အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ လူသားမျိုးနွယ်တစ်ခုလုံး၏ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ အကယ်၍ အမျိုးသမီးတစ်ဦးသည် ပညာတတ်မြောက်ပြီး အသိဉာဏ်ရှိပါက သူမသည် မိမိ၏ သားသမီးများကို ပညာတတ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်လိမ့်မည်။ မိခင်တစ်ဦး၏ ပညာဉာဏ်သည် မျိုးဆက်သစ်တို့၏ အနာဂတ်အတွက် အကောင်းဆုံးသော အမွေအနှစ်ပင် ဖြစ်၏။ ကျွန်မတို့၏ အမျိုးသမီးတွေဟာ ပညာရေးမရှိရင် ဘယ်တော့မှ လွတ်လပ်တဲ့ လူသားတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတို့အတွက် ပညာရေးသည်သာ အမျိုးသမီးထုအားလုံးရဲ့ အမှောင်မိုက်နေတဲ့အမှောင်ထုမှ လွတ်မြောက်စေမယ့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ ထိုအလင်းရောင်မှတစ်ဆင့်သာ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဘဝကို တည်ဆောက်နိုင်မှာဖြစ်တယ်။
-R.A. Kartini
အင်ဒိုနီးရှား သူရဲကောင်း
#History #Kyawthet #RAIDEN_KT
-R.A. Kartini
အင်ဒိုနီးရှား သူရဲကောင်း
#History #Kyawthet #RAIDEN_KT
❤11
Forwarded from Paper Poetry
"သက်ဆုံးတိုင်"
သက်ဆုံးတိုင် ရည်ရွယ်လို့
ချစ်တယ် ဆိုတဲ့စကားကို အကို
ကလေးမ ဆီဖွင့်ဟခဲ့တာပါ။
ရာသက်ပန်အချစ်နဲ့
ထာ၀ရစာမေတ္တာတွေက
မင်းအတွက်
ရပ်တန့်သွားဖို့ဆိုတာ ဖြစ်နိုင်စရာလား ကလေးမရယ်...
မင်းမဟုတ်တဲ့
အခြားသူတစ်ယောက် ကို
ချစ်ဖို့မပြောပါနဲ့ မေတ္တာအကြည့်နဲ့
ငေးကြည့်ဖို့တောင် အကို့နှလုံးသားက
သိပ်ကို ခက်ခဲလွန်းနေတာ။
-သက္က

❤8💋1
လိုချင်တပ်မက်မှုတွေမရှိဘူး။
ဖြစ်ချင်တဲ့ ဆန္ဒတွေလဲမရှိဘူး။
မင်းစိတ်တိုင်းကျ ရှင်ဆိုရှင်
သေဆိုသေရတဲ့ဘဝမှာ
ငါ့မှာမင်းပဲရှိပါတယ်။
-အံ့လွန်းပျို
ဖြစ်ချင်တဲ့ ဆန္ဒတွေလဲမရှိဘူး။
မင်းစိတ်တိုင်းကျ ရှင်ဆိုရှင်
သေဆိုသေရတဲ့ဘဝမှာ
ငါ့မှာမင်းပဲရှိပါတယ်။
-အံ့လွန်းပျို
❤8
မောင်သုတ 🧐
Photo
"တောအုပ်စွန်းမှ ခေါ်သံ"
သည်နေ့ တောထဲ မျှစ်ထွက်ရှာရာ မှောင်ရီပျိုးစပြုမှ ရွာစွန်က အိမ်အပြန်လမ်းကို ရောက်သည်။ တောရွာဓလေ့အရ ညမှောင်လျှင် လူသူကင်းဝေးတတ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပုစဉ်းရင်ကွဲတွန်သံမှလွဲ၍ တိတ်ဆိတ်ခြောက်သွေ့လွန်းလှ၏။
