ချစ်သည်းကျော်ဖို့
မင်းသာ ကိုယ့်ကိုပြန်ချစ်ခဲ့ရင်
ကိုယ်ကမင်းအတွက်
ကြယ်တွေကို ကြိုးသီပေးမှာပေါ့။
မင်းသာ ကိုယ့်ကိုမေတ္တာမျှခဲ့ရင်
ကိုယ်ကမင်းအတွက်
သမုဒ္ဒရာကို အိုင်ဖြစ်စေမှာပေါ့။
မင်းသာ ကိုယ့်လက်ကိုရဲရဲကိုင်ခဲ့ရင်
ကိုယ်ကမင်းအတွက်
ကမ္ဘာကြီးကို မင်းလက်ခုပ်ထဲ
ထာဝရထည့်ပေးမှာပေါ့။
ကိုယ်သာ မင်းကိုလွမ်းဆွတ်ခဲ့ရင်
မင်းကကိုယ့်အတွက်
မီးကို နှလုံးတိုက်သွင်းမှာပေါ့။
ကိုယ်သာ မင်းကိုမြတ်နိုးခဲ့ရင်
မင်းကကိုယ့်အတွက်
နိဗ္ဗာန်ကို ငရဲဖြစ်စေမှာပေါ့။
ကိုယ်သာ မင်းဘဝထဲဝင်ခဲ့ရင်
မင်းကကိုယ့်အတွက်
စကြဝဠာကိုပါ ကိုယ့်ဆီက
အပြီးတိုင်ယူဆောင်သွားမှာပေါ့။
-အံ့လွန်းပျို
❤9
🕸🕸ကျွန်တော်စိတ်ဆိုးပြီး အိမ်ထဲကို အပြေးဝင်ကာ အိမ်တံခါးကို ဆောင့်ပိတ်လိုက်ပါတယ်။
🕸🕸ခဏနေကြတော့ ကျွန်တော့် ကောင်မလေးက အပြင်ကနေ အိမ်တံခါးကိုခေါက်ကာ "ကိုကို သဲတောင်းပန်ပါတယ်နော် တံခါးဖွင့်ပေးပါ" လို့ သနားစဖွယ် ပြောရှာတယ်။
🕸🕸ခေတ္တမျှမူနေပြီးမှ တည်တည်ငြိမ်ငြိမ်ပဲ တံခါးဖွင့်ပေးလိုက်ပါတယ်။ ဘာလို့လည်းဆို ကျွန်တော်မြေမြှုပ်လိုက်ကတည်းက သူမအမြင်မှန်ရပြီး လာတောင်းပန်မယ် ဆိုတာ ကျွန်တော်သိနေလို့ပါ။
#Rain
-စိတ္တဇသမားအပေါ် ဖောက်ပြန်မိသောအခါ-
#Angél_Alphá #Horror

❤11😨6😱2🔥1😁1🍓1💋1
Media is too big
VIEW IN TELEGRAM
ကဗျာအမည် - သို့သော် ချစ်ပါသည်
ရေးသားသူ - အံ့လွန်းပျို
ရွတ်ဖတ်သူ - လင်းဧနူ
ရေးသားသူ - အံ့လွန်းပျို
ရွတ်ဖတ်သူ - လင်းဧနူ
❤8
Forwarded from Paper Poetry
နောင်တ ဥယျာဉ်
ချစ်ခြင်းမေတ္တာတွေသာ
ရောင်ပြန်ဟက်တတ်ရင် အကိုနဲ့ မင်း...
ဒီလို ဝေးမှာမဟုတ်ခဲ့ဘူး။
မင်းရဲ့ မေတ္တာတွေကို အကို လျစ်လျူရှုမိခဲ့တာပါ၊အကိုမစိုက်ပျိုးလည်း ‘မင်း’ ဆိုတဲ့ ပန်းလေးဟာ အလိုလိုရှင်သန်နေမယ်လို့ ခပ်မိုက်မိုက်ထင်ခဲ့ဖူးတယ်။
အခုတော့...
တစ်ခါက အကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပန်းလေးဟာ ဂရုစိုက်တတ်တဲ့ တခြား
ဥယျာဉ်မှူးရဲ့လက်ထဲမှာ
အလှပဆုံး ရှင်သန်ပွင့်လန်းနေခဲ့ပြီပေါ့။
အကို့မှာတော့...
