The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
| KNLA ဆေးဌာနရဲ့ ၅ ကြိမ်မြောက် ဆေးသင်တန်းဆင်းပွဲ ကျင်းပမှုမှတ်တမ်း |

◼️ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဆေးဌာနက ဦးဆောင်ပြုလုပ်တဲ့ (၅) ကြိမ်မြောက် ဆေးသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တာပြီး သင်တန်းသား၊ သင်တန်းသူ ၄၄ ဦးကို သင်တန်းကာလ ၁ နှစ်တာ သင်ကြားလေ့ကျင့်ပေးခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

၁ အောက်တိုဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤33🥰6👍2
◼️ပေါင်းတည်မှာ စစ်တပ်အထိုင်စခန်းကို စနိုက်ပါ၊ RPG တွေနဲ့ PDF ပစ်ခတ်တိုက်ခိုက်၊ စကစ တဦးသေဆုံး ၅ ဦးထိခိုက်

၂ အောက်တိုဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်စခန်းကို PDF ရဲဘော်တွေက စက်တင်ဘာ ၂၃ ရက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဂ္ဂရာပြည့်ကွက်သစ် ကျောက်ကြီးတောင်မှာ အင်အား ၅၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းကို စနိုက်ပါ၊ RPG ၊ လက်နက်ငယ်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၁ က အောက်တိုဘာ ၁ ရက်မှာ အသိပေးထားတာပါ။

တိုက်ခိုက်မှုဟာ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ သေဆုံးသွားတဲ့ စစ်သား အလောင်းကို ပြန်လည် မပို့ဆောင်တော့ဘဲ စက်တင်ဘာ ၂၃ ရက်၊ ည ၈ နာရီခန့်မှာ ကျောက်ကြီးတောင် အနီးတဝိုက်မှာပဲ မြှုပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၁ ကွပ်ကဲမှုနဲ့ ပြည်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက် မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | ပေါင်းတည် PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏32❤13👍2
◼️ပါဝင်ကူညီခဲ့ကြတဲ့ အလှူရှင်တွေနဲ့ CDM အနုပညာရှင်များကို ကျေးဇူးတင်ဂုဏ်ပြု

၂ အောက်တိုဘာ ||| နွေဦးအသံ |||

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် အွန်လိုင်းမှ ထုတ်လွှင့်ပြသခဲ့တဲ့ "နှစ်ပါးသဘင် ပြည်တော်ဝင်" ဖျော်ဖြေပွဲမှ ရရှိလာတဲ့ ရန်ပုံငွေ ဘတ် ၁ သန်းကျော်ကို ရန်ကုန်တိုင်း စစ်ဒေသ-၂၊ တပ်ရင်း(၅၁၀၃)က လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

CDM သဘင်ပညာရှင်တွေ စုပေါင်း တင်ဆက်ခဲ့တဲ့ နှစ်ပါးသဘင်ပြည်တော်ဝင်‌ အွန်လိုင်းဖျော်ဖြေပွဲမှ ရရှိခဲ့တဲ့ ဘတ် တသန်းကျော် (မြန်မာငွေသိန်း ၁၃၀၀ကျော်) ကို လက်ခံရရှိကြောင်း P25103-Yangon Battalion က အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

အဆိုပါ ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းမှ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး၊ ပါဝင်ကူညီခဲ့ကြတဲ့ အလှူရှင်တွေနဲ့ အဖွဲ့သူ အဖွဲ့သားတွေကို ကျေးဇူးတင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဒီဖျော်ဖြေပွဲမှာ CDM သဘင်ပညာရှင်တွေဖြစ်တဲ့ ရန်ငြိမ်းသူ၊ အောင်မြင်ဗိုလ်၊ သားအောင်ဆက်၊ ဝါဝါလှိုင်တို့ အပါအဝင် သဘင်ပညာရှင်များစွာ ပါဝင်ခဲ့ကြသလို၊ "နွေဦးကာရံ ဒေါင်းတို့ အားမာန်" လူရွှင်တော်အဖွဲ့နဲ့ "သောင်ရင်းသုခမ" ဂီတအဖွဲ့တို့လည်း ပူးပေါင်း အားဖြည့် တင်ဆက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍26❤15🥰1
◼️လောင်းလုံး၊ သရက်ချောင်းသဘာဝဘေးကြုံချိန် စစ်တပ်က ဝါဒဖြန့်၊ သပ်လျှိုသွေးခွဲဖို့ အလံဖြူထောင်ခိုင်း

🔹ရေဘေးသင့်ဒေသများသို့ ပြည်သူအသွင်နဲ့ စိမ့်ဝင်နေပြီး ယာဉ်များအားလုံး အလံဖြူမထောင်ဖို့ PDF ပန်ကြား

၂ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်မှာ တောင်ပြိုခြင်း၊ ရေကြီးခြင်း သဘာဝဘေးကြုံတွေ့နေရချိန် အကြမ်းဖက်စစ်တပ်က အခွင့်ကောင်းယူပြီး အသွင်ယူ စိမ့်ဝင်နေသလို ပြည်သူတွေကို အလံဖြူထောင်သွားလာခိုင်းပြီး ဝါဒဖြန့်၊ သွေးခွဲသပ်လျှိုလျက်ရှိတယ်လို့ သိရပါတယ်။

ကျေးရွာပေါင်း ၆၀ ကျော်မှာ သဘာဝဘေးဒဏ်ခံစားနေကြရတာကြောင့် ပရဟိတအဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ၊ ထောက်ပံ့မှုပြုလုပ်ပေးနေတဲ့ ပြည်သူ့အဖွဲ့အစည်းတွေက ကုန်းလမ်း၊ ရေလမ်းတွေကနေ ဝင်ရောက်ပြီး ကူညီစောင့်ရှောက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူအချင်းချင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားလာဆောင်ရွက်နေကြစဉ် စစ်တပ်ဟာ တော်လှန်ရေးတပ်တွေကို ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်စေဖို့အပြင် စနစ်တကျ သပ်လျှိုသွေးခွဲဖို့အတွက် ဝါဒဖြန့်ချိရေးတနည်းအဖြစ် ယာဉ်တွေမှာ အလံဖြူထောင် သွားခိုင်းလျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး အဖွဲ့အစည်းတွေ၊ ယာဉ်တွေ အားလုံးအနေနဲ့ အလံဖြူထောင် သွားလာခြင်းမပြုကြဖို့နဲ့ နယ်မြေအတွင်း အဆင်ပြေစွာသွား‌ရောက်နိုင်ရေး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ပေးကြဖို့ PDF တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ က နှိုးဆော် ပန်ကြားထားတာပါ။

ဒါ့အပြင် ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲကို အကြောင်းပြုပြီး အကြမ်းဖက်စစ်တပ်ဟာ အဆိုပါရေဘေးသင့်‌ဒေသတွေသို့ ပြည်သူအသွင်ယူပြီး စိမ့်ဝင်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ၃၃ က ထောက်ပြသတိပေးထားတာ တွေ့ရပါတယ်။

Photo | နည်းဗျူဟာ ၃၃

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍25