ယနေ့ကမ္ဘာမှာ ကလေး လူငယ် ၂၅၈ သန်းဟာ ကျောင်းမနေနိုင်ကြပဲ ၆၁၇ သန်းသော ကလေးနဲ့ဆယ်ကျော်သက် အရွယ်များဟာ အခြေခံစာဖတ်နိုင်စွမ်းနဲ့ တွက်ချက်နိုင်စွမ်းမရှိကြပါဘူး။
▪ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ အချက်အချာကျတဲ့ ပညာရေးကဏ္ဌ ကို အသိအမှတ်ပြုပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ယခုနှစ်ဟာ လေးကြိမ်မြောက်ဖြစ်ပြီး နှစ်အလိုက် theme အမျိုးမျိုးနဲ့ ကျင်းပခဲ့ပါတယ်။
▪ဒီနှစ်မှာတော့ "Changing Course, Transforming Education” theme နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ထို theme ဟာပညာရေးရပိုင်ခွင့် အခွင့်အရေးကို အသိအမှတ်ပြုရန်နဲ့ ရည်ရှေတည်တံ့အကျိုးဖြစ်စေတဲ့ အားလုံးပါ၀င်သော ငြိမ်းချမ်းတဲ့ အနာဂတ်ကိုဖော်ဆောင်ရာမှာ အရေးကြီးဆုံးဖြစ်သော ပြောင်းလဲမှု (နည်းပညာ၊ ယဉ်ကျေးမှု၊ ရာသီဥတု၊ ပတ်၀န်းကျင် စသဖြင့်) များကို ထပ်ဟပ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးကို လူထုရဲ့ပိုင်ဆိုင်ခွင့်၊ ကြိုးပမ်းအားထုတ်မှုအရ ဘယ်လိုမြှင့်တင်နိုင်မလဲ၊ digital နည်းပညာပြောင်းလဲမှုကို ဘယ်လိုထိန်းညှိမလဲ စတာတွေအပြင် ဆရာ / ဆရာမတွေကို ပံ့ပိုးမှု၊ ကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းပုံ၊ လူတစ်ယောက်ချင်းစီရဲ့ အလားအလာကို မြှင့်တင်ပြီး အားလုံးအကျုံး၀င်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မိမိတို့နေထိုင်ရာ ကမ္ဘာမြေကြီးကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးအဖြေရှာသွားမှာဖြစ်ပါတယ်။
▪ပညာရေးလို့ဆိုရာမှာ အရည်အသွေးမှီ ပညာရေးဖြစ်ဖို့ရန်လည်း လိုအပ်ပါတယ်။ စစ်မှန်သော ပညာရေးသည် လူသားတစ်ဦးခြင်းအလိုက် ဖွံ့ဖြိုးရေးတွင် အရေးပါသည့်အလျောက် နိုင်ငံတည် ဆောက်ရေးတွင်လည်း ထောက်တ်ိုငတစ်ရပ်ဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း အနာဂတ်နိုင်ငံ တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ တစ်တက်တစ်အားပါ၀င်နိုင်ဖို့ အိမ်အိမ်နဲ့အတူ ပညာရေးနဲ့အဆက်အသွယ်မပြတ်နေသွားရအောင်နော်။
#MOENUG #HomeBasedLearning #Myanmar

👍27❤19🔥1
▪ Unit(2) "Getting rid of bad habits" အကြောင်းကို အတူလေ့လာကြမယ်နော်။ ဒီ Unit လေးထဲမှာ မကောင်းတဲ့အကျင့်တွေဟာ ဘာတွေလဲ၊ ဘယ်လိုအမူအရာမျိုးကို မကောင်းတဲ့အမူအကျင့်လို့ သတ်မှတ်လဲဆိုတာကို ပထမဦးဆုံးရှင်းပြထားပါတယ်။ ရှင်းပြရာမှာ စာပိုဒ်ချည်းသက်သက်မဟုတ်ပဲ ပုံတွေ၊ diagramတွေနဲ့ ရှင်းပြထားတာဖြစ်လို့ အိမ်အိမ်တို့ကို ပိုပြီးမှတ်မိစေပြီး ကိုယ်တိုင်ခွဲခြားသိစေပါတယ်။
