အားလုံးပဲ မင်္ဂလာပါ။ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ် (Home-Based Learning)နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Telegram မှာလည်း ဝေမျှပေးသွားမှာဖြစ်ပါတယ်။
အိမ်အိမ်တို့နဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေပြီး နေအိမ်အခြေပြုပညာသင်ယူခြင်းနဲ့ သက်ဆိုင်တဲ့ပိုစ့်တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ဖို့အတွက် အိမ်အိမ်တို့ရဲ့ Telegram Channel ဖြစ်တဲ့ Myanmar Basic Education Home Channel နဲ့ အတန်းအလိုက်သင်ခန်းစာများကို ရယူနိုင်ဖို့ သက်ဆိုင်ရာအတန်းရဲ့ Telegram Channel ကို Joinထားပေးဖို့ မမေ့ပါနဲ့နော်။
✅Telegram Channel မှ သင်ခန်းစာ video များကို အလွယ်တကူ Download ရယူပြီး ဖြန့်ဝေနိုင်မှာဖြစ်ပါတယ်။
📌 Telegram Learning Channels’ Link
Myanmar Basic Education Home Channel - https://t.me/BEmoeNUG
KG MBEH Channel - https://t.me/joinchat/Wv9mDvMa7aFkOWVl
Grade 1 MBEH Channel - https://t.me/joinchat/9ntMcoRSIdtmMWI1
Grade 2 MBEH Channel - https://t.me/joinchat/U2R4xHQtnBhiOThl
Grade 3 MBEH Channel - https://t.me/joinchat/C9JBzMp09Gw0YTU1
Grade 4 MBEH Channel - https://t.me/joinchat/3LCw19ztMcowOGI1
Grade 6 MBEH Channel - https://t.me/joinchat/IHxvVfJgZUxiOTQ9
Grade 7 MBEH Channel - https://t.me/joinchat/h8CsmPfQscNkMDQ1
Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll -
Grade 9 MBEH Channel - https://t.me/joinchat/h_dGU4hsGHc3MzA1
Grade 10 MBEH Channel - https://t.me/joinchat/0dB_0tSgLTowMjI9
Grade 11 MBEH Channel - https://t.me/joinchat/Z6cZ9Gf-ubxlMWQ1
MBEH (IT+General Knowledge) Channel - https://t.me/joinchat/eeU8nffeqag2NmNl
#MOENUG #HomeBasedLearning #Myanmar

Telegram
Myanmar Basic Education Home
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
👍21❤8🔥2👌2👎1
ဒီနေ့မှာတော့ အိမ်အိမ်က သူငယ်ချင်းတို့ကို အာရုံစူးစိုက်မှုကောင်းအောင်လေ့ကျင့်ခြင်း (Mindfulness) ရဲ့ အကျိုးကျေးဇူးနဲ့ နည်းလမ်းအချို့ကို မျှဝေချင်ပါတယ်။
ဖိုးမူလေးက မနက်အိပ်ယာထတိုင်း အနည်းဆုံး ၁၅ မိနစ်လောက် Mindful Breathing (ဝင်လေထွက်လေမှတ်) လုပ်တယ်။ အိမ်မှာစာသင်တဲ့နေ့တွေမှာလည်း အတန်းနားချိန်နဲ့ အတန်းပြီးတဲ့အချိန်တွေမှာ ၁၅ မိနစ်စီလောက် အာရုုံစူးစိုက်မှုကောင်းလာအောင် လေ့ကျင့်ပါတယ်။ အဲဒီလိုလေ့ကျင့်တဲ့အတွက် အခုဆိုရင် ဖိုးမူလေးက စာလုပ်တဲ့အခါ အာရုံစူးစိုက်မှုပိုကောင်းလာပြီး ကျောင်းစာတွေလဲ ပိုမှတ်မိလာတယ်၊ ပုစ္ဆာတွေတွက်တဲ့ အခါမှာလဲ မြန်မြန်ဆန်ဆန်တွက်လာနိုင်တယ်။ စာသင်ပြီးရင်လည်း အရင်ကလောက် မပင်ပန်းတော့ဘူးတဲ့။ ကလေးအရွယ်ပဲ ရှိသေးပေမယ့် ကိုယ့်စိတ်ထဲမှာဖြစ်နေတာတွေ၊ ကိုယ့်စိတ်ခံစားမှုတွေကို ပိုပြီးနားလည်လာပြီး အားနည်းချက်၊ အားသာချက်တွေကို ပိုမြင်လာတယ်တဲ့။ အဲဒါကြောင့် အခုဆို ဖိုးမူလေးက သွက်သွက်လက်လက် ထက်ထက်မြက်မြက် ကလေးလေးတစ်ယောက် ဖြစ်လာနေပြီလေ။
ဒါကြောင့် ဖိုးမူလေးလို ဖွံ့ဖြိုးတိုးတက်လာအောင် အာရုံစူးစိုက်မှုကောင်းအောင်လေ့ကျင့်ခြင်း (Mindfulness) ကိုဘယ်လိုလုပ်ရမလဲဆိုတာကို အိမ်အိမ်က နည်းလမ်းကောင်းတွေအမျိုးမျိုးရှိတဲ့ထဲက ကျောင်းသားအားလုံးအတွက် သင့်တော်နိုင်မယ့် နည်းလမ်းလေးတွေ ဝေမျှချင်ပါတယ်။