ညက လကွယ်ညဖြစ်၍ တောအုပ်ကြီး၏ အမှောင်ထုက ပိုမိုနက်ရှိုင်းကာ ရှေ့လျှောက်မည့် လမ်းကိုပင် ကောင်းကောင်းမမြင်ရချေ။ တစ်နေကုန် တောနင်းခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျနေကာ ပုခုံးပေါ်က ဝါးခြင်းတောင်းကလည်း ပို၍လေးလံလာသလို ခံစားရသည်။ စိတ်ထဲတွင် အိမ်သို့မြန်မြန်ပြန်ရောက်ပြီး နားချင်စိတ်တစ်ခုသာ ရှိတော့သဖြင့် ခြေလှမ်းကို သုတ်သုတ်ငင်ကာ လျှောက်လာခဲ့သည်။
ရွာစွန်ရှိ ခြံစည်းရိုးကင်းမဲ့သော ကျွန်ုပ်၏ အိမ်လေးရှေ့သို့ ရောက်သောအခါ၊ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် ပုံမှန်ဆို ကျွန်ုပ်ပြန်လာလျှင် ဆီးကြိုနေကျ အဖော်မွန် ခြံစောင့်ခွေးကြီး "မဲလုံး" က ခွေခွေလေး လှဲနေသည်ကို တွေ့လိုက်ရသည်။
သို့သော် ထူးဆန်းသည်မှာ မဲလုံးသည် ကျွန်ုပ်၏ခြေသံကို ကြားသော်လည်း ထ၍အမြီးလှုပ်ခြင်းမရှိ။ ကွပ်ပျစ်ပေါ်မှနေ၍ ခေါင်းကိုသာ တဖြည်းဖြည်းချင်း ထောင်လာပြီး ကျွန်ုပ်ကို လှမ်းကြည့်သည်။
မှောင်ရိပ်ထဲတွင် မြင်လိုက်ရသော မဲလုံး၏ လှုပ်ရှားမှုမှာ သဘာဝမကျဘဲ "အရိုးအဆစ်များ တစ်ခုစီ ချိုးဖဲ့လှုပ်ရှားနေသကဲ့သို့" တောင့်တောင့်တင်းတင်းကြီး ဖြစ်နေသည်။
သူ့မျက်လုံးအစုံတွင် ပုံမှန်ကဲ့သို့ သစ္စာရှိသော အရိပ်အယောင်များ လုံးဝမရှိတော့ဘဲ၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ စူးရှပြီး သွေးအေးလွန်းသော "အစိမ်းရောင် အလင်းတစ်မျိုး" က တောက်ပနေသည်။ ထိုအကြည့်နှင့် အကြည့်ချင်းဆုံမိစဉ်မှာပင် ကျွန်ုပ်၏ရင်ထဲ၌ ရုတ်တရက် အေးစက်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာတော့သည်။
"မဲလုံး... လာ... အိမ်ထဲဝင်မယ်" ကျွန်ုပ်လည်း ကြောက်စိတ်ကို ဖျောက်ဖျက်ကာ ခပ်မာမာလှမ်းခေါ်လိုက်သည်။
သို့သော် မဲလုံးက ကွပ်ပျစ်ပေါ်မှ ဆင်းမလာဘဲ ခြေထောက်လေးဖက်ကို "လူတစ်ယောက် လေးဖက်ထောက်သကဲ့သို့" ထူးဆန်းစွာ ဖြန့်ကား၍ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် တောအုပ်ကြီးရှိရာ ဘက်သို့ မျက်နှာမူကာ လည်ပင်းကို အဆမတန် ရှည်ထွက်သွားမတတ် အပေါ်သို့ မော့လိုက်ပြီး၊ ဝံပုလွေတစ်ကောင်လို အူချလိုက်သည်။ သို့သော် ထိုအသံသည် ခွေးအူသံမဟုတ်ဘဲ "မိန်းမပျိုတစ်ယောက် အသည်းအသန် အော်ဟစ်ငိုကြွေးနေသည့်" အသံကြီး ဖြစ်နေတော့သည်။
"ဗြုန်း..." ဆို မဲလုံး၏ ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဇောက်ထိုးမိုးမျှော် လူးလိမ့်နေတော့သည်။
သူ့၏ အရေပြားအောက်တွင် အကောင်တစ်ကောင်က တိုးဝှေ့လှုပ်ရှားနေသကဲ့သို့ ဖောင်းကြွလာပြီး၊ ပါးစပ်မှလည်း သွေးပုပ်များနှင့် အမြှုပ်အဖြူရောင်များ တစ်စီစီ ထွက်ကျလာသည်။