▪ ဒါ့အပြင် ထိုမကောင်းတဲ့အမူအကျင့်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ စွန့်လွှတ်ရမလဲဆိုတာကို ဆရာမကရှင်းပြထားတာဖြစ်လို့ အကယ်၍ သူငယ်ချင်းတို့ဆီမှာ မကောင်းတဲ့အမူအကျင့်တွေရှိရင် စွန့်လွှတ်ဖို့ ကြိုးစားကြမယ်နော်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလည်း သင်ခန်းစာကို နားလည်သဘောပေါက်ပြီး ပြန့်လေ့လာနိုင်စေဖို့ Exercises တွေ ပါသေးတယ်နော်။
▪ ဘယ်အကျင့်က မကောင်းတဲ့အကျင့်လဲဆိုတာ သိစေနိုင်ဖို့၊ vocabulary ကြွယ်ဝဖို့၊ ဘယ်အကျင့်က ဘယ်လိုအမူအရာတွေ ရှိတတ်လဲဆိုတာသိရှိဖို့ exeercisesတွေ ပါရှိပါတယ်။ လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကိုပြန်လည်သုံးသပ်နိုင်ဖို့၊ မိမိကိုယ်တိုင်ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/i8FGbVQPyx4
ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ သတ္တမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။
သတ္တမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade-7 Facebook Group Link - https://www.facebook.com/groups/grade7.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade-7 MBEH Telegram Channel - https://t.me/joinchat/h8CsmPfQscNkMDQ1
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade-7 MBEH Viber Channel - https://invite.viber.com/?g2=AQABKfNXev9k6k37USoyhnppTAE8kygQH726s29Y3SmUQG0VeW0%2Bbqf%2F6F5RsPW9
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
☑️ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/
☑️ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028
နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

YouTube
Grade 7 English, Unit 2 : Lesson 2 (Getting rid of bad habits) Page (18)
👍34❤25🔥1
▪ ပထမဆုံးအနေနဲ့ အိမ်မှာဆို မေမေ၊ဖေဖေတို့အပြင် ဖိုးဖိုး၊ဖွားဖွား၊ တီတီ၊ဦးဦး၊ ကိုကို၊ မမတို့အားလုံးက ကလေးတွေရဲ့ပညာသင်ကြားလေ့လာရေးမှာ အထောက်အပံ့ကောင်းတွေ ဖြစ်နိုင်ပါတယ် ကလေး နားမလည်တဲ့စာတွေကို အိမ်ကလူကြီးတွေက ကူရှင်းပြပေးရင် အိမ်စာတွေအကုန်ပြီးတဲ့အပြင် သူတို့ပြောပြတဲ့ ပြင်ပဗဟုသုတတွေလည်း ရတယ်ဟုတ်? ဒါပြင် မိဘတွေက ကလေးငယ်တွေရဲ့ ရှေ့ရေး ပညာရေးလမ်းကြောင်းရွေးချယ်စရာတွေကိုလည်း ရှင်းပြပြောပြနိုင်တယ်လေ။
▪ ဒါကြောင့် သူငယ်ချင်းတို့ရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်တွေ အကုန်ပြီးမြောက်အောင်မြင်ဖို့ မိဘတွေရဲ့ပါဝင်ထောက်ပံ့နိုင်မှုက အရေးကြီးတယ်နော်။
