The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ကန့်ဘလူမှာ အကြမ်းဖက်စစ်အုပ်စုကို ပစ်ခတ်ရှင်းလင်းရာ ၃ ဦးလုံး ပွဲချင်းပြီးသေဆုံး

၄ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကန့်ဘလူခရိုင် (ပကဖ) ဒရုန်းအဖွဲ့က အောက်တိုဘာ ၃ ရက်မှာ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်ပါးစေ ပျူခေါင်းဆောင် အပါအဝင် ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အုတ်ဖိုကျေးရွာမှ ညောင်ဇင်လေးကျေးရွာသို့ ပြန်လာတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)ခေါင်းဆောင် အောင်ဇင်ဦးနဲ့ နောက်လိုက် ကောင်းထက်မိုးနဲ့ ဇင်မျိုးထက် တို့ကို တော်လှန်ရေးတပ်ဖွဲ့က လမ်းခုလတ်မှာ အသင့်စောင့်ကြိုပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ဒရုန်းအဖွဲ့ KDF က ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ၃ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တဲ့အပြင် ပစ္စတို ၁ လက်၊ Mini Starlink တလုံး အပါအဝင် ဖုန်း၊ ငွေသားအချို့နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | KDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍8👏4🤬1
| ကန့်ဘလူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ကြားဖြတ်ပစ်ခတ်ရှင်းလင်းမှု မှတ်တမ်း |

◼️စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်မှာ ညောင်ဇင်လေးပျူရွာမှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)ခေါင်းဆောင် အောင်ဇင်ဦး အပါအဝင် ၃ ဦးကို ကန့်ဘလူခရိုင် (ပကဖ) ဒရုန်းအဖွဲ့ KDF က အောက်တိုဘာ ၃ ရက်မှာ အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လက်နက်နဲ့ Mini Starlink တလုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။

Video | KDF

၄ အောက်တိုဘာ ||| နွေဦးအသံ |||

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍30❤12👏5🤬1
◼️မြိုင်မှာ စစ်တပ် အစုအပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ကလေးတဦးအပါအလောင်းတဒါဇင်ကို ရွာသားတဦးမှိုရှာရင်းတွေ့ရှိ

၄ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို မြေမြှပ်ခဲ့တဲ့ ကျောင်းသားတဦးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦးရဲ့ ရုပ်အလောင်းများကို ရွာသားတဦးက အောက်တိုဘာ ၄ ရက်မှာ မှိုရှာသွားစဉ် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အစုအပြုံလိုက် ဖြစ်သလိုမြှုပ်နှံထားတဲ့ နေရာကို မှိုရှာသွားတဲ့ ရွာသားတဦးက တွေ့ရှိခဲ့ရာမှ ဒေသတာဝန်ရှိသူတွေ ဦးဆောင်ပြီး ရှာဖွေတူးဖော်ခဲ့ရာ မြေကျင်း ၂ ခုအတွင်း အလောင်း ၁၂ လောင်း တွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က အရိုးစုတွေရဲ့ ဓာတ်ပုံမှတ်တမ်းများနဲ့တကွ ဖော်ပြထားတာပါ။

‌ဂွေးကုန်းရွာမှ အသက်မပြည့်သေးတဲ့ ကျောင်းသားတဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး၊ မကျီးကုန်းရွာမှ ပြည်သူ တဦး၊ သံချောင်းရွာမှ ပြည်သူ တဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၆ ရက်မှာ စက်မှု ၂ မှ ဝဲတူရွာသို့ သွားတဲ့ စစ်တပ်စစ်ကြောင်းရဲ့ အဓမ္မဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၁၂ ဦးကို စစ်တပ်စစ်ကြောင်းက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်၊ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကို ဝက်ပုတ်ရွာမှ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်စုစာအုပ်တွေကနေ သိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဝက်ပုတ်ပျူရွာကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ရွာကိုရှင်းလင်းရေးဝင်စဉ်ကလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ နေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အသိပေးထားပါတယ်။

လက်ရှိပြန်လည်တွေ့ရှိခဲ့တဲ့ အလောင်းတွေနဲ့အတူ တွေ့ရှိတဲ့ မှတ်ပုံတင်၊ ကျောင်းသားကဒ်၊ မွေးစာရင်းတွေအရ ‌ဂွေးကုန်းရွာမှ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး အစုအပြုံလိုက်သတ်ဖြတ်ခဲ့မှုကို ဝက်ပုတ်ရွာ ပျူခေါင်းဆောင် ဝင်းငွေ ဆိုသူနဲ့ ဝက်ပုတ်ရွာမှာတာဝန်ကျနေတဲ့ ဗိုလ် ဘိုဖြူတို့က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬35❤5👍1
◼️‌စစ်ကိုင်းမှာ ရဲသင်တန်းဆင်းပွဲနဲ့ ယာဥ်တန်းလုံခြုံရေးစစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စကစ သေဆုံးထိခိုက်မှုရှိ

၅ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းမှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရလက ၃ သင်တန်းဆင်းပွဲနေရာနဲ့ ရတရ ၁၆ အနီး စစ်ယာဥ်တန်းလုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့က အောက်တိုဘာ ၂ ရက်မှာ ၈၀ မမ လက်နက်ကြီးနဲ့ တရက်တည်းအတွင်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲပြုလုပ်နေတဲ့ အမှတ် ၃ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းအတွင်းသို့ ၈၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ သင်တန်းကွင်းနေရာသို့ ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့တဲ့အတွက် လူနာတင်ယာဥ် ၂ စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် မုံရွာ နမခမှ စစ်ကိုင်း တပ်မ ၃၃ သို့ သွားတဲ့စစ်ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုကို အမှတ် ၁၆ ရဲတပ်ရင်းအနီးမှာ ၈၀ မမ ဗုံးသီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရည်မှန်းချက်နေရာတွေသို့ တိကျစွာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှု အခြေအနေတွေကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤29👏11👍2