Zalen
✔
7.16K subscribers
14.7K photos
243 videos
1 file
3.62K links
တိကျခိုင်မာတဲ့ သတင်းတွေနဲ့ ချင်းတိုင်းသားအားလုံးကို ပေါင်းကူးပေးမယ့် ချင်းမီဒီယာ
Download Telegram
မေကဗျာရဲ့စိန်ဟန်းချိန်း ပျောက်ဆုံးမှုမှ မသမာသူဟု မှားယွင်းစွပ်စွဲခံရသူ အမျိုးသမီးအတွက် ပရိသတ်တွေ ဝေဖန်မှု အပြင်းအထန် မြင့်တက်
====
နိုဝင်ဘာ ၆၊ ၂၀၂၆
Zalen

မကွေးမြို့မှာ စျေးရောင်းဖို့ ရောက်ရှိနေတဲ့ သရုပ်ဆောင် မေကဗျာရဲ့ စိန်ဟန်းချိန်းပျောက်ဆုံးမှု အမျိုးသမီးတစ်ဦး မှားယွင်းစွပ်စွဲခံခဲ့ရပြီး ရဲစခန်း ခေါ်ယူစစ်ဆေးမှု ပရိသတ်တွေကြား အပြင်းအထန် ဝေဖန်ထောက်ပြမှုတွေ မြင့်တက်နေပါတယ်။

ဖြစ်စဉ်မှာ မေကဗျာရဲ့ စိန်ဟန်းချိန်း ပျောက်ဆုံးသွားခဲ့ရာမှာ မသင်္ကာသူအဖြစ် ဒေသခံ အမျိုးသမီးတစ်ဦးကို ခေါ်ယူမေးမြန်းကာ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ခေါ်ယူစစ်ဆေးစဉ် အဆိုပါ အမျိုးသမီးက ၎င်းမခိုးယူကြောင်း ငြင်းဆိုခဲ့ပေမဲ့လည်း ရဲမေတွေရဲ့ ရိုက်နှက်စစ်ဆေးမှုကို ခံခဲ့ရတယ်လို့ ဒေသခံတွေကလှုမှုကွန်ရက်မှာ ရေးသားကြပါတယ်။

အဆိုပါ ပျောက်ဆုံးသွားတဲ့ စိန်ဟန်းချိန်းမှာမူ နောက်ပိုင်းမှာ မကွေးမြို့အဝင် ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ မေကဗျာရဲ့ TikTok အကောင့်မှာ မေကဗျာ၊ အစွပ်စွဲခံရသူ အမျိုးသမီးတို့ ပါဝင်တဲ့ ရုပ်သံဖိုင်တစ်ခု ထပ်မံထွက်ပေါ်လာပြီး ဖြစ်စဉ်မှာ နားလည်မှုလွဲမှားတာဖြစ်လို့ အဆင်ပြေသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရဲစခန်းမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်၍မူ တစ်စုံတစ်ရာ ရှင်းလင်းပြောကြားခဲ့တာ မရှိပါဘူး။

မေကဗျာကလည်း ၎င်းရဲ့လူမှုကွန်ရက်မှာ စိန်ဟန်းချိန်း မတွေ့မီကတည်းကပင် အဆိုပါ အမျိုးသမီးကို သွားရောက်ပြန်ခေါ်ပေးခဲ့တာဖြစ်ပြီး ကာယကံရှင် လင်မယား နှစ်ဦးစလုံးထံ ကိုယ်တိုင် ဝန်ချတောင်းပန်ခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။

စိန်ဟန်းချိန်းကိုလည်း မိမိကိုယ်တိုင် ပြန်လာပေးတာမဟုတ်ဘဲ သတင်းပေးသူတစ်ဦးကြောင့် သိရှိပြီး ပြန်လည်သွားယူခဲ့ရတာဖြစ်ကြောင်း၊ အမှားကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အတွက် ကာယကံရှင်နဲ့တကွ အများပြည်သူကို အနူးအညွတ် တောင်းပန်ကြောင်း ဖော်ပြခဲ့ပါတယ်။