▪ ကျောင်းသူ၊ကျောင်းသားဘဝမှာ ဘယ်ဘာသာရပ်ကိုလေ့လာမယ်၊ ဘယ်တက္ကသိုလ်တက်မယ် စတာတွေက နောက်ပိုင်း အလုပ်အကိုင်ရွေးချယ်တဲ့အထိ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အဲ့ဒီလိုဆုံးဖြတ်ချက်တွေမှာ မိဘတွေက လွှမ်းမိုးသွာရင် ကလေးတွေဟာ ရှေ့လျှောက် ကိုယ်စိတ်မဝင်စားတဲ့ ဘာသာရပ်၊အလုပ်အကိုင်တွေကို လုပ်ကိုင်ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ပညာရေးလမ်းကြောင်း ရွေးချယ်တဲ့အချိန်မှာ မိဘများအနေနဲ့ မိမိနှစ်သက်ရာကို ရွေးချယ်ဖို့တွန်းအားမပေးဘဲ ကလေးစိတ်ဝင်စားတဲ့ဘာသာရပ်ကို ကောင်းကောင်းမွန်မွန် သင်ယူနိုင်ဖို့ကူညီပေးသင့်တယ်လို့ အိမ်အိမ်က အကြံပြုလိုပါတယ်နော်။
✅ ဒါဆို မိဘတွေက ဘယ်လိုကူညီပေးနိုင်သလဲ။
▪ ကလေးငယ်တွေစိတ်ဝင်စားတဲ့အရာတွေကိုရွေးချယ်ကြတဲ့အချိန်မှာ မိဘတွေအနေနဲ့ ရွေးချယ်စရာပညာရေးလမ်းကြောင်းများကိုချပြပေးခြင်း၊ လမ်းညွှန်ပေးခြင်းများဖြင့်ကူညီပေးပါ၊ ဟန့်တားတာမျိုးနဲ့ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပါနဲ့။
▪ ကလေးရွေးချယ်တဲ့ဆုံးဖြတ်ချက်ကိုလည်း ကျိုးကြောင်းညီညွတ်ပါက လက်ခံပေးပြီး သူဖြစ်ချင်တာလေးကို ကူညီပေးပါ။
▪ ကလေးငယ်တွေ မိမိကြိုက်နှစ်သက်တဲ့ဘာသာရပ်၊ စိတ်ဝင်စားတဲ့အရာတွေကို လွတ်လွတ်လပ်လပ်လေ့လာနိုင်ဖို့ အချိန်ပေးပါ။
▪ မိဘတွေရဲ့ ချီးကျူးမှုက ကလေးငယ်တွေအတွက် အများကြီးသက်ရောက်မှုရှိတာကြောင့် သူတို့ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေအပေါ် အကောင်းဘက်က ဝေဖန်ပေးဖို့လည်းအရေးကြီးပါတယ်။
ကလေးငယ်တွေ အောင်မြင်တဲ့ ပညာရေးလမ်းကြောင်းရွေးချယ်နိုင်မှုက သူတို့လေးတွေရဲ့ တစ်ဘဝလုံးကိုသက်ရောက်မှုရှိမယ့် ကိုယ်တိုင်ရှာဖွေမှု(self-discovery)ခရီးစဉ်တစ်ခုဖြစ်တာကြောင့် မေမေ၊ဖေဖေတို့က ဘေးကနေအကူအညီသေချာပေးဖို့ အရမ်းအရေးကြီးတယ်နော်။

❤26👍21👎1
▪ ၁၉၇၂ ခုနှစ်မှာ ကျိုင်းတုံလားဟူယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အရ မြန်မာလ တပို့တွဲလဆန်း(၁)ရက်နေ့ဟာ ရှေးလားဟူတိုင်းရင်းသားတို့ရဲ့ ရက်၊ လ ရေတွက်ချက်နဲ့အညီ "လားဟူနှစ်သစ်ကူးနေ့"ဖြစ်ကြောင်း သတ်မှတ်ကာ မြန်မာပြည်မှာ ကျင်းပခဲ့ကြပါတယ်။ ထင်းရှူးအဖူးသစ်ထွက်ချိန်၊ မက်မွန်၊ မက်မန်းပွင့်တို့ ပွင့်ချိန်ဟာ လားဟူနှစ်သစ်ဖြစ်တယ်လို့ ရှေးအစဉ်အဆက် မှတ်သားခဲ့ကြပါတယ်။
