Forwarded from Paper Poetry
ကလေးမလေးရေ တဲ့
အကို တယုတယနဲ့ခေါ်မိပါတယ်။
"ရှင့်" လို့ချွဲနွဲ့ပြီးပြန်ထူးတာလေးလည်း သဘောကျတယ်။
စိတ်ကောက်နေချိန် "ဘာလဲ" လို့
လေသံမာမာနဲ့ပြန်ထူးရင်လည်း
အကို့မှာ မငြိုငြင်ရက်ခဲ့။
ချစ်ခြင်းတရားက
လာဘ်စားတတ်တယ်ထင်ပါရဲ့
ကလေးမလေးကိုဆို အကိုက
အပစ်ကိုမမြင်ရက်တာ။
-သက္က

❤18😭3
ခေါင်းကျကျ ပန်းကျကျ
ချစ်သူမျက်နှာညှိုးမှာလောက်
ဘယ်အရာမှအရေးမကြီးဘူး။
ဒေဝဒတ်ပဲတွေ့တွေ့
ဧဝရတ်ပဲရွေ့ရွေ့
ငါ့ကမ္ဘာကြီးပြုံးနေရင်တော်ပြီ...။
-အံ့လွန်းပျို
၁၈၊ ၁၁၊ ၂၅
ချစ်သူမျက်နှာညှိုးမှာလောက်
ဘယ်အရာမှအရေးမကြီးဘူး။
ဒေဝဒတ်ပဲတွေ့တွေ့
ဧဝရတ်ပဲရွေ့ရွေ့
ငါ့ကမ္ဘာကြီးပြုံးနေရင်တော်ပြီ...။
-အံ့လွန်းပျို
၁၈၊ ၁၁၊ ၂၅
❤13
မောင်သုတ 🧐
Are you sure he's Dracula? Umm....Yes is that right? Let's read the pages of history together. Let's go.
လူပြောများပြီး လူတွေရဲဲ့အမြင်မှာ တကယ်တမ်းအထင်မှားတတ်တဲ့ Vlad the Impalerရဲ့အကြောင်းကိုပြောရရင် သူကို ဒရက်ကူလာဆိုတဲ့ နာမည်နဲ့ အတူ သွေးဆာတတ်တဲ့ အုပ်စိုးရှင်လို့ အများက မှတ်ယူထားကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်သမိုင်းအထောက်အထားနဲ့ဆိုရင် ကျွန်တော်တို့ခဗျာတို့ထင်ထားတာနဲ့ လုံးဝတခြားစီဖြစ်နေပါတယ်။ ဘာလိုဆိုရင်သမိုင်းမှတ်တမ်းတွေထဲမှာ Vlad the Impalerက စိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာတစ်ကောင်မဟုတ်ဘဲ သူက ၁၅ရာစုကWallachiaနိုင်ငံကို အုပ်ချုပ်တဲ့ မင်းသားတစ်ပါးဖြစ်နေတာကြောင့်ပါ။ လူတွေကသူကိုဒရက်ကူလာလို့ဘာကြောင့်ယူဆသလဲဆိုရင် သူခေတ်သူအခါက နိုင်ငံအုပ်ချုပ်တဲ့နေရာမှာသူက ရန်သူတွေအပေါ်အရမ်းရက်စက်ပြီး အာဏာရှင်ဆန်သွားတာကြောင့် ဒရက်ကူလာဆိုတဲ့အမည်နဲ့ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့်လူအများစုက သူကို အရမ်းရက်စက်တဲ့ လူသတ်သမားလို့ဘဲမြင်ရပေမယ့် တကယ်တမ်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ သမိုင်းနဲ့ကြည့်ရင် ၁၅ရာစုဆိုတဲ့ကာလမှာ အင်ပါယာကြီးတွေက နိုင်ငံငယ်တွေကိုမတရားနယ်ချဲ့သိမ်းသွင်းပြီး အင်အားကြီးသူသာအနိုင်ကျင့်တဲ့ ကာလဖြစ်နေတာကြောင့် မိမိရဲ့Wallachiaနိုင်ငံငယ်လေးကို မတရားကျူးကျော်ဖို့ကြိုးစားနေတဲ့ အော်တိုမန်အင်ပါယာကို ခုခံဖို့အတွက် ရန်သူတွေအပေါ် ရက်စက်တဲ့လုပ်ရက်တွေကို လက်နက်တစ်ခုလို့ အသုံးချပြီးသူနိုင်ငံကိုကာကွယ်ခဲ့တာဖြစ်တယ်။ လူတွေသူကို ရက်စက်တဲ့အာဏာရှင်ဘဲပြောပြော သွေးဆာတဲ့ ဒရက်ကူလာဘဲပြောပြော သူနိုင်ငံသားတွေအတွက်ကတော့ သူဟာ မိမိနိုင်ငံကိုကျူးကျော်လာသမျှရန်သူတွေကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ဦးပါပဲ။