မင်း မရှိတော့တဲ့ နှလုံးသား မြေရိုင်းကြီးထဲ တစ်ယောက်တည်း ကမ္ဘာတွေ ပျက်စီးလို့။
-သက္က

❤10
အမေ့ကမ္ဘာမှာ
အရာရာဖြစ်ခဲ့တဲ့ကောင်က
သူ့ကမ္ဘာမှာတော့
မမွေးလာသင့်တဲ့
လူတစ်ယောက်ပါတဲ့ အမေ...။
-အံ့လွန်းပျို
အရာရာဖြစ်ခဲ့တဲ့ကောင်က
သူ့ကမ္ဘာမှာတော့
မမွေးလာသင့်တဲ့
လူတစ်ယောက်ပါတဲ့ အမေ...။
-အံ့လွန်းပျို
❤17
Hamilton, Jefferson, Aaron Burrတို့ဟာအမေရိကန်နိုင်ငံရေးလောကမှာ ပထမဆုံးပြိုင်ဘက်တွေပါ ဒါပေမယ့် Hamiltonဟာသူရဲ့ရန်သူတွေထဲမှာ Jeffersonကို အမုန်းဆုံးနဲ့အလေးစားဆုံးပါ Jeffersonသမ္မတဖြစ်ဖို့ Hamiltonကအဓိကထောက်ခံပေးခဲ့တာဟာအမေရိကန်သမိုင်းမှာကြည်နူးစရားတည်ထောင်သူဖခင်များ၏ အရည်အချင်းအပေါ်လေးစားမှုတစ်ခုပါ။Aaron Burrကိုတော့Hamiltonဘဝမှာဘယ်တော့မှမမေ့တဲ့ရန်သူဖြစ်ခဲ့ပါတယ်။
Jefferson ကငါနဲ့ မူဝါဒအရ အမြဲတမ်းသဘောထားကွဲပေမဲ့ သူကသမိုင်းကို လေးစားတဲ့လူရိုးတစ်ယောက်ပါ။ Aaron Burr ကတော့ ဘာမူဝါဒမှ မရှိဘဲ သူ့ရဲ့ကိုယ်ပိုင်အကျိုးအတွက်ပဲ ကြည့်တဲ့ အန္တရာယ်ရှိတဲ့သူပါ
-Alexander Hamilton
#RAIDEN_KT #KyawThet #History

❤7
သဘာဝကို ချစ်တယ်။
သဘာဝအတိုင်း ညိုနေတဲ့
အသားညိုညိုလေးကို ချစ်သလို
သဘာဝအတိုင်းပါတဲ့
ပါးချိုင့်ခွက်လေးကိုလဲ ချစ်တယ်။
-အံ့လွန်းပျို
သဘာဝအတိုင်း ညိုနေတဲ့
အသားညိုညိုလေးကို ချစ်သလို
သဘာဝအတိုင်းပါတဲ့
ပါးချိုင့်ခွက်လေးကိုလဲ ချစ်တယ်။
-အံ့လွန်းပျို
❤19
Forwarded from Paper Poetry
သံသရာရဲ့ အခြားတစ်ဖက်
ဆိုတာ ဘာလဲ အချစ်ရယ်…
အဲဒီမှာ
မင်းနဲ့ ပြန်ဆုံဖို့ သေချာပါ့မလား၊
မင်းနဲ့ ပိုပြီး နီးစပ်ခွင့် ရမှာလား၊
ဒီထက် ပိုကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ရမှာလား။
အဲဒီလိုသာ အမှန်အတိုင်း
ဖြစ်ခွင့်ရမယ်ဆိုရင်…
အဲဒီနေရာစီကိုပဲ ကိုယ်...
အရောက်သွားချင်တယ်။

မေတ္တာတရား ကို
သယံဇာတလို့ သဘောထားတယ်
ပိုက်ဆံတွေ
နေကောင်းပါစေ
စိန်ရွှေငွေရတနာတွေ
ပျော်ရွှင်ပါစေ
မှောင်မိုက်နေတဲ့အခါ
သက်သာရဲ့လား ဆိုတဲ့
မိတ်ဆွေတစ်ယောက်သာ အလိုရှိပါတယ်
လမ်းမီးများ
လင်းခါစ ။
-ကြည်ဇော်အေး
သယံဇာတလို့ သဘောထားတယ်
ပိုက်ဆံတွေ
နေကောင်းပါစေ
စိန်ရွှေငွေရတနာတွေ
ပျော်ရွှင်ပါစေ
မှောင်မိုက်နေတဲ့အခါ
သက်သာရဲ့လား ဆိုတဲ့
မိတ်ဆွေတစ်ယောက်သာ အလိုရှိပါတယ်
လမ်းမီးများ
လင်းခါစ ။
-ကြည်ဇော်အေး
❤10🥰2
Media is too big
VIEW IN TELEGRAM
မဆုံနိုင်မှန်းသိပေမဲ့ မျှော်လင့်ခြင်းဆိုတဲ့ သောင်မတင်ရေမကျ လှေအိုကြီးပေါ်မှာပဲ ငါ့အလွမ်းတွေကို ရွက်လွှင့်ရင်း မျောပါနေဆဲ။
by Khun
#Sanji #onepiece #heatwaves #sadstory #sanjicrying
by Khun
#Sanji #onepiece #heatwaves #sadstory #sanjicrying
❤5💔1
ဝဋ်ကြွေးရှိတဲ့အခါ
စိန်ပြေးတမ်းကစားချင်တယ်။
မင်းကသူ့ဆီပြေးရင်
ငါကမင်းကိုမမီအောင်
ဖမ်းပေးပါ့မယ်။
-အံ့လွန်းပျို
စိန်ပြေးတမ်းကစားချင်တယ်။
မင်းကသူ့ဆီပြေးရင်
ငါကမင်းကိုမမီအောင်
ဖမ်းပေးပါ့မယ်။
-အံ့လွန်းပျို
❤14
မောင်သုတ 🧐
federalists vs anti federalists???????
အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးဆိုတာ ဒီကနေ့ခေတ်လို Republicanနဲ့Democraticလိုပေါင်းဖက်လို့မရတဲ့ပြိုင်ဘက်တွေက အခုမှပေါ်လာခဲ့တယ်လို့ထင်ခဲ့ရင် ကျွန်တော်တို့ယူဆချက်ကအရမ်းမှားသွားပါလိမ့်မယ်။ တကယ်တော့ အမေရိကန်ဆိုတာ တည်ထောင်ပြီးကတည်းက ပြိုင်ဆိုင်မှုတွေနဲ့ရဲ့ သံသရာလည်နေတာဟာ ဒီနေ့ထိပါပဲ။ ဒါကလည်အမေရိကန်ရဲ့ Core Strengthဆိုရမယ် ဘာလိုဆိုရင် Progressဆိုတာမျိုးက အကြိတ်နယ်ပြိုင်မှုတွေကနေထွက်ပေါ်လာတတ်တာကြောင့်ပါ။ နောက်တစ်ချက် အမေရိကန်ကိုတည်ထောင်တဲ့ Founding Fathersတွေတောင်မှ ညီအစ်ကိုတွေလို လက်တွဲခဲ့ကြတာ မဟုတ်ပါဘူ။ အဲဒီအထဲမှာမှအထင်ရှားဆုံးမတည်အတူ မဟာရန်သူတော်ကြီးနှစ်ဦးဖြစ်တဲ့Founding Fathersနှစ်ဦးကတော့Alexander Hamilton နဲ့ Thomas Jeffersonတို့ပါပဲ။ သူတို့နှစ်က တစ်ဦးနဲ့တစ်ဦးအပေါ်နိုင်ငံရေးနဲ့ပတ်သက်ရင် ရန်သူတွေလို့ စကားလုံးတွေနဲ့ အမြဲတမ်းထိုးနှက်နေကြသူတွေပါ။ သူတို့နှစ်ဦးရဲ့နိုင်ငံရေးအမြင်ကလည် မိုးနဲ့မြေလိုအရမ်းကိုကွာခြားလှပါတယ်။ Alexander HamiltonကFederalistဖြစ်ပြီး တည်ထောင်ခါစနိုင်ငံသစ်အတွက် အစိုးရက ဗဟိုကနေအာဏာအားလုံးစုစည်းပြီးအုပ်ချုပ်ရမယ် ပြီးရင်စက်မှုနဲ့ ဘဏ်စနစ်ကိုဦးစားပေးရင် ကျုပ်တို့နိုင်ငံက ကမ္ဘာပေါ်မှာ အင်အားVery strongဖြစ်လာမယ်လို့သူကယူဆထားတယ်။ တစ်ဖက်မှာလည်း Founding Fatherတွေထဲမှာအရေးပါဆုံးဖြစ်တဲ့Thomas JeffersonကDemocratic-Republicanတစ်ဦးဖြစ်နေတယ် သူမှာလည်း အစိုးရတစ်ရပ်က အာဏာကို ဗဟိုကနေစုပြီး ဗဟိုအင်အားအလွန်အကျွံနဲ့ နိုင်ငံကိုဦးဆောင်ရင် နောက်နောင် အာဏာရှင်တွေဖြစ်လာနိုင်မယ်လို့ သူကယူဆထားတယ် ဒါကြောင့် ပြည်နယ်တွေရဲ့အခွင့်အရေးနဲ့စိုက်ပျိုးရေးအင်အားကိုမြှင့်တင်မှသာ နိုင်ငံဟာဒီမိုကရေစီနဲ့တည်ငြိမ်တဲ့လမ်းကြောင်းကိုရောက်လာမယ်လို့သူကယုံကြည့်ထားတယ်။ ဒီလိုသဘောထားကွဲလွဲမှုတွေကနေဘဲ Alexander Hamilton နဲ့ Thomas Jeffersonတို့ခေတ်ထဲကစလို့ ပါတီတွေပြိုင်လာခဲ့ကြတာ ဒီနေ့ခေတ်အမေရိကန်ရဲ့Two-Party Systemဆိုတာ စတင်မွေးလာခဲ့တာဖြစ်တယ်။
