The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌‌ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ ပကဖ ရဲဘော်သစ် ၂၀၀ ကျော်တက်ရောက်ခဲ့တဲ့ အခြေခံ စစ်သင်တန်း ပြီးစီး

၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ခန္တီးခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်သစ် ၂၀၀ ‌ကျော် တက်ရောက်ခဲ့ကြတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁/၂၀၂၆ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် (ပကဖ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သင်တန်းကို ဟုမ္မလင်းမြို့နယ် တိုက်နယ် ၁၊ ၂၊ ၃၊ ၄၊ ၅ ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေ၊ ရပ်ကျေး ပကဖ တာဝန်ခံနဲ့ ပကဖ ရဲဘော်တွေ၊ မြို့နယ် ပကဖ ရဲဘော်တွေ၊ ခန္တီးခရိုင် ပကဖ ရဲဘော်တွေ စုစုပေါင်း ၂၁၅ ဦး တက်ရောက် သင်တန်းဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းမှာ ထူးချွန်တဲ့ သင်တန်းသားတွေကိုလည်း သင်တန်းဆင်းပွဲမှာ ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးထားတာ တွေ့ရပါတယ်။

Photo | ဟုမ္မလင်းမြို့နယ် ပကဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤31🥰5👏3
◼️‌‌‌ရန်ကုန်၊ ရဲတပ်ရင်း ၈ မှ ရဲတပ်သား တီးတိန်မှာတာဝန်ကျစဉ် အထက်အရာရှိက သတ်ပစ်မယ်ခြိမ်းခြောက်လို့ အလင်းဝင်

၁၀ နိုဝင်ဘာ ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ PDF Zoland ထံသို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ရင်း ၈ မှ ရဲတပ်သားတဦးက ခဲယမ်းအချို့ကို ယူဆောင်ပြီး နိုဝင်ဘာ ၉ ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရဲတပ်ရင်း ၈ မှ ရဲတပ်သား အောင်ဇော်မိုးက ကနေဒီတောင်ရှိ စစ်တပ်စခန်းမှာ တာဝန်ကျနေစဉ် လက်နက်မပါဘဲ MA သေနတ်ကျည် ၁၃ တောင့်ကို ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Zoland နဲ့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြထားတာပါ။

အဆိုပါရဲတပ်သားဟာ အဓမ္မစစ်မှုထမ်းဖမ်းဆီးခံခဲ့ရပြီးနောက် ရှေ့တန်းမလိုက်ရဖို့အတွက် စစ်ကောင်စီရဲတပ်ဖွဲ့ထံသို့ ဝင်ရောက်ခဲ့သူဖြစ်သလို အရက်သောက်ပြီး ခိုက်ရန်ဖြစ်ပွားရာမှာ အထက်အရာရှိက သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ထွက်ပြေးလာတာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | PDF Zoland

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤3🥰2👏2
◼️အုတ်ဖိုမှာ စစ်တပ်နဲ့ချိတ်ဆက်ပြီး တော်လှန်ရေးရဲဘော်အချို့ကို သတ်ဖြတ်ခဲ့တဲ့ သတင်းပေး ၃ ဦးကို PDF ရှင်းလင်း

၁၁ နိုဝင်ဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ချိတ်ဆက်ပြီး တော်လှန်ရေးရဲဘော်အချို့ကို သွေးဆောင်စည်းရုံး သတ်ဖြတ်ခဲ့တဲ့အပြင် သတင်းပေး(ဒလန်)လုပ်နေတဲ့ စစ်တပ်လက်ပါးစေ ၃ ဦးကို PDF တပ်ဖွဲ့က အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

အေးမြသာယာရွာရှိ စစ်ကောင်စီ ဗိုလ်ကြီး ထွန်းတင် ဆိုသူရဲ့ တပည့်တွေ ဖြစ်ကြတဲ့ ဝင်းထွဋ်၊ မောင်ဆန်းနဲ့ ရွာသစ်ရွာရှိ ပျူစောထီး အဖွဲ့ဝင် အုန်းမြိုင်တို့ ၃ ဦးကို ည ၁၀ နာရီခန့်မှာ ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားတာပါ။

