မောင်သုတ 🧐
9.15K subscribers
6.56K photos
222 videos
92 files
970 links
သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ

CB - @MgThuThaBot
February 9. 2022
Download Telegram
Media is too big
VIEW IN TELEGRAM
အချစ်ဦးဆိုတာ မင်းပထမဆုံးတွဲခဲ့တဲ့သူကို ဆိုလိုတာမဟုတ်ဘူး....

မင်းကို အချစ်စစ်နဲ့ ချစ်တတ်အောင် သင်ပေးခဲ့တဲ့သူကို ဆိုလိုတာ....

အော်.... အချစ်ဦး.... အချစ်ဦး....
အရာရာကိုမေ့နိုင်တဲ့ လူကြမ်းကြီးတွေတောင်၊
အချစ်ဦးနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကိုတော့ မမေ့နိုင်ပါလားကွယ်။ ။

By Khun
----------
“First love isn’t the person you first dated....

It’s the person who taught you how to love with all your heart....”

Ah... first love... first love...
Even the toughest villains, who can forget everything else, can never forget the memories shared with their first love.

By Khun
#creatorsearchinsights #myheartissobroken
#Angél_Alphá
#unforgettable
❤15
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။

-အံ့လွန်းပျို
❤17🗿2
Media is too big
VIEW IN TELEGRAM
ကဗျာအမည် - ကျောက်သားအဖြစ်
ရေးသားသူ - ခင်ဇော်မြင့်
ရွတ်ဖတ်သူ - လင်းဧနူ

#A_poetryhub
#literary_club
❤3
ချစ်ဖူးသူဟာ
တစ်ယောက်တည်းပါ။
ငါကြည့်မိတဲ့ မိန်းမတွေအထဲ
မင်းအလှဆုံးလို့ ပြောရင်
သံသယမရှိ ယုံကြည်ပါကွယ်။

-အံ့လွန်းပျို
❤15👍2
Forwarded from Paper Poetry
"ချစ်ခြင်း သက်လျာ"

မင်းဆိုတဲ့ အဖြူရောင်ကမ္ဘာထဲ
ငါ့အချစ်တွေကို ထာဝရ သီကုံးထားပြီး၊
ကိုယ့်မေတ္တာ အရိပ်တွေကိုလည်း
မင်းဆံနွယ်တွေထက်
အလှဆုံးပန်ဆင်ထားပေါ့။

ချစ်တာကိုတော့ ယုံပေးပါ
နှစ်ပေါင်းများစွာတိုင်အောင်
မြတ်နိုးနေပါ့မယ်၊
သစ္စာတွေလည်း ယုံပေးပါ
မင်းခြေလှမ်းတိုင်းမှာ ကိုယ့်ရင်ဘတ်ကို ခင်းပေးထားပါ့မယ်။

အသက်ရေ…
ဘဝဆက်တိုင်း အထပ်ထပ် ဆိုပါရစေ၊
ဒီစကြာဝဠာမှာ မင်းတစ်ယောက်တည်းကိုသာ အချစ်ဆုံးပါ။

-သက္က
❤6
ကဗျာ့ရင်သွေးငယ်များ_1.pdf
15.7 MB
ကဗျာ့ရင်သွေးငယ်များ


ကလောင်ရှင်တို့၏ ပြီးခဲ့သော စာစဉ် - ၅ခုတွင်
ပါဝင်ရေးသားထားသာ ကဗျာလက်ရာများကို
စာအုပ်အဖြစ် ထုတ်ဝေတင်ပြအပ်ပါသည်။

ကဗျာဗဟိုပြုစာပေကလပ်စည်းမှ
စီစဉ်ထုတ်လုပ်သည့်
“ကဗျာ့ရင်သွေးငယ်များ”
ကဗျာစာအုပ် (E-book) ထွက်ရှိပါပြီ။
ခံစားဖတ်ရှုနိုင်ချေပြီ။

