◼️တော်လှန်ရေးနဲ့ ရဲဘော်များရဲ့ စစ်ရေးစွမ်းရည် ပိုမိုအားကောင်းဖို့ ဂန့်ဂေါ PDF တပ်ရင်းများစုဖွဲ့လေ့ကျင့်
🔹ပြည်သူ့အာဏာ ပြည်သူ့ထံပြန်ရောက်တဲ့အထိ မဆုတ်မနစ်တိုက်ပွဲဝင်သွားမည်ဟု အသိပေး
၅ အောက်တိုဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်းနယ်မြေတခုမှာ ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၂ နဲ့ ၁၄ တို့ ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ "စုဖွဲ့အခြေခံမွမ်းမံသင်တန်း အပတ်စဉ် (၂)" သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းဟာ ပြည်သူ့နွေဦးတော်လှန်ရေး ပိုမိုအားကောင်းလာစေဖို့နဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ စစ်ရေးစွမ်းရည်၊ စည်းကမ်းနဲ့ စုဖွဲ့မှုအားကောင်းစေဖို့ ရည်ရွယ်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကွပ်ကဲမှုအောက်ရှိ ဂန့်ဂေါခရိုင် တပ်ရင်း ၁၂ နဲ့ ပူးပေါင်းဖွင့်လှစ်ခဲ့တာဖြစ်ကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း ၁၄ က အသိပေးထားပါတယ်။
သင်တန်းမှာ ရဲဘော်တွေကို စစ်နည်းဗျူဟာ၊ လက်နက်ငယ် ဘာသာရပ်၊ စည်းကမ်းနဲ့ အမိန့်နာခံမှု၊ အခြေခံစစ်ပညာအပြင် ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ ရင်းနှီး စည်းလုံးစွာ စုဖွဲ့တိုက်ပွဲဝင်နိုင်ရေး ဘာသာရပ်တွေကို စနစ်တကျ သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားမှာ တပ်ရင်း တာဝန်ရှိသူတွေက သင်တန်းဆင်း မိန့်ခွန်း ပြောကြားခဲ့သလို ထူးချွန် ရဲဘော်တွေကိုလည်း ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် (၁၄) တပ်ရင်းက အောက်တိုဘာ ၅ ရက်မှာ မှတ်တမ်း ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ထုတ်ပြန်ထားတာပါ။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဂန့်ဂေါခရိုင် တပ်ရင်း ၁၂ နဲ့ ၁၄ ရဲဘော်တွေအနေနဲ့ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်တဲ့အထိ ယောနယ်မြေမှနေပြီး ပြည်သူတွေနဲ့အတူ မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ ကူညီပံ့ပိုး အားပေးမှုတွေကိုလည်း ကျေးဇူးတင်ကြောင်း အသိပေးထားတာ တွေ့ရပါတယ်။
Photo | ဂန့်ဂေါခရိုင် တပ်ရင်း ၁၄
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤39👍14🥰3👏1
◼️ရေစကြိုမှာ စစ်တပ်လက်အောက်ခံပျူစခန်းကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ စကစ ၁၀ ဦးသေဆုံး
၆ အောက်တိုဘာ ||| နွေဦးအသံ |||
မကွေးဒေသ၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဂွေးချိုကျေးရွာရှိ ပျူစောထီးစခန်းကို မနက် ၅ နာရီခွဲခန့်မှာ စတင် တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်နေစဉ်အတွင်း ရေစကြိုမြို့ အခြေစိုက် အမှတ် ၂၅၆ ခြေလျှင်တပ်ရင်း (ခလရ-၂၅၆) မှ ဟောင်ဝှစ်ဇာ နဲ့ ၄ ကြိမ်၊ လေကြောင်းပစ်ကူ ၂၈ ကြိမ်ထက်မနည်းနဲ့ အဆမတန် ပစ်ကူပေးခဲ့တာကြောင့် စခန်းကို အပြီးသတ် မသိမ်းနိုင်ခဲ့ဘဲ မနက် ၉ နာရီခန့်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ ရဲဘော် (၃) ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သော်လည်း အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး လတ်တလောမှာ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ ရေစကြိုမြို့နယ် အထူးလှုပ်ရှားစစ်ကြောင်းက တိုက်တွန်းထားပါတယ်။
ဒီတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် အထူးလှုပ်ရှားစစ်ကြောင်းနဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း (၂၊ ၃၊ ၁၀)၊ ရေစကြိုတပ်ပေါင်းစု၊ One More စစ်ကြောင်း (မြင်းခြံ)၊ ကြယ်တံခွန်စစ်ကြောင်း၊ ဒေါင်းညီနောင်၊ မြိုင် ပကဖ (ဒရုန်းအဖွဲ့) နဲ့ KNLA တပ်ရင်း (၂၇) နယ်စီးမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း (၁) တို့ပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဟန်ချက်ညီညီ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

👍28❤13🥰3👏2
| ရေစကြိုမှာ စကစ ၃၀ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တဲ့ စစ်တပ်လက်အောက်ခံပျူစခန်းကို PDF တိုက်ခိုက်မှုမှတ်တမ်း |
◼️မကွေးဒေသ၊ ရေစကြိုမြို့နယ်မှာ ဂွေးချိုပျူရွာမှ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂ ရက် မနက် ၅ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အဆမတန်ပေးခဲ့တာကြောင့် စခန်းကို အပြီးသတ်မသိမ်းနိုင်ခဲ့ဘဲ မနက် ၉ နာရီခန့်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ် အထူးလှုပ်ရှားစစ်ကြောင်းက ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
Video | ရေစကြိုမြို့နယ် အထူးလှုပ်ရှားစစ်ကြောင်း
၆ အောက်တိုဘာ ||| နွေဦးအသံ |||
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍32❤7🥰1
◼️ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင် IDP စခန်းတွေနဲ့ ဆေးခန်းကို စစ်တပ်ဗုံးကြဲ ၁၈ နှစ်အရွယ်သူနာပြုတဦးအပါ ၈ ဦးသေဆုံး
၆ အောက်တိုဘာ ||| နွေဦးအသံ |||
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလ၊ ပန်းနီလာ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ၂ ရက်ဆက်တိုက် ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် အလုပ်သင်သူနာပြုအပါအဝင် ပြည်သူ ၈ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၄ ရက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၆ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး စစ်ဘေးရှောင် အိမ်ခန်းတွေ၊ အသုံးအဆောင် ပစ္စည်းတွေ အပါအဝင်၊ ဆိုင်ကယ်နဲ့ ဘေးတွဲဆိုင်ကယ် အများအပြား မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
ဗျာလ IDP စခန်း တိုက်ခိုက်ခံရပြီး နောက်တရက် အောက်တိုဘာ ၅ ရက်မှာ ဂျက်ဖိုက်တာ အုပ်စုလိုက်သုံးပြီး ပန်းနီလာကျေးရွာ IDP စခန်း၊ စခန်းတွင်းရှိ "စေတနာ" ဆေးခန်းနဲ့ အောင်ဖြူပြင်ရွာတို့ကို နာရီဝက်နီးပါးကြာ Cluster ဗုံး၊ ပေါင် (၃၀၀) ဗုံးတွေနဲ့ အတွဲလိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် ပန်းနီလာ IDP စခန်းရှိ "စေတနာ" ယာယီဆေးခန်း ပျက်စီးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အလုပ်သင် သူနာပြုတဦး ဦးခေါင်း ဗုံးစထိမှန် ဒဏ်ရာနဲ့ ဆေးကုသစဉ် သေဆုံးခဲ့တဲ့အပြင် အောင်ဖြူပြင်ရွာမှ အသက် (၅၄) နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးခဲ့သလို အသက် (၆၃) နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတဦးလည်း ရင်ဘတ်နဲ့ ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ လူမျိုး၊ ဘာသာမရွေး အပြစ်မဲ့ အရပ်သားတွေ၊ သံဃာတော်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်တွေပါမချန် လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ "လေကြောင်း အန္တရာယ်"ကို အချိန်တိုင်း အထူးသတိထားကြဖို့ အာရက္ခတပ်တော် AA က တိုက်တွန်းထားတာ တွေ့ရပါတယ်။

😢19🔥10🤬10❤1