သူနဲ့ပတ်သက်ပြီးအငြင်းပွားစရားအချက်တစ်ခုပြောရရင် သူကမေတ္တာတရားခေါင်ပါးသူလားလို့ဆိုပြန်ရင်လည်း မဟုတ်ရပြန်ပါဘူး။ ဘာကြောင့်အခုလို့ပြောရသလဲဆိုရင် သူရဲ့နံမည်ကျော်Impalement(လှံထိုးစိုက်သတ်ဖြတ်ခြင်းဥပဒေ)ဥပဒေကို သူကပျော်လို့လုပ်တာမဟုတ်ဘဲ သူအုပ်ချုပ်တဲ့အခါကာလမှာ ခိုးဆိုးလုယက်သူတွေ နိုင်ငံသစ္စာဖောက်တွေနဲ့ ကျူးကျော်သူတွေကို သူကကြောက်လန့်သွားအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ အနေနဲ့ သူချမှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကြောင့်လည်း သူအုပ်ချုပ်တဲ့ကာလအတွင်းမှာသူရဲ့နိုင်ငံအတွင်းမှာ ပြစ်မှုကျူးလွန်သူတွေနည်းပါးလာပြီး သူနိုင်ငံသားတွေကImpalementစီရင်မှုကို စည်းကမ်းတင်းကျပ်ပြီးအပြစ်စီရင်တဲ့ စနစ်တစ်ခုအဖြစ်မြင်လာကြပါတယ်။ နောက်ဆုံးအနေဖြင့်အနှစ်ချုပ်ရလျှင် Vlad the Impalerကို လူအများစုက ဒရက်ကူလာအဖြစ် မြင်နေရခြင်းရဲ့အဓိကအချက်မှာ သူရဲ့အုပ်ချုပ်မှုကာလအတွင်းနိုင်ငံရေးအရအကြမ်းဖက်တွေ သွေးစွန်းမှုတွေကြောင့်သာ သူကိုလူတွေကစိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာCharacterအဖြစ်ပုံဖော်ခံထားရခြင်းပင်ဖြစ်ပါတယ်။ သို့သော်တကယ်ဖြစ်ရပ်မှန်အရကြည့်လျှင် သူဟာ နိုင်ငံအတွက်အသက်စွန့်ကာကွယ်ခဲ့သူအဖြစ်သတ်မှတ်လျှင်လုံးဝမှားမယ်မထင်ပါဘူး။ ဒါပေမယ့် သူကသမိုင်းထဲမှာသူလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့်ဘဲ သူကိုရက်စက်တဲ့သူအဖြစ် နာမည်ပျက်ပြီးကျန်ရစ်ခဲ့ရတဲ့ သူရဲကောင်းပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပါတော့သည်။
-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #History #Vlad_the_Impaler

❤10
Forwarded from Paper Poetry
ငါတို့က လူငယ်တွေပါ
ဖြစ်ချင်တဲ့ အိပ်မက်တွေကို စွန့်လွှတ်ပြီး
ဖြစ်သင့်တဲ့ အရာတွေကိုပဲ လုပ်နေရတဲ့သူတွေ။
ငါတို့က လူငယ်တွေပါ
မျက်ရည်တွေကို အပြုံးတွေအောက်မှာ ဖုံးကွယ်ပြီး
အဆင်ပြေပါတယ်ဆိုတဲ့ စကားနဲ့ပဲ
လောကကြီးကို နေ့တိုင်း လိမ်ညာနေရတဲ့သူတွေ။
ငါတို့က လူငယ်တွေပါ
သူများတွေ နှိမ့်ချဝေဖန်တာကို ရင်ဆိုင်ရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်သံသယဝင်ရလောက်အောင်
စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေရတဲ့သူတွေ။
ဒါပေမဲ့ ငါတို့က လူငယ်တွေပါ၊
ပင်ပန်းတဲ့အခါ ခဏလောက် နားနေပေမဲ့
အရှုံးပေးဖို့ စိတ်ကူးမရှိဘဲ
