မောင်သုတ 🧐
9.14K subscribers
6.56K photos
222 videos
92 files
970 links
သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ

CB - @MgThuThaBot
February 9. 2022
Download Telegram
ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ့မှ ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးဆိုတာ ငါအခုပိုပြီး ရေရေရာရာ သဘောပေါက်လိုက်ပြီ။

-ဂျွန်ဘရောင်း
ကျွန်စနစ်၏ဖျက်သိမ်းရေးဝါဒီ

#kyawthet #history #RAIDEN_KT
❤14
ကျွန်မကတော့
ကိုယ့်ကိုယ်ကိုယ် ယုံတာတစ်ခုက
ကောင်းကောင်းချစ်တတ်တဲ့
နှလုံးရှိတယ်လို့ပဲ။ ချစ်စရာရှိရင်
ကျွန်မကပဲ ချစ်ချင်တယ်။

-ကြည်အေး
❤16
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။

-Jim Rohn-

#RAIDEN_KT #History #KyawThet
❤15
မောင်သုတ 🧐
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။ -Jim Rohn- #RAIDEN_KT #History #KyawThet
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။

-Jim Rohn-

ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ သာမန်လူတွေက သူတို့ဘဝကို တိုးတက်ဖို့အတွက်ဆိုရင် သူတို့ရဲ့စိတ်အားထက်သန်တဲ့ခံစားချက်တွေရှိလာတဲ့အချိန်ခဏတာ‌လောက်ဘဲ အလုပ်ကို ကြိုး"စား"လုပ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ထူးချွန်ပြီးပါရမီရှိတဲ့ လူတွေကသာ အလုပ်တစ်ခုကို သူတို့ရဲ့စိတ်အားထက်သန်မှု‌တွေပျောက်‌ဆုံးသွားတဲ့အချိန်ထိ ဆက်ပြီး ကြိုးစားလှုပ်ရှားရုန်းကန်ကြတယ်။ ကျွန်တော်တို့ဟာ မိမိရဲ့တစ်‌နေ့တာအချိန်‌တွေကို အကျိုးမရှိဘဲပျင်းရိနေပြီ မနက်ဖြန်မှာလည်းဒီအတိုင်းဘဲဆက်သွား‌နေမယ်ဆိုရင် ကျွန်တော်တို့မှာ ကိုယ်ဘဝအတွက်မက်ထားတဲ့ အိပ်မက်တွေကို တိုးတက်ဖို့ထက် နေ့ရက်တိုင်းမှာ ပျင်းရိမှုတွေကဘဲအခိုးယူခံဖို့ လမ်းဖွင့်ပေးနေတာသေချာသလောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လူတွေရဲ့ဘဝမှာ အလုပ်တစ်ခုကိုကြိုးစားနေတဲ့အခါ မိမိအတွက်ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ခဏတာစိတ်အားသန်း‌နေလို့ရတာ မဟုတ်ဘဲ အလုပ်တစ်ခုကိုဘဲ တသမတ်တည်းစိတ်နှစ်ပြီး စည်းကမ်းရှိတဲ့ ရေရှည်ကြိုးစားအားထုတ်မှုတွေကနေသာ ထွက်ပေါ်လာလေ့ရှိပါတယ်။ သို့‌သော် ကျွန်တော်တို့ ဘယ်လောက်ဘဲကြိုးစားကြိုးစား ကိုယ့်ရဲ့ရုန်းကန်မှုတွေကအရာမထင်တဲ့အခါ ငါတို့လုပ်ရပ်‌တွေကမြင်သာတဲ့ပြောင်းလဲမှုမရှိဘူးလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့။ ဧကန်မုချ ကျွန်တော်တို့ ကြိုးစားအားထုတ်လိုက်တာတွေက ဘယ်တော့မှအချည်းနှီးဖြစ်နေလိမ့်မယ်လို့ မဆိုလိုပါဘူး။ဘာလိုဆို သစ်ပင်တစ်ခုမှာပင်စည်က မကြီးထွားခင် သူရဲ့အမြစ်တွေက အရင်ကြီးထွားတတ်လို့ပါပဲ။

မင်းအနေနဲ့ မင်းရုန်းကန်နေရတာတွေကို အရမ်းကိုမှ နှေးကွေးတယ်လို့ ခံစားရရင်တောင် ဆက်ပြီးသင်ယူနေပါ။ ဘာလို့လဲဆိုတော့ မင်းစုဆောင်းထားတဲ့ အသိပညာတိုင်းဟာ မင်းရဲ့အနာဂတ်ကို တည်ဆောက်ပေးနေလို့ပါပဲ။ ကမ္ဘာကြီးက မင်းရဲ့ရုန်းကန်မှုကို မမြင်သေးလို့ဆိုပြီးလည်း လုံးဝလက်မလျှော့လိုက်ပါနဲ့ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်က တသမတ်တည်းလုပ်ဆောင်သူတွေကို ဘယ်တော့မှ သစ္စာမဖောက်လို့ပါ။ မင်းအတွက် မင်းလုပ်လိုက်တဲ့အလုပ်တွေကအချည်နှီးဖြစ်ခဲ့တောင် လုံးဝနောင်တမရဘဲ ရှေ့ဆက်သွားဖို့ကိုသာ ရွေးချယ်ပါ။ ဒီလိုကြိုးစားမှုသေးသေးလေးတွေက နေ့စဉ်နဲ့အမျှ မင်းကိုခြေလှမ်းသေးသေးလေးတွေအဖြစ်ထင်ကျန်နေပေမယ့် မင်းခေါင်းထဲမှာပဲ ဒါတွေကရပ်တန့်နေတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို စုဆောင်နိုင်တဲ့ ဒေတာတွေဖြစ်နေလို့ပါပဲ။

အဘယ်ကြောင့်ဆိုရလျှင်နောက်ဆုံးတွင် အောင်မြင်မှုဆိုတဲ့စကားလုံးဟာ အမြဲတမ်း စိတ်အားထက်သန်သူ‌တွေနဲ့မသက်ဆိုင်တော့ဘဲ ပျင်းရိသူ‌တွေနဲ့ ရလဒ်ကောင်းတွေက်ုမမြင်နိုင်သေးတဲ့သူ‌တွေအတွက် စိတ်ကူးယဥ်ဆန်ဆန်ဆက်လက်လုပ်ဆောင်နေရမယ်ဆိုတဲ့ တွန့်အားပေးမှုတစ်ခုဖြစ်သွားနိုင်လို့ပါပဲ။ လက်တွေ့အောင်မြင်မှုဆိုတာ ကြိုးစားရုန်းကန်နေသူတွေအတွက် လက်ရှိကာလအပိုင်အခြားကိုဆိုလိုခြင်းဖြစ်လေ၏။ ဘာလိုဆိုရင်မင်းကြိုးစားတဲ့အချိန်တိုင်းက‌ရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ဒီရလဒ်တွေကမင်းကို ထောက်ပံ့နေတဲ့ ရင့်ကျပ်မှုဖြစ်နေကြောင်းထုတ်ဖော်ရင်းနိဂုံးချုပ်လို၏။

-RAIDEN KT
Historian
#RAIDEN_KT #History #KyawThet
❤14
Forwarded from Paper Poetry
ရည်ရွယ်ချက်

ဆွဲခဲ့တာချင်း တူတူပါပဲ အချစ်ရယ်
ရည်ရွယ်ချက်ချင်း မတူခဲ့ရုံပါ။

မင်းက ငါ့ဆီက ထွက်သွားဖို့
တခြားတစ်ယောက်ရဲ့ လက်ကို ဆွဲတယ်၊

ငါကတော့ မင်းကို မဆုံးရှုံးချင်လွန်းလို့
မင်းရဲ့ လက်ကလေးကို ပြန်ဆွဲထားခဲ့တယ်။

-သက္က
1❤21
Media is too big
VIEW IN TELEGRAM
ကဗျာအမည် - ကျောက်သားအဖြစ်
ရေးသားသူ - ခင်ဇော်မြင့်
ရွတ်ဖတ်သူ - လင်းဧနူ
❤6
အမည်မဲ့

ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ် ။

ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ ။

ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလဲ မှားသေး ။

ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့ ။

ဖြစ်ရပုံများ
တံထွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့ ။

ကဲ. . . ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ် ။

-သစ္စာနီ
❤8
မျှော်လင့်ချက်တွေဟာ
လုပ်ကြံခံလိုက်ရတယ်

အနာဂတ်ကတော့
အသက်ငင်နေဆဲ ။

-လှသန်း
❤10
Forwarded from Paper Poetry
"တနင်္လာသမီးအတွက်ကဗျာ"

အလင်းတန်းတိုင်းကို ငြင်းဆန်ထားတဲ့
ဒီ မျက်လုံးတွေဟာ
ဂျူးသက်လျာကို မဟုတ်ရင်
ကြည့်လို့မရတော့ဘူး။

ဒီ နှုတ်ခမ်းတွေရဲ့ အပြုံးဆိုတာလည်း
ဂျူးသက်လျာကို မဟုတ်တဲ့
အမည်နာမတွေဆီ
ဘယ်တော့မှ ကူးပြောင်း မပြုံးပြတတ်တော့ဘူး။

ရင်ဘတ်ထဲက နှလုံးသားကတော့
ပိုရိုးရှင်းပါတယ်...
ဂျူးသက်လျာကို မဟုတ်ရင်
ရင်မခုန်တတ်တော့ဘူး၊
ဂျူးသက်လျာကို မဟုတ်ရင်
ဘယ်တော့မှ ထပ်မချစ်တတ်တော့ဘူးဗျာ။

-သက္က
❤12
အနှစ်နှစ် အလလ
စိတ်ကူးယဉ်ခဲ့တာကိုမှ
လက်လွှတ်ရတဲ့အခါ
ကျွန်တော် အိပ်မက်တွေကို
မုန်းခဲ့တယ်...။

-အံ့လွန်းပျို
💔6❤5
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။
                                      
-အောင်ချိမ့်
❤20
crd
🤣20❤2
crd
🤣13
crd
🤣26
ပညာတတ်ဖြစ်ဦးမည့် ကျောင်းသား

#crd
🤣26❤4
ချစ်တယ်မဆိုသာရုံ
နွေးထွေးမှုမှာ ကိုယ်ဟာ
အသက်မပါသွားရုံ
မျှော်လင့်ချက်ကို ရင်းခဲ့ပါတယ်။

-အံ့လွန်းပျို
😢7❤5
Forwarded from Paper Poetry
ဘာသာစကားတွေနဲ့
‎ဖွင့်ဟပြောသည်ဖြစ်စေ၊
‎ဂရုစိုက်မှုတွေနဲ့
‎သက်သေပြသည်ဖြစ်စေ—

‎အစ်ကို မင်းကိုချစ်တဲ့အချစ်တွေဟာ
‎စကားလုံးတွေနဲ့ ဖော်ပြလို့မရသလို၊
‎ဂရုစိုက်မှုတွေနဲ့လည်း တိုင်းတာလို့မရဘူး။

‎တစ်နေ့တစ်နေ့
‎မင်းအတွက် ဖြစ်ပေါ်လာတဲ့
‎အချစ်တွေဟာ သေချာပါတယ်
‎၁၅၀၀ ကျော်တယ်။

-သက္က
❤9
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့...

