◼️သြစတြေးလျမှာ လူအင်အား ၂၀၀ ခန့်နဲ့ ဟောပြောပွဲ၊ လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့ FREE HER ကမ်ပိန်းပြုလုပ်
၈ နိုဝင်ဘာ ||| နွေဦးအသံ |||
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး FREE HER လှုပ်ရှားမှုကို မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး နိုဝင်ဘာ ၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ Sydney Community Organizing Events ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Sydney Myanmar Community Organizing Committee က ဦးဆောင်ကျင်းပတဲ့ အဆိုပါ FREE HER Campaign ကို ဟောပြောပွဲနဲ့ Sydney Town Hall မှ Hyde Park အထိ လမ်းလျှောက် ချီတက် ဆန္ဒပြပွဲအဖြစ် လူအင်အား ၂၀၀ ခန့်နဲ့ ၂ ပိုင်းခွဲ ကျင်းပခဲ့ကြောင်း နိုဝင်ဘာ ၇ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားတာပါ။
အဆိုပါ FREE HER Campaign ကို ဆရာမ မသီတာ (စမ်းချောင်း)၊ တိဘက် လွတ်မြောက်ရေး လှုပ်ရှားမှု ကိုယ်စားလှယ် ၂ ဦးနဲ့ သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ် ပြည်နယ် လွှတ်တော်အမတ် Julia Finn ၊ လူ့အခွင့်အရေး ရှေ့နေနဲ့ AJAR အဖွဲ့ ပူးတွဲ တည်ထောင်သူ Patrick Burgess တို့က တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သြစတြေးလျ ဒုက္ခသည်ကောင်စီ ပူးတွဲ အမှုဆောင်အရာရှိချုပ် Paul Power ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်း အတွေ့အကြုံရှိသူ Patricia Garcia နဲ့ ဆစ်ဒနီ ဒေသခံ ကောင်စီဝင် Councillor Olivia Barlow နဲ့ ဒေါက်တာ Elizabeth Biok တို့လည်း ပါဝင်အမှာစကားပြောကြားခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
ဟောပြောသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ သြစတြေးလျအစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အစိုးရအဖြစ် အသိအမှတ် မပြုရေး၊ မတရား ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ထိရောက်တဲ့ ဖိအားပေးမှုတွေ ဆက်လက်လုပ်ဆောင်ရေး တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကမ်ပိန်းသို့ ဆစ်ဒနီမြို့ရှိ မြန်မာ၊ တိဘက်နဲ့ ကာ့ဒ် (Kurdish) အသိုက်အဝန်းတွေ စည်းလုံးညီညွတ်စွာ တက်ရောက်ခဲ့ကြသလို “Free Daw Aung San Suu Kyi”၊ “Free All Political Prisoners” စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးပြီး နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးအတွက် တညီတညွတ်တည်း ထောက်ခံ တောင်းဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဟောပြောပွဲအပြီး ချီတက်ဆန္ဒပြပွဲ တလျှောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မြန်မာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် ကြွေးကြော်သံတွေကို စည်းလုံးညီညွတ်စွာ ဟစ်ကြွေးခဲ့ကြပြီး ညနေ ၄ နာရီခွဲခန့်မှာ FREE HER Campaign ကို အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီလှုပ်ရှားမှုကို အောင်မြင်စွာကျင်းပနိုင်ရေး ပါဝင်ခဲ့ကြတဲ့ ဧည့်သည်တော်တွေ၊ အသိုက်အဝန်း အသီးသီးမှ မိတ်ဆွေတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ စီစဉ်ဆောင်ရွက်သူတွေနဲ့ လုံခြုံရေးဆိုင်ရာကူညီပေးခဲ့တဲ့ New South Wales ပြည်နယ် ရဲတပ်ဖွဲ့တို့ကို Sydney Myanmar Community Organizing Committee က ကျေးဇူးတင်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
Photo | Sydney Community Organizing Events
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍31❤14🥰2
◼️ကသာခရိုင်နဲ့ တကောင်းမြို့နယ်မှာ စစ်တပ်ကို တပတ်ကျော် တိုက်ခိုက်မှုအတွင်း စကစ ၈၀ ကျော်သေဆုံး
၈ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ ကသာခရိုင်အတွင်း အကြမ်းဖက်စစ်တပ်ကို PDF နဲ့ ပူးပေါင်းတပ်တွေက တပတ်ကျော် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်မှုထမ်း (ပစ)တွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရတဲ့အပြင် စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အင်းတော်နဲ့ ထီးချိုင့်မြို့နယ်မှာ စစ်တပ်ကို အောက်တိုဘာလအတွင်း မဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်ချေမှုန်းခဲ့တဲ့ စစ်ဆင်ရေးအခြေအနေတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ) က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားတာပါ။
ထီးချိုင့်မြို့နယ်၊ ဆတ်ကျကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းတခုကို အောက်တိုဘာ ၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး(၁)ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်စခန်းကို မန္တလေး PDF (အထူးလှုပ်ရှားတပ်မ)ရဲ့ အမှတ်(၆၆၂)နည်းဗျူဟာနဲ့ ကသာခရိုင် တပ်ရင်း(၃)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း မန္တလေး PDF ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
အင်းတော်မြို့နယ်အတွင်း အင်အား ၅၀၀ ခန့်နဲ့ ဝင်ရောက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်တပ်စစ်ကြောင်းကိုလည်း အထူးလှုပ်ရှားတပ်မ၊ နည်းဗျူဟာ ၉၉ နဲ့ ပူးပေါင်းအင်အားစုတွေက အောက်တိုဘာ ၈ ရက်မှ ၁၇ ရက်အတွင်း တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်မှုထမ်း (ပစ)တွေအပါအဝင် စစ်အုပ်စု ၇၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။
အင်းတော်မြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သလို စစ်သုံ့ပန်း(၃)ဦး ဖမ်းမိခဲ့တဲ့အပြင် RPG (၁)လက် အပါအဝင် လက်နက်ငယ်အများအပြားနဲ့ ဆက်စပ်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ မန္တလေး PDF က ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြထားတာပါ။
အထိနာခဲ့သော စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၅၂)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၅၈)ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု (၆၉)ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် အထူးလှုပ်ရှားတပ်မမှ ရဲဘော်(၆)ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မန္တလေး၊ တကောင်းမြို့နယ်ရှိ နီကယ်တောင် စစ်တပ်စခန်းနဲ့ (၆)မိုင်ဂိတ် စခန်းတွေကိုလည်း အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ အထူးလှုပ်ရှားတပ်မရဲ့ အမှတ်(၆၆၂)နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာနရဲ့ အမှတ်(၃)အထူးတပ်ရင်းနဲ့ အမှတ်(၉၇၁၀)တပ်ဖွဲ့တို့ ပူးပေါင်းဝင်ရောက်တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