၎င်းအပြင် ကာယကံရှင် အမျိုးသမီးရဲ့ ဓာတ်ပုံများကို အသုံးပြု၍ အလှူခံနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာအပေါ် ကာယကံရှင်ကိုယ်တိုင် အလှူခံတာ မရှိသလို မသိရှိကြောင်း ပြောဆိုထားသဖြင့် အများပြည်သူ ငွေကြေး မနစ်နာစေဖို့ အသိပေးရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကာယကံရှင် မိသားစုကို သီတင်းကျွတ် ကန်တော့ခဲ့ပြီး နောက်နောင်မှာလည်း လိုအပ်သည်တွေကို တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့ မေကဗျာက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း မကွေးမြို့သူမြို့သားတွေနဲ့ ပရိသတ်များကြားမှာ မှားယွင်း စွပ်စွဲခံခဲ့ရတဲ့ အမျိုးသမီးအတွက် စာနာမှုတွေနဲ့အတူ အာဏာပိုင်တွေရဲ့ စစ်ဆေးပုံနဲ့ မေကဗျာရဲ့ မဆင်မခြင် ပြုမူဆောင်ရွက်ခဲ့မှုများအပေါ် မကျေနပ်တဲ့ ဝေဖန်မှုမှာ အရှိန်ဟုန်မပျက် ဆက်လက် မြင့်တက်လျက်ရှိပါတယ်။

သတင်း-ဆလိုင်း
ဓာတ်ပုံ - မေကဗျာရဲ့လူမှုကွန်ယက်မှတဆင့်ကူးယူဖော်ပြပါတယ်။
ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာမှာ လူနေအိမ် ၁၄ လုံးကို အုပ်ချုပ်ရေးအဖွဲ့မှဖယ်ရှားခိုင်း
===
နိုဝင်ဘာ ၆၊ ၂၀၂၆
Zalen

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာရှိ ဒေသခံများပိုင်ဆိုင်တဲ့ နေအိမ် ၁၄လုံးကိုမြေယာ ကျူးကျော်တည်‌ဆောက်နေတယ်လို့ အကြောင်းပြကာ ၁၄ရက်အတွင်း နေအိမ်များ ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားစာပို့ထားတယ်လို့ ဒေသတွင်းသတင်းများအရသိရပါတယ်။

အဲဒီလို နေအိမ်များဖယ်ရှားရန်အကြောင်းကြားစာကို စစ်ကောင်စီလက် အောက်ခံ ထံမံသီအုပ်စုအုချုပ်ရေးမှူးအဖွဲ့က အောက်တိုဘာလ ၂၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂ရက်နေ့မှ အိမ်ပိုင်ရှင်များထံပေးအပ်ခဲ့တာလို့ဆိုပါတယ်။

အဆိုပါ ကျေးရွာဟာ ထမံသီကျေးရွာအုပ်စု၊ ၆အိမ်တန်းစုရပ်ကွက်ဖြစ်ပြီး ထမံသီကျေးရွာကနေ ၁မိုင်ခန့်ကွာဝေးနေတယ်လို့သိရပါတယ်။

အဲဒီမြေနေရာဟာ လက်ဖက်ခင်းတောဖြစ်ပြီး ဒေသခံမြေပိုင်ရှင်များထံဝယ်ယူကာ နေအိမ်များကို ယာယီတဲပုံစံ တည်ဆောက်ထားတာမျိုးမဟုတ်ပဲ အခိုင်အမာတည်ဆောက်ထားပြီး အတည်တကျ နေထိုင်လာသည်မှာ အနှစ် ၂၀ခန့်ရှိနေပြီလို့ သိရပါတယ်။

အဆိုမြေနေရာရှိ ဒေသခံများပိုင်ဆိုင်တဲ့ လူနေအိမ်များကို ကျူးကျော်အိမ်များအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီလက်အောက်ခံ အုပ်စုအုပ်ချုပ်ရေးမှူးများက ဖယ်ရှားခိုင်းမှုအပေါ် ဒေသခံအိမ်ပိုင်ရှင်များရဲ့ ပြည်လည်တုန့်ပြန်မှုကိုတော့ အတိအကျမသိရသေးဘူးလို့ အဲဒီသတင်းအရင်းအမြစ်ကဆိုပါတယ်။