ကျွန်ုပ် ကြောက်လွန်းသဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်စဉ်မှာပင် မဲလုံး၏ မျက်နှာအရေပြားများက အလိုလို ကွဲအက်သွားပြီး၊ ၎င်း၏ သွားများမှာ သံမှိုများကဲ့သို့ ချွန်ထက်ရှည်လျားစွာ ထွက်ပေါ်လာသည်။
သူသည် ကျွန်ုပ်ကို လှည့်ကြည့်ကာ "ငါ့ကို... ကူညီပါ... ချမ်းတယ်..." ဟု ရှိုက်ကြီးတငင် ငိုနေရှာသော အဘွားအိုတစ်ယောက်၏ အသံမျိုးဖြင့် ပြောလိုက်လေသည်။ ထိုအသံက ညဉ့်နက်သန်းခေါင်၏ လေထုထဲတွင် စိမ့်ဝင်သွားပြီး ကျွန်ုပ်၏ ကျောရိုးတစ်ခုလုံးကို ရေခဲရိုက်လိုက်သလို တုန်လှုပ်သွားစေသည်။
၎င်းသည် ကျွန်ုပ်ကျွေးမွေးထားသော မဲလုံးမဟုတ်တော့။ တောအုပ်ထဲမှ ထွက်လာသည့် နာနာဘာဝ စုန်းကဝေတစ်ခုခုက မဲလုံး၏ ခန္ဓာကိုယ်ကို ပူးကပ်ဝင်စီးထားခြင်း ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်၏ခေါင်းထဲတွင် "ပြေး... အခုချက်ချင်းပြေး" ဟူသော စိတ်ရိုင်းတစ်ခုက ပွင့်ထွက်လာသည်။
ကျွန်ုပ်သည် ပုခုံးပေါ်က ခြင်းတောင်းကို လွှင့်ပစ်ကာ အိမ်ပေါ်သို့ ဝုန်းဒိုင်းကြဲ ပြေးတက်ပြီး တံခါးကို ဂျက်ထိုး ပိတ်ပစ်လိုက်တော့သည်။
"ဒုန်း... ဒုန်း... ဒုန်း..."
တံခါးပိတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အိမ်တံခါးကို အပြင်ကနေ ပြင်းထန်စွာ လာရောက်စောင့်ရိုက်သည့် အသံများ ထွက်ပေါ်လာသည်။ တံခါးဝဆီမှ "ငါ့ကို... ကူညီပါ... ချမ်းတယ်..." ဆိုသည့် အသံအက်အက်ကြီးက အဆက်မပြတ် မြည်ဟည်းနေဆဲ။
ကျွန်ုပ်သည် အိမ်အခန်းထောင့်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ တဆတ်ဆတ်တုန်ရင်း ပုန်းနေမိသည်။ အပြင်က အသံသည် ခွေးအော်သံမှနေ မိန်းမငိုသံ၊ ထို့နောက် သွားကြိတ်သံများအဖြစ် ပြောင်းလဲလာပြီး ညဉ့်နက်သည်အထိ မစဲတော့ပြီ။
ကျွန်ုပ် ခိုလှုံရာ အိမ်ကလေး၏ တံခါးပါးပါးလေး နောက်ကွယ်တွင် မည်သည့် မိစ္ဆာကောင်က မဲလုံး၏ အရေခွံကိုခြုံပြီး စောင့်ဆိုင်းနေသည်လဲ မသိနိုင်တော့။
တစ်ချက်လေးမှားလျှင် အသက်ပျောက်ရမည့် ထိုညဉ့်ယံ အမှောင်ထုထဲတွင် ကျွန်ုပ်သည် သက်မဲ့ရုပ်တုတစ်ခုလို အသက်ရှူရန်ပင် မေ့လျော့နေမိတော့သည်။ (ပြီး)
#Khun
ခြောက်ခြားဖွယ် တစ်မျက်နှာ ဇာတ်လမ်းတို
#Angél_Alphá@mirror148

လူမှန်နေရာမှန်မှာ
တွေ့ချင်မိရုံပါ။ ရွှေငါးလေး
မြောင်းရေထဲ ရောက်နေလို့
လွှတ်ပေးလိုက်ရခြင်းဟာ
မချစ်လို့မှ မဟုတ်ဘဲ။
-အံ့လွန်းပျို
တွေ့ချင်မိရုံပါ။ ရွှေငါးလေး
မြောင်းရေထဲ ရောက်နေလို့
လွှတ်ပေးလိုက်ရခြင်းဟာ
မချစ်လို့မှ မဟုတ်ဘဲ။
-အံ့လွန်းပျို
❤4🥰1
မောင်သုတ 🧐
Can you accept that this is a satire?
