The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.8K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ကောလင်းကို ဖြတ်သွားတဲ့ တပ်မ ၃၃ စစ်တပ်စစ်ကြောင်းက စစ်ရှောင်တွေနဲ့ အရပ်သားပြည်သူ ၁၇ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့

၂၇ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကောလင်းမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေက ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းတွေကို လုယက်ယူဆောင်သွားခဲ့တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) ရဲ့ နိုဝင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်းတော်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက်မှတဆင့် စစ်တပ်ရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) လက်အောက်ခံ စစ်ကြောင်းတွေဟာ နိုဝင်ဘာ ၄ ရက်၊ မနက်ပိုင်းမှစတင်ပြီး ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဖြတ်သန်းလာခဲ့တဲ့ လမ်းကြောင်းတလျှောက် ကျေးရွာတွေမှ ဒေသခံ အရပ်သားတွေနဲ့ စစ်ဘေးရှောင်ပြည်သူ ၁၇ ဦးကို ရက်စက်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ပြည်သူပိုင်ပစ္စည်းများစွာကိုလည်း မတရားလုယက်ယူဆောင်သွားခဲ့တယ်လို့ ကောလင်းမြို့နယ် (ပအဖ) က ထုတ်ပြန်ထားတာပါ။

အဲဒီနောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေဟာ စစ်ကြောင်းတွေခွဲပြီး နယ်မြေချင်း ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်ဘက်သို့ ဆက်လက် ရွေ့လျားသွားခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) က အသိပေးထားတာ တွေ့ရပါတယ်။

Photo | ကောလင်း ပအဖ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬26🔥1
◼️ဆင်ပေါင်ဝဲမှာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ လသားအရွယ်နဲ့ ကျောင်းသား/သူများအပါ လူ ၅၀ ခန့်အစုအပြုံလိုက်သေဆုံး

၂၈ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၂၆ ရက်၊ ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်နဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေ၊ ဆရာ/ဆရာမတွေ အပါအဝင် စုစုပေါင်း ၅၀ နီးပါး အစုအပြုံလိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အင်ရုံ ကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေ အကတိုက်နေစဉ် စစ်တပ်က ညနေ ၃ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လေယာဉ်ပေါ်မှ စက်လက်၊ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက အသိပေးထားတာပါ။

ဒါ့အပြင် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၈ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၈) ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလို တိုက်ခိုက်မှုတွေကြောင့် ဆရာ၊ ဆရာမ ၇ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးကျော်၊ ကိုရင် ၁ ပါး၊ လသားအရွယ် ကလေးငယ်နဲ့ မိခင် အပါအဝင် အရပ်သားပြည်သူတွေပါဝင်တဲ့အပြင် သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၈ ဦး စုစုပေါင်း ၄၅ ဦးကျော် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ် ဖြစ်ပွားရာ အင်ရုံကျေးရွာမှာ တော်လှန်ရေးရဲဘော်တွေ ဖြတ်သန်းသွားလာရုံသာ ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အခြေစိုက်စခန်းတွေလည်း မရှိသလို တိုက်ပွဲ ဖြစ်ပွားတာလည်း မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ စစ်အုပ်စုက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားသလို လမ်းပန်းဆက်သွယ်ရေးတွေကိုပါ ပိတ်ပင်ထားတာကြောင့် ဒဏ်ရာရသူတွေကို ကယ်ထုတ်တာ၊ အရေးပေါ်ဆေးကုသတာတွေ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ သေဆုံးသူ အရေအတွက်လည်း ထပ်တိုးလာနိုင်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬19😢4👍3
‎◼️သရက်ချောင်း ခမရ ၄၀၅ စစ်တပ်မှ ပစ ၃ ဦး လက်နက်များနဲ့ KNLA ထံ အလင်းဝင်
‎
‎၂၈ နိုဝင်ဘာ | နွေဦးအသံ |
‎
‎တနင်္သာရီဒေသ၊ သရက်ချောင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးက လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၉ ၊ တပ်ရင်း ၁၂ ထံ နိုဝင်ဘာ ၂၇ ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
‎
‎စစ်တပ်ရဲ့ အမှတ် ၄၀၅ ခြေမြန်တပ်ရင်း (ခမရ ၄၀၅)မှ စစ်မှုထမ်း တပ်သားသစ်(ပစ) ၃ ဦးဟာ MA-1 ၃ လက်နဲ့အတူ အလင်းဝင် ဘက်ပြောင်း ခိုလှုံခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က နိုဝင်ဘာ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
‎
‎အဆိုပါ အလင်းဝင် စစ်မှုထမ်းတပ်သားသစ်(ပစ) ၃ ဦးဟာ စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးစုဆောင်းတာ ခံခဲ့ရသူတွေဖြစ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတော့တာကြောင့် KNLA တပ်မဟာ ၉ ၊ တပ်ရင်း ၁၂ ထံ ထွက်ပြေးခိုလှုံခဲ့တာဖြစ်ကြောင်းကိုလည်း အသိပေးထားတာ တွေ့ရပါတယ်။
‎
‎Photo | KNU
‎
‎©The Voice of Spring
‎#thevoiceofspring
‎#WhatsHappeningInMyanmar
‎#RejectMilitaryCoup
‎
‎✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍15❤2👏2