Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
▪ ပအိုဝ်းတိုင်းရင်းသားတို့ဟာ မိမိတို့ရဲ့ထူးခြားလှတဲ့ သမိုင်းအစဉ်အလာကို အကြောင်းပြု၍ “ဒဲဉ်သီးလာဗွေ”(တပေါင်းလပြည့်)နေ့ ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လာခဲ့ကြတာ (၇၃)ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။ ပအိုဝ်းတိုင်းရင်းသားတို့ဟာ ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကို နားလည်သဘောပေါက်မှုစတဲ့ ဗုဒ္ဓရဲ့အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများ ဖြစ်သည့်အလျောက် အမျိုးသားနေ့တွင် မိမိတို့လူမျိုး၊ဘိုးဘွားမျိုးနွယ်ဆက်များ၏ကျေးဇူးတရားကို အောက်မေ့သတိရပြီး အမျိုးသားနေ့ကိုသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပအိုဝ်းအမျိုးသားနေ့ဟာ ကျေးဇူးတရားသိမှုမှ စတင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။

▪ လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်၊ မဟာသက္ကရာဇ် (၃)နှစ် တပေါင်းလပြည့်နေ့၊ စနေနေ့၊ လဝင် နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် မင်းတပါးဖွားမြင်ခဲ့ပါတယ်။ ထိုမင်းဟာ လဝင်နေထွက်ချိန်တွင် မွေးဖွားခဲ့သောကြောင့် သူရိယစန္ဒာ ဟုခေါ်ဆိုခဲ့​ပြာတယ်။ သူရိယစန္ဒာမင်းဟာ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး သထုံမြို့ရှိလေးဆူဓါတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့့် သာသနာ့ဒါယိကာမင်းမြတ်တစ်ပါး ဖြစ်ပါတယ်။

▪ ဤကျေးဇူးတရားကို အောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့ဟာ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို “ပအိုဝ်းအမျိုးသားနေ့” (ဒဲဉ်သီႏလာဗွေ)အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထို့ပြင် လယ်ယာခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့ဟာ လုပ်ငန်းခွင်ပြီးစီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲ ကျင်းပ​ေလ့ရှိ​​​ြကပါတယ်။

▪ ကောက်ဦးတင်ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့်တကွ ဆွေတော်မျိုးတော်၊ မိအိုဖအိုအကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ကြပါတယ်။ ကောက်ဦးတင်ပူဇော်ပွဲမှာ တောင်ပေါ်မြေပြန့် ရပ်နီးရပ်ဝေးဆွေမျိုးများ တစ်နှစ်တစ်ကြိမ် တွေ့ဆုံလေ့ရှိကြပါတယ်။ ထိုကြောင့် တပေါင်းလပြည့်(ဒဲဉ်သီႏလာဗွေ)နေ့ ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကိုကောက်ဦးပူဇော်ပွဲ၊ ​ေဆွမျိုးတွေ့ဆုံပွဲပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာတယ်လို့လည်း ဆိုကြပါတယ်။

▪ ပအိုဝ်းအမျိုးသားနေ့ဟာ ဇာတိသွေး၊ ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေးစိတ်ဓါတ်များ ထက်မြက်ရှင်သန်လာစေရန် လှုံ့ဆော်ပေးသည့်နေ့တစ်​နေ့လည်းဖြစ်ပါတယ် ။

ပအိုဝ်းတိုင်းရင်းသားသွေးချင်းများအပါအဝင် အိမ်အိမ်ရဲ့ သွေးချင်းမောင်နှမများအားလုံး စစ်အာဏာရှင်စနစ်ကို အတူတကွတော်လှန်ရင်း ရှေ့ဆက်ကြမယ်နော်။

တာ့တာ.......။

#MOENUG #HomeBasedLearning #Myanmar
❤30👍29
သူငယ်ချင်းတို့ရေ ဒီနေ့မှာတော့အိမ်အိမ်က မွန်ပြည်နယ်နေ့အကြောင်းကိုပြောပြမယ်နော်။ မွန် ပြည်နယ်နေ့ဟာ မွန်လူမျိုးတို့ အမြတ်တနိုး ကျင်းပကြတဲ့ နေ့ရက်တစ်ခု ဖြစ်ပါတယ် ။
❤17👍9👎3🔥1
▪️၁၉၇၄ခုနှစ်ကတည်းကစတင် ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာဆိုရင် ဒီကနေ့မှာ (၄၈)ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဘာသာရေးနဲ့ ယဉ်ကျေးမှုသမိုင်းအစဉ်အလာ ကြီးမာတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ထုံးစံတွေမှာ ဘာသာရေနဲ့ဆိုင်တဲ့ ထုံးတမ်းအစဉ်အလာဓလေ့တွေ၊ ပွဲတော်တွေ ရှိကြပါတယ်။ ဒါကြောင့် မတ်လ(၁၉)ရက်နေ့မှာကျရောက်တဲ့မွန်အမျိုးသားနေ့ကို ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူမျိုး တွေဟာ ဒေသအလိုက် ကျင်းပလေ့ ရှိကြပါတယ် ။

▪️မွန်အမျိုးသားနေ့ကို ကျင်းပတဲ့ဒေသအလိုက် ဓလေ့ထုံးစံပုံစံမျိုးစုံနဲ့ကျင်းပကြပါတယ်။ အဓိကအားဖြင့် မွန်အမျိုးသားအလံတော်ကိုအလေးပြုခြင်း၊ စာပေ ‌ဟောပြောပွဲများ၊ မွန်လူမျိုး မွန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပြိုင်ပွဲများကိုလည်း ကျင်းပကြပါတယ်။ တချို့ဒေသတွေမှာဆိုရင်တော့ အားကစား ပြိုင်ပွဲတွေအပြင် ပျော်ပွဲရွှင်ပွဲများ၊ အလှူအတန်းများကိုလည်းပြုလုပ်ကြပါတယ်။ ဒီလိုပွဲနေ့မှာ စုပေါင်းအတူတကွ မုန့်လုပ်စားကြပါသေးတယ်။

