မောင်သုတ 🧐
9.14K subscribers
6.56K photos
222 videos
92 files
970 links
သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ

CB - @MgThuThaBot
February 9. 2022
Download Telegram
Forwarded from Paper Poetry
နိဗ္ဗာန်

ပန်းကလေးတွေကို ငေးကြည့်ရတာ
ရင်ထဲမှာ အေးချမ်းလှပြီလို့ ထင်ခဲ့ဖူးတာ၊

ဒါပေမဲ့...
မင်းရဲ့ အပြုံး၊ မင်းရဲ့ မျက်ဝန်းတွေကို
ငေးရတဲ့အခါမှအဲဒီအေးချမ်းမှုက
အနန္တအထိ ကျယ်ပြောသွားတယ်။

ပန်းတွေပေးတဲ့
စိတ်ချမ်းသာမှုထက် ပိုပြီး၊
မင်းကို ကြည့်နေရတဲ့
ဒီအခိုက်အတန့်ဟာငါ့အတွက်တော့...
မြတ်စွာဘုရား ဟောကြားခဲ့တဲ့ နိဗ္ဗာန်ပါပဲ။

-သက္က
❤13🔥7❤‍🔥3🍓2
ကဗျာထဲက သူရဲကောင်း

ရွာဦးကျောင်းမှာ
ရေတွင်းတူး‌တုန်းက
မင်းမပါဘူး ...။
ငါတို့လယ်တွေ ပျိုးကြဲတုန်းက
မင်းမပါဘူး ...။
လွင်တီးခေါင်တွေ
သစ်ပင်စိုက်တုန်းက
မင်းမပါဘူး ...။
ခုတော့ မင်းက
ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို
သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို
သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို
ဟိုချီမင်းက မင်းဘကြီးလိုလို
မင်းကဗျာတွေဖတ်ရတာ
အသက်ရှူကြပ်ပြီး မနေတတ်ဘူး။
ဪ ...
ဪ ...
ဪ ...
မင်းကဗျာတွေက ဘာလိုလို။

-အောင်ဘညို
❤11❤‍🔥2
မိုးရွာတဲ့အခါ
အေးစက်မှုတွေ နွေး‌ပါစေ။
နေပူတဲ့အခါ
အပူလုံးတွေ အေးပါစေ။
မင်းအချစ်ရေးကံဆိုးတဲ့အခါ
ကိုယ်လိုလူနဲ့ ဝေးပါစေ။

-အံ့လွန်းပျို
❤19❤‍🔥2
Forwarded from Paper Poetry
စွဲလမ်းမက်မောခြင်းဟာ
ဒုက္ခရဲ့အစလို့ ဘုရားရှင်က
တရားပြခဲ့ပေမဲ့၊

ငါကတော့ မင်းဆိုတဲ့
ဒုက္ခကြီးကိုပဲ မြတ်မြတ်နိုးနိုး
ဖက်တွယ်ထားချင်ခဲ့တာ...။

အင်း...ဒီဘဝတော့
ဘုရားရှင်ရဲ့ တရားနဲ့ ငါလမ်းလွဲခဲ့ပြီ။

-သက္က
🍓14❤‍🔥3❤1😨1
နီးခြင်း၊ ဝေးခြင်း
သဘောတရားတွေနဲ့
အကျင့်သားရနေသူမလို့
အနားမှာမရှိရင်နေပါ။
ချစ်တယ်ဆိုရင်ပဲ
အသက်တစ်ရက် ပိုရှည်ပါပြီ။

-အံ့လွန်းပျို
❤22
ယုံကြည်မှုနဲ့ဆုပ်ကိုင်ထားတဲ့လက်တွေပါ။
လူချင်းနီးမှ မြဲတယ်ဆိုတဲ့ လက်တွေမှာပဲ
ဒဏ်ရာတွေ ရှိတယ်မထင်ပါနဲ့။
သူ့လက်မှာလဲအသားမာနဲ့
ငါ့လက်မှာလဲအမာရွတ်နဲ့...။

