မောင်သုတ 🧐
9.15K subscribers
6.56K photos
222 videos
92 files
970 links
သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ

CB - @MgThuThaBot
February 9. 2022
Download Telegram
မောင်သုတ 🧐
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ????? အပိုင်း၁#
၁၉၉၂ခုနှစ်နဲ့ ၁၉၉၆ခုနှစ်ရဲ့ နှစ်ကာလတွေမှာအမေရိကန်ရဲ့ နိုင်ငံရေးလောကမှာလွှမ်းမိုးစိုးမိုးနေတဲ့ ပါတီကြီးတွေဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုပါ လုံးဝတုန်လှုပ်ခဲ့တဲ့ လူတစ်ဦးရှိခဲ့တယ်။ သူက သမ္မတနေရာအတွက် ဘယ်ပါတီထဲမှာမှ ဝင်အရွေးမခံဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ပြိုင်ခဲ့ပြီး သမိုင်းမှာ လူထုထောက်ခံမှုအရှိဆုံး နိုင်ငံရေးသမားအဖြစ် ပါတီကြီးတွေရဲ့စံနှုန်းကို ကျော်တက်ခဲ့သူ.....သူကRoss Perotဆိုတဲ့ တက္ကဆက်သား စီူပွားရေးသမားတစ်ဦးပါပဲ။

Ross Perotဆိုတဲ့သူကနိုင်ငံရေးနယ်ပယ်တစ်ခုထဲအတွက် သူကိုထောက်ခံသူတွေကိုမစည်းရုံးခဲ့ဘဲ စီးပွားရေးဗျူဟာနဲ့ လက်တွေ့ကျကျ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုထဲက ဝါရင့်နိုင်ငံရေးသမားတွေကို ပြတ်ပြတ်သာသာယှဉ်ပြိုင်ပြနိုင်ခဲ့တာပါပဲ။ သူဟာ၁၉၉၂ခုနှစ်သမ္မတရွေးကောက်ပွဲနဲ့ ၁၉၉၆ခုနှစ်ရဲ့ သမ္မတရွေးကောက်ပွဲမှာ နှစ်ကြိမ်းဆက်တိုက်ရှုံးနိမ့်ခဲ့ပေမယ့် သူရဲ့ စီးပွားရေးမဟာဗျူဟာတွေကတော့ ဘယ်တော့မှမကျရှုံးခဲ့ပါဘူး။ လူတွေဟာ ပါတီကြီးတွေရဲ့ မျှော်လင့်မရနိုင်တဲ့ ကတိကဝတ်တွေကို ယုံကြည့်ကာ သူကိုမျက်ကွယ်ပြုပေးမယ့် နိုင်ငံရေးအသိုင်းဝိုင်းထဲက ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန် ပါတီကြီတွေအတွက်တော့ Ross Perotက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘဲ သူရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဗျူဟာတွေက ထိုပါတီတွေအတွက် အမြဲတမ်းခုံလှုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမရိကန်နိုင်ငံရေးလောကမှာ Ross Perotဆိုရင် အခုထိမသိတဲ့သူမရှိလောက်အောင် ကျော်ကြားတုံပါပဲ။

-RAIDEN KT
#RAIDEN_KT #kyawthet #History
❤2
Media is too big
VIEW IN TELEGRAM
If meeting someone is a debt of karma... What kind of sins do I need to commit again just to meet you once more, my love? 🥺💔
----------
"လူချင်းဆုံရတာ ဝဋ်ကြွေးကြောင့်ဆိုရင်...
မင်းနဲ့ ငါ ထပ်ပြီး ဆုံတွေ့ရဖို့အတွက် ဘယ်လိုအပြစ်တွေများ ထပ်လုပ်ရမလဲ အချစ်ရယ်... 🥺💔"

#Khun
#Angél_Alphá@mirror148
😭5💔3😢2🔥1
Forwarded from Paper Poetry
ငါ့ရဲ့ သတိရခြင်းမှာ
သက်တမ်းကုန်ဆုံးရက် မရှိဘူး။
အချိန်တွေ ဘယ်လောက်ပဲ
ကုန်လွန်ပါစေ၊

မင်း နာမည်လေး အမှတ်တမဲ့
ကြားလိုက်မိတဲ့အခါ...
မင်းနဲ့တွဲမှတ်မိနေတဲ့သီချင်းလေး
ကြားမိတဲ့အခါတိုင်း...