ဒါကြောင့်အိမ်အိမ်က မွန်တိုင်းရင်းသားညီကိုမောင်နှမတွေနဲ့အတူ မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤29👍17👎3
အိမ်အိမ်ရဲ့ သူငယ်ချင်းတို့ရေ။ ။

ဒီနေ့ မတ်လ (၂၀) ရက်နေ့က အိမ်အိမ်တို့ရဲ့ သွေးချင်းညီအကို ချင်းလူမျိုးတွေရဲ့ "ချင်းတော်လှန်ရေးနေ့" ပဲ ဖြစ်ပါတယ်။ ဒီတော့ အိမ်အိမ်က ချင်းတော်လှန်ရေးနေ့ အကြောင်းကို နည်းနည်းပြောပြပေးမယ်လေ။
❤24👍12👎4🔥4
▪ ချင်းတော်လှန်ရေးနေ့အကြောင်းကို‌ ပြောပြရမယ်ဆိုရင် ချင်းအမျိုးသားတပ်ဦး (CNF) ကနေ စပြောရမှာပါ။ ၁၉၈၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးရရှိရန်နဲ့ မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော်ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ အဲ့ဒီလို ဖွဲ့စည်းခဲ့တဲ့အချိန်ကနေစလို့ အာဏာရှင်အဆက်ဆက်ကို လက်နက်စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်တိုက်ပွဲ၀င်ခဲ့ကြတာ ယနေ့ နွေဦးတော်လှန်ရေးအထိပဲပါပဲ။

▪ ဒီကနေ့မှာဆိုရင်တော့် ချင်းညီအကိုမောင်နှမတွေရဲ့ အမျိုးသားတပ်ဦးနဲ့ တော်လှန်ရေးနေ့ဟာ (၃၄)နှစ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီ (၃၄) နှစ်အတွင်း စစ်အာဏာရှင်စနစ်ဆိုးကို စွမ်းစွမ်းတမံ တွန်းလှန်ခဲ့၊ တိုက်ထုတ်နေဆဲဖြစ်တဲ့ ချင်းလူမျိုးအာဇာနည်စစ်သည်တွေကို အိမ်အိမ်က အ‌လေးထားဂုဏ်ပြုရင်း "ချင်းတော်လှန်ရေးနေ့" ကို ကြိုဆိုလိုက်ပါတယ်။
တောင်ဇလပ်‌နဲ့အောက်ချင်းတို့ရဲ့မြေက သွေးချင်းတို့ရဲ့ တော်လှန်ရေးအိမ်မက်တွေလည်း အမြန်ဆုံးအကောင်အထည်ပေါ်လာအောင် အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤32👍22
မတ်လ(၂၁)ရက်ဟာဆိုရင် International Down Syndrome Dayပဲဖြစ်ပါတယ်။ Down Syndromeဆိုတာ အိမ်အိမ်တို့ရဲ့နှစ်ဆယ်တစ်စုံမြောက်ခရိုမိုဆိုမ်ထပ်ပွားတဲ့အခါဖြစ်ပေါ်တက်တဲ့ မျိုးရိုးဗီဇချို့ယွင်းမှုတစ်ခုဆိုတာ သူငယ်ချင်းတို့သိပါသလား။
❤28👍12👎5🔥2
▪ Down Syndrome (သို့မဟုတ် Trisomy 21) ဆိုတာကတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ လူမျိုးမရွေး၊ ကျားမ မရွေး မွေးဖွားလာတဲ့ကလေးအယောက် ၈၀၀မှာ တစ်ယောက်နှုန်းဖြစ်ပွားလေ့ရှိပါတယ်။ ဒါဟာ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် ခရိုမိုဆိုမ်တစ်ခုလည်းဖြစ်ပါတယ်။

▪ Down Syndrome က အများအားဖြင့် ဥာဏ်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုနှင့် ဆက်စပ်သော ဆေးဘက်ဆိုင်ရာ ပြဿနာများကိုအမျိုးမျိုးဖြစ်စေတတ်ပါတယ်။ သူတို့လေးတွေဟာ မျိုးရိုးဗီဇချို့ယွင်းမှု့ကြောင့် သိမြင်မှု နှောင့်နှေးပေမဲ့ အိမ်အိမ်တို့လိုပဲ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်ကြတယ်။ ဒါကြောင့် Down Syndrome ရှိသူတွေကို ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ၊ အလုပ်အင်အားစုတွေနဲ့ လူမှုရေး၊အပန်းဖြေမှုဆိုင်ရာ လှုပ်ရှားမှုတွေ လူ့အဖွဲ့အစည်းနဲ့ ရပ်ရွာအဖွဲ့အစည်းတွေထဲမှာ ပိုမိုပါဝင်လာဖို့ ကူညီကြရမှာဖြစ်ပါတယ်။

▪ လူတွေအားလုံးပါဝင်မှုကိုမြှင့်တင်နိုင်ဖို့လှုံ့ဆော်အားပေးနိုင်ဖို့နဲ့ Down Syndrome ဖြင့်နေထိုင်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့ ဒီနေ့မှာInternational Down Syndrome Dayကိုကျင်းပကြတာပဲဖြစ်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar #International #downsyndrome
👍35❤29🔥3
တပ်မတော်နေ့လော၊ တော်လှန်ရေးနေ့လော
=====
မတ်လ (၂၇) ရက်နေ့။

ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲခဲ့တဲ့နေ့။

▪ ဒီနေ့ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ပြီး ပွဲတွေ ကျင်းပနေကြပါတယ်။ စာရေးသူကိုယ်တိုင်လဲ မြန်မာ့နိုင်ငံရေးသမိုင်းကို သမိုင်းနောက်ခံကားချပ်တွေနဲ့ ဆက်စပ်လေ့လာခြင်း မပြုလုပ်နိုင်ခင်ကာလက တပ်မတော်နေ့အဖြစ်သာ ထင်ခဲ့ဖူးပါတယ်။ သို့ပေမယ့် ကျောင်းသုံးစာအုပ်တွေနဲ့ သတင်းစာတွေထဲက သမိုင်းတွေကိုသာမက သက်ရှိသမိုင်းအဘိဓာန်ကြီးများနဲ့ သမိုင်းသုတေသန စာအုပ်တွေကို ဖတ်မိလာ ချိန်မှာတော့ မတ်လ (၂၇) ရက်ကို တပ်မတော်နေ့အဖြစ် မဟုတ်ပဲ၊ ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ်သာ သတ်မှတ်လက်ခံလာမိပါတော့တယ်။ ဒီလိုသတ်မှတ်လာရခြင်းဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အစိုးရ၊ နိုင်ငံရေးပါတီ စတာတွေ အပေါ်မှာ အခြေခံထားခြင်းမရှိပဲ၊ သမိုင်းဖြစ်ရပ်မှန် အချက်အလက်များအပေါ်မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ လေ့လာဆန်းစစ်ပြီးမှ၊ သဘာဝကျကျ ရှုမြင်သုံးသပ်ထားချက်သာ ဖြစ်ပါတယ်။

✅ (၁) မတ်လ (၂၇) ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲဖို့ သတ်မှတ်ချက်ကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။
(၁၉၄၅) ခုနှစ်၊ မတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ ဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးတွေ့ဆုံဆွေးနွေးဆုံးဖြတ်ပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ စစ်တိုင်းကြီး (၇) တိုင်း၊ ဒေသသုံးခု ခွဲဝေပြီး၊ သက်ဆိုင်ရာ တိုင်းအလိုက် နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်များ တာဝန်ချထားခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်များကတော့ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်တို့ဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့တွေက ဗမာ့တပ်မတော်က ဖြစ်ပါတယ်။ တပြည်လုံးရဲ့ နိုင်ငံရေးခေါင်းဆောင်က သခင်စိုး၊ စစ်ရေး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး၊ တပြည်လုံးရဲ့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံက သခင်သန်းထွန်း ဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းအချက်အလက်တွေက ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးကို တပ်မတော် တခုတည်းနဲ့ဆိုင်တဲ့ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ နီးစပ်မှု မရှိကြောင်းကို မီးမောင်းထိုးပြနေပါတယ်။

✅ (၂) ဖက်ဆစ်တော်လှန်ရေးကြီးကို ဗမာ့တပ်မတော် တခုတည်းက ဦးဆောင်ဆင်နွှဲခဲ့ခြင်း မဟုတ်ပါ။ ဖတပလ အဖွဲ့ချုပ်ကြီးက အမျိုးသားတပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအဖြစ် အခိုင်အမာ တည်ဆောက်ပြီး၊ ဦးဆောင်ဆင်နွှဲခဲ့ခြင်းသာ ဖြစ်ပါတယ်။
▪ (၁၉၄၄) ခုနှစ်၊ ဩဂုတ်လမှာ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေး (ဖတပလ) အဖွဲ့ကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်ဆိုတဲ့ အဓိကအင်အားစု (၃) စု အပေါ်မှာ အခြေခံ ဖွဲ့စည်းခဲ့ပါတယ်။ ဖတပလရဲ့ ဗဟိုဦးစီး အဖွဲ့ဝင် ကိုးဦးကတော့ ဗမာ့တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျ်ာ၊ ဗိုလ်နေဝင်း၊ ပြည်သူ့အရေးတော်ပုံပါတီမှ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့ ဖြစ်ပါတယ်။ စစ်ရေးခေါင်းဆောင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်စိုးတို့က တာဝန်ယူခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးတာဝန်ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်သန်းထွန်းက တာဝန်ယူခဲ့ပါတယ်။

(၁၉၄၄) ခုနှစ်၊ အောက်တိုဘာလမှာ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ သခင်ချစ်၊ ရန်ကုန်ဘဆွေ၊ သခင်စိုးတို့ လျှို့ဝှက်တွေ့ဆုံပြီး၊ ဖွဲ့စည်းခဲ့တဲ့ “တော်လှန်ရေးတပ်ဦး” ကလဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ တပ်မတော်တို့ကို တပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းထားခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းအထောက်အထားတွေအရ တဖွဲ့တပါတီတည်းကပဲ ပြုလုပ်ထားခဲ့ခြင်း မဟုတ်တဲ့ ဖက်ဆစ်တော်လှန်ရေး သမိုင်းဝင်နေ့ကို၊ တပ်မတော်တခုတည်းနဲ့သာ ဆိုင်သည့်သဖွယ်၊ တပ်မတော်နေ့အဖြစ် သတ်မှတ်ထားခြင်းဟာ သမိုင်းမှန်နဲ့ ဝေးကွာနေကြောင်း တွေ့ရှိရပါတယ်။

✅ (၃) ဖက်ဆစ်တော်လှန်ရေး လက်တွေ့စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုများစွာ ပါဝင်ခဲ့ပါတယ်။
▪ (၁၉၄၂) ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှာ ဂျပန်စစ်အုပ်ချုပ်ရေး လက်အောက်ခံ ဗမာအစိုးရအဖွဲ့ကို ဂျပန်က ဖွဲ့စည်းပေးခဲ့ပြီး၊ စစ်အုပ်ချုပ်ရေး ထူထောင်ထားစဉ်ကာလမှကတည်းက သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီကို ကိုယ်စားပြုပြီး၊ ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ သခင်သန်းထွန်းကလဲ အစိုးရအဖွဲ့ ဝန်ကြီးအဖြစ် ရုပ်ပြလုပ်ဆောင်ရင်း၊ တော်လှန်ရေး အင်အားစုတွေကို နိုင်ငံအနှံ့၊ နယ်အနှံ့မှာ စုစည်းနေခဲ့ပါတယ်။