-မောင်ချောနွယ်
👍11
အမေရိကန်သမိုင်းမှာ John Brownလောက်အငြင်းပွားစရာကောင်းတဲ့သူကို ကျွန်တော်ဘဝမှာလေ့လာဖူးသလောက် အနည်းငယ်ဘဲရှိမယ်လိုထင်တယ်။ ဘာလို့ဆိုရင် အမေရိကန်ပြည်တွင်းစစ်မှာ ကျွန်စနစ်ကိုမကြိုက်တဲ့သူတွေအတွက်တော့သူက သူရဲကောင်းတစ်ဦးအနေနဲ့ ဆုတ်ယုတ်နေတဲ့ ကျွန်ပိုင်ရှင်စနစ်ကျရှုံးဖို့ ချေမှုန်းနေတဲ့အာဇာနည်တစ်ဦးလိုလို လေးစားကြည်ညိုစရာကောင်းတဲ့လူတစ်ဦးဆိုပါတော့။ တစ်ဖက်က သူကိုမုန်းတဲ့လူ‌တွေကလည်း အကြမ်းဖက်သမားဆန်ဆန် သူကိုဖျက်စီးသူ၊ သောင်းကျန်းသူအနေနဲ့ သတ်မှတ်ထားကြတာပေါ့။ ဒါပေမယ့်သူလိုလူမျိုးကို လူတွေကဘယ်လိုဘဲသတ်မှတ်ထားပါစေ သူနဲ့ပတ်သက်ပြီးငြင်းလို့မရတဲ့ အမှန်တရားကတော့ သူကအမေရိကန်ပြည်တွင်းစစ်ရဲ့ ကျွန်စနစ်တိုက်ဖျက်ရေးအရှိန်အဟုန်းတစ်ခုလုံးကို အဓိကနိုးဆွပေးတဲ့ လူတစ်ဦးဆိုတာကိုတော့ လက်ခံထားရပါလိမ့်မယ်။ ဒါကြောင့်John Brownဆိုတဲ့ပုဂ္ဂိုလ်ကြီးက နိုင်ငံရေးသမားတွေလို့ စကားလုံးတွေ၊ မူဝါဒစာတမ်းတွေနဲ့ အမေရိကန်ပြည်သူတွေအပေါ်အပြောချိုချိုနဲ့ ဝမ်မချသလို့ သူရဲ့လုပ်ရပ်တွေနဲ့သက်သေပြသွားခဲ့ပါတယ်။ ဒီတော့John Brownရဲ့ဘဝစတင်လာပုံနဲ့ ပြည်တွင်းစစ်မှာ သူရဲ့အခန်းကဏ္ဌကဘယ်လောက်ထိအရေးပါခဲ့သလဲဆိုတာကိုကျွန်တော်နဲ့အတူ သမိုင်းကိုလေ့လာကြည့်ကြမယ်ဆိုရင်......
❤7
မောင်သုတ 🧐
အမေရိကန်သမိုင်းမှာ John Brownလောက်အငြင်းပွားစရာကောင်းတဲ့သူကို ကျွန်တော်ဘဝမှာလေ့လာဖူးသလောက် အနည်းငယ်ဘဲရှိမယ်လိုထင်တယ်။ ဘာလို့ဆိုရင် အမေရိကန်ပြည်တွင်းစစ်မှာ ကျွန်စနစ်ကိုမကြိုက်တဲ့သူတွေအတွက်တော့သူက သူရဲကောင်းတစ်ဦးအနေနဲ့ ဆုတ်ယုတ်နေတဲ့ ကျွန်ပိုင်ရှင်စနစ်ကျရှုံးဖို့…
၁၈၀၀ခုနှစ် မေလ ၉ရက်နေ့မှာ ကွန်နက်တီကပ်ပြည်နယ် တော်ရင်တန်မြို့လေးမှာ John Brownကို မွေးဖွားခဲ့ပြီး သူမိသားစုဟာခရစ်တော်ကို အရမ်းယုံကြည့်ပြီး ဘာသာရေးအရအရမ်းကိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့သူဟာကြီးပြင်လာခဲ့ရတယ်။ သူရဲ့ယုံကြည့်ချက်အရ လူမည်းတွေကို ကျေးကျွန်အဖြစ်အခမဲ့စေးခိုင်းနေခြင်းသည် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်နေသည့် အကြီးမားဆုံးသော ပြစ်မှုဖြစ်သည်ဟုသူကယုံကြည်လက်ခံထားသူတစ်ဦးပါ။ ဒါပေမယ့် အဲဒီခေတ်ကာလတွေဟာ ကျွန်စနစ်ကိုဖျက်သိမ်းဖို့ဆိုတာက အရမ်းကိုခက်ခဲတဲ့ကာလလည်းဖြစ်ပါတယ်။ ကျွန်စနစ်ကိုဖျက်သိမ်းချင်ကြတဲ့လူတချို့ကတော့ လူတွေကိုဟောပြောပွဲတွေ၊ သတင်းစာတွေကနေတဆင့် အနုနည်းနဲ့ ဖျက်သိမ်းဖို့တောင်းဆိုနေကြပေမယ့် John Brownကတော့ သူတို့လိုစကား‌လုံးတွေနဲ့လေကုန်ခံချင်ခဲ့ပါဘူး။ သူဟာငါတို့ဟောပြောနေရုံနဲ့ ဒီစနစ်ဆိုးကြီးတစ်ခုလုံးကို ဖြိုခွင်နိုင်မယ်ထင်သလား ဒါကြောင့်ငါတို့တက်ညီလက်ညီ လက်နက်စွဲကိုင်ကာမှသာ ဒီစနစ်ဆိုးကြီးအတွင်ူထဲက လွတ်မြောက်နိုင်မယ်လို့ ခနခနပြောကြားခဲ့ပါတယ်။ John Brownရဲ့ပြတ်သာလှတဲ့ဟောပြောချက်တွေနဲ့အတူ 1856ခုနှစ်မှာ ကန်းဆပ်ပြည်နယ်၌ပထမဆုံး ကျွန်စနစ်ထောက်ခံသူများနဲ့ ဆန့်ကျင်သူများအကြား ပဠိပက္ခမီး စတင်တောက်လောင်ပါတော့တယ်။ ထိုအခါJohn Brownဟာ သူ၏ချစ်လှစွာသော သားများနှင့်အတူ လက်နက်စွဲကိုင်ကာ ကျွန်စနစ်ထောက်ခံသူများကို စတင်တော်လှန်းလာပါတော့သည်။