-ကဗျာဗဟိုပြု စာပေကလပ်စည်း

#Owner
#A_poetryhub
#literary_club
🍓5
ခဏခဏနေမကောင်းဖြစ်ခြင်းမှာ
မင်းဂရုစိုက်တာကို ခံချင်တဲ့
ငါ့ဆန္ဒဟာ ရာနှုန်းပြည့်ပါကွယ်။

-အံ့လွန်းပျို
❤9🍓6
Forwarded from Paper Poetry
အစ်ကို့ ကမ္ဘာထဲ
ပန်းတွေ ဘယ်လောက်ပဲ ပွင့်ပွင့်
ရွေးချယ်ချင်တာ ကလေးမတစ်ယောက်တည်းပါပဲ၊

ငှက်တစ်ကောင်အတွက်
နားခိုရာသစ်ပင်တွေများပေမယ့်
အစ်ကိုအတွက် လုံခြုံတာဆိုလို့
ကလေးမလေး ရဲ့ရင်ခွင်တစ်စုံသာရှိတာရယ်။

-သက္က
🥰7❤‍🔥2🍓2🔥1
အရာအားလုံးကို သတိတရ...
မျက်လုံးချင်းဆုံခဲ့တဲ့ အချိန်တွေ၊
မင်းလက်ကလေးကိုင်ခဲ့ရတဲ့
စက္ကန့်ပိုင်းတွေ၊ ကြည့်ရင်းနဲ့
ပြုံးရတဲ့ငေးမောမှုတွေ...
အသက်ရေ
ငါဟာမင်းကို သတိတရပါကွယ်။

-အံ့လွန်းပျို
🍓4👍3
Media is too big
VIEW IN TELEGRAM
ကဗျာအမည် - အိပ်ဆေးမေ့တဲ့ည
ရေးသားသူ - အံ့လွန်းပျို
ရွတ်ဖတ်သူ - လင်းဧနူ
❤4
Media is too big
VIEW IN TELEGRAM
“မင်းကို တခြားသူရင်ခွင်ထဲမှာ မြင်ရတာ နာကျင်ပေမယ့်…
မင်းပျော်နေတာကို မြင်ရတော့ ငါလည်း တိတ်တိတ်လေး ဝမ်းသာမိတယ်။” 🥀❤️‍🩹

“It hurts to see you with someone else, but I’m glad you’re happy.” 🥀

By Khun
#Angél_Alphá@mirror148
ပြည့်-စုံ-ပါ-စေ
ဘိုဖြူ
💔7😭4❤3
Forwarded from Paper Poetry
"သက်လျာ"

လေနှင်ရာမလွင့်တော့ဘူး
သက်လျာရေ၊
အချစ်ဆိုတဲ့အရာကို
အစ်ကို တကယ်နားလည်ခဲ့ပြီလေ။

ရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးထဲ
အရှင်းလင်းဆုံး ပန်းချီကားကို
သက်လျာ လို့အမည်သတ်မှတ်မယ်။

သက်လျာ အကြောင်းတွေးရင်း
ချရေးမိတဲ့စာပိုဒ်လေးတွေဟာ
ကဗျာလိုချိုမြိန်ခဲ့ရတာ။

ကော်ဖီခါးခါးနဲ့ သက်လျာ အပြုံးချိုချိုလေးဆိုတာ
အစ်ကို့ မနက်ခင်းအတွက်
အကောင်းဆုံးအတွဲအဖက်ပေါ့...

လူတွေက အချစ်ကို ကဗျာဆန်ဆန် ဖော်ညွှန်းကြပေမဲ့
အစ်ကို့ အတွက် "သက်လျာ" ဆိုတာ
အစ်ကို သက်ပြင်းချလိုက်တိုင်း
ပြန်ရှူသွင်းလိုက်ရတဲ့ အောက်စီဂျင်ပါပဲ။

-သက္က
❤5👍3
အမျိုးအတွက် စွန့်ဝံ့သူ

ချစ်တဲ့သူငယ်လေ . . .
သူငယ်ချင်းကောင်း သွေးသောက်တို့လေ . . . ။

တိုက်ပါရလို့ တိုက်ရလျှင်လဲ
ဗမာအရှင်၊ တို့သခင်မျိုး
မျိုးရိုးဂုဏ်ထက်၊ ဓားရေးသွက်သည့်
ဗမာဘက်မှသာတဲ့။