▪ လားဟူနှစ်သစ်ကူးပွဲရက်ကို အများစုက (၇)ရက် (၇)ည သတ်မှတ်ကြပြီး၊ အချို့က တစ်လတိတိ ကျင်းပလေ့ရှိကြပါတယ်။ နှစ်သစ်ကူးအကြိုတစ်ရက်နေ့မှာ အိမ်တွင်း၊ အိမ်ပြင် စုံလင်အောင်အသေးစိတ် သန့်ရှင်းရေးလုပ်ကြလေ့ရှိပြီး ချောင်းအနီးအနား၊ ရေအနီးအနား ရှိရာသို့သွားကာ အိပ်ယာခင်းများ၊ စောင်များ လျှော်ဖွပ်ကြပါတယ်။ ဒါ့အပြင် နှစ်သစ်ကူးရဲ့ ပထမနေ့မှာ နံနက်စောစော ကြက်တွန်သံကြားတာနဲ့ အိမ်တိုင်းမှာရှိတဲ့ တူမီးသေနတ် ပစ်ဖေါက်ကြပါတယ်။ ပွဲတော်ရက်များမှာ အိမ်တိုင်းက ကောက်ညင်းထောင်းပြီး မုန့်ဝိုင်းလုပ်ကြပါတယ်။ ပွဲတော်ရက်များတွင် အသားမျှဝေရန် တစ်အိမ်လျှင် ဝက်တစ်ကောင် အသုံးပြုလေ့ရှိပြီး ချို့တဲ့သူများက ဝက်တစ်ကောင်အသားကို နှစ်အိမ်၊ သုံးအိမ်ပေါင်းကာ စုပေါင်းကျခံ မျှဝေလေ့ရှိပါတယ်။
▪ လူငယ်တွေအနေနဲ့လည်း ချောင်းထဲမှ ရေသန့်ဦးကို သူ့ထက်ငါဦးအောင်ခပ်ကာ၊ ရလာတဲ့ ရေသန့်ဦးကို လက်ဆေးကန်တော့ခြင်းရိုးရာအဖြစ် မိမိတို့ရဲ့ သက်ဆိုင်ရာ မိဘလူကြီးတွေထံ ကန်တော့ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ကျေးရွာလူကြီးအိမ်တွေကို ကောက်ညင်းမုန့်ပြားတစ်စုံ၊ ဝက်သားတစ်တွဲကို အိမ်တိုင်းသို့ လက်ဆောင်ပေးပြီး လက်ဆေးကန်တော့ခြင်း ကုသိုလ်ယူကြပါတယ်။ နှစ်ဟောင်းက မကျေနပ်သောအချက်များရှိခဲ့ပါက အချင်းချင်းခွင့်လွှတ်ပြီး နှစ်သစ်မှာ မေတ္တာတရားနဲ့ အေးအေးချမ်းချမ်း နေသွားကြရန် ရည်ရွယ်ပြီး လက်ရေဆေးကြတာဖြစ်ပါတယ်။
ကျန်ရက်တွေမှာတော့ ကျေးရွာသားတွေရဲ့ ဆန္ဒအရ ပွဲကရက်၊ ဂျင်ပေါက်ရက် အသီးသီးသတ်မှတ်ပြီး ကျင်းပကြပါတယ်။ ဘူးသစ်နဲ့ လုပ်ထားတဲ့ နှဲမှုတ်ပြီး အိုးစည်၊ မောင်းသီးခတ်ကာ ပျော်ပျော်ပါးပါး တစ်နေကုန် ကခုန်ကြပြီး အုပ်စုဖွဲ့ဂျင်ပေါက်ပွဲ၊ ပျိုရွယ်သူတွေကတော့ ပိတ်စဘောလုံးကို စုံတွဲ ပစ်ကစားရင်း နှစ်သစ်ကူးပွဲမှာ ချစ်သူရှာတတ်ကြပါတယ်။
လားဟူသွေးချင်းတို့ရဲ့ ချစ်စရာရိုးရာဓလေ့လေး တွေပါပဲနော် ….
"လားဟူနှစ်သစ်ကူးနေ့" မှာ အိမ်အိမ်တို့ရဲ့ လားဟူသွေးချင်းတို့ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။
ပြန်ဆုံကြမယ်နော် … တာ့ တာ။

❤34👍15
▪ ကချင်တော်လှန်ရေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေထဲမှာ အစောဆုံးထဲကတစ်ခုဖြစ်ပါတယ်။ ကချင်အမျိုးသားတစ်ရပ်လုံးအပေါ် အခွင့်အရေးဖိနိုပ်မှုတွေ၊ ပင်လုံကတိက၀တ် ဖောက်ဖျက်ပျက်ကွက်မှုတွေကြောင့် စစ်အာဏာရှင်အဆက်ဆက်ကို တော်လှန်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခု၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပေါ့။
▪ အဲ့ဒီလို စတင်တည်ထောင်ခဲ့တဲ့နေ့ကို ကချင်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်းမှာ မြန်မာနိုင်ငံအတွင်းရှိ ကချင်လူမျိုးများသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကချင်အမျိုးသားများကလည်း အခမ်းအနားများဖြင့် အလေးအနက်ကျင်းပကြပါတယ်။
▪ ခေတ်အဆက်ဆက် ပုံဖျက်ခံရမှုတွေကြားကနေ စစ်အာဏာရှင်စနစ်ကို ရွံရွံချွံချွံ တော်လှန်ခဲ့၊ တော်လှန်နေဆဲဖြစ်တဲ့ ကချင်တော်လှန်ရေးက(၆၁) နှစ်ပြည့်ခဲ့ပြီဖြစ်သလို ကချင်တော်လှန်ရေးနေ့ဟာလည်း (၆၁) ကြိမ်မြောက်ကိုရောက်ရှိခဲ့ပါပြီ။
