The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.8K photos
1.51K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာကို စစ်တပ် ဗုံးကြဲပြီး စက်သေနတ်နဲ့ပစ်ခတ်သဖြင့် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦးသေဆုံး

၂၆ နိုဝင်ဘာ ||| နွေဦးအသံ |||

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်က နိုဝင်ဘာ ၂၂ ရက်၊ မနက်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး တဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နောရိုထာကျေးရွာအတွင်းကို မနက် ၁၀ နာရီ ၇ မိနစ်မှာ ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

အဲဒီ တိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ အရွယ် ကလေးငယ် အပါအဝင် ၆ ဦး ဒဏ်ရာရခဲ့တဲ့အပြင် လူနေအိမ် ၈ လုံး၊ ယာဉ် ၂ စီး၊ မီးစက်၊ စပါးကျည်နဲ့ စာသင်ကျောင်း အဆောက်အအုံ ၃ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံ ပြည်သူတွေလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်အထိ တိမ်းရှောင်နေကြရတဲ့ ပြည်သူ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

အရပ်သား ပြည်သူ နေထိုင်လုပ်ကိုင်ရာ နေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လျက်ရှိတာကြောင့် ဒေသခံပြည်သူတွေဟာ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အသိပေးထားတာ တွေ့ရပါတယ်။

Photo | KNU

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬16🔥8😢4❤1
◼️ရေဦးမြို့မှာ စစ်ထဲထည့်ဖို့ စစ်တပ် အဓမ္မဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက်

၂၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ရေဦးမြို့မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၁၀ ဦးက နိုဝင်ဘာ ၂၅ ရက်မှာ အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်လာပြီး မြို့နယ် (ပကဖ)က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စာသင်ကျောင်းအတွင်း ပြုလုပ်ထားတဲ့ အချုပ်ခန်းမှာ စစ်တပ်ရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ လူငယ် ၁၀ ဦး အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ထားတာပါ။

အခုလို အကြမ်းဖက်စစ်တပ်ထံမှ ထွက်ပြေးလွတ်မြောက်လာတဲ့ လူငယ်တွေကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က လွတ်မြောက်နယ်မြေတနေရာမှာ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း အကြမ်းဖက်စစ်တပ် အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရခြင်းမှ လူငယ်အချို့ အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက်လာပြီး ရေဦးမြို့နယ် (ပကဖ)က လွတ်မြောက်နယ်မြေမှာ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | စစ်တပ်အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားများ (စစ်တပ်လော်ဘီချန်နယ်)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤26👍12👏3🥰1
◼️‌လောင်းလုံးမှာ ပြည်သူကို လက်နက်ပြခြိမ်းခြောက်တဲ့အပြင် မူးယစ်ဆေးရောင်းချသူ တဦးကို SGF တပ်ဖွဲ့ဖမ်းဆီး

၂၆ နိုဝင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြည်သူကို လက်နက်ပြခြိမ်းခြောက်တဲ့အပြင် မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးကို အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force - SGF) က ထောက်လှမ်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၆ ရက်၊ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူတွေရဲ့ တိုင်ကြားချက်အရ လောင်းလုံးမြို့နယ် လမ်းပိုင်းတနေရာမှာ ကင်းယူထောက်လှမ်းပြီး ဧရာပြည် (ခ) AK ဆိုသူ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို နိုဝင်ဘာ ၁၃ ရက်မှာ တားဆီးစစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ SGF က ထုတ်ပြန်ထားတာပါ။

အဲဒီနောက် ပြည်သူတွေရဲ့ တိုင်ကြားချက်နဲ့ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးမေးမြန်းရာမှာ ဧရာပြည် (ခ) AK ဆိုသူဟာ ကိုယ်တိုင် မူးယစ်ဆေးရောင်းချသူဖြစ်တဲ့အပြင် တော်လှန်ရေးအဖွဲ့အစည်းအပေါ် ထင်ယောင်ထင်မှားဖြစ်စေတာ၊ ပြည်သူတွေကို လက်နက်ပြခြိမ်းခြောက်တာတွေကိုလည်း သိရှိရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဧရာပြည် (ခ) AK ဆိုသူကို ချမှတ်ထားတဲ့ မူဝါဒအတိုင်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အလားတူ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကိုလည်း ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ အထူးပြောက်ကျားတပ်ဖွဲ့ SGF က သတိပေးထားတာ တွေ့ရပါတယ်။