Mindful ဖြစ်ဖို့ နည်းလမ်းတွေထဲကမှ ၀င်လေထွက်လေမှတ်တာကတော့ အသုံးပြုလေ့ အများဆုံးပါပဲ။ ပထမဆုံးအနေနဲ့ တစ်နေရာရာမှာ တင်ပျဉ်ခွေထိုင်ပြီး အသက်၀၀ရှုလိုက်ပါ။ ၄/၅ ကြိမ်လောက်ရှူပြီးရင် အသက်ရှုတာကိုပုံမှန်အတိုင်း ဖြစ်ခွင့်ပေးလိုက်ပါ။ ကိုယ်က နှာသီးဖျားလေးမှာအာရုံထားပြီး ၀င်လေ၊ ထွက်လေလေးကို လိုက်သိနေရုံပါပဲ။ ၀င်လာတဲ့အခါဖြစ်လာတဲ့ ခံစားချက် ထွက်သွားတဲ့အခါဖြစ်သွားတဲ့ ခံစားချက်လေးတွေကိုလဲ လိုက်သိပေးနေရုံပါပဲ။
၀င်လေ ထွက်လေမှတ်ရတာ အခက်အခဲဖြစ်ရင် ပိုပြီးထင်ရှားတဲ့ ခွံစားမှုတွေဖြစ်တဲ့ အသက်ရှုတဲ့အခါ ရင်ဘက်က နိမ့်လိုက် မြင့်ခလိုက်ဖြစ်တာ၊ ဗိုက်က ပိန်တာဖောင်းတာ လိုက်မှတ်နေလို့ရပါတယ်။ လိုရင်းကတော့ လက်ရှိအချိန်ကာလမှာာ စိတ်ကိုထားဖို့ပါပဲ။
ကိုယ့်ပတ်၀န်းကျင်မှာ ကြားနေရတဲ့အသံပေါင်းစုံကိုလည်း လိုက်မှတ်လို့ရပါတယ်။ ကားသံ၊ စကားပြောသံ၊ ငှက်ကလေးတွေ တကျွီကျီ အော်နေသံ စသဖြင့်ပေါ့။
ခံစားချက်လေးတွေကိုလဲ လိုက်သိနေလို့ရပါတယ်။ ရာသီဥတုအလိုက် ခန္ဓာကိုယ်မှာ ဖြစ်လာတဲ့ ပူတာ၊ အေးတာ စသဖြင့် လိုက်သိမှတ်နေလို့လည်း ရပါတယ်။
နောက်တစ်ခုကတော့ စိတ်ထဲမှာဖြစ်နေတဲ့ အတွေးလေးတွေကို လိုက်သိ၊ လိုက်ကြည့်တာပါ။ ကိုယ့်ရဲ့စိတ်ကို ကောင်းကင်ကြီးလို့သဘောထားပြီး အတွေးတွေကို တိမ်တိုက်လေးတွေလို့ မြင်ကြည့်ပါ။ ကိုယ်ကတော့ တိမ်တွေကိုမော့ကြည့်နေတဲ့သူပေါ့။ တိမ်တိုက်လေးတွေက သူ့ဘာသာဖြတ်သန်းသွားသလို ကိုယ့်ရဲ့အတွေးတွေကလည်း သူ့ဘာသာပေါ်လာပြီး ကိုယ်က၀င်မစွက်ဖက်ရင် သူ့ဘာသူပျောက်သွားတာပါပဲ။
တစ်ခါတစ်လေကျ အတွေးတွေက တော်ရုံနဲ့ မပျောက်သွားဘဲ ဆက်တွေးဖြစ်နေတာကို ဒီတိုင်းလေးသိထားလိုက်ပြီး၊ နဂိုပထမဆုံးထိုင်လုပ်နေတဲ့အလုပ်လေး (ဝင်လေထွက်လေမှတ်နေတာ) ကို ညင်ညင်သာသာ ပြန်အာရုံပြုပြီး မှတ်ပေးပါ။
အရေးကြီးတာက စိတ်ပျံ့လွင့်တဲ့အခါ ကိုယ့်ကိုကို မဝေဖန်ပါနဲ့၊ စိတ်မဆိုးပါနဲ့။ စိတ်ဆိုးနေရင်လည်း စိတ်ဆိုးလို့ဖြစ်လာတဲ့ခံစားချက်လေးကို လိုက်သိပေးပါ။ စိတ်တည်ငြိမ်အောင် သတိလေးနဲ့ ပြန််ထိန်းလိုက်ပါ။
သူငယ်ချင်းတို့လည်း Mindfulness Meditation ကို စမ်းလုပ်ကြည့်ပြီး ကိုယ့်အတွက်အကျိုးရှိရင် ပုံမှန်လေးလုပ်သွားဖို့ အိမ်အိမ်က တိုက်တွန်းချင်ပါတယ်။ စိတ်ခံစားမှုများကိုထိန်းကျောင်းခြင်း (Emotional Management) နဲ့ပတ်သက်ပြီးလည်း ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ ဒီ page လေးမှာ အိမ်အိမ်နဲ့ အဆက်အသွယ်မပြတ်နေကြမယ်နော်။။

👍7❤4
**အားလုံးပဲ မင်္ဂလာပါ။ 👋
ဒီနေ့မှာတော့ အိမ်အိမ်က ကလေးတွေရဲ့နေအိမ်အခြေပြုသင်ယူနိုင်ရေးအတွက် လူငယ်တွေ ဘယ်အခန်းကဏ္ဍတွေကနေ ပါဝင်ပြီး အားဖြည့်ကူညီနိုင်လဲဆိုတာကို ဝေမျှပေးသွားပါမယ်နော်**
▪ နေအိမ်အခြေပြုသင်ယူရေး (HBL: Home-Based Learning) အစီအစဥ်ဟာ ကလေးငယ်များနေအိမ်မှာ အန္တရာယ်ကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူနိုင်ခွင့်ရရှိစေရန် ဖြစ်ပါတယ်။ HBL အစီအစဥ်မှာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာရှိလူကြီးလူငယ်များ၏ စုပေါင်းကြီးကြပ်မှု၊ ထောက်ပံ့ကူညီမှုဟာ ကလေးတွေထိရောက်စွာသင်ယူနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတွေရဲ့နေအိမ်အခြေပြုသင်ယူနိုင်ရေးအတွက် လူငယ်တွေက အောက်ပါနည်းလမ်းလေးတွေနဲ့ တက်တက်ကြွကြွ ပံ့ပိုးကူညီလမ်းပြပေးနိုင်ပါတယ်။
✅ ၁။ ပညာရေးရင်းမြစ်များနှင့် သင်ကြားသင်ယူရေးဆိုင်ရာနည်းလမ်းများ ဖြန့်ဝေအသိပေးခြင်း
▪ NUG MoE MBEH Facebook Page မှသတင်းအချက်အလက်များကို စဉ်ဆက်မပြတ်လေ့လာရယူပေးပါ။ မိမိတို့ရပ်ရွာ လူမှုပတ်ဝန်းကျင်ရှိ ကလေးများ နေအိမ်တွင် အေးဆေးသက်သာလုံခြုံစွာ ပညာဆက်လက်သင်ယူနိုင်စေဖို့် မိဘအုပ်ထိန်းသူများ၊ ပညာရေးတတ်သိကျွမ်းကျင်သူများနှင့် ကလေးများထံသို့ ပညာရေးရင်းမြစ်များ ရောက်ရှိအောင် ဖြန်ဝေပေးရင်း မည့်သည့်နည်းစနစ်များဖြင့် သင်ယူရမယ်ဆိုသည်ကို ပြောပြကူညီပေးပါ။ ကလေးများနှင့် မိဘအုပ်ထိန်းသူများ သိလိုသည်များ၊ လိုအပ်သည့်အကူအညီများ၊ ဆက်သွယ်မေးမြန်းအကြံအဉာဏ်တောင်းခံလိုသည်များကို တတ်သိပညာရှင်များနှင့် သက်ဆိုင်ရာ MBEH Groups များတွင် ချိတ်ဆက်ကူညီဖြေရှင်းပေးပါ။