-အံ့လွန်းပျို
❤16💯1
ကျွန်တော့်ရဲ့ကျွန်တော်

နွေဦးမှာ
ရွက်ဝါတွေရှိတယ်။
ကျွန်တော့်မှာ ကျွန်တော်ရှိတယ်။
အာဒံမှာ
ဧဝရှိတယ်။
ကျွန်တော့်မှာ ကျွန်တော်ရှိတယ်
နတ်သျှင်နောင်မှာ
ရာဇဓာတုကလျာရှိတယ်
ကျွန်တော့်မှာကျွန်တော်ရှိတယ်။
ဂျူးမှာ
အမှတ်တရ ရှိတယ်။
ကျွန်တော့်မှာကျွန်တော်ရှိတယ်။
တစ်ခုခုတိုင်းမှာ
တစ်ခုခုရှိပေမဲ့
ကျွန်တော့်မှာကျွန်တော်ပဲရှိတယ်။
ကိုယ့်အားကိုယ် ကိုးကာ
ကျွန်တော့်မှာကျွန်တော်ရှိတယ်။
သမိုင်းတစ်ခု
တည်ဆောက်ဖို့
ကျွန်တော့်မှာ ကျွန်တော်ပဲရှိတော့တယ်။

-တက္ကသိုလ်သျှင်ဘုန်း
❤14
ရမ္မက်

သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင်
ရမ္မက်တဏှာ ၊ ရှိကြစွာ၏။
ရေငန်တစ်စက် ၊ပမာလျက်မူ
ထပ်၍တောင့်တ ၊ လိုချင်ကြ၏။

တဏှာအမှောင် ၊ ဖုံးကာဆောင်က
အရှက်သညှာ ၊ ဂုဏ်သိက္ခာရိုး
ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင်
ပို့၍ဆောင်သည်။

တဏှာရမ္မက်၊ ပျားရည်စက်ကား
ဓားသွားပေါ်ထက်၊ရှိပါလျက်မှ
ပိုးဖလံမျိုး ၊ မီးကိုတိုးယူ
ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။

တန်သင့်သည့်ဆေး ၊ လွန်မည့်ဒုက္ခ
အသိအမှတ်၊ သတိကပ်၍
ရမ္မက်တဏှာ၊ ထိုအရာကို
ချင့်ကာသင့်စေ၊ သုံးဆောင်စေသော်။

အမောင်ကိုးလ်
#𝘾𝙤𝙡𝙙
❤19💯1
သမိုင်းပျောက်ရင်No history, No identityပဲ

-RAIDEN KT


ယနေ့လို တိုးတက်နေတဲ့ခေတ်ကာလကြီးမှာ လူအများစုက historyနဲ့ပတ်သက်ရင် googleတို့ Wikipediaတို့ Britannicaတို့မှာ အတော်များများလေ့လာနေကြရတာတွေ့ရပါတယ်။ ဒါပေမယ့်သူတို့ Pageကပေးတဲ့ Dataတွေကိုလေ့လာရုံဖြင့်လည် မပြီဆုံးသေးပေ။ ဘာလိုဆိုရင် ကျွန်တော်တို့ဟာ မိမိလေ့လာလိုက်တဲ့Content တစ်ခုကိုပြန်လည်ဝေဖန်တတ်ဖို့လည်းလိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လူသားတွေရဲ့သမိုင်းဟာတစ်နေရာထဲမှာအစုလိုက်ရပ်တန့်နေတာမဟုတ်ဘဲ ကမ္ဘာကြီးနဲ့အတူ သဟဇာဖြစ်တည်ပြီး အရှိန်အဟုန်နဲ့လည်ပတ်နေတဲ့ အသက်ရှိတဲ့ရေစီးကြောင်းတစ်ခုပါပဲ ဒါကို ခေတ်ရေစီးကြောင်းလို့ တစ်မျိုးခေါ်နိုင်ပါသေးတယ်။  သမိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အခါ ထွက်လာတဲ့ ယုတ္တိဆန်တဲ့မေးခွန်းတွေက‌တော့ ငါတို့‌နေထိုင်တဲ့ပတ်ဝန်းကျင်သမိုင်းဟာဘာလဲ? ငါတို့ရပ်တည်နေတဲ့ ဟောဒီမြေပြင်ကြီးရဲ့ သမိုင်းကဘယ်ကစခဲ့လဲ? ငါတို့ရဲ့ rootတွေက ဘယ်ကအစပြုခဲ့တာလဲ? စသဖြင့် မေးခွန်းတွေနဲ့ ဝေဖန်တတ်ဖို့လိုအပ်ပါတယ်။ ဆိုတော့သမိုင်းဆိုတာဟာIt starts with our daily routine ဆိုတဲ့စကားတွေနဲ့ ပြန်လည်ဆန်းစစ်ကြည့်ပြီး သမိုင်းဝါသနားရှင်တွေအတွက်ရော လူငယ်မျိုးဆက်သစ်တွေအတွက်ပါ red flag တစ်ခုဖြစ်လာနိုင်ပါတယ်။

RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT
❤8
မေတ္တာစာ

မနက်ခင်းမိုးလင်းလို့
ကြားရတဲ့ နှိုးစက်သံအစား
မင်းရယ်သံကိုသာ ငါနားဆင်မယ်။
ညခင်းမိုးချုပ်လို့မြင်ရတဲ့
ကြယ်ကလေးတွေအစား
မင်းမျက်နှာကိုသာ ငါထိုင်ကြည့်မယ်။
နေ့စဉ်ဓူဝလုပ်နေကျအရာတွေအထဲ
မင်းကိုချစ်ရတဲ့ တာဝန်ကိုတော့
ငါမပျက်မကွက် ဆောင်ရွက်ဆဲပါ
အချစ်ရေ...။

-အံ့လွန်းပျို
❤24
Forwarded from Paper Poetry
"ပြည်တွင်းစစ်"

သေနတ်သံကြားရင်
မီးအိမ်ငြှိမ်းရတဲ့ ညတွေများလာပြီ။

စိမ်းစိုခဲ့တဲ့ မြေကြီးပေါ်မှာ
ယမ်းခိုးတွေပဲ သီးပွင့်လာခဲ့တာ...

နိုင်သူမရှိသေးတဲ့ စစ်ပွဲထဲ
ရှုံးနိမ့်သွားတာကတော့...
အမေ့ရဲ့ မျက်ရည်နဲ့
ငါတို့ရဲ့ အနာဂတ်တွေ။

-သက္က
💔22❤7😢4👍1🥴1
ကျွန်တော်လူငယ်ပါ။ အိပ်မက်တွေ၊
ရည်မှန်းချက်တွေ၊ဝါသနာတွေရှိတဲ့
လူငယ်တစ်ယောက်ပါ။
မဖြစ်လာနိုင်တဲ့ ဒီနိုင်ငံကြီးကိုတောင်
မျှော်လင့်ချက်ထားမိရင်
ခင်ဗျားအချစ်အပေါ်
ကျွန်တော်မျှော်လင့်မိတာ မဆန်းပါဘူး။

-အံ့လွန်းပျို
❤19🔥3❤‍🔥1
အသက်တမျှ

ငါတို့ ပြန်မဆုံနိုင်တော့ရုံပါပဲ
မင်းလဲ တခြားကမ္ဘာဆီ ထွက်မပြေးနိုင်
ငါလဲ ဒီကမ္ဘာပေါ်ကနေ ခုန်မချနိုင်။

-ကေဇဝင်း
❤16
Forwarded from Paper Poetry
တနင်္လာနေ့မှာ ဘုရားသွားတာဟာ
ပုံမှန်ပါပဲ ကလေးမရယ်...။

တနင်္လာ နာမ်ထောင့်မှာ
နှင်းဆီပန်းနဲ့ ရေချမ်းကပ်တယ်၊
ပြီးတော့ ဘုရားပူဇော်တယ်...