သတင်း - ချင်းတွင်းသား
ဓာတ်ပုံ - လူမှုကွန်ယက်
ဒေလီမြို့ လေထုညစ်ညမ်းမှု အန္တရာယ်အဆင့်ရောက်၊ လေထုညစ်ညမ်းမှုအဆင့် (AQI) ၆၀၅ အထိ မြင့်တက်
===
နိုဝင်ဘာ ၆၊၂၀၂၆
Zalen

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှု သိသိသာသာ ဆိုးရွားလာပြီး နိုဝင်ဘာ ၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက် ၇ နာရီ ၄၁ မိနစ်မှာ AQI ၆၀၅ အထိ မြင့်တက်ခဲ့ပါတယ်။

CPCB ရဲ့ တိုင်းတာချက်တွေအရ Punjabi Bagh မှာ AQI ၄၅၂၊ RK Puram မှာ ၄၂၃၊ ITO မှာ ၄၁၈၊ Dhaula Kuan မှာ ၄၁၇ နဲ့ India Gate မှာ ၄၁၄ အသီးသီးရှိခဲ့ပါတယ်။ Chandni Chowk နဲ့ IGI လေဆိပ် Terminal 3 တို့မှာလည်း AQI ၃၆၉ နဲ့ ၃၅၈ အသီးသီး မှတ်တမ်းတင်ခဲ့ပါတယ်။

လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် အာဏာပိုင်တွေဟာ GRAP-II ကန့်သတ်ချက်တွေကို တင်းကျပ်လိုက်ပြီး ဒေလီ-ဂူရဂါနယ်စပ်မှာလည်း မော်တော်ယာဉ်တွေကို စစ်ဆေးနေပါတယ်။

ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်ဝန်ကြီး Bhupender Yadav က စပါးရိတ်သိမ်းပြီး ကျန်ရှိတဲ့ ကောက်ရိုး ၄၀ ရာခိုင်နှုန်းခန့်ကို မီးရှို့မယ့်အစား အခြားနည်းလမ်းတွေနဲ့ ပြန်လည်အသုံးချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လေထုညစ်ညမ်းမှု လျော့ကျရေးအတွက် လေတိုက်နှုန်းနဲ့ လေတိုက်ခတ်ရာအရပ်တွေကို CAQM က ဆက်လက်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ယာဉ်အသွားအလာ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနဲ့ ဖုန်မှုန့်တွေကလည်း ဒေလီလေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မွမ်ဘိုင်းမြို့ရဲ့ AQI က ၁၇၅ သာရှိပြီး ဒေလီထက် သိသိသာသာ ပိုမိုကောင်းမွန်နေပါတယ်။

Vessy
ကိုကား- Open Magazine, Firstpost
မြန်မာကျပ်ငွေနဲ့ အိန္ဒိယရူပီး ငွေလဲနှုန်း မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေ၊ ငွေလဲနှုန်းကြောင့် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများရှိ
===
နိုဝင်ဘာလ ၆၊ ၂၀၂၆
Zalen

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုဟာ မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်းဝယ်ယူတင်ပို့နေတဲ့ ကုန်သည်တွေအပေါ်မှာလည်း တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။ မီဇိုရမ်ဘက်မှာ အိန္ဒိယရူပီးနဲ့ ကုန်ပစ္စည်းဝယ်ယူရတာဖြစ်တဲ့အတွက် မြန်မာကျပ်ငွေတန်ဖိုးကျလာတာနဲ့အမျှ အရင်ကလို ပမာဏတူ ကုန်ပစ္စည်းဝယ်ယူဖို့ မြန်မာကျပ်ငွေ ပိုမိုသုံးစွဲလာရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲဒီလို ကုန်ပစ္စည်းဝယ်ယူစရိတ် မြင့်တက်လာတာကြောင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်တင်ပို့ရောင်းချတဲ့အခါမှာလည်း ရောင်းဈေးကို လိုက်လံမြှင့်တင်ရတယ်လို့ ရခိုင်ကုန်သည်တစ်ဦးက ပြောပါတယ်။ အဲဒီအကျိုးဆက်ဟာ ကုန်သည်တွေရဲ့ အရင်းအနှီးနဲ့ အမြတ်အစွန်းအပေါ်သာမက မြန်မာနိုင်ငံဘက်က ကုန်ပစ္စည်းဝယ်ယူသုံးစွဲသူတွေအပေါ်မှာပါ ရိုက်ခတ်လာတာဖြစ်ပါတယ်။

