◼️မိုးမောက်မှာ တာပိန်မြစ်ကူးတံတားတွေကို စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲဖျက်ဆီး၊အရပ်သားပြည်သူ ၃ ဦးသေဆုံး
၂၅ အောက်တိုဘာ ||| နွေဦးအသံ |||
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ တာပိန် မြစ်ကူးတံတားတွေကို အကြမ်းဖက်စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့် တံတား ၂ စင်း ပျက်စီးခဲ့တဲ့အပြင် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ မြို့သစ် တာပိန်မြစ်ကူးတံတားကို စစ်ကောင်စီလေတပ်က အောက်တိုဘာ ၂၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး၊ ဝန်ထမ်း ၁ ဦးတို့ သေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIO/KIA နဲ့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီလေတပ်က အောက်တိုဘာ ၂၃ ရက်၊ မနက်ပိုင်းမှာလည်း အဆိုပါ တာပိန်မြစ်ကူးတံတားနဲ့ ကြိုးတံတားတစင်းတို့ကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကြိုးတံတားအဟောင်းဟာ အလုံးစုံပျက်စီးသွားခဲ့ပြီး တံတားအသစ်ဟာလည်း ကြီးမားစွာထိခိုက်ပျက်စီးခဲ့တဲ့အတွက် ယာဉ်တွေဖြတ်သန်းသွားလာလို့ မရတော့ကြောင်း ဆိုပါတယ်။
အခုလို အများပြည်သူအသုံးပြုနေတဲ့ တံတားတွေကို စစ်တပ်က တိုက်ခိုက်ဖျက်ဆီးနေတာဟာ ဗန်းမော်မြို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့နဲ့ KIA PDF ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ KIO/KIA က သုံးသပ်ထားတာ တွေ့ရပါတယ်။
Photo | KIO/KIA ၊ လူမှုကွန်ယက်
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬29🔥3😢2❤1
◼️ရခိုင်မှာ တပတ်အတွင်း စစ်တပ်ထံမှ စစ်သုံ့ပန်း ၂၀ ဦး အရှင်ဖမ်းမိပြီး စစ်မှုထမ်း ပစ ၂ ဦး အလင်းဝင်
၂၅ အောက်တိုဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ထံမှ အောက်တိုဘာလ တတိယပတ်အတွင်း စစ်သုံ့ပန်း ၂၀ ဦး အရှင်ဖမ်းမိခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် (ပစ) ၂ ဦး အလင်းဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အောက်တိုဘာ ၂၄ ရက်မှာ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ လက်အောက်ခံ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း စစ်သုံ့ပန်းအဖြစ် ၂၀ ဦး အရှင်ဖမ်းမိခဲ့တဲ့အပြင် အလင်းဝင်သူ စစ်မှုထမ်း(ပစ) ၂ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က အသိပေးထားတာပါ။
နိုင်ငံတဝှမ်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အထိ အကြမ်းဖက်စစ်တပ်ထံမှ အလင်းဝင် ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၁၀၃ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က စာရင်းပြုစုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
Photo | ကျောက်ဖြူတိုက်ပွဲအတွင်း အလင်းဝင် ပစ ၂ ဦးနဲ့ ကပစ ၁၆ အနီး ၂၀၂၅ နှစ်ကုန်ပိုင်း တိုက်ပွဲမှ စစ်သုံ့ပန်းများ - ပုံဟောင်း။

👍33❤4👏3🥰1
◼️နေပြည်တော် PDF ထနောင်းစစ်ကြောင်းရဲဘော်တွေရဲ့ မွမ်းမံသင်တန်းပြီးစီး
၂၆ အောက်တိုဘာ| နွေဦးအသံ |
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော် PDF တပ်ရင်း အမှတ် ၈၀၅၊ ထနောင်းစစ်ကြောင်း ရဲဘော်တွေရဲ့ မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၈၀၅ တပ်ရင်း - ထနောင်းစစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဗျူဟာ အမှတ် ၁၈၊ အမှတ် ၂ စစ်ဒေသမှာ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။
နေပြည်တော် PDF အမှတ် ၈၀၅ တပ်ရင်း၊ ထနောင်းစစ်ကြောင်း ရဲဘော်တွေအနေနဲ့ စစ်ဆင်ရေးနဲ့ လေ့ကျင့် ပြင်ဆင်မှုတွေကို စဉ်ဆက်မပြတ်၊ ဟန်ချက်ညီညီ ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၂၆ အောက်တိုဘာ

❤34🥰8👍3
◼️မုံရွာမှာ ဘုရားဝင်းအတွင်းတပ်စွဲထားတဲ့ စစ်တပ်ကို ရော့ကတ်၊ ဒရုန်း၊ ရှော့တိုက်ဒုံး၊ ၆၀ မမ များနဲ့ ပစ်ခတ်တိုက်ခိုက်
၂၆ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲရာ နေရာကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၂၅ ရက်၊ မနက်ပိုင်းမှာ ဒရုန်း၊ ရော့ကတ်၊ ရှော့တိုက်ဒုံး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကျောက္ကာရွာရှိ ရွှေကူနီဘုရားဝင်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ကို မနက် ၅ နာရီ ၄၅ မိနစ်မှ ၇ နာရီခန့်အထိ မုံရွာခရိုင် တပ်ရင်း ၃ က ကိုယ်တိုင်ထုတ် ၂ မိုင်ပစ်ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတာ၊ ရှော့တိုက်ဒုံး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီ တပ်စခန်းရှိ jammer ပျက်စီးခဲ့တဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၃ နဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က အောက်တိုဘာ ၂၆ ရက်မှာ အသီးသီးထုတ်ပြန်ထားတာပါ။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၃ တပ်ရင်းနဲ့အတူ မုံရွာမြို့နယ် ပကဖ ဒရုန်းတပ်စိတ်၊ သက်ဆိုင်ရာ တိုက်နယ်၊ ရပ်ကျေး ပကဖ တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

👍32❤5👏3🥰1