ဤသို့ပြုရ ကုသိုလ်မှသည်
အဆုံးမှာတော့ ကလေးမနဲ့ ညားရပါလို၏ပေါ့။

-သက္က
❤13⚡1🥴1
ပန်းပျိုးသူ

ချစ်တဲ့သူငယ်လေ...
သူငယ်ချင်းကောင်း ပန်သူတို့လေ...။

ပျိုးပါရလို၊ ပျိုးရလျှင်လဲ
၀င့်၀င့်ကြွားကြွား၊ ပွင့်ခိုင်များနှင့်
ခံ့ညားထည်၀ါ၊ ပျိုကညာတို့
ခေါင်းမှာပန်ဆင်၊ လူမထင်တဲ့
ဂေါ်သဇင်ပန်း မှသာတဲ့။

စိုက်ပါရလို၊ စိုက်ရလျှင်လဲ
နွေဦးလေရူး၊ အလှထူးတဲ့
တန်ခူးနဲ့ပြိုင်၊ ရနံ့ကြိုင်လို့
တောမြိုင်လယ်ထက်၊ မြရောင်ရွက်နှင့်
ရွှေခက်ရွှေငုံ၊ အလှခြုံတဲ့
ရွှေဘုံပိတောက် မှသာတဲ့။

ဆက်ပါရလို ဆက်ရလျှင်လည်း
ပန်းကိုချစ်သူ၊ ပန်းကိုမူကား
မွှေးကြူတတ်ကာ၊ ဆံကေသာထက်
နေရာပေးသူ၊ တို့ကြင်သူပျို
ချစ်သူဒေ၀ီ မှသာတဲ့။

မောင်ပျိုးတဲ့ပန်းမွှေးမွှေး၊ ပန်ပေးချင်တယ်လေး။

-ဒေါင်းနက်
❤12🤣1
လက်ဖက်ရည်နဲ့စီးကရက်
တက္ကသိုလ်ဘုန်းနဲ့မင်းလူ
Supernatural နဲ့မြိုင်ရာဇာတွတ်ပီ
ငါတို့ရဲ့သုခဘုံတွေ

ရော့အင်ရိုလ်း
ကမ်းထရီးဆောင်း
စိုင်းထီးဆိုင်
လွှမ်းမိုး
ငါတို့ရဲ့လူငယ်ဘဝတွေ

မိုးရွာတာကိုနှစ်သက်တယ်
အပြာကားကြည့်တယ်
တရားနာတယ်
ငါတို့ရဲ့‌အကောင်းအဆိုးတွေ


ကိုဗာစကီးလိုမဖြစ်ချင်
သုခဘုံကိုသာ ငါတို့မက်မောခဲ့
ငါတို့ဟာ
မချမ်းသာတဲ့သုခဘုံမှာပဲ
မွှေ့လျော်ခဲ့ ။



-အမောင်သျှင်
သစ်ရွက်အကြွေများထစ်ချုန်းသည်
❤17🔥2🤣2🍓1
ချိန်းဆိုချက်တွေ လွဲတယ်
လွယ်မယ်ထင်တာတွေ ခက်ပြီး
ခက်မယ်ထင်တာတွေ မလွယ်ဘူး။

ငါ တစ်ယောက်တည်း ထိုင်တယ်
ငါ တစ်ယောက်တည်း ကဗျာရေးတယ်
အတွေးမှာ စံပယ်တွေ ဖွေးနေ။
ညနေက ငါ ပိုက်ကျော်ခြင်းခတ်တယ်
တည်လို့မရတာ ငါ ရအောင် တည်တယ်။

အဲ့သလို
ပျော်လို့မရတာ ငါ ရအောင် ပျော်တယ်။

-ခင်ဇော်မြင့်
❤19
Forwarded from Paper Poetry
"၂နှစ်အလွန်"

အသက် နဲ့ အတူသွားခဲ့ဖူးတဲ့
နေရာတွေဆီပြန်ရောက်မိတော့၊

အရင်လိုပါပဲ...
အတူထိုင်နေကျဆိုင်လေးက အရင်လို၊
အတူသွားခဲ့ဖူးတဲ့လမ်းလည်း အရင်လို၊
ခံစားချက်တွေလည်း အရင်လို၊
ပြုံးရယ်မိတဲ့အထိ အရင်လိုပါပဲ...