✅ ၂။ ပညာရည်အားနည်းသော/အကူအညီလိုအပ်သော မိဘများကို ကူညီပေးခြင်း
▪ ကလေးများဟာ ကျောင်းပညာရေးမှနေအိမ်အခြေပြုပညာရေးသို့ ပြောင်းလဲလေ့လာသင်ယူရသည့်အတွက် မိဘများမှာ အုပ်ထိန်းသူသက်သက်သာမဟုတ်ပဲ ပညာရေးလမ်းညွှန်ကူညီသူများလည်း ဖြစ်လာကြရပါတယ်။ ပညာရည်အားနည်းသော မိဘအများစုဟာ မိသားစုစားဝတ်နေရေးအတွက် ဂရုစိုက်နေရပြီး ကလေးများ၏ပညာရေးအတွက် အချိန်ပေးဂရုစိုက်နိုင်မှု နည်းပါးတတ်ပါတယ်။ သို့ဖြစ်၍ ကလေးများအတွက်သာမက မိဘများပူပေါင်းပါဝင်မှုတိုးတက်လာအောင်လည်း အလျဥ်းသင့်သလို ကူညီဆောင်ရွက်ပေးကြဖို့လိုပါတယ်။ မိဘများ၏ အခန်းကဏ္ဍသည်အလွန်အရေးကြီးသဖြင့် ကလေးများ၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကောင်းမွန်စွာဖွံ့ဖြိုးလာစေရန် ပြုစုပျိုးထောင်မှုနည်းနာများကို နားလည်လာစေရန်၊ လက်ခံကျင့်သုံးလာစေရန် နွေးထွေးယဥ်ကျေးစွာ ရှင်းပြခြင်း၊ လမ်းညွှန်ခြင်း၊ အခက်အခဲများကို နားထောင်ပေး၍ အတူဆွေးနွေးဖြေရှင်းပေးပါ။
✅ ၃။ နည်းပညာပစ္စည်းများ (Digital tools)များနှင့် မရင်းနှီးသောမိဘများအား ကူညီအသိပေးလမ်းညွှနိရယူပေးခြင်း
▪ HBL ပညာရေးရင်းမြစ်များကို ရယူရာတွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Social Media platforms များဖြစ်သော Moodle Platform, Facebook Social Media, Youtube Channel, Telegram Channel, Viber Channel များတွင် အခကြေးငွေပေးရန်မလိုအပ်ဘဲ ဝင်ရောက်လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်မရရှိသောဒေသများတွင်လည်း ပညာရေးရင်းမြစ်များကို Wifi Transfer (Zapya), Bluetooth, OTP, USB Memory စသည့်ပုံစံအမျိုးမျိုးဖြင့် လေ့လာသင်ယူမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်နည်းပညာနဲ့ပိုရင်းနှီးတဲ့လူငယ်တွေက Digital tools များနှင့်မရင်းနှီးတဲ့ မိဘများကို အသုံးပြုပုံလမ်းညွှန်းများပြောပြကာ လိုအပ်သောပညာရေးဆိုင်ရာများကို ကူညီအသိပေးလမ်းညွှနိရယူပေးကြပါ။
✅ ၄။ ကလေးပညာရေးတွင် မိဘများပါဝင်ဆောင်ရွက်နိုင်အောင် ပံ့ပိုးအားပေးခြင်းနှင့် မိဘများ၏အခန်းကဏ္ဍကို ကူညီအားဖြည့်ပေးခြင်း
▪ အချို့သောမိဘများဟာ ကလေး၏ပညာရေးကို အချိန်ပေးဂရုစိုက်နိုင်မှုနည်းပါးခြင်း၊ ပညာရည်အားနည်းခြင်းများရှိသဖြင့် ပညာသင်ယူရန် အခက်အခဲရှိနေသောမိသားစုများကို လူငယ်များက ပံ့ပိုးကူညီရန်လိုအပ်ပါသည်။
ကလေးများ၏ စိတ်ခံစားမှုနှင့်ပညာရည်တိုးတက်မှုဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများကို မိဘများနှင့်အတူလုပ်ဆောင်ပေးခြင်း၊ ပတ်ဝန်းကျင်မှ အလွယ်တကူရရှိနိုင်သောရင်းမြစ်များကို မည်သို့အသုံးချနိုင်ကြောင်း ပြောပြလုပ်ဆောင်ပေးခြင်း၊ ကလေးများ၏နှုတ်မှုစွမ်းရည်တိုးတက်စေမည့်မေးခွန်းများ၊ တေးကဗျာလေးများကို မိဘများထံသို့ပေးပို့၍ ကလေးနှင့်အတူလေ့ကျင့်ဆောင်ရွက်ရန် သရုပ်ပြပေးခြင်း၊ တိုက်တွန်းပေးခြင်းတို့ကို အတူဆောင်ရွက်ကူညီပေးပါ။
ကလေးများ၏အသက်အရွယ်ပေါ်မူတည်၍ မိဘများ၏အခန်းကဏ္ဍများမှာလည်း ကွဲပြားနိုင်တဲ့အတွက် အတန်းငယ်စဥ်ကာလမှာ မိဘများကပိုမို ဂရုစိုက်ပေးမှု ပိုလိုအပ်ပြီး အတန်းကြီးလာသည့်အခါမှာတော့ မိဘများက စောင့်ကြည့်လေ့လာမှုများကို ဆက်လက်ပြုလုပ်ပေးဖို့လိုအပ်ကြောင်းကို မိဘများသိရှိအောင် အသိပညာဖြန့်ဝေပြောပြပေးရန် လိုအပ်ပါတယ်။

👍9🏆1