ငါတို့ရဲ့ ကိုယ်ပိုင်လမ်းကိုပဲ
တစ်နေ့မှာ မဖြစ်ဖြစ်အောင် ပြန်လျှောက်မယ့်သူတွေ။
-ရီယာညို

❤15👏3
လူတစ်ယောက်ကို
သေချာပေါက် လိုအပ်နေပါလျက်နဲ့
ငါမလိုဘူးလို့ ညာလိုက်ရတဲ့
အခိုက်အတန့်တွေလောက်
ကျိုးကြေစရာကောင်းတာ မရှိဘူး ။
-ဘုန်းမင်းနွေ
သေချာပေါက် လိုအပ်နေပါလျက်နဲ့
ငါမလိုဘူးလို့ ညာလိုက်ရတဲ့
အခိုက်အတန့်တွေလောက်
ကျိုးကြေစရာကောင်းတာ မရှိဘူး ။
-ဘုန်းမင်းနွေ
❤22
Media is too big
VIEW IN TELEGRAM
"မင်းကို ချစ်တယ်ဆိုတာ မင်းရဲ့ တလွဲတချော် နမော်နမဲ့ အမှားလေးတွေအထိ အကုန်မြတ်နိုးတာကို ပြောတာ။"
"Loving you means loving all your beautiful chaos."
video စာသား နှင့် author - Khun(AP)
#creatorsearchinsights #စာတိုfeeling
#loner_life_in_another_world
#Mirror_Myanmar
#crd_to_owner_with_respect
"Loving you means loving all your beautiful chaos."
video စာသား နှင့် author - Khun(AP)
#creatorsearchinsights #စာတိုfeeling
#loner_life_in_another_world
#Mirror_Myanmar
#crd_to_owner_with_respect
❤12
အကယ်၍ သင်သည်စာရေးဆရာတစ်ဦးထံမှသာ သူ၏စာပေကို ခိုးယူလျှင် ၎င်းသည် စာပေခိုးယူခြင်းဖြစ်သည်။ သို့သော်စာရေးဆရာများစွာထံမှ ခိုးယူလျှင်မူ ၎င်းသည် သုတေသန ဖြစ်သည်။
-wilson mizner
အမေရိကန်စာရေးဆရာ
#History #Kyawthet #RAIDEN_KT
-wilson mizner
အမေရိကန်စာရေးဆရာ
#History #Kyawthet #RAIDEN_KT
❤23❤🔥1🔥1
Media is too big
VIEW IN TELEGRAM
နှလုံးသားရဲ့ အဝင်အထွက် တံခါးဝမှာ
မင်းက အမှတ်တမဲ့ ဖြတ်သန်းသွားခဲ့ရုံတင်ပါ။
ဒါပေမဲ့...
ကျန်ရစ်ခဲ့သူရဲ့ ရင်ဘတ်တစ်ခုလုံးမှာတော့
မေ့ပစ်ဖို့ခက်တဲ့ အမှတ်တရတွေ
အစီအရီ နေရာယူသွားခဲ့ပြီ။
လှမ်းခဲ့တဲ့ ခြေလှမ်းတွေက အမှုမဲ့အမှတ်မဲ့ဆိုရင်တောင်
ငါ့ကမ္ဘာထဲမှာ စိုက်ပျိုးသွားခဲ့တဲ့ သံယောဇဉ် အပင်ငယ်တွေက
အမြစ်တွယ်လို့ ရှင်သန်နေဆဲ...။
အမှတ်တမဲ့ဆိုတဲ့ စကားလုံးနောက်ကွယ်မှာ
နက်ရှိုင်းတဲ့ သတိရခြင်းတွေ ပုန်းကွယ်နေတတ်သလိုပေါ့။
~~
At the doorway of my heart,
You were merely a passing stranger.
And yet...
In the chest of the one left behind,
Unforgettable memories
Have lined up to take their place.
Even if your steps were casual and stray,
The tiny seedlings of attachment you planted in my world
Are still rooted deep, thriving away...
Just like how behind the word "coincidence,"
Deep longings always find a way to hide.