ငါ့အလွမ်းတွေက အမြဲတမ်း
လိုလိုသစ်လွင်နေတုန်း။

-သက္က
❤12
အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့
အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။
ရခဲ့တာကတော့
ဥပေက္ခာတွေချည်း...။

-အံ့လွန်းပျို
😢10
လေနှင်ရာလွင့်တဲ့
လေလွင့်ရွက်ဝါလေး တစ်ရွက်ကို
ငါ့အတွက် ရောက်လာတဲ့
ကံကောင်းခြင်းလေးလိုမျိုး
တန်ဖိုးထားပေးခဲ့ပါတယ်...။

-အံ့လွန်းပျို
❤7
ကဗျာစာစဉ်အမည် - အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်း


ကဗျာစာစဉ် - ၆

လူငယ်မှန်ရင် အချစ်နဲ့ဘယ်ကင်းကွာဖူးပါ့မလဲ။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတဲ့အရာကို ဘယ်လိုများအဓိပ္ပာယ်ဖွင့်နိုင်မလဲ။ ဒီတစ်ခါမှာတော့ အရင်စာစဉ်တွေနဲ့မတူဘဲ အချစ်စာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...🌀။

ကဗျာစာမူပိတ်သိမ်းချိန် - ၂၈ရက်နေ့ ည ၉နာရီ
ကဗျာစာစဉ်အတွက် ကဗျာစာမူများကို
@Alp_ll2010 ဒီအကောင့်ဆီ
ပေးပို့နိုင်ပါပြီခင်ဗျ။

-ကဗျာဗဟိုပြု စာပေကလပ်စည်း

#poetry_series
#A_poetryhub
#literary_club
❤4
အသက်ရှင်နေရခြင်းမှာ
ဝန်ကင်းချင်တယ်။အများအကျိုး
အတွက်ဆိုရင်တောင် တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ရမယ်။
ငါဟာ ချောက်ကမ်းပါးစွန်းမှာ...။

-အံ့လွန်းပျို
💔9
Forwarded from Paper Poetry
ဖုန်းဆိုးမြေထဲက ပန်းတစ်ပွင့်

ကမ္ဘာကြီးက ဖုန်းဆိုးမြေဆိုရင်…
ကလေးမလေးဟာ
ဒီမြေရိုင်းထဲမှာ ဖူးပွင့်လာခဲ့တဲ့
တစ်ပွင့်တည်းသော ပန်းလေးပေါ့။

အဲဒီ ပန်းလေးတစ်ပွင့်အတွက်နဲ့ပဲ
ဒီငြီးငွေ့စရာ ကမ္ဘာကြီးထဲမှာ
အစ်ကို အသက်ဆက် ရှင်သန်နေခဲ့ရတာ။

မင်းကို တိတ်ဆိတ်စွာ ငေးကြည့်ရင်း
ဖွင့်မပြဖြစ်ခဲ့တဲ့ ခံစားချက်တွေထဲမှာ…
အသက် ကို ဘယ်လောက်တောင်
မြတ်နိုးခဲ့ရကြောင်းတွေ
အပြည့်အဝ ပါဝင်နေခဲ့ပါတယ် သက်လျာ။

-သက္က
❤7
ကျွန်တော်တို့ လူသားတွေရဲ့ အတွေးအခေါ်က‌နေ ယိုစိမ့်လာတဲ့စနစ်တစ်ခုမှာ အမှန်တရားဆိုတာ ပထမဦးဆုံး အကျင့်သီလဖြစ်သကဲ့သို့ပင်၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းများတွင်လည်း တရားမျှတမှုဆိုတာဟာ ပထမဦးဆုံး ကျင့်ဝတ်သီလဖြစ်ရပါမယ်။

"A Theory of Justice"၏စာအုပ်မှ

-John Rawls
ကျင့်ဝတ်ဒဿနပညာရှင်
❤10
အလွမ်း

တမ်းတမ်းတတ
လွမ်းနာကျ
ဘဝအစဉ် လွမ်းမိပင်။

-အံ့လွန်းပျို
❤10
Media is too big
VIEW IN TELEGRAM
ခွန်းပြောတာ မှန်တယ်မဟုတ်လား🤭😁

#selflove #Ran_Bing #Ling_Cage
#Angél_Alphá@mirror148
😁5💯3
ကိုယ်မြန်မာပြည် စရောက်တုန်းကဆို
ဘုမသိဘမသိနဲ့ တော်"ငယ်အုံးမယ်
8 ပေါင် 9 အောင်စပဲရှိသေးတယ်

ဒီကြားထဲ ဘာသာစကားကလည်း
မတတ်နားမလည်တော့ နေ့တိုင်း
တစ်ယောက်တည်း ငိုခဲ့ရသေးတယ်

3 နှစ်လောက်လည်း ထမင်းတောင်
သေချာမစားရဘူး...