❤36👏7👍3🥰2
◼️ကသာခရိုင် အင်းတော်နဲ့ မော်လူးမြို့ကြား စစ်တပ်စခန်း ၃ ခု တော်လှန်ရေးတပ်များ တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်
🔹စစ်အုပ်စု အသေအပျောက်များပြီး စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်တွေ သိမ်းဆည်းရရှိ
၉ နိုဝင်ဘာ| နွေဦးအသံ |
စစ်ကိုင်းဒေသ၊ ကချင်ပြည်နယ်အစပ်ရှိ အင်းတော်နဲ့ မော်လူးမြို့ကြားရှိ အကြမ်းဖက်စစ်တပ် စခန်း ၃ ခုကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ သိရပါတယ်။
ရွှေဘို - မြစ်ကြီးနား လမ်း၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ စစ်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းအများအပြား အရှင်ဖမ်းမိသလို စစ်တပ်ဘက်မှာ အသေအပျောက်များပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က နိုဝင်ဘာ ၉ ရက်မှာ အသိပေးထားတာပါ။
ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ထီးချိုင့်မြို့နယ်ရှိ စစ်တပ်စခန်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှ စစ်မှုထမ်း(ပစ)တွေအပါအဝင် ၈၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးမှ ကချင်သို့ တက်လာတဲ့ စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် ထီးချိုင့် - ကသာ - မော်လူး လမ်းပိုင်းတွေကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကသာခရိုင် တပ်ရင်း ၁ ကလည်း သတိပေးထားတာ တွေ့ရပါတယ်။
Photo | Screenshot (လူမှုကွန်ယက်)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🔹စစ်အုပ်စု အသေအပျောက်များပြီး စစ်သုံ့ပန်းအများအပြားနဲ့ လက်နက်တွေ သိမ်းဆည်းရရှိ
၉ နိုဝင်ဘာ

👏34👍6🥰4❤2
| အရှင်မိသူများစွာနဲ့ အသေအပျောက်များခဲ့ပြန်တဲ့ အင်းတော်-မော်လူးကြား စစ်တပ်စခန်း ၃ ခု သိမ်းပိုက်မှုမှတ်တမ်း |
◼️စစ်ကိုင်းဒေသ၊ ကသာခရိုင်၊ အင်းတော်နဲ့ မော်လူးမြို့ကြား၊ စီပိန်း၊ ဖားပန့်နဲ့ ပင်ဝယ် ကျေးရွာတွေရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး လက်နက်များနဲ့အတူ စစ်သုံ့ပန်းတွေလည်း အရှင်မိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ရုပ်သံမှတ်တမ်းနဲ့တကွ နိုဝင်ဘာ ၉ ရက်မှာ ဖော်ပြထားကြပါတယ်။
၉ နိုဝင်ဘာ ||| နွေဦးအသံ |||
Video | Lung Jung LA N

🥰24❤11👏6👍4🔥1