အရင်လို မဟုတ်ခဲ့တာဆိုလို့
ငါ့ရဲ့ဘေး မင်း မပါတော့တာရယ်
မင်းရဲ့အနား ငါမဟုတ်တဲ့
သူစိမ်းတစ်ယောက်ပါနေတာရယ်။

-သက္က
❤8
ကိုယ့်ချစ်သူကို
ပျော်နေစေချင်တာဟာ
လူတိုင်းရဲ့ ဆန္ဒဆိုရင်
မင်းကို‌လဲ တခြားတစ်ယောက်
ရင်ခွင်မှာ ငါပျော်နေစေချင်တယ်။

-အံ့လွန်းပျို
❤8🔥1
"ဝါဆို"

"တေးရေးနိုင်မြန်မာ" ကိုအရှေ့တောင်အာရှအထင်ရှားဆုံးဂီတပညာရှင်များထဲမှတစ်ဦးအဖြစ် BBC ကသတ်မှတ်ခဲ့တယ်။တေးရေးမောင်ဆွေနွယ်သည် မိမိဆရာရင်းဟုနိုင်မြန်မာပြောခဲ့ဖူးတယ်။သီချင်းစာသားအကြောင်းအရာပိုင်းလှပအားကောင်းစေရန်၊ ကာရန်မိစွာ၊ အချိတ်အဆက်အားကောင်းစွာရေးတတ်ရန် မောင်ဆွေနွယ်ကသင်ပြပေးခဲ့တယ်။ကဗျာဆရာ အောင်ချိမ့်ကိုအရမ်းကြိုက်သဖြင့် သီချင်းရေးသည့်အခါ "နိုင်ငံအောင်ချိမ့်" အမည်ဆင်ဆာတင်ရာ နိုင်ငံ စာလုံးပါနေ၍ ဆင်ဆာမပေးလို့ နိုင်ငံ စာလုံးအစားနာမည်ရင်းမှ နိုင် ယူပြီး "နိုင်မြန်မာ" ပေးခဲ့ကြောင်းအင်တာဗျူးတခုမှာပြောခဲ့ဖူးတယ်။

၉ တန်းကျောင်းသားဘဝမှာဂီတလောကသို့ ရောက်ရှိပြီးရန်ကင်းမှသူငယ်ချင်းများ နဲ့စုဖွဲ့၍ Eastern Villager အပျော်တမ်းတီးဝိုင်းအတွက်သီချင်းများကို နိုင်မြန်မာ ဒိုင်ခံရေးပေးခဲ့တယ်။ အဆိုတော်အောင်ခိုင်မော် ၏ သီချင်းခွေ တွင် သီချင်းများ ရေး‌ပေးရင်းသူ့သူငယ်ချင်းကိုင်ဇာနှင့် ရင်းနှီးခဲ့ရတယ်။

အဆိုတော်ကိုင်ဇာက နိုင်မြန်မာထံမှ နေဆီပျံမည့်ငှက် (သို့မဟုတ်) ယော်နသံဇင်ယော်၊ အိမ်ရှေ့မင်းသားလေးမောင်မောင်၊ ကိုယ်ရံတော်တပ်မှူးလေးသီချင်းတို့ကို ဝယ်ယူကာ "သီချင်းရှင်ကိုကြင်နာပါ" အခွေမှာစတင်သီဆိုခဲ့တယ်။ကိုင်ဇာ၏ ကစ္ဆပနဒီလှိုင်းသံ အခွေမှကိုယ်ရံတော်တပ်မှူးလေး သီချင်းမှာ အကြီးအကျယ် အောင်မြင်ခဲ့တယ်။ ကိုင်ဇာ၏ တူနှစ်ကိုယ်တိုင်းပြည် အခွေမှာ နိုင်မြန်မာရေး‌တဲ့ "ဆေးရောင်စုံမြင်ကွင်းကျယ်" သီချင်းမှာ နိုင်ငံရေးကိစ္စများဆိုကာ မဆလ ဆင်ဆာအဖွဲ့က ကိုင်ဇာ၊ နိုင်မြန်မာ၊ တီးဝိုင်း၊ အသံဖမ်းအင်ဂျင်နီယာ၊ ထုတ်လုပ်သူ အားလုံးအမှုဖွင့်ခဲ့လို့အားလုံးရင်ဆိုင်ဖြေရှင်းခဲ့ကြရဖူးတယ်။

