The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌‌ဂျပန်မှာ မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းအားလုံးလွတ်မြောက်ရေး ဆန္ဒပြ

၂ နိုဝင်ဘာ ||| နွေဦးအသံ |||

ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ Kyushu-Fukuoka မှာ မြန်မာနိုင်ငံသားတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုဝင်ဘာ ၁ ရက်မှာ "Free Her" လှုပ်ရှားမှု ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် "Free Her" လှုပ်ရှားမှုကို ညနေ ၄ နာရီမှ ၆ နာရီအထိ ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း Federal Myanmar - Japan က ဖော်ပြထားတာပါ။

ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် သမ္မတအတု မင်းအောင်လှိုင်နဲ့ စစ်အစိုးရကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်မပြုရေးအတွက်လည်း ဂျပန်ပြည်သူတွေမှတဆင့် ဂျပန်အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေထံ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ "Free Her" လှုပ်ရှားမှုမှတဆင့် မှေးမိန်နေတဲ့ မြန်မာ့အရေးအတွက် ဂျပန်လူမျိုးတွေထံမှ အကြံပြုချက်တွေကို လာမယ့်နှစ်မှာ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း Federal Myanmar - Japan အဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။

Photo | Federal Myanmar - Japan

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤32🥰5👍3