ဖတပလ ဖွဲ့ပြီးချိန်မှာလဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းတို့ ညှိနှိုင်းပြီး၊ ဗမာ့တပ်မတော်ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီက နိုင်ငံရေးကေဒါတွေ လျှို့ဝှက်သွင်းခဲ့ပါတယ်။ တပ်ကို နိုင်ငံရေးနဲ့ တော်လှန်ရေး ပညာတွေ ပေးဖို့ ဖြစ်ပါတယ်။
👍36❤9🔥4👎1
ဂျပန်တွေ မြန်မာပြည်စဝင်စဉ်ကတည်းက ကွန်မြူနစ်ခေါင်းဆောင်တဦးဖြစ်တဲ့ သခင်သိန်းဖေကို အိန္ဒိယသွားပြီး၊ မဟာမိတ်များနဲက အဆက်အသွယ် ရယူရေးကြိုးပမ်းမို့ သခင်သန်းထွန်းက တိုက်တွန်းထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်မှာတော့ အိန္ဒိယရောက် သခင်သိန်းဖေနဲ့ သခင်သန်းထွန်းတို့ ပြန်လည်ဆက်စပ်မိလာပါတယ်။ ဖတပလ ဖွဲ့စည်းပြီးချိန်မှာတော့ နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံဖြစ်လာတဲ့ သခင်သန်းထွန်းက ငခင်သိန်းဖေမှတဆင့် အင်္ဂလိပ်စစ်တပ် Force 136 ကို အဆက်အသွယ် ရယူနိုင်လာခဲ့ပါတယ်။

ရခိုင်ဘက်မှာလဲ (၁၉၄၂) ခုနှစ်ကတည်းက သခင်စိုးတို့သွားပြီး၊ စည်းရုံးပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။ (၁၉၄၄) ခုနှစ်၊ ဒီဇင်ဘာလမှာ ရခိုင်တိုင်း ဂျပန်တော်လှန်ရေး တိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်မှာ ဦးဆောင်ခဲ့တဲ့ ရခိုင်တော်လှန်ရေးခေါင်းဆောင်တွေဟာ ဖဆပလနဲ့ အဆက်အသွယ် ရှိထားပြီးသား ဖြစ်ပါတယ်။

စစ်ကိုင်းနယ်မှာလဲ ရဲဘော်လှိုင်၊ ရဲဘော်မြင့်ဆွေ၊ ဗိုလ်သိမ်းဦး၊ ဗိုလက်ကျင်မောင်တို့ ဦးဆောင်တဲ့ ပါတီတပ်ကို ပြောက်ကျားတပ်အဖြစ် ဖွဲ့စည်းထားခဲ့ပါတယ်။ အိန္ဒိယကို သခင်သန်းထွန်း စီစဉ်စေလွှတ် ထားခဲ့တဲ့ လေထီးရဲဘော်များကလဲ တော်လှန်ရေးကာလမှာ မဟာမိတ်တပ်တွေနဲ့ အတူ တိုက်ပ ဝင်ခဲ့ကြပါတယ်။ ဖြူး၊ တောင်ငူ၊ ရိုးမတကြောက ရဲခေါင်ပြောက်ကျားများကိုလဲ သခင်သန်းထွန်းနဲ့ သခင်ဗဟိန်းတို့ ဦးစီးပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။

မြေအောက်လျှို့ဝှက် ဖွဲ့စည်းထားတဲ့ ပြောက်ကျားတပ်ဖွဲ့များကလဲ အနယ်နယ် အရပ်ရပ်မှာ တိုက်ပွဲဝင်ခဲ့ကြရုံမက အချို့တော်လှန်ရေးဒေသတွေမှာ ဆယ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးသူငယ် များကပါ ဆက်သားတာဝန်ယူခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေး စိတ်ဓာတ်တွေ ရှင်သန်နေတဲ့ ပြည်သူလူထုကလဲ ဘက်ပေါင်းစုံကနေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီသမိုင်းအချက်အလက်များက ဖက်ဆစ်တော်လှန်ရေးရဲ့ လက်တွေ့စစ်မြေပြင်မှာ ဗမာ့တပ်မတော် တရပ်တည်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့တာ မဟုတ်ကြောင်း ညွှန်ပြနေပါတယ်။ တော်လှန်ရေး မတိုင်မီ နှစ်ကာလများစွာကတည်းက လူထုစည်းရုံးရေး၊ ပြင်ဆင် တည်ဆောက်ရေး၊ ပြောက်ကျားတပ်များ ဖွဲ့စည်းရေး၊ မဟာမိတ်အဆက်အသွယ် ရယူရေး၊ တော်လှန်ရေးအခြေခံဒေသ ဖော်ဆောင်ရေးများကို လုပ်ဆောင်ထားခဲ့ပြီး၊ လက်တွေ့စစ်မြေပြင်မှာလဲ တပ်မတော်တခုတည်း မဟုတ်ပဲ တော်လှန်ရေးအင်အားစုများစွာ ပေါင်းစပ်ပါဝင်ခဲ့ကြောင်း သိသာထင်ရှားလှပါတယ်။

သမိုင်း၀င်ဖက်ဆစ်တော်လှန်ရေးကြီးမှာ မဟာမိတ်တပ်များနှင့် ပူးပေါင်းပြီး ကချင်ရိန်းဂျား၊ ကရင်နှင့် ချင်းတပ်များမှ ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။ ဝမ်းအိုဝမ်း ဟုခေါ်တဲ့ အမေရိကန်နည်းဗျူဟာတပ်ဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့သည့် ရိန်းဂျားတပ်ဖွဲ့မှာ ကချင်တိုင်းရင်းသားနှစ်သောင်းကျော် ပါဝင်ခဲ့သည်။ ချင်း၊ နာဂတိုင်းရင်းသားများလည်း ပါ၀င်ခဲ့ပါတယ်။ ၁၉၄၃ မှစပြီး Chindit တပ်၊ ကချင်ရိန်းဂျား၊ ဗြိတိသျှ-ကချင် လဲဗီးတပ်ရင်းများကလည်း ဖက်ဆစ်တပ်များကို တိုက်ပွဲဝင်ခဲ့ပါတယ်။ Force 136 မြစ်၀ကျွန်းပေါ်ဒေသမှာ တော်လှန်ရေးအခင်းအကျင်းစတင်ပြင်ဆင်ချိန်မှာ ကရင်တိုင်းရင်းသားများစွာ ပါ၀င်ခဲ့ပါတယ်။ ဒီတပ်တွေဟာ လွတ်လပ်ရေးရချိန် နိုင်ငံ့စစ်တပ်မှာ တပ်ပေါင်းစည်းရေး (Military Integration) ကို လုပ်ဆောင်ခဲ့ကြပါတယ်။