ကိုင်ပါရလို့ ကိုင်ရလျှင်လဲ
ကျောက်ကြီးကျောက်ငယ်၊ ခုနစ်သွယ်တို့
စီခြယ်အပ်သည့်၊ ရွှေထပ်ထားတဲ့
ယိမ်းနွဲ့ပါးဓားမှသာတဲ့။

စွန့်ပါရလို့ စွန့်ရလျှင်လဲ
ဘိုးဘွားတို့ချွေး၊ အသက်သွေးနှင့်
တို့မျိုးဇာနည်၊ ထီးနန်းတည်ထောင်
ဗမာပြည်ကြီးမှသာတဲ့။
ရန်သူတို့လည်းချောင်းသွေး၊
ခြေဆေးချင်တယ်လေး။

-ဒေါင်းနက်
🔥5❤2👍1
Media is too big
VIEW IN TELEGRAM
Knowledge Time! 💋


Top 10 d-e-a-d-l-i-e-s-t natural disasters

#natural_disasters
#Angél_Alphá@mirror148
❤‍🔥5
တံခါးမရှိ၊ ဓားမရှိ
ကော်ဇောခင်းလို့ စောင့်နေသူမို့
ရွှေရှိဖို့၊ ငွေရှိဖို့မလို
သူရှိရင်ပဲ ပြည့်စုံပါပြီ။

-အံ့လွန်းပျို
❤10
Forwarded from Paper Poetry
မင်း အရိပ်လေးကအစ
တွယ်ငြိမိတာဟာ သံယောဇဥ် ဆိုရင်၊

မင်း မျက်ရည်မကျရအောင်
ငါ့ရင်ဘတ်နဲ့ ကာကွယ်ပေးချင်တာက
ချစ်ခြင်းမေတ္တာ ပေါ့။

မနေ့ကလည်း မင်းပဲ၊
ဒီနေ့လည်း မင်းပဲ၊
လာမယ့် ရာသီတွေမှာလည်း မင်းတစ်ယောက်တည်းပါပဲ…

အချစ်ကလူကို စွံအ စေတာမို့
ဒီထက်ပိုပြီး ငါ မဖွင့်ဟတတ်တော့ဘူးကွယ်။

-သက္က
❤16🔥1
မောင်သုတ 🧐
Photo
သမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ စာပေလက်ရာကောင်းတွေဆိုတာ ကျွန်တော်တို့အတွက်မျက်စိပသာဒဖြစ်စေရုံသက်သက်တော့မဟုတ်ပါ။ ဒါကလူသားတွေရဲ့ တည်ရှိမှု၊ အသိတရားနဲ့ လွတ်လပ်မှုတွေကို နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်ပေးတဲ့ ဒဿနိကဗေဒဆိုင်ရာ သဘောတရားတွေရဲ့ ပုံရိပ်တစ်ခုလိုပါပဲ။ အဲဒီလို လက်ရာမြောက်လှတဲ့ စာပေတွေနဲ့ပတ်သက်ရင် ၁၃ရာစုအကုန်၁၄ရာစုအစောပိုင်းကာလမှာ အိတလီမြေပေါ်ကပေါက်ဖွားလာတဲ့ကမ္ဘာကျော် ကဗျာဆရာကြီးDante Alighieriရဲ့ စာပေဒဿနဟာဆိုရင်လည်း လုံးဝအထင်ကြီးစရားပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်Poetry Foundationမှာသူရဲ့အတ္တုပတ္တိ ကိုလေ့လာကြည့်တဲ့အခါ သူကသာမန်ကဗျာဆရာတစ်ဦးထက်ပိုတာသတိထားမိတယ်။ ဒါပေမယ့် သူကကဗျာဆရာနဲ့ ဒဿနိကဗေဒပညာရှင်အဖြစ်လည်း အားလုံးကသိကြမယ်ထင်ပါတယ်။ Dante Alighieriရဲ့ဘဝမှာ စာပေအယူအဆပေါင်းများစွာရှိပြီးအ့ဒီထဲကမှ အထင်ရှားဆုံးအယူအဆတစ်ခုကိုပြောရလျှင် သူဟာလူသားတွေအားလုံးရဲ့ ကံကြမ္မာနဲ့ အဆုံးအဖြတ်တိုင်းဟာ သူတို့အတွက်တန်ပြန်စေတဲ့ပြင်ပအာဏာတွေရယ် မိမိတို့ရဲ့တည်ရှိနေမှုဟာ ကံတရားသက်သက်ပေါ််မှာ မူမတည်နေကြောင်း ထိုတည်ရှိနေမှုဟာ လူသားတစ်ဦးချင်းစီး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် မိမိတို့၏အချုပ်အချာကို မိမိတစ်ဦးထဲသာစိုးမိုးနိုင်သော ဆုံးဖြတ်ချက်ဖြင့် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်မှုတွေပေါ်မှာအပြည့်အဝတည်ရှိနေကြောင်းကို သူကမိန့်ဆိုထားခဲ့ပါတယ်။