သမိုင်းမှာ John Brown၏ အထင်းကြီးစရာကောင်းလောက်အောင် ပြောင်မြှောက်လှတဲ့ လုပ်ရပ်တစ်ခုကတော့ 1859ခုနှစ်မှာဖြစ်ခဲ့တဲ့ Harpers Ferryလက်နက်တိုက်စီးနင်းမှုဘဲဖြစ်ပါတယ်။ John Brownဦးဆောင်သောကျွန်စနစ်တိုက်ဖျက်ရေးအဖွဲ့ဟာ ဗာဂျီးနီးယားပြည်နယ်ရှိ ဖက်ဒရယ်အစိုးရ၏ လက်နက်တိုက်ကို သိမ်းပိုက်ပြီး ထိုလက်နက်များဖြင့် လူမည်းကျေးကျွန်များကို လက်နက်တပ်ဆင်ပေးကာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးကျေးကျွန်အုံးကြွမှုကြီးကို သူကဖန်တီးလိုက်သည်။ သို့သော် ကျေးကျွန်အများစုဟာ စစ်သားများနည်းတူ လက်နက်များနှင့်မရင်းနှီးတာကြောင့် သူ၏အစီစဉ်မှာ လုံးလုံးလျာလျာပျက်စီးခဲ့ရပြီး အမေရိကန်စစ်တပ်၏ ဝိုင်းဝန်းနှိမ်နင်းမှုကို ကျေးကျွန်အများကအလူးအလဲခံရ၏။ John Brownကိုယ်တိုင်းကလည်း ဖက်ဒရယ်အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် အမေရိကန်တရားရေးဌာနမှ John Brownကို နိုင်ငံတော်သစ္စာဖျက်မှု၊ လူသတ်မှု၊ ဆူပူအုံးကြွရန်နှို‌ဆော်မှု များဖြင့်စွပ်စွဲကာ ချက်ချင်းကြို့ဆွဲချအပြစ်ဒဏ်ကို အမိန့်ချမှတ်ခဲ့သည်။ ဒါပေမယ့် တရားစိရင်မှုအပြီး John Brownရဲ့နောက်ဆုံးပြောခဲ့သောခုခံချေပချက်သည် အမေရိကန်နိုင်ငံတစ်ခုလုံး၏ ကျွန်စနစ်အမြစ်တွယ်နေမှုအပေါ် လုံးဝလှုပ်ခတ်သွားစေခဲ့သည်။ 1859ခုနှစ် ဒီဇင်ဘာလ2ရက်နေ့၌ သူကိုကြိုးမပေးမီ စက္ကန့်ပိုင်ူအလို၌ သူချန်လှပ်ထားခဲ့သော စာတိုလေးတစ်ခုမှာ သမိုင်း၌ အလွန်ထင်ရှားလှ၏---(ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ့မှ ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးဆိုတာ ငါအခုပိုပြီး ရေရေရာရာ သဘောပေါက်လိုက်ပြီ။)ကျွန်စနသ်ပျက်သုဉ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့John Brownတစ်ယောက် သေဆုံးခဲ့ရသော်လည်း သူစတင်ခဲ့တဲ့ဤတော်လှန်းရေးကြီး အမေရိကန်အစိုးရတစ်ခုလုံးက ဘယ်တော့မျှထိန်းမရတော့ပေ။ ဘာလိုဆိုရင်ကျွန်စနစ်၏ဆိုးကျိုးအရ လူတွေဟာဖိနှိပ်မှုကို ငြိမ်မခံနိုင်တော့ဘဲ အစိုရအဖွဲ့အတွင်း၌ပင် တောင်ပိုင်းနဲ့မြောက်ပိုင်း‌ပြည်နယ်‌တွေဟာ ကျွန်စနစ်အပေါ်ထားတဲ့၎င်းတို့၏အမြင်တွေဟာစတင်ကွဲပြားလာပြီး အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဟာစတင်ဖြစ်ပွားလာပါတော့တယ်။ ထိုအခါ မြောက်ပိုင်းစစ်သည်တော်တွေဟာ ကွယ်လွန်သူJohn Brownအားဂုဏ်ပြုသောအားဖြင့် "John Brown's Body"ဟုခေါ်သော စစ်ချီသီချင်းဖြင့် သီဆိုကာ ကျွန်စနစ်အတွက် တရားမျှတမှုရရန် တိုက်ပွဲဝင်ခဲ့ကြပြီး John Brownဟာလည်းကျွန်စနစ်ဖျက်သိမ်းရေးအတွက်အဓိကသင်္ကေတတစ်ခုဖြစ်လာပါတော့တယ်။