နိဂုံး
===
▪ မတ်လ (၂၇) ရက်နေ့ဟာ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေး အောင်လံတော်အောက်မှာ သွေးစည်းညီညွတ်ခဲ့ကြတဲ့ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေး နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။ မူလက တော်လှန်ရေး နေ့ဟုသတ်မှတ်ခဲ့ပြီး ဖြစ်ပါလျက် ၁၉၅၅ ခုနှစ် မတ်လဆန်းမှာ ပြုလုပ်တဲ့ ဝန်ကြီး အဖွဲ့အစည်း အဝေးမှာ ” မြန်မာနိုင်ငံတွင် တပ်မတော်ကို ဂုဏ်ပြုသည့် တပ်မတော်နေ့ ရှိသင့်ကြောင်း ၊ ထိုနေ့ကို သတ်မှတ် ရာတွင် ဖက်ဆစ်ဂျပန်တို့အား အသက်ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားတိုက်ခိုက်ခဲ့သည့် ဗမာ့ တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားသင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး၊ တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ကျင်းပနေကြခြင်းသာဖြစ်ပါတယ်။ သို့ပေမယ့်လဲ သမိုင်းကြောင်း အထောက်အထား များနဲ့ သမိုင်းနောက်ခံ ကားချပ်များကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ ဆိုတဲ့ သမိုင်းမှန်ကိုသာ ညွှန်းဆိုပြသနေပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၂၇၊ ၃၊ ၂၀၁၃)
❤44👍41🔥7
သူငယ်ချင်းတို့ရေ ဒီနေ့ April လ 1 ရက်နေ့က အိမ်အိမ်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ကရင်နီလူမျိုးတွေရဲ့ အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
👍22❤14
▪️ကရင်နီလူမျိုးတွေဟာ ကရင်လူမျိုးအနွယ်ဝင်တစ်နွယ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀) ကျော်၊ ခရစ်တော် မပေါ်မီ ဘီစီ(၇၃၉) ကစတင်ပြီး မိုဂိုးလီးယားနိုင်ငံ၊ ဂိုဘီသဲကန္တာရဒေသမှ တခြားကရင်အနွယ်ဝင်များနဲ့အတူ ထွက်လာပြီး တောင်ဘက်သို့ ရေကြည်ရာမြက်နုရာကိုရှာဖွေရင်း တဖြည်းဖြည်းဆင်းလာခဲ့ရာ ဒီမောဆိုနယ်မြေဒေသကို ရောက်ရှိလာပြီး ကရင်နီပြည်နယ်ကို ထူထောင်ခဲ့ပါတယ်။ ကရင်နီလူမျိုး၏ ခုနှစ် သတ်မှတ်ရာတွင် ဂိုဘီသဲကန္တာရမှ စတင်ထွက်ခွာသည့် ခုနှစ်၊ ဘီစီ ၇၃၉ ကို ယူပြီး သတ်မှတ်တာဖြစ်ပြီး ထိုနေ့ရက်မှစ၍ ယနေ့အထိဆို နှစ်ပေါင်း ၂၇၆၁ နှစ်ရှိပြီဖြစ်ပါသည်။

▪️ကရင်နီတစ်မျိုးသားလုံးရဲ့ နှစ်သစ်ကူးနေ့ရက်ကို ကရင်နီလ လဲဟျာ (၁)ရက်နေ့တွင် ၁၉၅၂ ခုနှစ်၌ သတ်မှတ်ခဲ့ကြပါတယ်။ ကရင်နီလူမျိုးတွေရဲ့ နှစ်၊ လ၊ ရက်များ တွက်ချက်ရာမှာ လက ကမ္ဘာကို ပတ်သည့်စနစ် (Lunar System) ကိုအခြေခံထားတဲ့အတွက် ခရစ်နှစ် လ၊ ရက်နှင့် ပုံသေ မဖြစ်တာကြောင့် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ဟာ တစ်နှစ်နဲ့တစ်နှစ် ရက်ပြောင်းလဲကျရောက်နေရတာဖြစ်ပါတယ်။

▪️ကရင်နီလ ၁၂ လရဲ့ အမည်တွေကို (၁) လဲဟျာ (၂) လဲရူး (၃) လဲကျေး (၄) လဲဘျား (၅) လဲခု (၆) လဲရှေးမိုး (၇) လဲရှေးကျယ် (၈) လဲနဲ (၉) လဲရှေးပု (၁၀) လဲထျေ (၁၁) လဲသျ (၁၂) လဲသီး ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာ၊ စင်္ကြာဝဠာ လူသားကို ဖန်ဆင်းအုပ်စိုးသောဘုရား (ကရင်နီအခေါ်- ဘျာစယ်ဒူဖီးသူးလုမိုး)၏ တစ်နှစ်ပတ်လုံး ကူညီ မစသော ကျေးဇူးတရားတော်ကို သတိရအောက်မေ့သောအားဖြင့် စုပေါင်းကာ ထောပနာပြုပြီး၊ လာမည့်နှစ်တွင် လည်း ဆက်လက် ကူညီ မ,စပါရန် တောင်းဆိုတဲ့အနေနဲ့ ကရင်နီနှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါတယ်။ ပွဲတော်ရက်အတွင်းမှာ ဆွေမျိုးမိတ်ဆွေများ၊ ဧည့်သည်တော်များ၊ အနီး အနားကျေးရွာများကို ဖိတ်ကြား၍ အခမ်းအနား ကျင်းပပြုလုပ်ပြီး ကရင်နီရိုးရာ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရိုးရာယဉ်ကျေးမှု အဆို၊ အက ပဒေသာဖြင့် ဖလှယ်ဆိုကခြင်း၊ ရိုးရာအားကစားပြိုင်ပွဲများ ကျင်းပကစားခြင်း၊ ဖယောင်းတိုင်မီးထွန်းပြီး ဝတ်ပြုဆုတောင်းခြင်းစတာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။

