတယ်။

လုံခြုံရေး အစီအမံတွေ တိုးမြှင့်ဆောင်ရွက်လျက်ရှိသလို ပြည်တွင်းမှ တော်လှန်ပြည်သူတွေအနေနဲ့ ဖုန်းနဲ့ ငွေလွှဲမှတ်တမ်း လုံခြုံရေးကို အထူးသတိပြုဖို့နဲ့ ပြည်ပရောက် ပြည်သူတွေအနေနဲ့လည်း ပြည်တွင်းမှ ညီအစ်ကို မောင်နှမတွေရဲ့ နေရာမှာ အစားထိုးပါဝင်ပေးကြဖို့ PRF က တိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | PRF (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤6👏4
◼️တော်လှန်ရေးသွေးကွဲဖို့ စစ်တပ်က ဝါဒဖြန့်နေပြီး စစ်ကြောရေးမှသတင်းပေါက်ကြားခဲ့ခြင်းဟု PDF အသိပေး

၃၀ စက်တင်ဘာ ||| နွေဦးအသံ |||

တော်လှန်ရေးသွေးကွဲစေဖို့ အကြမ်းဖက်စစ်တပ်ဝါဒဖြန့်နေတဲ့ PDF အထူးတိုင်းစစ်ဌာန လေကြောင်းတိုက်ခိုက်ခံရမှု အဓိကအကြောင်းအရင်းမှာ ဖမ်းဆီးခံရတဲ့ရဲဘော်တွေကို စစ်တပ်က အဓမ္မစစ်ကြောရာမှ သတင်းပေါက်ကြားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်က ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရတဲ့ ရဲဘော်တွေကို အဓမ္မစစ်ကြောမေးမြန်းစဉ် ရရှိတဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး သတင်းပေါက်ကြားမှုဖြစ်တာကြောင့် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

အထူးတိုင်းစစ်ဌာန ဆက်သွယ်ရေးစခန်းကို စက်တင်ဘာ ၂၄ ရက်မှာ နေပြည်တော်လေတပ်မှ တက်လာတဲ့ MIG-29 Jet Fighter (၂) စီးနဲ့ ဗုံးသီး ၄ လုံးကြဲချခဲ့တာကြောင့် CDM တပ်ကြပ်ကြီး နေဝင်းအောင် အပါအဝင် တိုင်းစစ်ဌာနလုံခြုံရေး ရဲဘော် ၂ ဦး၊ ဆက်သွယ်ရေး ရဲဘော် ၂ ဦး၊ စုစုပေါင်း ၅ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး တော်လှန်ရေးရဲဘော်တွေ၊ တပ်ဖွဲ့တွေ ယုံကြည်မှုကင်းမဲ့ပြီး အချင်းချင်း သွေးကွဲစေဖို့ စစ်တပ်က ဝါဒဖြန့်လျက်ရှိကြောင်း ဖြစ်စဉ်အမှန်ကို ပြည်သူများသိရှိစေရေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနက တရားဝင် သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo |

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍38❤6🥰4
◼️‌ဖာပွန်ရှိ စစ်တပ် ဗျူဟာစခန်းကုန်းကို တော်လှန်ရေးတပ်များ လက်နက်ကြီးအလုံး ၄၀ ကျော်ပစ်ခတ်တိုက်ခိုက်

၁ အောက်တိုဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၂၇ ရက်မှာ လက်နက်ကြီး ဗုံးသီး ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချေမှုန်းဖို့အတွက် ဗျူဟာစခန်းကုန်းပေါ်ရှိ အဆောက်အဦတွေဆီသို့ ၆၀ မမ လက်နက်ကြီးဗုံးသီး ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Federal Revolution Force (FRF) တပ်ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။

လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း စစ်အုပ်စုတပ်စွဲထားတဲ့ ဗျူဟာကုန်းအဆောက်အဦးတွေ ထိမှန်ခဲ့ပြီး အရာရှိနေထိုင်တဲ့ အဆောက်အဦးတွေ၊ ဘားတိုက်တွေကို တိကျစွာထိမှန်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က အသိပေးထားပါတယ်။

တိုက်ခိုက်မှုကို KNDO ၊ Federal Revolution Force (FRF) လက်နက်ကြီးထုတ်လုပ်ရေးတပ်ဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Video | FRF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤6👏2