ကချင်သွေးချင်းတို့ရဲ့ တော်လှန်ရေးနေ့ကနေ အားအင်သစ်လောင်းရင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို အရောက်လှမ်းနိုင်စေကြောင်း အိမ်အိမ်က ဆုတောင်းကြိုဆိုလိုက်ပါတယ်။
#MOENUG #HomeBasedLearning #Myanmar #Kachin

❤42👍9🔥4
▪ ရှမ်းအမျိုးသားနေ့ (ဝါ) ရှမ်းပြည်နယ်နေ့ဟာ နောင်မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ပြည်ထောင်စုနေ့လို့ ပေါက်ဖွားသန္ဓေတည်ပေးခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ သမိုင်းဝင် ပင်လုံ ညီလာခံ အတွင်းပေါ်ပေါက်ခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ ပင်လုံညီလာခံဟာ ဗမာတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေကြား ပထမဆုံးသော နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၏အင်္ဂလိပ်အစိုးရလက်အောက်မှ လွတ်လပ်ရေးအတွက် လမ်းစဖြစ်ခဲ့ပါတယ်။
▪ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီ(၆)ရက်ကနေ(၁၂)ရက် အတွင်း ကျင်းပတဲ့ ပင်လုံညီလာခံမှာ ရှမ်းအမျိုးသားသီချင်းနဲ့ ဝါ စိမ်း နီ ရှမ်း အမျိုးသား အလံတော်ကို အသိအမှတ် ပြုခဲ့ပြီး ဖေဖော်ဝါရီ(၇)ရက်နေ့ကို ရှမ်းအမျိုးသားနေ့ ၊ ဖေဖော်ဝါရီ (၁၂)ရက်ကို ပြည်ထောင်စုနေ့အဖြစ် ပြဌာန်းသတ်မှတ်ခဲ့ပါတယ် ။
▪ ၁၉၆၂ ခုနှစ်တွင် အစိုးရက "ရှမ်းပြည်နယ်နေ့"ဟု ပြောင်းလဲခဲ့သော်လည်း ရှမ်းပြည်နယ်မှ တိုင်းရင်းသားသွေးချင်းများမှာ "ရှမ်းအမျိုးသားနေ့" အဖြစ်ကျင်းပခြင်းကပိုမိုသင့်တော်တယ်လို့ ဆိုကြပါတယ်။
▪ ရှမ်းပြည်နယ်ဟာ ရှမ်းလူမျိုးတွေအပြင် ကချင်၊ ကရင်၊ ကယား၊ ပအိုဝ်း၊ လားဟူ၊ အခါ၊ ပလောင်၊ ဓနု၊ အင်းသား အစရှိတဲ့ အခြားလူမျိုးစုတိုင်းရင်းသားများ အတူတကွ ပူးပေါင်းယှဥ်တွဲနေထိုင်ြကတဲ့ ဝိသေသလက္ခဏာ ထူးခြားတဲ့ ပြည်နယ် တစ်ခုဖြစ်ပါတယ်။
▪ အိမ်အိမ်တို့နိုင်ငံအတွင်း နေထိုင်သူတိုင်းရင်းသားများ အားလုံး ချစ်ခင်စည်းလုံးဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားရန်၊ အချင်းချင်း ပိုမိုသိနားလည်ရန်၊ တန်းတူအခွင့်အရေးများရရှိရန် ဆိုတဲ့အခြေခံလွတ်လပ်ခွင့်တွေအပေါ် မူတည်ပါတယ်။
▪ ဒါကြောင့် ရှမ်းအမျိုးသားနေ့ အဖြစ်စတင်သတ်မှတ်ကတည်းက ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ မျှော်မှန်း ချမှတ်ခဲ့သော အခြေခံလွတ်လပ်ခွင့်သဘောတရားများကို အိမ်အိမ်တို့တခြားသောသွေးချင်းမောင်နှမများလည်း တန်ဖိုးထားပြီးလေးစားလိုက်နာဖို့ရန်လိုအပ်လှပါတယ်......။
နောက်ပို့စ်တွေမှာ အိမ်အိမ်နဲ့ပြန်ဆုံကြမယ်နော်.......