▪️ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့နဲ့ ပတ်သက်တဲ့အေကြောင်းအရာတော်တော်များများကို သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်။ အိမ်အိမ်တို့နောက်ရက်တွေမှာပြန်တွေ့ကြမယ်နော်။ ✨
❤54👍31
ကြားကာလ နေအိမ်အခြေပြု/ပြည်သူ့ အခြေပြု အခြေခံပညာသင်ကြားရေး အသိပညာပေး လမ်းညွှန် စာအုပ် (PDF) ကို Download ပြုလုပ်နိုင်
===

ဒီစာအုပ်မှာ

▪️နေအိမ်အခြေပြု/ပြည်သူ့အခြေပြု ပညာသင်ယူခြင်းဆိုတာဘာလဲ? ရည်ရွယ်ချက်ကဘာလဲ?
ဘယ်သူတွေက ပါဝင်ဆောင်ရွက်ရမလဲ? ဘယ်လိုနည်းလမ်းပုံစံတွေနဲ့ သင်ယူနိုင်မလဲ

စတဲ့ အကြောင်းတွေကို စနစ်တကျ ရေးသားပြုစုထားတာဖြစ်ပါတယ်။
ဒီအောက်က Link ကနေ Download လုပ်ထားနိုင်ပါတယ်နော်

Download Here - https://bit.ly/3LGTjhD
Download Link(2) - https://bit.ly/3KfZYPu
Download Link (3) - https://bit.ly/3NKyt2G

#MOE #NUG #MBEH #Download #HOMEBasedLearning
❤49👍25
ကဲ ..........!
ဒီနေ့မှာတော့ Grade-11 မှာတက်ရောက်သင်ယူလေ့လာနေကြတဲ့သူငယ်ချင်းတို့‌ရေ အိမ်အိမ်နဲ့အတူ ရူပဗေဒဘာသာရပ်ကို လေ့လာကြရအောင်နော်။
👍25❤4
▪ဒသမတန်း(စနစ်ဟောင်း) ရူပဗေဒဘာသာရပ်ထဲက Chapter 10 Current and Electric Circuit ဆိုတဲ့အခန်းကို အိမ်အိမ်က ရွေးချယ်ပေးလိုက်ပါတယ်။ အဲဒီအခန်းရဲ့ပထမဆုံးအပိုင်းဖြစ်တဲ့ Current and Effects of Current အကြောင်းကို အိမ်အိမ်တို့အတူတူ လေ့လာကြမယ်နော်။ ဒီသင်ခန်းစာထဲမှာ Electric Current ဆိုတာဘာလဲ၊ Electric Current ကြောင့်ဖြစ်ပေါ်လာတဲ့ Effects of Current ဘယ်နှမျိုးရှိသလဲ၊ Electric Current ဟာအိမ်အိမ်တို့ရဲ့နေ့စဉ်ဘ၀မှာ ဘယ်လိုအသုံး၀င်မှုတွေရှိသလဲ၊ သူရဲ့ယူနစ်တွေကဘာတွေလဲ၊ ဘယ်လိုဦးတည်‌ရွေ့လျားကြသလဲ၊ Electric Current တွေဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုသိရှိနိုင်ဖို့ ညီမျှခြင်း‌တွေအသုံးပြုပြီးတွက်ခြင်းတို့ကို‌ လေ့လာရမှာဖြစ်ပါတယ်။ ဆရာက စိတ်၀င်စားဖွယ်ကောင်းအောင် ဆွေးနွေးပေးထားတာ​​ဖြစ်လို့ အိမ်အိမ်တို့အတွက် မပျင်းရတဲ့ စာလေ့လာချိန်လေးဖြစ်မယ်လို့ထင်ပါတယ်။

▪ နောက်ပြီးတော့ ဒီသင်ခန်းစာကို သေသေချာချာနားလည်ပြီးတဲ့နောက် နောက်ထပ်သင်ခန်းစာတွေကိုလဲ ဆက်စပ်ပြီးလေ့လာတတ်သွားမှာဖြစ်ပါတယ်။ Electric Current ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အပြင် Electric Current ကြောင့်ဖြစ်‌ပေါ်တဲ့ Effect တွေအကြောင်းကိုလဲ ဆရာကဆွေးနွေးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့အတွက် အသိပညာတစ်ခုခုရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရှင်းလင်းမြင်သာ‌တဲ့ခေါင်းစဉ်လေးတွေနဲ့ လေ့လာရမဲ့နည်းလမ်းတွေကိုပါ ဆရာက‌ ဆွေးနွေးပေးထားတာဖြစ်လို့ သူငယ်ချင်းတို့အနေနဲ့လည်း ဒီသင်ခန်းစာကနေ သင်ယူရရှိတာတွေကို ဝေမျှကြစေချင်ပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလဲ သင်ခန်းစာကို ပိုမိုနားလည်သဘောပေါက်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းလေးတွေ ထည့်ပေးထားပါသေးတယ်။ သေချာစဉ်းစားပြီးဖြေကြည့်ကြပါဦးနော်။

▪ ဒီသင်ခန်းစာကနေ Electric Current နဲ့ပတ်သက်တဲ့ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေကို ဆရာ့ရဲ့ဆွေးနွေးချက်နဲ့အတူ ဂရုတစိုက်ပြင်ဆင်ထားတာမို့ အိမ်အိမ်တိို့အ‌နေနဲ့ စိတ်၀င်စားမယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုမှာပါတဲ့လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကို ပိုမိုနားလည်စေဖို့၊ ပြန်လည်သုံးသပ်နိုင်ဖို့အပြင် အိမ်အိမ်တို့ကိုယ်တိုင်ချဲ့ထွင်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/ShXuvWEZJXI
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ ဒသမတန်း (စနစ်ဟောင်း) အတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။

ဒသမတန်း(စနစ်ဟောင်း) နဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13  

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 11 - https://www.facebook.com/groups/grade11.moe  

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 11 MBEH Channel - https://t.me/joinchat/Z6cZ9Gf-ubxlMWQ1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 11 MBEH Channel - https://invite.viber.com/?g2=AQBO4Ste4aH4Ok37UmJqhoWRJCdTY2pFKQpwi93cxPvflU4iKmYtFv2yLYYwiR0g

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

☑️ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

☑️ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာမို့လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍91❤32👎6🔥4
Forwarded from Teacher Education CPD MBEH Channel
ကလေးတွေအတွက် ဖြန့်ဝေပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်

''အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ကြားမှုဗီဒီယိုပေါင်း (၃၃၀၀) ကျော် ဖန်တီးလွှင့်တင်ပေးထားသည့် NUG MOE ၏ ကြားကာလပညာရေး MBEH Telegram Channels QR Code များ''

ဒီပုံလေးကို လက်ကမ်းစာရွက်လေးထုတ်ပြီး အိမ်အိမ့်ရဲ့သူငယ်ချင်းလေးတွေ ချိတ်ဆက်လေ့လာသင်ယူလို့ရအောင် ဝိုင်းဝန်းဖြန့်‌ဝေ စီစဥ်ကူညီပေးကြပါဦးနော် ...