Dante Alighieriရဲ့ ရေးသာချက်တွေထဲမှာမှ ကမ္ဘာကျော်ပြီး ဥရောပရဲ့စာပေ‌ကဗျာလောကထဲကမှ အမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ Divine Comedyကဗျာလကာ်ကြီးထဲမှာဆိုရင်သူက ငရဲ၊ သန့်ရှင်းစင်ကြယ်ရာဌာနနဲ့ ကောင်းကင်ဘုံလို့ခေါ်တဲ့ ခရီးစဉ်၃ရပ်ကို သူကဖန်တီးပြသထားတယ်။ ဒီခရီးစဥ်၃ခုရပ်ထဲမှာ လူသားတွေဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ အသိတရားကို အခြေခံချချအသုံးချပြီး ကိုယ်ရဲ့အနာဂတ်အတွက် ကိုယ်ဖောက်ထုတ်မယ့် လမ်းကြောင်းဟူသမျှကို မိမိကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သူကအလေးအနက်တိုက်တွန်းပြသထားခဲ့တယ်။ ဆိုတော့ လူတစ်ယောက်က မိမိကိုယ်တိုင်မသိနားမလည်မှုတွေ၊ မိမိရဲ့မာန်မာနတွေ၊ အတ္တတွေနဲ့ အမှားထဲမှာ နစ်မွန်းနေမယ်ဆိုရင် သူကငရဲကျနေသလိုပါဘဲ။ ဒီအတွက် ကိုယ့်ရဲ့အပြစ်တွေကို ကိုကိုယ့်တိုင်သိမြင်တတ်ရမယ်...ထိုသိမြင်မှုကနောင်တတရားတွေနဲ့ ကိုယ့်ရဲ့ဝိညာဉ်ကို သန့်စင်လိုက်မယ်ဆိုရင် သူကတိုးတက်မြင့်မားရာ လမ်းကြောင်းမှန်ကို မလွဲရောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Dante Alighieriရဲ့ အတွေးအခေါ်တွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ပိုင်ဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ယူလိုစိတ်နဲ့ ကံကိုမိမိရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသာ လမ်းဖောက်နိုင်ကြောင်း ထုတ်ဖော်ပြပေးတဲ့ ဉာဏ်အလင်းရဲ့Classic era အထွတ်အထိပ်အယူအဆတစ်ခုပါပဲ။

-RAIDEN KT
Historian

#kyawthet #RAIDEN_KT #History
❤8🔥1
မရှိမဖြစ် ဆိုတာမျိုး
တကယ်ရှိခဲ့တယ် အသက်။
မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ
မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး
ငါ့ဘဝမှာလဲ ရှိခဲ့တယ်။

-အံ့လွန်းပျို
❤11🍓3
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ?????

အပိုင်း၁#
❤3