“ငွေလဲနှုန်းကြောင့် ကုန်သွယ်ရေးအပေါ် အများကြီးသက်ရောက်ပါတယ်။ မြန်မာငွေကျလာရင် ဒီဘက် မီဇိုရမ်ဘက်မှာ ပစ္စည်းဝယ်နေကျသူတွေအတွက် ဈေးပိုပေးရပြီသလို ဖြစ်နေပြီလေနော်။ ဒီကဝယ်ဈေးတက်တော့ ဟိုဘက် မြန်မာပြည်ဘက်မှာလည်း အလိုလိုဈေးတက်သွားတာပေါ့။ အခြေခံလူတန်းစားတွေအတွက်က ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခက်အခဲတွေ ကြုံနေကြပါတယ်” လို့ အဲဒီရခိုင်ကုန်သည်က ပြောပါတယ်။

သတင်း - Mickey
သတင်းအပြည့်အစုံဖတ်ရှုရန်လင့်ခ် - https://tinyurl.com/bdermxw7
CDM ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂ ဦး သေဆုံးမှုအတွက် တရားမျှတမှုရအောင် ဆောင်ရွက်မယ်လို့ NUG ပြော
=====
နိုဝင်ဘာလ ၆၊ ၂၀၂၆
Zalen

စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကောလင်းမြို့နယ်အရှေ့ခြမ်း လျှော်ဖြူကုန်းကျေးရွာရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့ရပြီး အဲဒီဖြစ်စဉ်အတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေဟာ ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခ) ဆရာပွကြီး၊ အသက် ၃၈ နှစ်နဲ့ အသက် ၁၉ နှစ်အရွယ် မောင်ထက်သူအောင်တို့ ဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေါက်တာဇာနည်ထွန်းဟာ NUG ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မောင်ထက်သူအောင်ကတော့ Grade 12 အောင်မြင်ပြီး ဆေးတက္ကသိုလ်တက်ရောက်ဖို့ လျှောက်ထားဆဲ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အခြားကျန်းမာရေးဝန်ထမ်း ၅ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ကတိပြုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ အဲဒီလုပ်ရပ်တွေကို ရပ်တန့်ကြဖို့လည်း NUG ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ Insecurity Insight အဖွဲ့ရဲ့ Global Health Map အချက်အလက်တွေကို ကိုးကားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၁,၉၇၇ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် ဆေးရုံဆေးခန်း ၅၂၁ ခု ထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၇၆ ဦး သတ်ဖြတ်ခံခဲ့ရကာ ၉၉၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗင်းရှင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လျစ်လျူမရှုဘဲ တားဆီးအရေးယူပေးဖို့နဲ့ ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ထို့အပြင် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကြားမှာပင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

သတင်း - Mickey
စစ်ကောင်စီတပ်ရဲ့ ၂၅ ရာခိုင်နှုန်း ဝင်ငွေပြန်ပို့ရမယ်ဆိုတဲ့ စည်းမျဉ်းကို ထိုင်းကန့်ကွက်ပြီး CI စခန်းတွေကို ဆက်ထားမယ်လို့ အတည်ပြု
=====
နိုဝင်ဘာ ၆၊ ၂၀၂၆
Zalen

ထိုင်းနိုင်ငံ လုပ်သားရေးရာဝန်ကြီးက ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ၎င်းတို့ရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မိခင်နိုင်ငံဆီ ပြန်ပို့ရမယ်ဆိုတဲ့ မြန်မာ နိုင်ငံရဲ့ သတ်မှတ်ချက်ဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောသွားပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ စခန်းတွေကတော့ ဆက်လက်လိုအပ်နေသေးတယ်လို့ အတည်ပြုပြောခဲ့ပါတယ်။