တေးရေးနိုင်မြန်မာ၏ ဝါဆို၊ ဒုံးယိမ်းည၊ ပလက်ဖောင်းရှိုး သီချင်းများအောင်မြင်ခဲ့ကြတယ်။နိုင်မြန်မာ၏ နာမည်ကျော် "ကမ္ဘာမကြေဘူး" သီချင်းဟာ အမေရိကန် ရော့ဂီတတဖွဲ့၏ ၁၉၇၇ ခုနှစ်တွင်ထွက်ရှိခဲ့သော Dust in the Wind ၏ကော်ပီသီချင်းဖြစ်တယ်။

နိုင်မြန်မာအမည်ရင်း နိုင်ဦးမြင့်ကို ၁၉၅၈ ခုနှစ် မွေးပြီးညီအစ်ကို သုံးယောက်မှာအကြီးဆုံးသားဦးဖြစ်တယ်။ ဇနီးဖြစ်ဒေါ်ဝါဝါလွင်ဖြစ်ပြီး သား ၄ ဦး၊ သမီး ၁ ဦးနှင့် မြေး ၃ ဦး ထွန်းကားခဲ့တယ်။ တေးရေးနိုင်မြန်မာ ဟာ ၂၀၂၅ ခုနှစ်ရန်ကုန် သန်လျင်မြို့ရှိ နေအိမ်တွင်ကွယ်လွန်ခဲ့တယ်။

တေးရေးနိုင်မြန်မာ၏ “ဝါဆို” သီချင်းကရင်ဘတ်များကိုအသက်ကြီးခါမှလှုပ်ခါနိုင်ခဲ့တယ်။အသက် ၄၀ ကျော်မှ “ဝါဆို” ကိုကြိုက်ရကောင်းမှန်းသိတာပါ။ လေးဆယ်ကျော်အချစ်လို့မပြောချင်ဘူး။သီချင်းမူလအဆိုတော်က “သီလ” လား “ရာစု” လားတယောက်ပဲ။၁၉၈၀ တဝိုက် ဝါဆိုသီချင်းကိုစကြားဖူးတာ။ဒီသီချင်းကို “မိုးသက်တင်” ၁၉၉၀ နောက်ပိုင်းပြန်ဆိုတာ TV မှာ‌တွေ့ခဲ့တယ်။ဝါဆို ကို “ဟေမာနေဝင်း” သီဆိုတာလည်းကောင်းတယ်။ "ဝါဆို" က Version ၃-၄ မျိုးရှိပါတယ်။

ဝါဆို (တေးရေးနိုင်မြန်မာ)

မိုးအုံ့လို့သစ်ရွက်လေးတွေငြိမ်နေရင်တိမ်တွေပြိုတော့မှာကြိုသိတယ်..ဝါဆိုရယ်သိပ်သတိရမိတယ်…..

ပုန်းညက်တို့ရောက်ရှိကြောင်းကိုကြေညာခါငွေမုံငွေစတွေရွာတော့ကွယ်……ဝါဆိုရယ်သိပ်သတိရမိတယ်……..

တိုင်းရှစ်ခွင်းမှိုင်းညို့ဆိုင်းကမှောင်ရီချယ်...မိုးခြိမ်းသံသဲ့သဲ့ကြားတယ်ဝါဆိုရယ်……မိုးကအရင်အတိုင်းရွာနေပြီကွယ်…..လွမ်းတယ်ဝါဆိုရယ်……..

မိန်းကလေးရယ်မိုးစက်လေးတွေငုံနေတယ်....တို့မျက်နှာမိုးစက်လေးလာစင်နေတယ်…..တို့အဖြစ်ကိုပြောပြပေးပါဝါဆိုရယ်...မိုးတွေရွာပြီကွယ်……

တံစက်မြိတ်ကသစ်ခွပန်းတွေဝေနေချိန်...ပန်ဆင်ခဲ့ဘူးသူကိုယ်လွမ်းတယ်……ဝါဆိုရယ်သိပ်သတိရမိတယ်…

တို့နှစ်ယောက်စကားပြောခဲ့ကြတဲ့ခရေပင်အခြေ…မြေနီရောင်လမ်းကိုရောက်တိုင်းလေ…ဝါဆိုရယ်သိပ်သတိရမိတယ်……

တေးရေးနိုင်မြန်မာ
ဝါဆို Cover Song များ (Comment)

လွင်ဦး(ရန်ကင်း)
#lwinooyankin
❤13