ဘလက်ဘလက်...Ahem ahem ahem!......Sometimes, a war cannot be resolved with weapons.Warlordism is useful for expanding empires. When controlling a territory, only a politician with a good understanding of the civil administration can have a strong advantage.In some systems of government, trust can be won through discussion rather than weapons.There are often problems that cannot be solved with war.In world history, those who built military power and expanded empires like Napoleon will fail.....Civil politicians like Lincoln believed that expanding their country into a union rather than an empire could last forever.
အဟမ်း....အဟမ်း...အဟမ်း😮💨
တစ်ခါတလေးကြရင် စစ်ပွဲတစ်ခုဆိုတာကို လက်နက်တွေက အဆုံးအဖြတ်မပေးနိုင်ပါဘူး။ စစ်ဘုရင့်ဝါဒဆိုတာက အင်ပါယာချဲ့ထွင်ရေးအတွက်အသုံးဝင်ပေးမယ့် နယ်မြေတစ်ခုကိုထိန်းချုပ်တဲ့အခါအရပ်ဘက်အုပ်ချုပ်ရေးကိုကျွမ်းကျင်တဲ့ နိုင်ငံရေးသမားတစ်ဦးထဲသာ အားချက်တစ်ခုရှိနိုင်ပါတယ်။ တချို့သော အစိုးရအုပ်ချုပ်ရေးစနစ်မှာ လက်နက်ထက် ဆွေးနွေးမှုကနေတစ်ဆင့်ယုံကြည့်မှုကိုသိမ်းပိုက်နိုင်တယ်။ စစ်ပွဲနဲ့တော့ဖြေရှင်းလို့မရတဲ့ပြဿနာတွေရှိတတ်ပါတယ်။ ကမ္ဘာသမိုင်းထဲမှာ နပိုလီယံတို့လိုစစ်အင်အားတည်ဆောက်ပြီးအင်ပါယာချဲ့ထွင်ရေးသမားတွေကျရှုံးပေးမယ့်....လင်းကွန်တို့လိုအရပ်ဘက်ဆိုင်ရာနိုင်ငံရေးသမားတွေကတော့ သူနိုင်ငံကို အင်ပါယာအစားပြည်ထောင်စုကြီးအနေနဲ့ ချဲ့ထွင်တာက ထာဝရတည်မြဲနေနိုင်ပါတယ်။
-RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT

This media is not supported in your browser
VIEW IN TELEGRAM
ရှင်ကွဲပဲ ဖြစ်ဖြစ်၊ သေကွဲပဲ ဖြစ်ဖြစ်
မင်း ထွက်ခွာသွားခြင်းနဲ့အတူ...