ထိုင်းလုပ်သားရေးရာဝန်ကြီး စူလာဖုန်း အမွန်ဝိဝပ် က ပြည်ပရောက် မြန်မာနိုင်ငံသားတွေ CI စာရွက်စာတမ်းတွေ လျှောက်ထားတဲ့အခါ ၎င်းတို့ရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မိခင်နိုင်ငံဆီ ပြန်ပို့ဖို့နဲ့ လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း ရရှိခဲ့တဲ့ လစာပြပြေစာတွေ တင်ပြဖို့ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဘက်က စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ပြောခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေး လုပ်သားစီမံခန့်ခွဲမှု မူဝါဒကော်မတီ အစည်းအဝေးအပြီး ဖြူထိုင်းပါတီ ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောရာမှာ စူလာဖုန်းက အဲဒီကိစ္စနဲ့ ပတ်သက်လို့ လုပ်သားရေးရာ ဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးပြီလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် မြန်မာလုပ်သားရေးရာ အာဏာပိုင်တွေနဲ့ သံရုံးထံ စိုးရိမ်ပူပန်မှုတွေ၊ ကန့်ကွက်ချက်တွေကို ဖော်ပြထားတဲ့ တရားဝင်စာ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။

စူလာဖုန်း ပြောတာကတော့ အဲဒီ အရေးယူဆောင်ရွက်ချက်တွေဟာ ပြည်ပလုပ်သား ငှားရမ်းမှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ တစ်ဦးချင်းရဲ့ အခွင့်အရေးတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလုပ်ထုံးလုပ်နည်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြန်ပြင်ဖို့ ထိုင်းနိုင်ငံက ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်တွေအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်အတည်ပြုဖို့ အသုံးပြုတဲ့ CI စခန်းတွေကိုတော့ ထိုင်းနိုင်ငံအနေနဲ့ ပိတ်ပစ်မှာမဟုတ်ဘူးလို့ စူလာဖုန်းက ပြောပါတယ်။

CI စနစ်အစား ထိုင်းနိုင်ငံရဲ့ ပန်းရောင်ကတ်တွေနဲ့ အစားထိုးဖို့ အဆိုပြုချက်တွေကို ပြန်ဖြေရာမှာ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်တာဟာ မိခင်နိုင်ငံရဲ့ အတည်ပြုချက် (အမျိုးသားမှတ်ပုံတင်၊ အိမ်ထောင်စုဇယားနဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ အပါအဝင်) လိုအပ်တယ်လို့ စူလာဖုန်းက ပြောခဲ့ပါတယ်။

အရင်တုန်းကလို ထိုင်းနိုင်ငံက တစ်ဖက်သတ် မည်သူမည်ဝါဖြစ်ကြောင်း စိစစ်တာမျိုး လုပ်ခွင့်ပေးလိုက်ရင် မည်သူမည်ဝါဖြစ်ကြောင်း လိမ်လည်တာတွေ ဖြစ်လာနိုင်ပြီး လူတွေကို နောက်ကြောင်းလိုက်ဖို့ ခက်သွားမှာမို့ အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

CI စခန်းတွေဟာ ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာပဲ အပြည့်အဝ လည်ပတ်နေတာဖြစ်ပြီး ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမယ်လို့ စူလာဖုန်းက အလေးပေးပြောခဲ့ပါတယ်။

အဲဒီအစား လုပ်ထုံးလုပ်နည်းတွေ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီအောင် မြန်မာနိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးတာတွေကို ဦးစားပေး လုပ်သွားမယ်လို့ ဆိုပါတယ်။

ကိုးကား-Khaosod
သတင်း-ဆလိုင်း
ဓာတ်ပုံ - လူမှုကွန်ယက်
ဆယ်နှစ်ကျော်ကြာ အိမ်အောက်မှာ သီးခြားနေခဲ့ရတဲ့ ချင်းလူငယ် အသိစိတ်ပြန်ဝင်လာပြီး စကားစပြော
====
နို၀င်ဘာ ၆၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Paakzang ရွာမှာ စိတ်ကျန်းမာရေးမကောင်းလို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက အိမ်အောက်မှာ သံကြိုးနဲ့ ချည်ထားခြင်းခံခဲ့ရတဲ့ ချင်းလူငယ်တစ်ဦးဟာ အခုတော့ အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာပြီလို့ သိရပါတယ်။

အဲဒီလူငယ်က အသက် ၂၇ နှစ်အရွယ် မောင်ဟောက်ကျင်မုန် ဖြစ်ပြီး ငယ်စဉ်က ကျောင်းမှာ သင်္ချာဘာသာရပ် အရမ်းတော်ခဲ့ပေမယ့် ၆ တန်းရောက်တော့မှ စိတ်ကျန်းမာရေး ရုတ်တရက် ဆိုးဆိုးရွားရွား ဖောက်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

