The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ပြည်သူကို လေတပ်ဗုံးကြဲသတ်ဖြတ်မှုမှကာကွယ်နိုင်ရေး 'ပြည်သူ့ရေဒါပရောဂျက်'မှာပါဝင်ဖို့ ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးတိုက်တွန်း

၃ အောက်တိုဘာ ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ "ပြည်သူ့ရေဒါပရောဂျက်"မှာ တတ်နိုင်တဲ့ဘက်မှ ပါဝင်ကြပြီး နေ့စဉ်ထိခိုက်သေဆုံးနေရတဲ့ ပြည်သူတွေကို ကာကွယ်ကြဖို့ NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းလိုက်ပါတယ်။

“ပြည်သူ့ရေဒါပရောဂျက်နဲ့ ပြည်သူကိုကာကွယ်ကြ၊ ပြည်သူ့ရေဒါပရောဂျက်မှာ ပါဝင်ခြင်းဖြင့် စစ်ရာဇဝတ်ကောင်များ ဖက်ဆစ်လေတပ်ရဲ့ လူမဆန် ရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုမှ အကာအကွယ်ပေးကြ" လို့ NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်ထားတာပါ။

ပြည်သူကို ဗုံးကြဲသတ်ဖြတ်ဖို့ စစ်တပ်လေယာဉ်တွေ ပျံတက်လာတာနဲ့ သက်ဆိုင်ရာဒေသတွေမှ ပြည်သူတွေဆီ အချိန်မီသတင်းပေးနိုင်တဲ့ 'ကြိုတင်သတိပေးစနစ်' တွေ ပိုမိုမြန်ဆန်အားကောင်းလာစေဖို့နဲ့ မြေပြင်မှာ အသက်စွန့်သတင်းပို့ပေးနေကြတဲ့ ကင်းထောက်အဖွဲ့တွေကို ထောက်ပံ့နိုင်ဖို့ အဓိကရည်ရွယ်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် ကြိုတင်သတိပေးစနစ်တွေ မပြတ်လည်ပတ်နိုင်ဖို့၊ အရေးပေါ်အခြေအနေတွေမှာ ပြည်သူတွေ ဘေးကင်းရာသို့ ရှောင်တိမ်းနိုင်ရေး လုပ်ငန်းစဉ်တွေနဲ့ လေကြောင်းရန် ကြုံတွေ့လာရချိန်မှာ မြေပြင်လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ တုံ့ပြန်ကူညီနိုင်ဖို့ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပရောဂျက်ကို NUG အစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA) က ဦးဆောင်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွန်ယက်တွေမှတဆင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီဒေသတွေမှာပါ တိုက်ရိုက် ချိတ်ဆက်အကောင်အထည်ဖော်သွားမယ်လို့ အသိပေးထားပါတယ်။

မြို့နယ်ပေါင်း ၅၀ မှာ တမြို့နယ်ကို ဆက်သွယ်ရေးစခန်း ၅ ခုနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ပုံငွေရည်မှန်းချက် ကျပ်သန်း ၅၀၀၊ ကမ်ပိန်းကာလ စက်တင်ဘာ ၃ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ သတ်မှတ်ထားတဲ့အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်မှ ပါဝင်အားဖြည့်ပေးကြဖို့ နှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | NUG ၊ AA (ပုံဟောင်းများ)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍28❤14👏2🔥1😢1
◼️ခမောက်ကြီးမှာ ပြည်သူကိုဖမ်းဆီး၊ အိမ်မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စကစ ၄ ဦးသေဆုံး

🔹မြို့နယ်အတွင်း စစ်တပ်ကစစ်ကြောင်းထိုးပြီး အကြမ်းဖက်နေတာကြောင့် ပြည်သူများ သတိမပြတ်ကြဖို့ ပကဖ အသိပေး

၃ အောက်တိုဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ခမောက်ကြီးမြို့နယ်အတွင်း ပြည်သူတွေကို မတရားဖမ်းဆီး၊ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ ကော့သောင်း ပကဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခမောက်ကြီးမြို့နယ်၊ အောင်ချမ်းသာရွာအနီးမှာ ကော့သောင်းနဲ့ ခမောက်ကြီး တပ်နယ်တို့မှ ထွက်ခွာလာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၅ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ကြောင်းဟာ စမ်းသီတာကျေးရွာမှ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး ၄၂ တောင်(ဒေသအခေါ်) အရောက်မှာ အောင်ချမ်းသာ ရွာသား ၂ ဦးကို မတရားဖမ်းဆီးခဲ့တဲ့အပြင် ရွာသူရွာသားတွေကို ဓမ္မာရုံအတွင်း ညအိပ်ပိတ်လှောင်ထားခဲ့သလို၊ စက်တင်ဘာ ၇ ရက်မှာလည်း ပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော့သောင်းတပ်နယ်မှ စက်တင်ဘာ ၂၇ ရက်မှာ ထပ်မံထွက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းဟာ လုံးဖောရွာသို့ ရောက်ရှိလာတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ခြံတွေနဲ့ ထိုင်းနိုင်ငံဘက်သို့ အသက်လုထွက်ပြေးခဲ့ကြရတယ်လို့ အသိပေးထားပါတယ်။

