The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌သရက်ခရိုင် အမှတ် (၄) တပ်ရင်းရဲ့ အပတ်စဉ် ၁၃ အခြေခံစစ်ပညာသင်တန်း ပြီးစီး

၇ အောက်တိုဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အပတ်စဉ် (၁၃) အခြေခံစစ်ပညာသင်တန်းရဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ ကျောင်းဆင်းစစ်ကြောင်းရဲဘော်တွေက စစ်ရေးပြကွင်းအတွင်းသို့ စစ်ရေးပြပုံစံနဲ့ ချီတက်နေရာယူခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုတာ၊ သစ္စာအဓိဌာန် ၄ ချက် ရွတ်ဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်လက်ပြီး သင်တန်းကာလအတွင်း ထူးချွန်ဆုရရဲဘော်တွေကို ဆုပေးအပ်ခဲ့ပြီး တပ်ရင်းမှ တပ်ဖွဲ့ဝင်ရဲမေတွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | သရက်ခရိုင် တပ်ရင်း ၄

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤30🥰2
◼️‌နာဂဒေသ လဟယ်မြို့နယ်မှာ ပကဖ စခန်းဖွင့်လှစ်၊ စုဖွဲ့မှုများပြုလုပ်နိုင်ရေးဆွေးနွေး

၇ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ လဟယ်မြို့နယ် နာဂဒေသမှာ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းကို အောက်တိုဘာ ၄ ရက်မှာ ဖွင့်လှစ်လိုက်ပြီး စခန်းဖွင့်ပွဲအခမ်းအနားမှာ စုဖွဲ့မှုတွေပြုလုပ်နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

'ယောရှု'လို့ အမည်ပေးထားတဲ့ လဟယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ စခန်းဖွင့်ပွဲ အခမ်းအနားကို နာဂဒေသ ပကဖ တာဝန်ရှိသူတွေ၊ ဒေသ‌ရေးရာအဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး စုဖွဲ့မှုများပြုလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ပကဖ အသံက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။

အဆိုပါ လဟယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းဖွင့်ပွဲ အခမ်းအနားကို ဒေသခံ ပြည်သူတွေလည်း တက်ရောက်ပြီး ပါဝင်အားဖြည့်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Photo | ပကဖ အသံ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍7🥰1
◼️‌ကရင်နဲ့ အညာဒေသတွေအပြင် ဧရာဝတီတိုင်းအတွင်း စစ်တပ်ကို တိုက်ခိုက်ချေမှုန်းနေဟု 96 Soldiers PDF အသိပေး

🔹တိုက်ပွဲအတွေ့အကြုံများအသုံးချပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ ရှေ့သို့ဆက်လက်ချီတက်တိုက်ခိုက်မည်ဟုကတိပြု

၇ အောက်တိုဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်မှာ အခြေပြုဖွဲ့စည်းပြီး စစ်အာဏာရှင်ကိုတွန်းလှန်ခဲ့တဲ့ 96 Soldiers - PDF တပ်ဖွဲ့အနေနဲ့ အညာဒေသမှာသာမက ဧရာဝတီတိုင်းအတွင်းမှာလည်း မဟာမိတ်တွေနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းလျက်ရှိတယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

96 Soldiers - PDF အညာတပ်ခွဲကို ၂၀၂၂ ခုနှစ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သလို လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း မဟာမိတ်တွေနဲ့အတူ စစ်တပ်ကို ခြေသံလုံစွာ တိုက်ခိုက်ချေမှုန်းပြီး အောင်ပွဲတွေ ရယူလျက်ရှိကြောင်း တပ် ၅ နှစ်ပြည့် အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်အသိပေးထားတာပါ။

တော်လှန်ရေး ငါးနှစ်ကျော်ကာလအတွင်း အတူတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့တဲ့ ရဲဘော်တွေနဲ့ ရန်သူ့လက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်တွေကို ထာဝစဉ်ဥဒါန်းတွင်ရစ်မယ့် အာဇာနည်တွေအဖြစ် အလေးအနက်ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

စတင်ဖွဲ့စည်းချိန်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ဟောင်းတွေနဲ့ ဒီနေ့အချိန်ထိ ဒေသအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအားလုံးကို ဂုဏ်ပြုကြောင်းနဲ့ အခြေခံစစ်သင်တန်း၊ ဒေသအသီးသီးမှ တိုက်ပွဲအတွေ့အကြုံတွေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေး ရှေ့သို့ဆက်လက်ချီတက်လျက်ရှိကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့ဝင် ဖြစ်တာနဲ့အညီ မဟာမိတ်တွေနဲ့ ဆက်လက်ပူးပေါင်းပြီး အာဏာရှင်စနစ် ပပျောက်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားတိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားတာ တွေ့ရပါတယ်။

Photo | 96 Soldiers - PDF (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤35👍10🥰3
◼️စက်တင်ဘာလအတွင်း စစ်တပ်ထံမှ စစ်သုံ့ပန်း ၁၆၉ ဦး တော်လှန်ရေးအင်အားစုများ အရှင်ဖမ်းမိ

၈ အောက်တိုဘာ ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တပ်ဖွဲ့ဝင် ၁၆၉ ဦး စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလအတွင်း အရှင်ဖမ်းမိခဲ့ပြီး အလင်းဝင်ပူးပေါင်းလာ ၁၂ ဦး၊ လက်နက်ချသူ ၃၅ ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် ဖော်ပြချက်အရ သိရပါတယ်။

စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၉ ဦးမှာ ရခိုင်ပြည်နယ်မှာ ၄ ဦး၊ ကချင်ပြည်နယ်မှာ ၁၅၈ ဦး၊ တနင်္သာရီဒေသမှာ ၃ ဦး၊ မန္တလေးဒေသမှာ ပြည်သူ့စစ် ၁ ဦးနဲ့ မကွေးဒေသမှာ ပြည်သူ့စစ် ၃ တို့ဖြစ်ကြပြီး ၃၄ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြထားပါတယ်။

အလင်းဝင်လာသူ ၁၂ ဦးမှာလည်း မကွေးဒေသ ၃ ဦး၊ တနင်္သာရီဒေသ ၈ ဦးနဲ့ စစ်ကိုင်းဒေသမှ ပြည်သူ့စစ် ၁ ဦးတို့ဖြစ်သလို ၄ ဦးမှာ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ကြတဲ့အပြင် ကရင်ပြည်နယ်မှာ လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၄၀၃၇ ဦး အထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏26👍8❤5❤‍🔥1