ထိရောက်ကောင်းမွန်တဲ့ HBL အစီအစဥ်မှာ ကလေး၊ မိဘတို့၏ဆောင်ရွက်မှုသာမက ရပ်ရွာလူမှုဝန်းကျင်ရှိ တတ်သိနားလည်သူများ၊ လူကြီး လူငယ်များရဲ့ ပူးပေါင်းပံ့ပိုးကူညီဆောင်ရွက်မှုတို့ပါ အထူးလိုအပ်တာကြောင့် လူငယ်တို့အနေနဲ့ မိမိရဲ့ရပ်ရွာလူမှုဝန်းကျင်ကို မိမိတို့ကာယဉာဏခွန်အားတွေနဲ့လက်တွဲညီပံ့ပိုးကူညီပေးကြဖို့ကို အိမ်အိမ်က တိုက်တွန်းလိုက်ပါတယ်၊
နောက်ထပ်ပို့စ်တွေမှာ ပျော်ရွှင်ကျန်းမာစွာ ထပ်တွေ့ကြပါမယ်နော် ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့ရေ … .။
#MOENUG #HomeBasedLearning #Myanmar
နောက်ထပ်ပို့စ်တွေမှာ ပျော်ရွှင်ကျန်းမာစွာ ထပ်တွေ့ကြပါမယ်နော် ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တို့ရေ … .။
#MOENUG #HomeBasedLearning #Myanmar
👍5
သူငယ်ချင်းတို့ရေ .. ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ ၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁၈ ရက်နေ့မှာကျရောက်တဲ့ “တန်ဆောင်မုန်းလပြည့်နေ့”အကြောင်းကို အိမ်အိမ်က ပြောပြပေးသွားပါမယ်။
▪ တန်ဆောင်မုန်းလပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရား မှ အဇာတသတ်မင်းနဲ့တရားနာပရိသတ်ကို သာမညဖလ (ရဟန်းပြုခြင်း အကျိုး) တရားကို ဟောကြားခဲ့ခြင်းကို အကြောင်းပြုပြီး ထိုနေ့ကို နေ့ထူးနေ့မြတ် အဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၀င်တွေ အထွတ်အမြတ်ထားတဲ့နေ့ဖြစ်ပြီး ဘုရားသွား ကျောင်းတက်ခြင်း၊ ရဟန်း သံဃာများကို ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း ကပ်လှူခြင်းများ လုပ်ဆောင်လေ့ရှိပါတယ်။
▪ တန်ဆောင်တိုင်မီးထွန်းပွဲတော်လို့လဲ သိကြတဲ့ တန်ဆောင်မုန်းလပြည့်နေ့ကို မီးမျှောပွဲတွေ မီးပုံးပျံ ပွဲတွေနဲ့ဆင်နွှဲလေ့ရှိပါတယ်။ တောင်ကြီးမီးပုံးပျံပွဲကတော့ လူသိအများဆုံးနဲ့ အကြီးကျယ်ဆုံး မီးပုံးပျံပွဲတော်ဖြစ်ပါတယ်။
▪ တန်ဆောင်မုန်းလပြည့်ညကို “ဆေးပေါင်းခတဲ့ည” လို့လည်းမှတ်သားကြပြီး ယုံကြည်မှုအရ မဲဇလီဖူးလေးတွေကိုသုပ်ပြီး ကျန်းမာစေဖို့နဲ့ ပျော်ရွှင်ကြစေဖို့ တန်ဆောင်မုန်းလပြည့်ညမှာ ကိုယ်တိုင်လည်းစားကြ၊ မျှဝေဒါနပြုကြလေ့ ရှိပါတယ်။
▪ တန်ဆောင်မုန်းလပြည့်နေ့မှာ ရပ်ရွာ၊ မြို့နယ်အသီးသီးမှာ ကျင်းပတဲ့ နိဗ္ဗာန်ဈေးပွဲတော်ဟာလည်း ပျော်စရာအတိပါပဲ။ ဖိုးမူတို့လို ကျောင်းသားအရွယ်လေးအတွက်တော့ လက်မှတ်လေးတွေကိုယ်စီနဲ့ မုန့်တွေ လက်ဆောင်ပစ္စည်းတွေလိုက်ယူရတဲ့ အချိန်တွေက အပျော်ရဆုံး အချိန်လေးတွေပဲ ဖြစ်ပါတယ်။
▪ အလှူပစ္စည်းလေးတွေဖွက်ချပေးကြတဲ့ ပံ့သကူပစ်လှူကြတဲ့ဓလေ့လေးကလည်း တန်ဆောင်မုန်းလပြည့်နေ့နဲ့အတူယှဉ်တွဲနေတဲ့ ကြည်နူးစရာရိုးရာလေးပဲ ဖြစ်ပါတယ်။ ဓါတ်မီးလေးတွေကိုယ်စီနဲ့ ပံ့သကူရှာပုံတော်ထွက်တဲ့ အချိန်ဟာ ရင်ခုန်စရာ ပျော်စရာပါ။ အလှူရှင်က ပစ္စည်း၊ ငွေကြေး တစ်စုံတစ်ခုကို အိတ်ထဲမှာထည့်ပြီး မြင်သာတဲ့နေရာမှာဖြစ်စေ မမြင်သာတဲ့နေရာမှာဖြစ်စေ ပံ့သကူအဖြစ်ချထားခဲ့ကြပါတယ်။ ပံ့သကူရှာဖွေကြသူ၊ တွေ့တဲ့သူ၊ လိုအပ်တဲ့သူတွေအတွက် သိပ်ကိုပျော်ရွှင်ရတဲ့နေ့လေးပဲ ဖြစ်ပါတယ်။
▪ ဒီနှစ်မှာတော့ လက်ရှိမြန်မာနိုင်ငံကြီးအတွင်း မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများသေဆုံးထားရခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်မှုမရသေးတာကြောင့် ပျော်ရွှင်ကြည်နူးဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့ကို အတူတူဝိုင်းဖွဲ့ မကျင်းပနိုင်ကြပါဘူး။ ဒါပေမယ့် အဆိုးအမိုက်အမှောင်တွေအမြန်လွင့်ပျောက်ပြီး ကျန်းမာဘေးကင်းစွာနဲ့ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းစေဖို့နဲ့ ပြည်သူတွေဘေးကင်းပျော်ရွှင်ကြစေဖို့ အိမ်အိမ်နဲ့အတူ ဆုတောင်းမေတ္တာပို့ကြရင်း ကုသိုလ်ယူကြမယ်နော် သူငယ်ချင်းလေးတို့ရေ။