ငါတို့ရဲ့ "တချိန်ကျရင်" ဆိုတာကြီးလည်း ထာ၀ရ ဆုံးရှုံးသွားခဲ့ပြီ။
-သက္က
ခွဲခွါခြင်းများ - စိုးလွင်လွင်

😢13❤🔥1
လျစ်လျူရှုစွာ
လွှတ်ချခံခဲ့ပါတယ်။ သို့သော်
ငါထွက်မသွားပါ။
စိတ်လှုပ်ရှားစွာ
စောင့်နေခဲ့ပါတယ်။ သို့သော်
သူပြန်မလာပါ။
-အံ့လွန်းပျို
လွှတ်ချခံခဲ့ပါတယ်။ သို့သော်
ငါထွက်မသွားပါ။
စိတ်လှုပ်ရှားစွာ
စောင့်နေခဲ့ပါတယ်။ သို့သော်
သူပြန်မလာပါ။
-အံ့လွန်းပျို
💔6😢2❤🔥1
Forwarded from KREEYER
The world of science ရဲ့ Owner ဖြစ်ပါတယ် ဒါပေမဲ့ sub 200ကျော် channel ဟာအကြောင်းအမျိုးမျိုးကြောင့်ပြတ်သွားခဲ့ရပါတယ် တစ်ခုတည်း ဒီနာမည် နဲ့ CHANNEL ထောင်ခဲ့ပြီး တစ်ပတ်တောင်မကြားခဲ့ပဲပြတ်သွားခဲ့ပါတယ်
ခုတော့ အတည်ပေါက်ကြီး လုပ်သွားမှာပါ။ အဓိကအားဖြင့် SCIENCE MYSTERY နဲ့ Space of nasa new တွေကိုတင်ပေးသွားမှာ ပါ ကိုယ်သိတာသင်ချင်ရင်လည်း @PinkPather12 ရှိပါတယ် ကျွန်တော် ရဲ့ ပေါက် ကရအတွေးတွေလည်းပါလိုက်မယ်?
So join this
https://t.me/mgkreeyer124

❤🔥5❤1👏1
ကျွန်တော်ဟာ ဘယ်သူကိုမှအနိုင်ရရန် မကြိုးစားပါ။ ကျွန်တော်ဟာ ကျွန်တော်မှာရှိသော အမှန်တရားရဲ့ အရှိကိုအရှိအတိုင်းနေထိုင်ရန်သာ ကြိုးစားပါတယ်။ ကျွန်တော်အတွက် ဘဝအခက်အခဲများနဲ့ရှုံးနိမ့်နိုင်သော်လည်း အမှန်တရားနှင့်အတူ ရှိနေပါက စိတ်ပျက်စရာမရှိတဲ့ ရိုးသားတဲ့အရှုံးသမားဘဝကိုပိုနှစ်သက်၏။
-Abraham Lincoln
အမေရိကန်သမ္မတ
#RAIDEN_KT #History #Kyawthet
-Abraham Lincoln
အမေရိကန်သမ္မတ
#RAIDEN_KT #History #Kyawthet
❤8❤🔥1🥰1
အချစ်လား မေတ္တာလား
လိုချင်တာပြောပါ။
ခဏတာ ရင်ခုန်မှုမှာ
တစ်ဘဝစာ ပုံအပ်ထားပါတယ်။
မင်းယူသွားပါကွယ်။
-အံ့လွန်းပျို
လိုချင်တာပြောပါ။
ခဏတာ ရင်ခုန်မှုမှာ
တစ်ဘဝစာ ပုံအပ်ထားပါတယ်။
မင်းယူသွားပါကွယ်။
-အံ့လွန်းပျို
❤🔥5❤5
Forwarded from ကဗျာဗဟိုပြု စာပေကလပ်စည်း (A Poetry-Hub Literary Club) (Mhine)
ကဗျာစာစဉ်အမည် - နှလုံးသားထဲက အာဇာနည်
ကဗျာအမှတ်စဉ် (၅)
အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် မနက်ဖြန်တွင်ကျရောက်မည့် အာဇာနည်နေ့ကို ကဗျာများနှင့် အသိအမှတ်ပြုလိုပါသည်။ သို့ဖြစ်ပါ၍ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြပါရန် ဖိတ်ခေါ်လက်ကမ်းလိုက်ရပါသည်...🫡။
ကဗျာစာမူပိတ်သိမ်းချိန် - ၁၉ရက်နေ့ ည ၉နာရီ
ကဗျာစာစဉ်အတွက် ကဗျာစာမူများကို
