The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.8K photos
1.51K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ပုဏ္ဏားကျွန်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး တဦးဒဏ်ရာရ

၂၅ နိုဝင်ဘာ ||| နွေဦးအသံ |||

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၃ ရက်၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယိုးတရုတ်ကျေးရွာကို ညနေ ၄ နာရီ ၁၅ မိနစ်မှာ လည်း‌ကောင်း၊ အောင်ဖြူပြင်ကျေးရွာကို ညနေ ၄ နာရီခွဲခန့်မှာ လည်းကောင်း စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဆိုပါ တိုက်ခိုက်မှုကြောင့် လယ်ကွင်းထဲမှာ စပါးတလင်းနယ်နေတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား တဦးနဲ့ ၆၄ နှစ်အရွယ် အမျိုးသား တဦးတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၂၂ နှစ်အရွယ် အမျိုးသား တဦး ဒဏ်ရာရခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင် တလင်းနယ်နေတဲ့ နွား ၂ ကောင်နဲ့ နွားအငယ် တကောင် စုစုပေါင်း နွား ၃ ကောင် သေဆုံးခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးနဲ့ ယာဉ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို စစ်ကောင်စီ လေတပ်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | AA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬23😢8👍1
◼️အောက်တိုဘာ တလတာတိုက်ပွဲများအတွင်း စစ်တပ်စခန်း ၈ ခုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု ၅၇၄ ဦးသေဆုံး

၂၅ နိုဝင်ဘာ ||| နွေဦးအသံ |||

မြန်မာနိုင်ငံအနှံ့အပြား အကြမ်းဖက်စစ်တပ်ရဲ့ စခန်း ၈ ခုကို တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တလတာတိုက်ပွဲတွေအတွင်း အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်ကျရှုံးတဲ့ အခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ အသိပေး ထုတ်ပြန်ထားတာပါ။

စစ်အုပ်စုဘက်မှ စခန်းသိမ်းပိုက်ရရှိမှု အောက်တိုဘာလမှာ ၈ ကြိမ်ရှိခဲ့ပြီး တလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇၄ ဦး သေဆုံးခဲ့တဲ့အပြင် ၁၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိအဆင့် သေဆုံး၊ ထိခိုက်နဲ့ ဖမ်းမိခဲ့တဲ့ အရေအတွက်မှာ ၁၅ ဦး ရှိခဲ့ပြီး အဆိုပါ တလတာအတွင်း စစ်တပ်စခန်းတွေကို ၂၁ ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အဓမ္မ စစ်သားစုဆောင်းမှု အစီအစဉ်ကို တိုက်ဖျက်ဖို့ဆောင်ရွက်နေသလို တော်လှန်ရေးရန်ပုံငွေရလမ်းဖြစ်တဲ့ သယံဇာတနယ်မြေတွေ ဆက်လက်ထိန်းချုပ်နိုင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဧရိယာတွေကို စိုးမိုးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | အောက်တိုဘာလအတွင်း စစ်တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှု၊ သိမ်းဆည်းရရှိမှု မှတ်တမ်းများ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤27👍5👏3
◼️မန္တလေး၊ တံတားဦးမြို့မှာ ရဲစခန်းနဲ့ KTV ကို PDF ဖောက်ခွဲတိုက်ခိုက်၊ စစ်အုပ်စုအများအပြားသေဆုံးထိခိုက်ဟုဆို

၂၅ နိုဝင်ဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ တံတားဦးမြို့နယ် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း အနီးပတ်ဝန်းကျင်နဲ့ KTV ဆိုင်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက်၊ ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ မြို့နယ် (ပကဖ)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေအိမ်စည် KTV ဆိုင်ကို ည ၇ နာရီ ၃၂ မိနစ်မှာ လည်းကောင်း၊ တံတားဦးမြို့နယ် ရဲစခန်းအနောက်မြောက်ဘက် တနေရာကိုလည်း ည ၈ နာရီခွဲခန့်မှာ လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားတာပါ။

ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း စစ်တပ်လက်အောက်ခံ မြို့နယ် ရဲစခန်းမှူး၊ အုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေးတွေနဲ့ ရဲတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ တံတားဦးမြို့နယ် (ပကဖ) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဖောက်ခွဲမှုကို တံတားဦးမြို့နယ် ပကဖ ၊ မန်းခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃၊ တံတားဦးမြို့နယ် ဇုန် ၁ နဲ့ ဇုန် ၂ တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူ တဦးတယောက်မှ ထိခိုက်မှုမရှိခဲ့ဘူးလို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | တံတားဦး ပကဖ ရဲဘော်များ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29👏6❤4🥰2