By Khun
#creatorsearchinsights #စာတိုfeeling
#Mirror_Myanmar
#angél_alphá
#anime

💔10❤3
Forwarded from Paper Poetry
ကလေးမလေးရဲ့
စူးရှတဲ့အကြည့်တွေမှာ
မူးယစ်ဆေးတွေပါတာလား။
မင်းပါးနှစ်ဖက်နဲ့
သနပ်ခါးလေးတွေကရော
ပီယသိန္ဓိ၀င်နေတာလား။
အကို့နာမည်နဲ့
ပန်းတွေကဘယ်ပြောလည်း
သိလား ကလေးမ...
မင်းဆံသားတွေကြားမှာနေရရင်
၁စက္ကန့်ပဲနေရနေရ ၁မိနစ်ပဲနေရနေရ
အပင်မြင့်ထက်မှာရှင်သန်ရတာထက်
ပိုတန်ဖိုးရှိတယ်တဲ့။
-သက္က
စူးရှတဲ့အကြည့်တွေမှာ
မူးယစ်ဆေးတွေပါတာလား။
မင်းပါးနှစ်ဖက်နဲ့
သနပ်ခါးလေးတွေကရော
ပီယသိန္ဓိ၀င်နေတာလား။
အကို့နာမည်နဲ့
ပန်းတွေကဘယ်ပြောလည်း
သိလား ကလေးမ...
မင်းဆံသားတွေကြားမှာနေရရင်
၁စက္ကန့်ပဲနေရနေရ ၁မိနစ်ပဲနေရနေရ
အပင်မြင့်ထက်မှာရှင်သန်ရတာထက်
ပိုတန်ဖိုးရှိတယ်တဲ့။
-သက္က
❤15🥰1💔1
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော်ရဲ့ကမ္ဘာ...။
-လှသန်း
ရေဒီယိုတစ်လုံး
ဂစ်တာတစ်လက်နဲ့
စာအုပ်တစ်သေတ္တာပဲ ရှိခဲ့ပါတယ် ။
ကျွန်တော့်ရဲ့ လူငယ်ဘဝလေးမှာ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေ မရှိခဲ့ပါ
စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်သာ
ကျွန်တော်ရဲ့ကမ္ဘာ...။
-လှသန်း
❤20
လိုရာဆုကို တောင်းလို့ရမယ်ဆိုရင်
စည်းစိမ်အပြည့်နဲ့
ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက်
လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့
အခွင့်ထူးခံဘဝမျိုးကိုသာ
ကျွန်တော်လိုချင်ပါတယ်။
-အံ့လွန်းပျို
စည်းစိမ်အပြည့်နဲ့
ဇိမ်ယစ်နေရမဲ့ ဘဝမျိုးထက်
လွမ်းတိုင်း ပြေးတွေ့ခွင့်ရတဲ့
အခွင့်ထူးခံဘဝမျိုးကိုသာ
ကျွန်တော်လိုချင်ပါတယ်။
-အံ့လွန်းပျို
❤14
Forwarded from ကဗျာဗဟိုပြု စာပေကလပ်စည်း (A Poetry-Hub Literary Club)
ကဗျာစာစဉ်အမည် - သင်းကွဲငှက်ငယ်
ကဗျာအမှတ်စဉ် (၄)
ဒီအပတ်မှာလည်း မတူညီတဲ့ ခံစားချက်ပေါင်းစုံနဲ့
ကဗျာချစ်သူတွေကို ဘယ်လိုရသတွေ
ခံစားသွားစေမလဲဆိုတာကို
ရင်သက်ရှုမောဖွယ် စောင့်မျှော်လျက်ရှိပါပြီ။ ကဗျာချစ်သူများအားလုံး ပါဝင်ရေးသားပေးကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ..🫡။
ကဗျာစာမူပိတ်သိမ်းချိန် - ၁၂ရက်နေ့ ည ၉နာရီ
ကဗျာစာစဉ်အတွက် ကဗျာစာမူများကို
@Alp_ll2010 ဒီအကောင့်ဆီ
ပေးပို့နိုင်ပါပြီခင်ဗျ။
-ကဗျာဗဟိုပြု စာပေကလပ်စည်း
#poetry_series
#A_poetryhub
#literary_club
❤6
ချစ်တာခြင်းအတူတူ
အခွင့်အရေးမရှိတဲ့လူဟာ
သနားစရာပဲ။ မိုးကောင်းကင်က
လမင်းကြီးကို အပိုင်လိုချင်တဲ့
ကလေးငယ်တစ်ယောက်လို
ဘယ်သူကတော့မြင်ရရုံနဲ့
ကျေနပ်နိုင်မလဲခင်...။
-အံ့လွန်းပျို
၂၂၊ ၁၁၊ ၂၅
အခွင့်အရေးမရှိတဲ့လူဟာ
သနားစရာပဲ။ မိုးကောင်းကင်က
လမင်းကြီးကို အပိုင်လိုချင်တဲ့
ကလေးငယ်တစ်ယောက်လို
ဘယ်သူကတော့မြင်ရရုံနဲ့
ကျေနပ်နိုင်မလဲခင်...။
-အံ့လွန်းပျို
၂၂၊ ၁၁၊ ၂၅
❤10💔6
Forwarded from Paper Poetry
အချစ်ကို မကိုးကွယ်ဖို့
ကြိုးစားနေတဲ့ကြားက
ငါ့ရင်ဘတ်တဲ့ လာပွင့်တဲ့ဘုရားဟာ
မင်း ဖြစ်နေတယ်...