❤42👍13👎1
▪ သင်္ချာအတွဲ (၁)၊ အခန်း (၃)ရဲ့ "နှစ်ထပ်ကိန်းနှင့် နှစ်ထပ်ကိန်းရင်းများ" မှာပါတဲ့ အပိုင်း(၁) "နှစ်ထပ်ကိန်း" အကြောင်းကိုလေ့လာကြရအောင်။ Grade-8 သင်္ချာအတွဲ (၁) ဖတ်စာရဲ့စာမျက်နှာ ၄၃ ကနေ ၅၈ အတွင်းမှာရှိပါတယ်။ ဒီသင်ခန်းစာလေးထဲမှာ နှစ်ထပ်ကိန်းဆိုတာဘာလဲ၊ အဲဒီနှစ်ထပ်ကိန်းတွေကို ဘယ်လိုတွက်ကြမလဲ၊ နှစ်ထပ်ကိန်းဇယားတွေကို ဘယ်လိုအသုံးပြုကြသလဲ၊ ကိန်းပြည့်တွေနဲ့ဒသမကိန်းတွေရဲ့ နှစ်ထပ်ကိန်းကိုသိဖို့ ဘယ်လိုတွက်ရမလဲဆိုတာတွေကို ဒီသင်ခန်းစာဗီဒီယိုမှာ သေချာရှင်းပြထားတာဖြစ်လို့ အိမ်အိမ်တို့ ပိုပြီးမှတ်မိကြမယ်လို့ ထင်ပါတယ်။
▪ ဒါ့အပြင် သင်ခန်းစာသင်နေတုန်းမှာ ပုံစံတူပုစ္ဆာလေးတွေတွက်ရင်း အဖြေလဲတိုက်လို့ရတာမို့ အိမ်အိမ်တို့ပိုပြီးနားလည်သဘောပေါက်ဖို့ မျှော်လင့်ပါတယ်နော်။ ဒါဆိုရင် အိမ်အိမ်တို့ နှစ်ထပ်ကိန်းအကြောင်းကို လေ့လာဖို့အသင့်ဖြစ်နေပြီလား။
▪ ဒီဗီဒီယိုလေးကနေ နှစ်ထပ်ကိန်းဆိုတာ ဘယ်လိုကိန်းတွေကိုခေါ်တာလဲဆိုတာရယ်၊ နှစ်ထပ်ကိန်းရဖို့ဘယ်လိုတွက်ရမလဲဆိုတာတွေကို သိရှိနိုင်စေမှာဖြစ်ပါတယ်။ နှစ်ထပ်ကိန်းရဖို့အပြည့်ကိန်းနဲ့ဒသမကိန်းရဲ့မတူညီတဲ့တွက်ပုံတွေ၊ နှစ်ထပ်ကိန်းဇယားအသုံးပြုပုံတွေကိုပါ လေ့လာနိုင်မှာမို့ အိမ်အိမ်တို့ကြိုးစားလေ့လာကြည့်ကြနော်။ လေ့ကျင့်ခန်းတွေကို အိမ်အိမ်တို့ကိုယ်တိုင်တွက်ရင်း အဖြေတိုက်ရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်ဖို့ ဆန္ဒပြုပါတယ်။
▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/h_3IWjiezu0
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ သတ္တမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။
သတ္တမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ https://www.facebook.com/groups/grade8.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 8 MBEH Channel - https://invite.viber.com/?g2=AQBfxHUwA53IPE37UUFiGgcXJyp8FlmlUX5qWDjr7g89RRuQNYVoUZbz7WsFgraG
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/
နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028
နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။
#MOENUG #HomeBasedLearning #Myanmar
▪ ဒါ့အပြင် သင်ခန်းစာသင်နေတုန်းမှာ ပုံစံတူပုစ္ဆာလေးတွေတွက်ရင်း အဖြေလဲတိုက်လို့ရတာမို့ အိမ်အိမ်တို့ပိုပြီးနားလည်သဘောပေါက်ဖို့ မျှော်လင့်ပါတယ်နော်။ ဒါဆိုရင် အိမ်အိမ်တို့ နှစ်ထပ်ကိန်းအကြောင်းကို လေ့လာဖို့အသင့်ဖြစ်နေပြီလား။
▪ ဒီဗီဒီယိုလေးကနေ နှစ်ထပ်ကိန်းဆိုတာ ဘယ်လိုကိန်းတွေကိုခေါ်တာလဲဆိုတာရယ်၊ နှစ်ထပ်ကိန်းရဖို့ဘယ်လိုတွက်ရမလဲဆိုတာတွေကို သိရှိနိုင်စေမှာဖြစ်ပါတယ်။ နှစ်ထပ်ကိန်းရဖို့အပြည့်ကိန်းနဲ့ဒသမကိန်းရဲ့မတူညီတဲ့တွက်ပုံတွေ၊ နှစ်ထပ်ကိန်းဇယားအသုံးပြုပုံတွေကိုပါ လေ့လာနိုင်မှာမို့ အိမ်အိမ်တို့ကြိုးစားလေ့လာကြည့်ကြနော်။ လေ့ကျင့်ခန်းတွေကို အိမ်အိမ်တို့ကိုယ်တိုင်တွက်ရင်း အဖြေတိုက်ရင်းနဲ့ ပျော်ပျော်ရွှင်ရွှင်သင်ယူနိုင်ဖို့ ဆန္ဒပြုပါတယ်။
▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/h_3IWjiezu0
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ သတ္တမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။