Internet ရ‌နေ‌သေးတဲ့ ပြည်သူတွေက မီးလာတဲ့အချိန် Download ကူဆွဲပေးပြီး Download ဆွဲထားတဲ့ Video တွေကို အချင်းချင်း Zapya, Bluetooth နဲ့ Offline ပြန်ဖလှယ်ပေးတာမျိုး ၊ USB, OTG Stick, CD စတာတွေနဲ့ကူးပြီး ပြည်သူတွေအချင်းချင်း ဖြန့်ဝေကူညီပေးကြရင်းနဲ့
''ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အင်အားနဲ့ ကိုယ်တိုင်ဝိုင်းကူ အတူတူတည်ဆောက်‌ပေးကြဖို့'' အိမ်အိမ်က တောင်းဆိုတိုက်တွန်းအပ်ပါတယ် ...

ဒီသင်ကြားမှုဗီဒီယိုလေးတွေအားလုံးက ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများက
''သူငယ်ချင်းလေးတို့တွေ အိမ်မှာနေရင်း ကိုယ်တိုင်သင်ယူလို့ရအောင်''
အခက်အခဲပေါင်းများစွာကြားထဲကပြေးလွှား‌ရှောင်တိမ်းနေရရင်း ကိုယ်တိုင်ကြိုးစားသင်ကြားပြီး အရည်အသွေးအဆင့်ဆင့် သေချာစိစစ်ဖန်တီးပေးထားကြတာ ဖြစ်ပါတယ် ..
👍99❤67👎4🔥2
သူငယ်ချင်းတို့ရေ

မိမိအတန်းရဲ့ သင်ခန်းစာတွေအားလုံးလေ့လာပြီးကြပြီလား?

သင်ခန်းစာအားလုံး လေ့လာပြီးကြပြီဆိုရင် အိမ်အိမ်က သင်ခန်းစာတွေကို ဘယ်လိုပြန်လည် လေ့ကျင့်ရမလဲဆိုတာ ပြောပြမယ်နော်
❤36👍8
ဘာသာရပ်တစ်ခုရဲ့ သင်ခန်းစာခေါင်းစဉ်တွေကို ပြန်လည်လေ့ကျင့်ရာမှာ အသုံးဝင်တဲ့ နည်းလမ်း (၅) ခုအကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်

၁။ အကြောင်းအရာ/အချက်အလက်များကို ပြန်လည်သုံးသပ်ခြင်း

▪လေ့လာထားပြီးသော သင်ခန်းစာပါ အကြောင်းအရာများ/ အချက်အလက်များ မှတ်မိမှု ရှိ/မရှိ ပြန်လည် သုံးသပ်ပါ။ သူငယ်ချင်း မှတ်မိတဲ့ အကြောင်းအရာ/ အချက်အလက်များ ရှိနိုင်သလို မမှတ်မိတော့တဲ့ သင်ခန်းစာတွေလည်းရှိနိုင်တာမို့ မှတ်စုစာအုပ်မှာ မှတ်သားထားဖို့လိုအပ်ပါတယ်။ သတိပြုရမှာကတော့ - သူငယ်ချင်းတို့မှတ်မိတဲ့ အကြောင်းအရာ/ အချက်အလက်တွေကိုတော့ ပြန်လေ့လာစရာမလိုတော့ဘူးနော်

၂။ မိမိကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း

▪တစ်ခုခုကို ပြန်လည်သုံးသပ်တဲ့အခါတိုင်း၊ စမ်းသပ်စစ်ဆေးမှုကို ထည့်သွင်းနိုင်ပါတယ်။ ဥပမာ - မူရင်းအကြောင်းအရာကို မကြည့်ဘဲ မှတ်ဉာဏ်ထဲမှ မည်မျှရေးသားနိုင်သည် သို့မဟုတ် ပြောဆိုနိုင်သည်ကို ကြည့်နိုင်သည်။ သို့မဟုတ် ဉာဏ်စမ်းကတ်များ (Flashcards ) အထောက်အကူ ဖြင့် စစ်ဆေးနိုင်ပါတယ်။

၃။ အချက်အလက်များကို ထပ်မံဖြည့်သွင်းခြင်း

▪ရေးသားထားပြီးသော မှတ်စုများကို ပိုမိုသိရှိလာသော အကြောင်းအရာ/ အချက်အလက်များကို ပြန်လည်ဖြည့်သွင်းခြင်းကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ Mind Map ကဲ့သို့သော အညွှန်းဇယားတစ်ခုကို ဖန်တီး ကြည့်နိုင်ပါတယ်။

၄။ သင်ယူမှုကို လက်တွေ့လုပ်ဆောင်ခြင်း

▪တချို့သော သင်ခန်းစာ အကြောင်းအရာ/ အချက်အလက်တွေမှာ လက်တွေ့လုပ်ဆောင်လို့ ရတာတွေ ရှိတာမို့ လက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ ဥပမာ - သိပ္ပံဘာသာရပ်မှာပါတဲ့ ‘အစေ့မှ အပင်ပေါက်ခြင်း’ သင်ခန်းစာကို လက်တွေ့လုပ်ဆောင်နိုင်ပါတယ်။