@Alp_ll2010 ဒီအကောင့်ဆီ
ပေးပို့နိုင်ပါပြီခင်ဗျ။
-ကဗျာဗဟိုပြု စာပေကလပ်စည်း
#poetry_series
#A_poetryhub
#literary_club
❤4❤🔥1
Forwarded from Paper Poetry
ငါက ရင်ဘတ်တစ်ခုလုံး ဖွင့်ပြခဲ့ပေမဲ့
မင်းကတော့ စည်းတစ်ခု ခြားထားတုန်းပဲ။
အကုန်သိနေလျက်နဲ့ စောင့်မျှော်ရတဲ့ ငါ့အမေးမှာ
မင်းရဲ့ အဖြေတိုတိုလေးတွေက
ငါ့နှလုံးသားကို ခါးသက်စေခဲ့တယ်။
ငါ့ရဲ့ ပွင့်လင်းမှုတွေ လမ်းပျောက်တဲ့အခါ
မင်းရဲ့ တိတ်ဆိတ်ခြင်း တံတိုင်းရှေ့မှာ
ငါပဲ တိတ်တဆိတ် ရင်နာရုံပေါ့...။
-ရီယာညို

❤10💔2❤🔥1
စိတ်မှာ သတ်မှတ်ချက်မရှိဘူး။
မနေ့က ငါလုပ်ခဲ့တာတွေကို
ဒီနေ့ တွေးဖြစ်ချင်မှတွေးဖြစ်မယ်။
ဒါပေမဲ့ မင်းကိုတော့ အချိန်တိုင်း
တမ်းတမိတာအမှန်ပါ။
-အံ့လွန်းပျို
မနေ့က ငါလုပ်ခဲ့တာတွေကို
ဒီနေ့ တွေးဖြစ်ချင်မှတွေးဖြစ်မယ်။
ဒါပေမဲ့ မင်းကိုတော့ အချိန်တိုင်း
တမ်းတမိတာအမှန်ပါ။
-အံ့လွန်းပျို
❤12❤🔥1👏1
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။
-အရစ္စတိုတယ်
#Kyawthet #History #RAIDEN_KT
-အရစ္စတိုတယ်
#Kyawthet #History #RAIDEN_KT
❤15❤🔥1🥰1
ဇာနည်သွေးတို့ ရဲစေသော်ဝ်
အာဇာနည်တဲ့
ကိုးဦးကွဲ့
ဂုဏ်လဲ့လို့ပြောင် သူတို့ဆောင်။
နိုင်ငံ့အကျိုး
ထောက်ပံ့ပိုး
အမျိုးထိပ်ခေါင် ကြံတိုင်းအောင်။
သမိုင်းတို့သည်
ဆက်၍တည်
ရောင်ခြည်ထိန်တောင် ဂုဏ်မမှောင်။
အတုယူကြ
ကိုးဦးမှ
သူ့နှလုံးနောင် သိမ်းထားဘောင်။
နောင်လာနောင်သား
မျိုးကောင်းထား
ကြိုးစားလို့လောင် တို့မီးမြောင်။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
အာဇာနည်တဲ့
ကိုးဦးကွဲ့
ဂုဏ်လဲ့လို့ပြောင် သူတို့ဆောင်။
နိုင်ငံ့အကျိုး
ထောက်ပံ့ပိုး
အမျိုးထိပ်ခေါင် ကြံတိုင်းအောင်။
သမိုင်းတို့သည်
ဆက်၍တည်
ရောင်ခြည်ထိန်တောင် ဂုဏ်မမှောင်။
အတုယူကြ
ကိုးဦးမှ
သူ့နှလုံးနောင် သိမ်းထားဘောင်။
နောင်လာနောင်သား
မျိုးကောင်းထား
ကြိုးစားလို့လောင် တို့မီးမြောင်။
ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-သံပေါက်
❤14❤🔥5
မောင်သုတ 🧐
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။…
သင့်တို့၏ဘဝကို ကံတရားကပုံဖော်ပေးတာမဟုတ်ဘဲ သင့်တို့၏အလေ့အကျင့်တွေကဖန်တီးပေးခြင်းသာဖြစ်ပါတယ်။