နောက်ဆုံးအနေနဲ့နိဂုံးချုပ်ရလျှင် နိုင်ငံရေးသမားတို့သည် အပြောချိုသောစကားလုံးများဖြင့် ပြည်သူတို့ကိုသိမ်းသွင်လှည်ဖျားနိုင်သော်လည်း တစ်ဖက်တွင် အညတရတက်ကြွသူတို့အဖိုက စနစ်ဆိုကိုအပြောထက်လက်‌တွေ့လက်နက်ဆွဲမိတဲ့အခါ  ၎င်းကိုအကြမ်းဖက်သမား၊ သောင်းကျန်းသူအဖြစ်သာ ခေါင်းစဉ်တပ်ကြ၏။ သို့သော် အာဇာနည်တစ်ဦးသည် နုတ်မှထွက်‌သောစကားချိုချိုထက်မိမိ၏အသက်ကိုပင်တိုင်းပြည်သို့ပေါင်နှံထားပြီး မည်သည့်တော်လှန်းရေးကိုမဆို အသက်ကိုပေးဆပ်အနစ်နာခံပေ၏။ John Brownသည်ထိုသို့သော အာဇာနည်တစ်ဦးဖြစ်၏ သူသာလက်နက်စွဲကိုင်မပြတ်သာခဲ့လျှင်ပင် အမေရိကန်နိုင်ငံ၏ ကျွန်စနစ်ကျရှုံးရေး အရှိန်ဟာလည် ဒီကနေ့ခေတ်ထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာမည်မဟုတ်ပေ။

RAIDEN KT
Historian
#RAIDEN_KT #History #KyawThet #JohnBrown #RAIDEN_KT
❤8