Photo | SGF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍32❤4🔥1🥰1
◼️ပုလောမြို့နယ်အတွင်းရှိ ကျေးရွာကို စစ်တပ်ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ် တဦးသေဆုံး

၂၆ နိုဝင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ ပုလောမြို့နယ်ရှိ ကျေးရွာအတွင်းကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၆ ရက်၊ နေ့လယ်ပိုင်းမှာ K8W Jet Fighter လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တဦး သေဆုံးခဲ့ပြီး လူနေအိမ် တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထီးမိုပွာကျေးရွာအုပ်စု၊ တိုးတယ်ထာ ကျေးရွာအတွင်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ K8W Jet Fighter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၇ နှစ်အရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပြီး လူနေအိမ် တလုံးလည်း ပျက်စီးခဲ့တယ်လို့ KNU - မြိတ် ထားဝယ်ခရိုင်က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်၊ မနက်ပိုင်းမှာလည်း ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီး တဦး သေဆုံးခဲ့ရပြီး ကလေးငယ်တွေ အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့ပါသေးတယ်။

နိုင်ငံအနှံ့ အပြားမှာ အခုလို အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | KNU

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬26👍2❤1🔥1😢1
‎◼️‌မြင်းခြံမှာ စစ်တပ်စခန်းကို PDF တပ်များ စီးနင်းတိုက်ခိုက်ရာ စကစ ၆ ဦးသေဆုံး
‎
‎၂၇ နိုဝင်ဘာ | နွေဦးအသံ |
‎
‎မန္တလေးဒေသ၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကို PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၅ ရက်၊ ည ၁၀ နာရီ ၄၈ မိနစ်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး အလောင်းတွေနဲ့အတူ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
‎
‎မြသီတာကျေးရွာအတွင်း အင်အား ၁၇ ဦး အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အလောင်း ၄ လောင်းနဲ့အတူ သေနတ် (၁)လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
‎
‎တိုက်ခိုက်မှုကို မြင်းခြံခရိုင် ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၉) တပ်ရင်း၊ TFM ပြောက်ကျားတပ်ဖွဲ့၊ MPDF ၊ MGN အညာသား‌ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤28👍8👏3🥰2
◼️ကော်သူးလေတပ် KTLA တပ်ဖွဲ့ဝင် ၂၄ ဦး လက်နက် ၁၈ လက်နဲ့အတူ KNLA ထံလက်နက်ချ

၂၇ နိုဝင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ KNU မြိတ်ထားဝယ်ခရိုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ ကော်သူးလေတပ်ဖွဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ ဦးက နိုဝင်ဘာ ၂၆ ရက်မှာ လက်နက် ၁၈ လက်နဲ့အတူ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNLA တပ်မဟာ ၉ နယ်မြေအတွင်း ဗိုလ်စောထီးမူး ဦးဆောင်တဲ့ KTLA တပ်ရင်းတာဝန်ရှိသူ အပါအဝင် တပ်ခွဲ ၂ ခုမှ တပ်သား ၂၄ ဦးက KNLA တပ်မဟာ ၉၊ တပ်ရင်း ၁၂ ထံသို့ လက်နက် ၁၈ နဲ့အတူ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။

KNU မြိတ်ထားဝယ်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်မှာလည်း ကော်သူးလေတပ်ဖွဲ့ KTLA ဆာကပေါ်တပ်ရင်းမှ ဗိုလ်စောအဲဖိုးနဲ့ တပ်ရင်းတာဝန်ရှိသူတွေအပါအဝင် တပ်ဖွဲ့ဝင် ၂၅ ဦးက ပြန်လည်ပူးပေါင်းဝင်ရောက်လာတာကြောင့် KNLA တပ်မဟာ ၄ က အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo | KNU - MTD (လက်ရှိ လက်နက်ချအလင်းဝင်ခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်များနဲ့ စက်တင်ဘာလအတွင်း ပြန်လည်ပူးပေါင်းခဲ့တဲ့ KTLA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍26❤9🥰5🔥2