👍4❤1
အားလုံးပဲ မင်္ဂလာပါ။ အိမ်အိမ် ဒီနေ့ မိတ်ဆက်ပေးသွားမှာကတော့ Myanmar Basic Education Home ရဲ့ Viber Learning Channel တွေပဲ ဖြစ်ပါတယ်။
နေအိမ်အခြေပြု ပညာသင်ယူရေး အစီအစဉ် (Home-Based Learning) နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နေ့စဉ် ဝေမျှပေးသွားမှာ ဖြစ်ပြီး
✅သင်ခန်းစာတွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်ဖို့အတွက် Viber Learning Channel ကိုလည်း Join ထားပေးကြပါဦးနော်။
📌 Join ရန် Link
→ Myanmar Basic Education Home
https://invite.viber.com/?g2=AQB5lCL%2FhrtC%2Fk3hm340WJmjtc%2BAezP%2Busmn%2BUv9l7mGoNEN7EbBvZE1DuZtXP8M
→ KG MBEH Channel - https://invite.viber.com/?g2=AQAfvt8hRwBQ7E3%2BWwTqHFaVtYMCYtYwK70pVr7sTRE4XcX4ZyFxR%2FG1JbOuv9pa
→ Grade 1 MBEH Channel - https://invite.viber.com/?g2=AQBl2Ay29Si5lU37TyAqLCUrJmGVdgpzTUYywNHY%2F1br8XwRQclYGDbkFSj%2BnEGs
→ Grade 2 MBEH Channel - https://invite.viber.com/?g2=AQAR6sIWKXMH8037UEsXyz5hVRwCZKEKeGUOsFy3N7pHi2o1KGTly2YKoql32RpD
→ Grade 3 MBEH Channel - https://invite.viber.com/?g2=AQAJTBeb1qgFrk37UGTAnuTJKw7XH5%2FVPwu%2F%2FStotzhFKtKH0yRzShS98Br9ewxf
→ Grade 4 MBEH Channel - https://invite.viber.com/?g2=AQA89%2BKRtWpOuE37UJlsufcVCs7h%2FJVJRJqX9wTunBDaiL7WX4FsXTzu2wvsIgj6
→ Grade 6 MBEH Channel - https://invite.viber.com/?g2=AQApCsc8Xlvms037UQMxcqzzvQ3PMd4wK1507yIKsgpIP0qroVZlGiLQls1efVON
→ Grade 7 MBEH Channel - https://invite.viber.com/?g2=AQABKfNXev9k6k37USoyhnppTAE8kygQH726s29Y3SmUQG0VeW0%2Bbqf%2F6F5RsPW9
→ Grade 8 MBEH Channel - https://invite.viber.com/?g2=AQBfxHUwA53IPE37UUFiGgcXJyp8FlmlUX5qWDjr7g89RRuQNYVoUZbz7WsFgraG
→ Grade 9 MBEH Channel - https://invite.viber.com/?g2=AQAICKjAk0ageE37UXJDs6CXCsa%2B8nXu9IfhPw9ElczKeWT9Sw2lEHqDqT9VNpW5
→ Grade 10 MBEH Channel - https://invite.viber.com/?g2=AQA1Vj1h9HuS1E37Uk78OtCWLM9qw%2FEAMpn3c32qZhkNe1LOCr9oFVDveS0%2BmJEP
→ Grade 11 MBEH Channel - https://invite.viber.com/?g2=AQBO4Ste4aH4Ok37UmJqhoWRJCdTY2pFKQpwi93cxPvflU4iKmYtFv2yLYYwiR0g
#MOENUG #HomeBasedLearning #Myanmar
→ IT + General Knowledge MBEH Channel - https://invite.viber.com/?g2=AQAGS%2BnP374R8U3%2BWo2GrZmDVr3vQH6qr1yjcNYCmNWDtJKtGYB0Jbek25vCuSmd

Viber
Myanmar Basic Education Home
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ နှင့်ပတ်သတ်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
👍18❤15🔥2
အိမ်အိမ်ရဲ့သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ...
ဒီနေ့ဟာ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ ဖြစ်ပါတယ်။ ဒီနေ့ဟာ အိမ်အိမ်တို့ရဲ့ မြန်မာနိုင်ငံအတွက် နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ထားတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနေ့အကြောင်းကို အိမ်အိမ်ရဲ့သူငယ်ချင်းတွေ သိထားကြပါသလား ...။
ဒီနေ့ဟာ အိမ်အိမ်တို့ မြန်မာနိုင်ငံရဲ့ "အမျိုးသားနေ့" ဖြစ်ပါတယ်။
▪️နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ကို "အမျိုးသားနေ့" အဖြစ် ၁၉၂၂ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပါတယ်။