သတ္တမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ https://www.facebook.com/groups/grade8.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 8 MBEH Channel - https://invite.viber.com/?g2=AQBfxHUwA53IPE37UUFiGgcXJyp8FlmlUX5qWDjr7g89RRuQNYVoUZbz7WsFgraG
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/
နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028
နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။
#MOENUG #HomeBasedLearning #Myanmar
YouTube
"Grade 8 သင်္ချာအတွဲ (၁)၊ အခန်း (၃)၊ အပိုင်း(၁) စာမျက်နှာ (၄၃)(G8MA-Episode 14)"
"Grade 8 သင်္ချာအတွဲ (၁)၊ အခန်း (၃)၊ နှစ်ထပ်ကိန်းနှင့်နှစ်ထပ်ကိန်းရင်းများ၊
အပိုင်း(၁) စာမျက်နှာ (၄၃)
(G8MA-Episode 14)"
အပိုင်း(၁) စာမျက်နှာ (၄၃)
(G8MA-Episode 14)"
👍36❤29🔥3👎1
▪ ဒုတိယကမ္ဘာစစ်အပြီးကနေစပြီး ကရင်အမျိုးသားတွေက ပြည်နယ်အဆင့်တောင်မရရှိသေးတဲ့ ကရင်ပြည်အတွက် တောင်းဆိုခဲ့ကြပါတယ်။ အဲ့ဒီ အမျိုးသားလှုပ်ရှားမှုက မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီးမှာတော့ ပိုပြီးအားကောင်းလာပါတယ်။
▪ ၁၉၄၈ ခု၊ ဖေဖော်ဝါရီ (၃) ရက်မှာတော့ ကေအဲန်ယူ (KNU) က ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရကို ကရင်ပြည်ပေးဖို့ စာရေးတောင်းဆိုပါတယ်။ အဲ့ဒီတောင်းဆိုစာရဲ့ လေးနက်မှုကိုပြဖို့အတွက် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာတော့ မြန်မာပြည်အနှံ့မှာရှိတဲ့ ကရင်အမျိုးသားညီအစ်ကိုမောင်နှမတွေက ကရင်လူထုဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အထက်ပိုင်းပါမကျန် ကရင်အမျိုးသား၊ အမျိုးသမီး (၄) သိန်းကျော်ဟာ
လွတ်လပ်တဲ့ ကရင်ပြည် ချက်ချင်းပေး၊ ကရင်တကျပ် ဗမာ တကျပ် ( တန်းတူရေးနဲ့ ဒီမိုကရေစီ )
လူမျိုးရေး အဓိကရုဏ်း အလိုမရှိ ပြည်တွင်းစစ် အလိုမရှိ စတဲ့ ကြွေးကြော်သံတွေ တစ်ပြည်လုံးညံ့သွားအောင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
▪ အဲ့ဒီလို ကရင်တစ်မျိုးသားလုံး ဇာတိသွေး၊ဇာတိမာန်တောက်ပြောင်စွာ ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖော်ဖော်ဝါရီ (၁၁) ရက်နေ့ကို ၁၉၅၃ ခု၊ နို၀င်ဘာလ ၂၃-၂၅ ရက်နေ့ ဖာပွန်မြို့မှာ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ကရင်အမျိုးသားနေ့ လို့ တညီတညွတ်တည်း အတည်ပြုသတ်မှတ်လိုက်ပါတယ်။
ဒီလို ကရင်တိုင်းရင်းသားညီအစ်ကိုတို့ရဲ့ တစ်သွေးတည်း စည်လုံးမှုကိုထင်ဟပ်ပေါ်လွှင်နေတဲ့ ကရင်အမျိုးသားနေ့ကို အိမ်အိမ်ကလည်း အလေးအနက် ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်နော်။

❤29👍19👎2
▪ တတိယ အင်္ဂလိပ်-မြန်မာစစ်ကြီးအပြီး မြန်မာနိုင်ငံဟာ ဗြိတိသျှတို့လက်အောက်သို့ရောက်ရှိခဲ့ရာ နိုင်ငံအနှံ့အပြားမှ တိုင်းရင်းသားပေါင်းစုံတို့သည် လွတ်လပ်ရေးရရန် စွမ်းစွမ်းတမံကြိုးစားခဲ့ကြပါတယ်။ သို့သော် တောင်တန်း-ပြည်မအတူပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့သလို ဗြိတိသျှတို့ကလည်း တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။