အမြော်အမြင်ကြီးမားသူ အရစ္စတိုတယ်က ဒီလောကကြီးမှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ရပ်အများစုဟာ အလိုအလျောက်ဖြစ်တည်နေကြောင်းကို သူကသတိပေးခဲ့ပါတယ်။ ဒီနေ့ကျွန်တော်တို့ ထပ်ခါတလဲလဲလုပ်ဆောင်နေတာတွေက ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာတွေကိုတဖြည်းဖြည်းချင်းစီ ပုံသွင်းပေးနေတာဖြစ်တယ်။ အဲဒီစရိုက်တွေကနေ ကျွန်တော်တို့တွေဟာမိမိရဲ့ ဆုံးဖြတ်ချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပြီး ထိုဆုံးဖြတ်ချက်တွေကဘဲ ကျွန်တော်တို့ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပေးသွားမှာဖြစ်တယ်။
အကယ်လို့များကျွန်တော်တို့က နေ့စဉ်နဲ့အမျှကိုယ်လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းနေမယ်၊ ညည်းညူနေမယ် ဒါမှမဟုတ် ဖြတ်လမ်းတွေကိုသုံးဖို့ နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်တိုးတက်မယ့်ရလဒ်တွေက သိပ်ပြီးမပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုတော့ အံ့သြစရာမရှိပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဆန့်ကျင်ဘက်အနေနဲ့ စည်းကမ်းရှိရမယ်၊ စာဖတ်ရမယ်၊ သင်ယူလေ့လာမှုတွေလုပ်ရမယ်...ဒီအလေ့အထတွေကိုတစိုက်မတ်မတ်လုပ်ခြင်းက ရေတိုကာလမှာတော့ အရေးမပါဘူးလို့ထင်ရပေမယ့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေက ရေရှည်ကာလနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ သိသိသာသာကောင်းကျိုးခံစားရပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင် စိတ်အားထက်သန်မှုဟာ မြင့်မားနေဖိုထက် မိမိအတွက်ပိုကောင်းတဲ့ အလေ့အကျင့်တွေ ရှိဖို့လိုအပ်ရုံပါပဲ။ ကျွန်တော်တို့ဟာ မိမိရေးခြယ်တဲ့အနာဂတ်ဆိုတာကို တိုက်ဆိုင်မှုတွေကနေတဆင့် ဖြစ်တည်လာတာမျိုး မဟုတ်ဘဲ...မိမိရဲ့အကျင့်စရိုက်တွေကို မိမိကိုယ်ပိုင်တစ်ဦးတစ်ယောက်ကပဲဖာသိဖာသာ ကျင့်ယူပြီး မိမိရဲ့ကံကြမ္မာကို ကိုယ်တိုင်းဘဲအလေ့အထတွေနဲ့ ရေးခြယ်နေတဲ့ လေ့ကျင့်မှုရဲ့ထပ်ခါထပ်ခါ ဖြစ်တည်နေတာသဘောမျိုးဖြစ်၏။
-RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT
လူအတော်များများဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရုံနဲ့ သူတို့ရဲ့ဘဝတွေကို ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အနာဂတ်ကို အမှန်တကယ်ဆုံးဖြတ်ပေးတဲ့အရာက ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု မဟုတ်ဘဲကျွန်ုပ်တို့ရဲ့နေ့စဉ် ကျင့်သုံးနေတဲ့ သေးငယ်တဲ့အလေ့အကျင့်လေးတွေပါပဲ။
-အရစ္စတိုတယ်