#crd
#Khun
🤣22❤2
ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။

-မောင်ချောနွယ်
❤17😢4
ပညာဟူသည်၊ နတ္တမည်ပင်
တည်တံ့ဉာဏ်ဦး၊ ထည်ဝါထူးလည်း
အရူးစကား၊ ယုံကြည်ထားမူ
အလားတူဟန် ဉာဏ်မဲ့တည်း။

-အံ့လွန်းပျို
❤5👍1🔥1
Forwarded from Paper Poetry
"အဝေးရောက်မြို့ရဲ့ ညနေကဗျာ"

သစ်ရွက်ခြောက်တွေ ကြွေကျတဲ့ လမ်းမမှာခြေသံတွေ ခပ်ဖြည်းဖြည်း။

မှိုင်းညို့နေတဲ့ ကောင်းကင်အောက်မြို့ပြရဲ့ ဆူညံသံတွေကြားထဲကမှအစ်ကို တိတ်တဆိတ် သီဆိုမိတဲ့ တေးသွားဟာ
မင်း နာမည်လေးတစ်ခုပါပဲ။

တိမ်စပျောက်နေတဲ့ ညနေခင်းရဲ့
အရိပ်ကိုငေးကြည့်ရင်း စီစဉ်မိတယ်၊နံနက်ခင်းသစ်တစ်ခု ရောက်လာရင်
မင်းဆီကို ဘယ်လို စာလွှာပါးရမလဲဆိုတာ။

လက်မှာပတ်ထားတဲ့ နာရီဟောင်းလေးသာ စကားပြောတတ်ရင်သူလည်း ဒီအထီးကျန်မှုကို မမှုဘဲမင်း ရောက်လာမယ့်
အချိန်ကိုပဲ ရေတွက်ပြနေမှာပဲ။

လွမ်းဆွတ်ခြင်းတွေသာ မပါရင်ဒီမြို့ပြကြီးရဲ့ ညနေဟာမင်းရဲ့ အပြုံးလိုပဲဘယ်လောက်တောင် အေးချမ်းလိုက်မလဲ။

-သက္က
❤3
လူဆန်ခြင်း

ဘဝမှာ
မရခဲ့တာတွေ အများကြီးအတွက်
တစ်ဝက်နောင်တနဲ့ နေထိုင်တယ် ။

စိတ်မကုန်နိုင်သေးသော ကမ္ဘာကြီး
မိုက်လုံးကြီးမှုတွေအတွက် ခွင့်လွှတ်ပါ ။

-လှသန်း
❤12
ရေစက်ဆုံရာ

မင်း ရှင်နေသေးတယ်ဆိုရင်
ငါလည်း သေဖို့ မလိုသေးဘူး
နှင်းစက်တွေက
တောင်ဇလပ်နဲ့ ချယ်ရီတွေ
ပြန်လာမှာ စောင့်နေသလိုမျိုး
ပိတောက်တွေက
မိုးစက် တဖျောက်ဖျောက်ကို
ပြေးကြိုသလိုမျိုး
တို့ ရေစက်က
တစ်ယောက်နဲ့ တစ်ယောက် ဆုံဖို့
ဝေးကွာနေတာမျိုး ။

-ဝင်းမြင့်
❤6
မိုးရာသီကိုနှစ်သက်တဲ့ကောင်
ရင်ခွင်မှာစိုထိုင်းနေတာကို
မပြုံးနိုင်ရှာ
နီရိုးရဲ့တူရိယာကို
ငါအပိုင်ရခဲ့တယ်
မြို့မငြိမ်းလိုမသေရဲ
ကတ်စ်ကိုဘိန်း လို မသေရဲ
ငါ့ရဲ့ အနုပညာဟာ
ဘယ်တော့မှနာမည်မကြီးဘူး


စူဠသုဘဒ္ဒါရဲ့အကြွေးစားရင်း
ဆီလဗီယိုရဲ့ သေနတ်
ခရစ်တော်ပန်းချီကားရဲ့
ရင်ဘတ်ကသေနတ်ဒဏ်ရာ
မင်္ဂလာဆောင်နေတဲ့မြို့စားလေး
ဟာရီစပါးရဲ့သွေးရောင်းဝယ်မှု
သေချာတယ်
ဒီကမ္ဘာဟာ
အမြဲစိုထိုင်းနေတယ် .....။


-အမောင်သျှင်
ဆင်ဖိုနီများ အက်ဆစ်များ
❤8
Forwarded from Paper Poetry
ကလေး ပျော်နေတာကိုပဲ
မြင်ချင်တာ၊မျက်ရည်စတွေက
ကလေး ပါးပြင်မှာ စီးကျဖို့ဆိုတာဘယ်တုန်းကမှ မထိုက်တန်ခဲ့ဘူး။

ကလေးရဲ့ ပါးပြင်နုနုဆိုတာ
အေးမြတဲ့ သနပ်ခါးလေးရယ်…
ပြီးတော့
အစ်ကို့ နှုတ်ခမ်းရဲ့ မြတ်မြတ်နိုးနိုး
နမ်းရှိုက်မှုတွေအတွက်ပဲ
သီးသန့် သင့်တော်ခဲ့တာပါ။

-သက္က
❤15
မင်းကို အားမကိုးချင်သလို
ငါ့မှာလဲ အားကိုးစရာဘာမှမရှိ။
ဒါတောင် ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ချင်သူပါတဲ့လေ။
ခက်ပါရဲ့။

-အံ့လွန်းပျို
🍓9❤3