The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ကော့ကရိတ်ရှိ စစ်တပ်စခန်း ၃ ခုကို RMA ဒရုန်းနဲ့တိုက်ခိုက်၊ စစ်အုပ်စု ထိခိုက်မှုရှိဟုဆို

၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးရွာ ၃ ခုမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ရာမညမွန်တပ်တော် (RMA) က နိုဝင်ဘာ ၆ ရက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

သံကလောင်၊ ဓမ္မသ နဲ့ ကော့ဘွီးကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာ ထိခိုက်မှုတွေရှိခဲ့သော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းဆဲဖြစ်တယ် ရာမညမွန်တပ်တော် (RMA) က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုတွေကို ရာမညမွန်တပ်တော် RMA ရဲ့ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ RMA က အသိပေးထားတာ တွေ့ရပါတယ်။

Photo | RMA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍35🥰3❤2👏2
◼️‌ရေးမြို့ အမြောက်တပ်အနီး စစ်တပ်စစ်ကြောင်းကို ရေးဘီးလူးတပ်ရင်း တိုက်ခိုက်၊ စကစ ၃ ဦးသေဆုံး

၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ် ၃၁၆ အမြောက်တပ်အနီးမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၉ ရက်မှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၈ လမ်းမကြီး၊ အမှတ်-၃၁၆ အမြှောက်တပ်ရင်း (အမတ-၃၁၆) အနီး၊ တနင်္သာရီ ဒေသဘက်အထွက်မှာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးက လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်ကနေ အသိပေးထုတ်ပြန်ထားတာပါ။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့အပြင် ၅ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တာကြောင့် ၉ မိုင်ကျေးရွာမှ လူနာတင်ကားတွေနဲ့ ပြည်သူပိုင်ကားတွေကို စစ်အုပ်စုက အတင်းအကြပ်ချောဆွဲပြီး ရေးမြို့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ ထိတွေတိုက်ပွဲမှာ ရေးဘီလူးတပ်ရင်း ရဲဘော်တွေက စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ထိုးစစ်ကို ထိခိုက်ကျဆုံးမှုမရှိခဲ့ဘဲ ခုခံနိုင်ခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။

Photo | ရေးဘီလူးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍35❤4🔥2👏1
◼️‌‌မိုးညှင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်ဖွဲ့ဝင် တဦး KIA ထံ လက်နက်နဲ့အလင်းဝင်၊ ဆုငွေများပေးအပ်

၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တဦးက နိုဝင်ဘာ ၆ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခဲ့တာကြောင့် ဆုကြေးငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဟဲပါးကျေးရွာရှိ SNA တပ်ဖွဲ့ဝင် ထွန်းလင်းက AK-47 ၁ လက်၊ ကျည် ၁၈၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၃ ခုတို့ကို ယူဆောင်ပြီး KIA တပ်ရင်း ၂၆ ထံသို့ အလင်းဝင်ခဲ့တာကြောင့် ဆုကြေးငွေ သိန်း ၃၀ ကျပ် ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသသတင်းရင်းမြစ်တွေက ဓါတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။

အလင်းဝင်လာသူဟာ မိုင်းနောင်ရွာသားဖြစ်ပြီး အဓမ္မ စစ်မှုထမ်းဖို့ ဖိအားပေးခံခဲ့ရတာကြောင့် SNA ထံ ဝင်ရောက်ခဲ့ရတာဖြစ်သလို အလင်းဝင်လာတဲ့အတွက် KIA တပ်ရင်း ၂၆ က နွေးထွေးစွာ ကြိုဆိုခဲ့တဲ့အပြင် လွတ်မြောက်နယ်မြေသို့လည်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ စစ်ရေးလှုပ်ရှားရာ နောင်လွတ်ဒေသအတွင်း ဒေသခံပြည်သူလူထုကို SNA တပ်ဖွဲ့က အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပြုလုပ်နေတာကြောင့် စုဆောင်းခံရတဲ့တပ်ဖွဲ့ဝင်တွေ ထွက်ပြေးအလင်းဝင်မှုဟာ ပိုမိုများပြားလာနေတယ်လို့ သတင်းရရှိပါတယ်။

Photo | Kachinnews

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍24🥰5❤1👏1