အဲဒီလိုထွက်ပြေးစဉ် စက်လှေ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦး သေဆုံးခဲ့ရတဲ့အပြင် စက်တင်ဘာ ၂၈ ရက်မှာ စစ်တပ်စစ်ကြောင်းက လုံးဖောရွာသား ၇ ဦးကို ထပ်မံ ဖမ်းဆီးပြီး စမ်းသီတာကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခမောက်ကြီးမြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ သတိ အမြဲ ရှိကြဖို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားတာ တွေ့ရပါတယ်။

Photo | social media (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤24👍13😢2
◼️ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်အတွက် အရေးပါတဲ့ မှတ်တိုင် ဟုဆို

၄ အောက်တိုဘာ ||| နွေဦးအသံ |||

ဖက်ဒရယ် ပြည်ထောင်စုသစ် ပေါ်ပေါက်ရေး အရေးပါတဲ့ မှတ်တိုင်တခုအဖြစ် ပြည်သူ့ဝန်ဆောင်မှုနဲ့ အုပ်ချုပ်ရေး ယန္တရားကို ယူနစ်အစိုးရက အောက်ခြေအထိ တိုက်ရိုက် တာဝန်ယူနိုင်ဖို့ NUG အစိုးရ နဲ့ မကွေး ယူနစ်အစိုးရတို့အကြား အုပ်ချုပ်ရေးဆိုင်ရာ လွှဲပြောင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်၊ မနက် ၁၀ နာရီမှာ Zoom Platform မှတဆင့် ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လွှဲပြောင်းပွဲ အခမ်းအနားမှာ မကွေးယူနစ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က ဒီကနေ့ ဆောင်ရွက်ချက်ဟာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်အတွက် အရေးပါတဲ့ မှတ်တိုင်ဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားကို အောက်ခြေအထိ အသက်ဝင်စေကြောင်းနဲ့ အခက်အခဲကြားက ကြံ့ကြံ့ခံ ဆောင်ရွက်ခဲ့တဲ့ ပအဖ အဖွဲ့ဝင်တွေကို လေးစားဂုဏ်ပြုကြောင်း ပြောကြားခဲ့တယ်လို့ အောက်တိုဘာ ၃ ရက်မှာ ကြားကာလ မကွေးယူနစ် အစိုးရက အသိပေးထားတာပါ။

အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်အမှာစကား ပြောကြားခဲ့သလို ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း လွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကို ရှင်းလင်း တင်ပြခဲ့ပြီး၊ NUG ယာယီသမ္မတ နဲ့ မကွေးယူနစ် ဝန်ကြီးချုပ်တို့က အုပ်ချုပ်ရေး လွှဲပြောင်းမှုကို အတည်ပြု ကြေညာခဲ့ကာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ နိဂုံးချုပ် စကားနဲ့အတူ အခမ်းအနားကို နေ့လယ် ၁၂ နာရီမှာ အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤32👍5🥰1👏1
◼️မင်းတုန်းမှာ ပစ များစွာပါတဲ့ စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စကစ ၁၂ ဦးထက်မနည်းသေဆုံးထိခိုက်

၄ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို PDF သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ၁ လကျော်အတွင်း ၁၃ ကြိမ်ထက်မနည်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၂ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၄ ရက် အဆိုပါတပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကြိုးဝကျေးရွာမှာ စစ်မှုထမ်းတပ်သား(ပစ)အများအပြားပါတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ၁ လကျော်ကြာ တပ်စွဲခဲ့သော်လည်း ၁၃ ကြိမ်ထက်မနည်း ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ရွာမှမနေရဲတော့ဘဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အထိုင်ချတပ်စွဲထားတဲ့ ၁ လကျော်အတွင်း စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ‌ဖော်ပြထားတာပါ။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်တပ်စစ်‌ကြောင်းဟာ ရွာမှာမနေရဲတော့ဘဲ ဆုတ်ခွာလာစဉ် အောက်တိုဘာ ၃ ရက်၊ မနက် ၆ နာရီခန့်မှာ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ်ခန့်အတွင်း အထိနာသွားတာကြောင့် သေဆုံးသူတွေကို မြေမြှုပ်၊ ဒဏ်ရာရသူတွေကို ထမ်းပိုးပြီး မင်းတုန်းမြို့ဘက်သို့ ပြန်လည်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး စစ်တပ်က မင်းတုန်းမြို့နယ်အတွင်း လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေခွဲကာ ဖြန့်ကျက်စစ်ကြောင်းထိုးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၄

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤18👍11👏4🔥2🤬1
| မင်းတုန်းမှာ စကစ ၁၂ ဦးထက်မနည်းသေဆုံးထိခိုက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို PDF ပိတ်ဆို့တိုက်ခိုက်မှုမှတ်တမ်း |

◼️မကွေးဒေသ၊ မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာမှာ ၁ လကျော်အထိုင်ချတပ်စွဲထားတဲ့ စစ်မှုထမ်းတပ်သား(ပစ)များစွာနဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို PDF သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထိတွေ့တိုက်ပွဲ ၂ ကြိမ်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၃ ကြိမ်ထက်မနည်း ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ရွာမှာမနေရဲတော့ဘဲ ဆုတ်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာလည်း သေဆုံးထိခိုက်မှုများနဲ့ အထိနာသွားခဲ့ကြောင်းနဲ့ တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက အောက်တိုဘာ ၄ ရက်မှာ တိုက်ပွဲရုပ်သံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားပါတယ်။

Video | သရက်ခရိုင် တပ်ရင်း ၄

၄ အောက်တိုဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍25❤7👏5🤬1