စိတ်စမကောင်းချိန်ကစပြီး အင်္ကျီနဲ့ ဘောင်းဘီ ဝတ်ရတာ လုံးဝမကြိုက်တော့ဘဲ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မြင်ရင်လည်း အရမ်းမုန်းပြီး မှန်တွေကို ရိုက်ခွဲလေ့ရှိပါတယ်။

အဲဒီအပြင် မိခင်ဖြစ်သူကိုပါ ရန်မူလာတာ၊ အပြင်လူတွေကိုပါ ဆတ်ဆတ်ထိမခံ ဖြစ်လာတာကြောင့် မိသားစုနဲ့ ရပ်ကွက်အတွက် အန္တရာယ်ရှိလာနိုင်လို့ ဆေးရုံတွေမှာ အမျိုးမျိုးပြသ ကုသခဲ့ပေမဲ့လည်း မသက်သာခဲ့ပါဘူး။

ဒါကြောင့် အခြားနည်းလမ်းမရှိတော့ဘဲ လေဝင်လေထွက်ရှိပြီး လူတစ်ကိုယ်စာလောက် မြင့်တဲ့ အိမ်အောက်ထပ်မှာ သံကြိုးနဲ့ ချည်ထားခဲ့ရတာ ဆယ်နှစ်ကျော် ကြာသွားခဲ့ပါတယ်။

အဲဒီကာလတစ်ခုလုံး ကိုယ်ခန္ဓာကို အထိမခံတာကြောင့် ထမင်းကျွေးရင်လည်း သူ့ဘာသူ စားနိုင်သလိုပဲ စားရပြီး ဆံပင်၊ ခြေသည်း၊ လက်သည်းတွေ ရှည်လျားလျက် တစ်ယောက်တည်း နေခဲ့ရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ရုတ်တရက် အသိစိတ်ပြန်ဝင်လာပြီး မိသားစုတွေကို စကားစပြောလာခဲ့တာ ဖြစ်ပါတယ်။

"သူ့ကို မိသားစုတွေက ဆေးတွေ လိုက်ကုပေးပါတယ်။ ပိုပိုဆိုးလာလို့ မြေအောက်ခန်းမှာ ထားရတာ။ စိတ်ကျန်းမာရေးမကောင်းကတည်းက စကားမပြောတော့တာ၊ အခုပြန်ပြီးတော့ သူ့ဘာသာစကားပြောတာပေါ့။ အင်္ကျီတွေ၊ ဘောင်းဘီတွေ ဘာလို့ မ၀တ်ခိုင်းတာလဲ၊ ရာသီဥတုက အေးလာပြီ၊ အရမ်းလည်း ချမ်းတယ်၊ အင်္ကျီနဲ့ ဘောင်းဘီ ပေးဦးဆိုပြီး ပြောတာ၊ ဆယ်နှစ်ကြာမှ ပထမဆုံး ပြောလာတဲ့ စကားပေါ့။ " လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။


ဆယ်နှစ်ကျော်ကြာအောင် စကားမပြောဘဲ သံကြိုးတုပ်ခံထားရတဲ့ သားဖြစ်သူဆီက အခုလို အသိစိတ်ပြန်ဝင်ပြီး စကားပြောလာတာကြောင့် မိသားစုဝင်တွေ အရမ်းကို ဝမ်းသာနေကြပါတယ်။

လက်ရှိမှာတော့ သံကြိုးတွေကို ဖြုတ်ပေးလိုက်ပြီဖြစ်ပြီး အိမ်ထဲမှာ ပုံမှန်အတိုင်း နေထိုင်စေကာ အဝတ်အစားတွေလည်း ဝတ်ပေးထားပြီလို့ သိရပါတယ်။

Helen
ဆယ်နှစ်ကျော်ကြာ အိမ်အောက်မှာ သီးခြားနေခဲ့ရတဲ့ ချင်းလူငယ် အသိစိတ်ပြန်ဝင်လာပြီး စကားစပြော
ကပစ ၂၄ က ထွက်လာတဲ့ စစ်ကြောင်းမှ အင်အား ၁၀၀ ခန့် ကြီးရွာကို အင်အားထပ်ဖြည့်
===
နိုဝင်ဘာ ၆ ၊ ၂၀၂၆
Zalen