▪ (၁၉၄၇)ခုနှစ် ဇန်နဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဗြိတိန်နိုင်ငံသို့သွားရောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုခဲ့ပါတယ်။ ထိုမှတစ်ဆင့် တောင်တန်း-ပြည်မ ပူးပေါင်းညီညွတ်ကြမှသာ လွတ်လပ်ရေးပေးနိုင်မည်ဆိုသော အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
▪ (၁၉၄၇)ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ပင်လုံညီလာခံကျင်းပ၍ တောင်တန်း-ပြည်မပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် မြန်မာတိုင်းရင်းသားပေါင်းစုံညီညွတ်မှုကို ရရှိခဲ့ပြီး (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ် (၂၁) ဦးတို့သည် တောင်တန်း-ပြည်မပူးပေါင်းရေး ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဤသို့ဖြင့် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှုကို ပြသခဲ့သည့် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ပြီး ကျင်းပခဲ့ကြပါတယ်။
▪ နှစ်စဉ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ပျော်ပွဲရွှင်ပွဲများ အထိမ်းအမှတ်ပွဲများ ကျင်းပကြပါတယ်။
▪ ယနေ့ဆိုလျှင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည်မှာ (၇၅)နှစ်ပင် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း မြန်မာ့လွတ်လပ်ရေးမှာ အရေးပါအရာရောက်ခဲ့ပြီး တိုင်းရင်းသားများ သွေးစည်းညီညွတ်ခဲ့သည့် သက်သေဖြစ်တဲ့ ''ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့်နေ့'' ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကို မြတ်နိုးလေးစားစွာ အတူကြိုဆိုပြီး လက်တွဲညီညာစွာဆက်လက်ထိန်းသိမ်းပြီး ပြည်သူ့အောင်ပွဲနေ့ရက်တွေဆီ အတူအရောက်သွားကြပါစို့" လို့ အိမ်အိမ်က တိုက်တွန်းလိုက်ပါတယ်။
သွေးချင်းညီအစ်ကိုမောင်နှမအားလုံး ဘေးရန်ကင်း ကျန်းမာကြပါစေ။
ပြည်သူ့တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပါစေ။
''ပြည်ထောင်စုသွေးချင်းညီအစ်ကိုမောင်နှမများအားလုံး စစ်မှန်ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး ရရှိပိုင်ဆိုင် ပြုံးပျော်နိုင်ကြပါစေ'' လို့
အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ် ...
#MOENUG #FEB12 #Myanmar #Learning

❤46👍18👎1
သူငယ်ချင်းတို့ရေ ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံကလေးများနေ့ဖြစ်ပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။ ကလေးများနေ့ကို မြန်မာနိုင်ငံအနှံအပြားတွင် ကျင်းပလေ့ရှိပြီး ကလေးများအတွက် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်လေ့ရှိကြပါတယ်။
❤57👍13
မြန်မာနိုင်ငံကလေးများနေ့ရဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ဗိုလ်ချုပ်ရဲ့ သူ့ဇနီး ဒေါ်ခင်ကြည်ကို မှာတဲ့ 'ကြည်၊ ပဲပြုတ်နဲ့ နံပြားရရင်စားချင်တယ် ဆိုတဲ့ စကားလေးကို အစွဲပြုပြီး နေရာ ဒေသ အသီးသီးမှာ မနက်စာအဖြစ် ပဲပြုတ်နံပြား စတုဒီသာအဖြစ် ပြန်လှုကြတဲ့ အစဉ်အလာလေးပါ။
သူငယ်ချင်းတို့လဲ မြန်မာနိုင်ငံကလေးများနေ့မှာ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရှု လေ့လာ ဆန်းစစ်ပြီး ပျော်ရွှင်စွာ တစ်နေ့တာကို ဖြတ်သန်းနိုင်ပါစေလို့ အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။
#NUGMOE #MBEH

❤51👍15