၅။ အခြားတစ်ယောက်ကို အကြောင်းအရာ/အချက်အလက်များ မျှဝေခြင်း

▪ သင်ခန်းစာပါ အကြောင်းအရာ/ အချက်အလက်များကို သူငယ်ချင်းအချင်းချင်းကို မျှဝေနိုင်သလို မိမိအိမ်မှာရှိတဲ့ အုပ်ထိန်းသူတွေကိုလည်း မျှဝေပေးနိုင်ပါတယ်။ ဒီလို မျှဝေခြင်းက သူငယ်ချင်းတို့ရဲ့ အသိပညာကို အသုံးပြုချပြီး သူငယ်ချင်းတို့ရဲ့ ယုံကြည်မှုကို တိုးမြင့်စေနိုင်တာမို့ အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။

သူငယ်ချင်းတို့လည်း နည်းလမ်းကောင်းလေးတွေ သိရပြီဆိုတော့ ဘယ်နည်းလမ်းတွေကို အသုံးပြု ပြီး သင်ခန်းစာတွေကို ပြန်လည်လေ့ကျင့်ကြလဲဆိုတာ Comment မှာ ပြန်ပြောခဲ့ကြ ပါဦးနော်

#MBEH #MOE #NUG #Myanmar #Education #Tips
❤69👍54
နှစ်သစ်အကြိုဆန္ဒမွန်
❤61👍21
=====
▪အာဏာရှင်စနစ်ဆိုးတစ်ခုရဲ့ ယန္တရားကို တစ်ရစ်ခြင်း၊ တစ်ထစ်ခြင်းထေ့ငေါ့တုံ့ဆိုင်းစေခဲ့သော လူသတ်သမား၊ လူရမ်းကားတစ်စုကိုတစ်မျှင်းမျှင်းနောင်တရစေခဲ့သောပြည်သူကိုမျက်နှာမူထားတဲ့
ပြည်သူအသည်းနှလုံး တို့ရေ အလွန်လှသောနှလုံး ချွန်မြသောအပြုံးနဲ့ နှစ်သစ်မှာ ကျန်းမာကြပါစေ

▪ယနေ့အချိန်မှာ
တစ်ချို့စီဒီအမ်သူရဲကောင်းတွေဟာ ပြည်သူ့သစ္စာခံပြီး CDMလုပ်ရုံနဲ့
အားမရဘဲ အိုးအိမ်၊မိသားစု စွန့်ပစ်ပြီးလက်နက်ကိုင်စွဲ
သွေးရဲရဲနဲ့ ဆန့်ကျင်တိုက်ပွဲ ဝင်နေတဲ့အာဂသတ္တိခဲ တွေဖြစ်ကြသလို
ကလောင်ကိုင်စွဲစိတ်ရဲရဲနဲ့
အာဏာရှင်ပြုတ်ကျရေးအတွက် တပ်လှန့်နှိုးဆော်နေတဲ့
ဉာဏ်ပညာရဲရဲတောက်
CDMဝမ်ထမ်းတွေအဖြစ်နဲ့လည်း
တော်လှန်ရှင်သန်နေကြပါတယ်

▪ကြုံရာဘဝ ကျရာအခြေနေကနေ
ရရာအလုပ်လုပ် ဘဝကိုခက်ခဲစွာရင်ဆိုင်ဖြတ်သန်းရင်း
နိူင်ရာစွမ်းရာတစ်ထောင့်တစ်နေရာကအာဏာရှင်စစ်ဘီလူးကို
ဆန်ကျင်တိုက်ပွဲဝင်နေကြသူတွေလဲဒုနဲ့ဒေးပါပဲ

▪CDMညီအစ်ကိုမောင်နှမတို့ရေ အခက်ခဲပေါင်းများစွာကိုအချိန်ကာလကြာမြင့်စွာရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြပြီးပြီမို့ ပင်ပန်နွမ်းဟိုက်လှသော မလျော့သောဇွဲနဲ့ အောင်ပွဲဆီရှေးရှုမှုကိုလေးနက်စွာ အလေးပြုပါတယ်
လန်းဆန်းသောပိတောက်ရနံ့နဲ့အတူ
အမှန်တရားကိုမျက်နှာမူရင်း
စိတ်ဓာတ်အောင်လံကိုတလူလူလွှင့်ထူနိုင်ကြပါစေ

▪CDMမောင်နှမတို့ရေ
ပြည်သူ့အတွက်ကြံ့ကြံ့ခံခဲ့တဲ့
ပေးဆပ်စွန့်လွတ်အနစ်နာခံမှုတိုင်းအတွက် ပြည်သူ့ရင်ခွင်ထက်မှာCDM တွေဆိုတာ
လင်းလက်ဝင်းပခဲ့ပါပြီ
ပန်းတိုင်ကလည်းနီးသည်ထက်နီးလာနေပါပြီ
ပိုမိုနီစွေးသောနှလုံးသွေးဖြင့်
မိမိတိုသမိုင်းကို အကောင်းဆုံး ရေးထိုးနိုင်ကြပါစေ

▪အာဏာရှင်စနစ်ဆိုးအောက်က သမိုင်းဝင်တိုက်ပွဲ ကြီးတစ်ခုရဲ့ရေသောက်မြစ်စစ်စစ်ကြီးတွေအဖြစ်ခေါင်းမော့ရင်ဆိုင်ရှင်သန်ကြတဲ့ CDM ညီအစ်ကိုမောင်နှမအပေါင်းတို့
နှစ်သစ်မှာ ဆောင်သမျှ အောင်ကြပါစေ
မချစ်မနှစ်သက်သောသူတို့၏ဘေးမှကင်းဝေးကာ
သူတော်ကောင်းတို့၏ဖေးမစောင့်ရှောက်မှုများရရှိကြပါစေ
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းဖြင့်
သမိုင်းသစ်ကိုရေးထိုး
အနာဂတ်မျိုးဆက်၏ တန်ဖိုးကို
မြှင့်တင်နိုင်ကြပါစေ....

အရေးတော်ပုံ အောင်နေပြီ
စောနွေဦး
#MBEH #NUG #MOE #Myanmar #Basic #Education #Home #Thingyan
❤124👍63🔥7