မကွေးတိုင်း ၊ ပေါက်မြို့နယ် အခြေစိုက် ကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ -၂၄) က ထွက်လာတဲ့ စစ်ကြောင်းမှ အင်အား ၁၀၀ ခန့်ဟာ ကြီးရွာကို အင်အားထပ်ဖြည့် ရောက်ရှိနေတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဲဒီစစ်ကြောင်းဟာ မနေ့ညနေပိုင်းက ပန်းဆန်ရွာကနေတစ်ဆင့် ကြီးဘက်ကို စစ်ကြောင်းထွက်လာတာဖြစ်ပြီး မိအယ်ကျေးရွာမှာ ညအိပ်ကာ ဒီကနေ့မှာ ကြီးရွာဘက်ကို ဆက်ထွက်လာခဲ့တာဖြစ်ပါတယ်။

" ညနေတုန်းကပဲ ကြီးကို ဝင်လာကြတာ။ ပန်းဆန် ထိပ်တန်းထမင်းဆိုင်က ဖောကားယူလာတယ်။ အဲဒီကားပေါ်မှာ ကုလားပဲ ၊ ဆန် စတဲ့ ရိက္ခာတွေရယ်၊ ဒရုန်းတွေရယ် တင်သွားကြတာ။ နှော် နဲ့ လယ်ဆောကြားက ဒေသအခေါ် ညောင်ကားယားမှာ ကားပျက်သေးတယ်" လို့ ဒေသခံအမျိုးသမီးတစ်ဦးက Zalen ကို ပြောပါတယ်။

အမတ ၃၆၈ တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ကြီးရွာကို ရောက်ရှိတပ်စွဲနေတဲ့ ယခင်စစ်ကြောင်းကလည်း ကပစ ၂၄ ကနေ မေလတုန်းက ထွက်လာတဲ့စစ်ကြောင်းလို့ သိရပါတယ်။

ဒါ့အပြင် မေလတုန်းက ကပစ ၂၄ ကနေ ထွက်လာပြီး ထပြင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကပဲ ဩဂုတ်လ ၁၂ ရက်နေ့က အင်အား ၇၀ ဝန်းကျင်ခန့် အင်အားဖြည့်တင်းခဲ့ပါသေးတယ်။

ရွှေအောင်သာကို အထိုင်ချဖို့ ဦးတည်စစ်ကြောင်းထွက်လာတဲ့ ကြီးရွာရောက်ရှိနေတဲ့ စစ်ကြောင်းဟာ ၄ လကျော်လာတဲ့အထိ ကြီးရွာနဲ့ ရွှေအောင်သာကြားမှာပဲ တပ်စွဲထားပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျောက်ထုဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ၁၃၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင် တပ်ဖြန့်နေရာယူထားကြတာဖြစ်ပါတယ်။


သတင်း - ယောနေ
ကပစ ၂၄ က ထွက်လာတဲ့ စစ်ကြောင်းမှ အင်အား ၁၀၀ ခန့် ကြီးရွာကို အင်အားထပ်ဖြည့်
Media is too big
VIEW IN TELEGRAM
စစ်ကြောင့်ရခဲ့တဲ့ ကိုယ်၊ စိတ် ဒဏ်ရာများကို အတူတကွ ကုစားကြစို့

မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲစေနိုင်တဲ့စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက် ဆုံးရှုံးမှု ကြုံရသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့အတူ ကြိုးစားရှင်သန်နေထိုင်ကြရပါတယ်။

မြေမြှုပ်မိုင်းနဲ့အခြားသော ပေါက်ကွဲစေနိုင်သောပစ္စည်းတွေကြောင့် ထိခိုက်ဆုံးရှုံးကြရသူတွေကို စိတ်ဓာတ်ခွန်အားပေးပါ။ ပြန်လည်ထူထောင်ကုသရေးနဲအသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ရပ် တည်နိုင်ဖို့ ဖေးမကူညီပါ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပါ။ လူမှုအသိုင်းအဝန်းအတွင်း အများနည်းတူပါဝင်နိုင်ကြပါစေ။

#မြေမြှုပ်မိုင်းအန္တရာယ် #ပေါက်ကွဲလက်နက်ပစ္စည်း #တိုက်ပွဲ #LandmineAwareness #PSA