ပစ်ခတ်ခံရသူတွေဖြစ်တဲ့ ဝင်းထွဋ်နဲ့ မောင်ဆန်းတို့ဟာ လူငယ်တွေကို ပေါ်တာဆွဲတာတွေ၊ တောင်သူ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းဆည်းပြီး ကိုယ်ကျိုးရှာတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး အင်အားစုတွေကို စစ်တပ်နဲ့ ပူးပေါင်းဖို့ သွေးထိုးလှုံ့ဆော်စည်းရုံးပြီး စစ်တပ်ထံ ပူးပေါင်းသူအချို့ကိုလည်း လမ်းမှာတင် ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ရွာသစ်ရွာရှိ ပျူစောထီး အုန်းမြိုင်ဟာ စစ်တပ်ထံ စစ်မှုထမ်းကြေး ကောက်ခံပေးတာ၊ တော်လှန်ရေး ရဲဘော်တွေနဲ့ ထောက်ပို့ ပြည်သူတွေရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်ထံ ပေးပို့ပြီး ဖမ်းဆီးတာတွေကို လုပ်ကိုင်နေသူ ဖြစ်တာကြောင့် ပစ်ခတ် ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို အကြမ်းဖက် စစ်တပ်ထံ သတင်းပေး (ဒလန်) လုပ်ပြီး ပြည်သူတွေကို နှိပ်စက်နေတဲ့ စစ်တပ် လက်ပါးစေတွေကို ဆက်လက် အရေးယူ တိုက်ခိုက်သွားမယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က အသိပေးထားတာ တွေ့ရပါတယ်။

Photo | သာယာဝတီခရိုင် PDF ရဲဘော်များ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32👏5❤2🥰2🔥1
◼️‌‎ပုလောမှာ ခမရ ၅၅၆ စစ်တပ်စစ်ကြောင်းက ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားပြည်သူ ၂ ဦးကိုပစ်သတ်

၁၁ နိုဝင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဆိုင်ကယ်စီးနင်းလာတဲ့ ပြည်သူ ၂ ဦးကို နိုဝင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

KNU လယ်မူလား(ပုလော)မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ဖာနီကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ ခမရ ၅၅၆ စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ဦးကို ပစ်ခတ်ခဲ့ရာ တဦး သေဆုံးပြီး ကျန်တဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ KNU မြိတ်-ထားတယ်ခရိုင်က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဆိုပါ မဇောကျေးရွာအုပ်စုအတွင်းရှိ စာသင်ကျောင်းနဲ့ နေအိမ်တွေကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်မှာ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မသန်စွမ်းသူ၊ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ၇ ဦးခန့် သေဆုံးထိခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားတယ်ခရိုင်က အသိပေးထားတာ တွေ့ရပါတယ်။

Photo | စစ်တပ်စစ်ကြောင်းတခု - လူမှုကွန်ယက်(ပုံဟောင်း)၊ စစ်တပ်ပစ်သတ်လို့ သေဆုံးထိခိုက်သူများ - KNU

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬32👍3😢3❤2🔥2
◼️ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖိတ်ကြားချက်အရ ပါရီငြိမ်းချမ်းရေးဖိုရမ်သို့ NUG အစိုးရဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ဆွေးနွေး
၁၂ နိုဝင်ဘာ | နွေဦးအသံ |
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆" ကို NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေတာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
"ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆" (PARIS PEACE FORUM 2026) ကို နိုဝင်ဘာ ၁၀ နဲ့ ၁၁ ရက်မှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “MYANMAR: THE WAR THE WORLD FORGOT” ခေါင်းစဉ်နဲ့ ဆွေးနွေးဖလှယ်ပွဲမှာ ပါဝင် ဆွေးနွေးခဲ့တယ်လို့ NUG အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေ၊ တိုင်းရင်းသား မဟာမိတ်တွေနဲ့ ဘုံသဘောတူညီထားတဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
"ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆" (PARIS PEACE FORUM 2026) ကို တက်ရောက်ဖို့အတွက် NUG အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ SCEF ရဲ့ မူဝါဒရေးရာအကြံပေး နော်မေဦးတို့ကို ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤30👍5🥰3❤‍🔥1🔥1