▪️မြန်မာသက္ကရာဇ် ၁၂၈၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀) ရက်/ ခရစ်သက္ကရာဇ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ နယ်ချဲ့လက်အောက်ခံကိုလိုနီဘဝကျရောက်ခဲ့ရာမှ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက သပိတ်မှောက် ဆန့်ကျင်ခဲ့ပါတယ်။
▪️ဝံသာနုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှုအနေဖြင့် “အမျိုးသားနေ့” သတ်မှတ်ရန် စတင်ကြိုးစားရာမှ “အမျိုးသားနေ့” ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ် မန္တလေးမှာကျင်းပတဲ့ နဝမအကြိမ်အမြောက် ဂျီစီဘီအေကွန်ဖရန့်တွင် သီပေါမင်းနန်းကျသည့် ပါတော်မူနေ့၊ ဦးဥတ္တမထောင်ကျသောနေ့၊ တက္ကသိုလ်ကျောင်းသားများက အင်္ဂလိပ်အစိုးရ၏ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို လက်နက်စွဲကိုင်တော်လှန်သောနေ့ တို့မှ တစ်နေ့နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ရန် အကြမ်းဖျဥ်း သဘောတူခဲ့ကြပါတယ်။
▪️၁၉၂၂ခုနှစ် ဇွန်လ ၁၇ နဲ့ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့၊ ဂျူဗလီဟော၌ ကျင်းပခဲ့တဲ့ ဂျီစီဘီအေအထူးကွန်ဖရန့်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများ အင်္ဂလိပ်အစိုးရ၏တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်သော တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို “အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရက်သတ်မှတ်ရာမှာ “အမျိုးသားနေ့” အဓိပ္ပါယ် ပြည့်စုံပီပြင်ပေါ်လွင်စေရန် အင်္ဂလိပ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ(၅)ရက်ကို မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်ကို သတ်မှတ်ခဲ့ပြီး မြန်မာ့အမျိုးသားရေးအထိမ်းအမှတ်နေ့အဖြစ် ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်။
“အမျိုးသားနေ့”ကို မြန်မာတစ်နိုင်ငံလုံးက နေရာအနှံ့ အမြတ်တနိုး လေးစားတန်ဖိုးထားကြပြီး နှစ်စဉ်နှစ်တိုင်း တညီတညွတ် ကျင်းပခဲ့ကြပါတယ်။ “အမျိုးသားနေ့”ကို ၁၉၃၄ ခုနှစ်မှစ၍ ကျောင်းပိတ်ရက်အဖြစ်လည်းကောင်း၊ ၁၉၃၈ ခုနှစ်မှစ၍ ရုံးပိတ်ရက်အဖြစ်လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။ “အမျိုးသားနေ့” ကျင်းပခဲ့ရာတွင် နိုင်ငံချစ်စိတ်ထက်သန်ရေးနှင့် နယ်ချဲ့အစိုးရဆန့်ကျင်ရေးလုပ်ငန်းများအတွက်စည်းရုံးလှုံ့ဆော်အဓိဋ္ဌာန်ပြုခြင်းဖြင့် နယ်ချဲ့အစိုးရဆန့်ကျင်ရေးကို အရှိန်မြင့်အောင် ပြုလုပ်ခဲ့ပါတယ်။
▪️နယ်ချဲ့အစိုးရရဲ့ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး သခင်ပညာရေး၊ အမျိုးသားပညာရေးကို တောင်းဆိုသော တိုက်ပွဲဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါသောလှုပ်ရှားမှုဖြစ်ခဲ့တဲ့ “အမျိုးသားနေ့” အကြောင်းကို အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအတွက် သိရှိစေဖို့ ဝေမျှပေးလိုက်ပါတယ်။
အိမ်အိမ်ရဲ့သူငယ်ချင်းတွေလည်း တရားမဝင်စစ်ကောင်စီရဲ့ဆိုးယုတ်တဲ့စနစ်ဆိုးကို ညီညွတ်စွာတွန်းလှန်တိုက်ဖျက်နေကြချိန်မှာ ကျန်းမာလုံခြုံစွာ နေထိုင်ရင်း အိမ်အိမ်နဲ့အတူ နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်
(https://www.facebook.com/102412615426604/posts/145016997832832/) မှာအတူတူလေ့လာသင်ယူကြမယ်နော်......။ ပြန်ဆုံကြမယ် သူငယ်ချင်းတို့ရေ .. တာ့တာ။
#MOENUG #HOMEBASEDLEARNING #Myanmar

Facebook
Myanmar Basic Education Home
‟ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ”
❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလ နေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based Learning)...