အမြော်အမြင်ကြီးမားသူ အရစ္စတိုတယ်က ဒီလောကကြီးမှာ ကျွန်တော်တို့အားလုံးရဲ့လုပ်ရပ်အများစုဟာ အလိုအလျောက်ဖြစ်တည်နေကြောင်းကို သူကသတိပေးခဲ့ပါတယ်။ ဒီနေ့ကျွန်တော်တို့ ထပ်ခါတလဲလဲလုပ်ဆောင်နေတာတွေက ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာတွေကိုတဖြည်းဖြည်းချင်းစီ ပုံသွင်းပေးနေတာဖြစ်တယ်။ အဲဒီစရိုက်တွေကနေ ကျွန်တော်တို့တွေဟာမိမိရဲ့ ဆုံးဖြတ်ချက်တွေကို အဆုံးအဖြတ်ပေးနိုင်ပြီး ထိုဆုံးဖြတ်ချက်တွေကဘဲ ကျွန်တော်တို့ဘဝရဲ့ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပေးသွားမှာဖြစ်တယ်။
အကယ်လို့များကျွန်တော်တို့က နေ့စဉ်နဲ့အမျှကိုယ်လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းနေမယ်၊ ညည်းညူနေမယ် ဒါမှမဟုတ် ဖြတ်လမ်းတွေကိုသုံးဖို့ နည်းလမ်းတွေကို ရှာဖွေနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်တိုးတက်မယ့်ရလဒ်တွေက သိပ်ပြီးမပြောင်းလဲမှာမဟုတ်ဘူးဆိုတာကိုတော့ အံ့သြစရာမရှိပါဘူး။ ဒီအတွက် ကျွန်တော်တို့က ဆန့်ကျင်ဘက်အနေနဲ့ စည်းကမ်းရှိရမယ်၊ စာဖတ်ရမယ်၊ သင်ယူလေ့လာမှုတွေလုပ်ရမယ်...ဒီအလေ့အထတွေကိုတစိုက်မတ်မတ်လုပ်ခြင်းက ရေတိုကာလမှာတော့ အရေးမပါဘူးလို့ထင်ရပေမယ့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေက ရေရှည်ကာလနှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ သိသိသာသာကောင်းကျိုးခံစားရပါလိမ့်မယ်။
ဒါကြောင့် အောင်မြင်တဲ့သူတွေဖြစ်ဖို့ဆိုရင် စိတ်အားထက်သန်မှုဟာ မြင့်မားနေဖိုထက် မိမိအတွက်ပိုကောင်းတဲ့ အလေ့အကျင့်တွေ ရှိဖို့လိုအပ်ရုံပါပဲ။ ကျွန်တော်တို့ဟာ မိမိရေးခြယ်တဲ့အနာဂတ်ဆိုတာကို တိုက်ဆိုင်မှုတွေကနေတဆင့် ဖြစ်တည်လာတာမျိုး မဟုတ်ဘဲ...မိမိရဲ့အကျင့်စရိုက်တွေကို မိမိကိုယ်ပိုင်တစ်ဦးတစ်ယောက်ကပဲဖာသိဖာသာ ကျင့်ယူပြီး မိမိရဲ့ကံကြမ္မာကို ကိုယ်တိုင်းဘဲအလေ့အထတွေနဲ့ ရေးခြယ်နေတဲ့ လေ့ကျင့်မှုရဲ့ထပ်ခါထပ်ခါ ဖြစ်တည်နေတာသဘောမျိုးဖြစ်၏။
-RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT
❤8❤🔥1
ကိုယ်ချင်းစာစိတ်ရှိရင်
ကောင်းမှာပဲ အသက်။ အခုတော့
ငါကမ္ဘာပျက်နေတာကိုကျ
လျစ်လျူရှုခဲ့တဲ့မင်းက
ဟိုလူမျက်နှာညှိုးမှာကိုတော့
ကြောက်တတ်နေပြီ...။
-အံ့လွန်းပျို
ကောင်းမှာပဲ အသက်။ အခုတော့
ငါကမ္ဘာပျက်နေတာကိုကျ
လျစ်လျူရှုခဲ့တဲ့မင်းက
ဟိုလူမျက်နှာညှိုးမှာကိုတော့
ကြောက်တတ်နေပြီ...။
-အံ့လွန်းပျို
😢14❤🔥1👍1