ထပ်မချစ်တော့ဘူးလို့ ပြောတဲ့စကားလည်း မင်းနဲ့တွေ့မှအလကားဖြစ်ခဲ့။
-သက္က
ကြိုးစားနေတဲ့ကြားက
ငါ့ရင်ဘတ်တဲ့ လာပွင့်တဲ့ဘုရားဟာ
မင်း ဖြစ်နေတယ်...
ထပ်မချစ်တော့ဘူးလို့ ပြောတဲ့စကားလည်း မင်းနဲ့တွေ့မှအလကားဖြစ်ခဲ့။
-သက္က
❤21😢1
ငါ ဘယ်ရောက်သွား
လေက တိုက်နေတယ်
ငါ ဘယ်ရောက်သွားသလဲလို့
တိုက်နေတဲ့လေကို မေးမိတယ်
လေက ငြိမ်နေတယ်
ပြန် မဖြေ... ။
-ကေဇဝင်း
လေက တိုက်နေတယ်
ငါ ဘယ်ရောက်သွားသလဲလို့
တိုက်နေတဲ့လေကို မေးမိတယ်
လေက ငြိမ်နေတယ်
ပြန် မဖြေ... ။
-ကေဇဝင်း
❤8🕊2
ဆင့်ကဲဖြစ်စဉ်ဆိုတာ အမှန်တရားတစ်ခုပါပဲ။ ဒါကို ဘယ်လိုမှ သံသယဖြစ်စရာမလိုတော့ပါဘူး...သူကို အလေးအနက်ထားပြီး ငြင်းခုံစရာလည်း မလိုတော့သလို...အသိဉာဏ်ရှိပြီး လေ့လာဖူးတဲ့ ဘယ်သူမဆို ဒါကို သံသယဝင်စရာ အကြောင်းတော့မရှိတော့ပါဘူး။ လိုရင်းပြောရရင်တော့ ဒီဆင့်ကဲဖြစ်စဉ်ဆိုတာက တကယ်ဖြစ်ပျက်ခဲ့တာ သေချာပေါက် အမှန်တရားပဲ။
-Richard Dawkins
ဗြိတိသျှဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင်
#Kyawthet #History #RAIDEN_KT
-Richard Dawkins
ဗြိတိသျှဆင့်ကဲဖြစ်စဉ်ဇီဝဗေဒပညာရှင်
#Kyawthet #History #RAIDEN_KT
❤7🐳3❤🔥1
သံသရာလည်ခြင်းမှာ
ဝဋ်ကြွေးမှန်သမျှ ကုန်စေချင်ပါပြီ။
မမြင်ရတဲ့ဆူးမလို့ မနာဘူးမထင်ပါနဲ့။
စိုက်သွားတာက
နှလုံးသားတည့်တည့်ကိုပါ။
-အံ့လွန်းပျို
ဝဋ်ကြွေးမှန်သမျှ ကုန်စေချင်ပါပြီ။
မမြင်ရတဲ့ဆူးမလို့ မနာဘူးမထင်ပါနဲ့။
စိုက်သွားတာက
နှလုံးသားတည့်တည့်ကိုပါ။
-အံ့လွန်းပျို
❤12🥰1