👍4
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ။ 😊
▪️ ဒီနေ့ဟာ ဖြစ်လာတဲ့အခြေအနေ တွေကိုမမှုဘဲ ဘဝကိုအကောင်းဆုံးကြိုးစားရှင်သန်စွမ်းဆောင်နေထိုင်ကြတဲ့ မသန်စွမ်းသူငယ်ချင်းတွေကို ဂုဏ်ပြုတဲ့ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” ( International Day of Disabled Persons ) ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို 1992 ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ရဲ့ General Assembly resolution 47/3 ကနေ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကဏ္ဍအသီးသီး၊ နေရာ ဒေသအသီးသီးမှာရှိတဲ့ မသန်စွမ်းပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးကို ပံ့ပိုးကူညီဖိုနဲ့ မသန်စွမ်းပြည်သူများနဲ့ပတ်သတ်တဲ့ အသိပညာမျှဝေမှုတွေ တိုးပွားစေဖို ရည်ရွယ်ခဲ့ပါတယ်။
▪️ United Nations ဟာ 2006 ခုနှစ်မှာ မသန်စွမ်းပြည်သူများအတွက် Convention on the Rights of Persons with Disabilities (CRPD) ကိုကျင်းပခဲ့ပြီး 2030 Agenda for Sustainable Development ရဲ့ အကောင်အထည်ဖော်မည့် ကဏ္ဍတစ်ခုအနေနဲ့ ထည့်သွင်းခဲ့ပါတယ်။ 2021 ခုနှစ်မှာဆိုရင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ ( International Day of Disabled Persons ) ကို 29 ကြိမ်မြောက်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်း theme အမျိုးမျိုးနဲ့ကျင်းပခဲ့ပြီး 2021 ခုနှစ်မှာတော့ " Not all disabilities are visible " ဆိုတဲ့ ခေါင်းစဥ်နဲ့ကျင်းပမှာ ဖြစ်ပါတယ်။
▪️ ဒါကြောင့်မို အိမ်အိမ်ရဲ့သူငယ်ချင်းတိုလည်း မသန်စွမ်းသူငယ်ချင်းတွေနဲ့အတူတူ အချင်းချင်းလက်တွဲကူ ဖလှယ်သင်ယူကြရင်း အကြမ်းဖက်စစ်ကောင်စီတော်လှန်ရေးကာလဆိုးကြီးကို အကောင်းဆုံးကြိုးစား ဖြတ်သန်းကျော်လွှားကြမယ်နော်........။ ကျန််းမာပျော်ရွှင်စွာ ပြန်ဆုံတွေ့ကြပါမယ် သူငယ်ချင်းတိုရေ ….။
#MOENUG #HomeBasedLearning #Myanmar #UN #Disabilities

❤2👍1
မင်္ဂလာပါ သူငယ်ချင်းတိုရေ…
▪️ အိမ်အိမ်လေးရဲ့ MBEH နေအိမ်အခြေပြုသင်ခန်းစာတွေကို ပုံမှန်လေ့လာသင်ယူနေကြရဲ့လား သူငယ်ချင်းတိုရေ ?
✏️စာလေ့လာတဲ့အခါ အချိန်ဇယားလေးနဲ့အတူ တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ဖို အိမ်အိမ်က ထပ်ပြီး တိုက်တွန်းချင်ပါတယ်။
ကျောင်းတွေပြန်ဖွင့်ချိန် အသက်အရွယ်နဲ့ညီမျှတဲ့ အသိပညာအလိုက် ဆက်လက်သင်ယူရာမှာ အဆင်သင့်ဖြစ်နေစေဖို အိမ်မှာ မပင်မပန်း၊ ပျော်ပျော်ရွှင်ရွှင်၊ နည်းနည်းစီပုံမှန်လေး ကြိုးစားလေ့လာသင်ယူနေကြဖို ထပ်တိုက်တွန်းပါရစေ။
▪️ ဒနေ့မှာတော့ သူငယ်ချင်းတိုရွေးချယ်စရာ အိမ်အိမ်တိုရဲ့ Learning Channel (၅)ခုထဲက တစ်ခုဖြစ်တဲ့ Myanmar Basic Education Home - YouTube Channel အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီ YouTube Channel ထဲမှာ သင်ခန်းစာတွေက အတန်းအလိုက် တစုတစည်းထဲ ရှိနေတာဖြစ်ပြီး သင်ခန်းစာတွေကို အတန်းတစ်ခုချင်းစီအလိုက် Playlist တစ်ခုစီ ခွဲခြားပေးထားတဲ့အတွက် အတန်းအလိုက်သင်ခန်းစာတွေကို ရရှိနိုင်ပါတယ်။
YouTube Channel ကို သူငယ်ချင်းတို စာလေ့လာတဲ့နေရာမှာ ပိုပြီးအဆင်ပြေလွယ်ကူချောမွေ့စွာ သုံးနိုင်တဲ့ နည်းလမ်းလေးတွေကိုလည်း အိမ်အိမ်က ပြောပြပေးပါမယ်။
ကိုယ်အရင်နေ့က လေ့လာခဲ့တဲ့သင်ခန်းစာရဲ့ အကြောင်းအရာကို မမှတ်မိတော့ရင်လည်း Watch History ထဲမှာ ပြန်ရှာနိုင်မှာ ဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ ကိုယ်နှစ်သက်တဲ့သင်ခန်းစာတွေ၊ အကြိမ်ကြိမ်လေ့လာလိုတဲ့ သင်ခန်းစာတွေကိုလည်း Watch Later ထဲမှာ ထည့်ပြီးသိမ်းထားလိုပါတယ်။
ကိုယ်ပိုင် Playlist တစ်ခုတည်ဆောက်ပြီးတော့လည်း သိမ်းထားလိုရတယ်နော် သူငယ်ချင်းတိုရေ ...။
ကဲ … အခုပဲ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်ထားလိုက်ကြရအောင်။
Myanmar Basic Education Home - YouTube Channel https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
✅ အသစ်တင်တိုင်း သိရအောင် Subscribe လုပ်ရန် > https://youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A?sub_confirmation=1

👍6❤1
အိမ်အိမ်ရဲ့ သူငယ်ချင်းလေးတွေအားလုံး မင်္ဂလာပါ။
ဒီနေ့ဟာ ရဝမ်တိုင်းရင်းသားတို့ရဲ့ “ရဝမ်အမျိုးသားနေ့” ဖြစ်ပါတယ်။ ဒါကြောင့် “ရဝမ်အမျိုးသားနေ့” ကို ဂုဏ်ပြုဦးညွှတ်ရင်း သမိုင်းနောက်ခံအကြောင်းအရာ ဗဟုသုတတစ်ချို့ကို အိမ်အိမ်က ဝေမျှပေးသွားပါမယ်နော်။
• ယနေ့ ၂၀၂၁ မှာ ကျရောက်တဲ့ “ရဝမ်အမျိုးသားနေ့” ဟာ (၇၂)နှစ်မြောက်အမျိုးသားနေ့ ဖြစ်ပါတယ်။ ရဝမ်တိုင်းရင်းသားများဟာ ကချင်ပြည်နယ်မြောက်ဖျားပိုင်းဒေသများ၊ အထူးသဖြင့် ပူတာအိုခရိုင်မှာ အဓိကနေထိုင်တဲ့ ကချင်မျိုးနွယ်စုများထဲမှ မျိုးနွယ်စုတစ်ခု ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဝူးနင်ကျေးရွာမှာ ရဝမ်စာပေကော်မတီ ဖွဲ့စည်းသည့်အထိမ်းအမှတ်အဖြစ် ထိုနေ့ကို “ရဝမ်အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
• မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ ရဝမ်အမျိုးသားများသွေးစည်းညီညွှတ်ရေး၊ ရဝမ်တိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ရဝမ်လူမျိုးနဲ့ စာပေယဥ်ကျေးမှုအဓွန့်ရှည်တည်တံ့ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ သတ်မှတ်ကျင်းပခဲ့တယ်လို့ မှတ်သားသိရှိရပါတယ်။
• “ရဝမ်အမျိုးသားနေ့” မှာ ဘာသာရေးနဲ့တွဲပြီး ဆုတောင်းပွဲများ ကျင်းပလေ့ရှိပါတယ်။ အဇီးလမ်ရိုးရာ မနောအကကခြင်း၊ ပျော်ပွဲရွှင်ပွဲတစ်ချို့ကို ကျင်းပကြသည်မှာတော့ နှစ်အနည်းငယ်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။ “ရဝမ်အမျိုးသားနေ့”ရဲ့ ညနေပိုင်းမှာလည်း အတူနေထိုင်ကြတဲ့ တိုင်းရင်းသားအကြီးအကဲတွေ၊ အစိုးရအကြီးအကဲတွေနဲ့အတူ ညစာစားပွဲများလည်း ကျင်းပတတ်ပါသေးတယ်။
• အိမ်အိမ်နဲ့သူငယ်ချင်းတို့လည်း သွေးချင်းရဝမ်တိုင်းရင်းသားသူငယ်ချင်းတို့နဲ့အတူတူ “ရဝမ်အမျိုးသားနေ့”ကို ပျော်ရွှင်စွာဖြတ်သန်းရင်း ရဝမ်အမျိုးသားနေ့ရဲ့ရည်ရွယ်ချက်များ အဓွန့်ရှည်တည်တံ့ တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါတယ်။
ဘေးကင်းကျန်းမာ ပျော်ရွှင်ကြပါစေ သူငယ်ချင်းတို့ရေ ….။
ပြန်ဆုံကြမယ်နော် 🤗.......။

👍5❤1