ဒီပြဿနာတွေရဲ့အရင်းမြစ်ပြဿနာကဘယ်လဲလို့ကျွန်တော်တို့တွေးမိဖူးခဲ့ပါသလား??? ဆိုတော့ကျွန်တော်အမြင်အရ ဒီပြဿနာဟာ အမေရိကန်ရဲ့Constitutionကြောင့်လို့ဆိုရပါလိမ့်မယ်။ ဘာလိုအခုလို့ပြောရသလဲဆိုရင် 1780ထဲကရေးဆွဲခဲ့တဲ့ ဤအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံကိုတည်ထောင်သူတွေအကုန်တစ်ညီတစ်ညွတ်ထဲမထောက်ခံတဲ့ ပြိုင်ဆိုင်ပြဿနာကစတင်ခဲ့တာကြောင့်လိုပါပဲ။ အဓိကအကျဆုံး Constitutionရဲ့အားနည်းချက်ကို မထောက်ခံရတဲ့အကြောင်းအရင်အချက်ဟာ ဤConstitution ထဲမှာဖော်ပြထားတဲ့အစိုးရရဲ့ အာဏာနဲ့ ပတ်သက်ပြီး တိတိကျကျ စည်းမခြားခဲ့ဘဲ ချန်လှပ်ထားခဲ့တဲ့ အချက်တွေ အများကြီးပါဝင်နေတာကြောင့် Founding Fatherတစ်ဝက်လောက်ကအရမ်းစိတ်ပျက်ခဲ့ရပါတယ်။ အဲဒီတော့Founding Fatherတွေကြား အုပ်စုနှစ်စုကွဲသွားခဲ့တယ်။ သို့သော်သူတို့တွေကအုပ်စုကွဲသော်လည်း နိုင်ငံအပေါ်သူတို့ရဲ့စေတနာဟာ ထာဝရတည်မြဲနေခဲ့ပါတယ်။ ဘယ်လောက်ဘဲမူဝါဒတွေ၊ အယူအဆတွေ ကွဲပြားနေပါစေ အမေရိကန်ဟာ အင်အားကြီးနိုင်ငံဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ သူတို့၏စိတ်ဓါတ်တွေဟာ ဘယ်လောက်ထိလေးစားဖို့ကောင်းသလဲဆိုတာ ယနေ့သမိုင်းမှာသက်သေပြခဲ့ကြပြီးဖြစ်တယ်။
ဘာလို့အမေရိကန်တည်ထောင်သူတွေကတညီတညွတ်ထဲ Federalist Papersကိုမထောက်ခဲ့ရသလဲဆိုရင် ဤပြဿနာအဓိကအကြောင်းအရင်ဟာ ဘုရင့်စနစ်ကြောင့်လို့ဆိုရပါလိမ့်မယ်။ ဖက်ဒရယ်စနစ်ဆိုတာ နိုင်ငံတစ်ခုတည်ဆောက်နိုင်ဖို့ဒေသအတွင်း နယ်မြေအစုအဝေးများနဲ့စုစည်းပြီး ပြည်ထောင်စုနိုင်ငံသစ်တစ်ရပ်တည်ထောင်ခြင်းဖြစ်တယ်။ ထိုအခါ ၎င်းနယ်မြေအားလုံးကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေခေါင်းဆောင်တွေရဲ့ လုပ်ပိုင်ခွင်ဟာ ပြည်ထောင်စုအစိုးရထက်လုံးဝနိမ့်ကျသွားတာကြောင့် ဘုရင့်စနစ်နဲ့ဘာမျှမကွာလှပေ။(ဥပမာ ဘုရင့်၏နယ်မြေအတွင်းစော်ဘွား၊ မြို့စား၊ဘုရင်ခံစသဖြင့်)ဒါကြောင့် တည်ထောင်သူဖခင်တွေဟာ ဗဟိုချုပ်ကိုင်မှုအလွန်အကျွံပါတဲ့ ဖက်ဒရယ်စနစ်ဆိုတာ အရင်ကငါတို့ အသက်တွေပေးဆပ်ရင်းရုန်းကန်ပြီး ဖယ်ရှားခဲ့ရတဲ့ဘုရင့်စနစ်နဲ့ ဘာမျှမခြားနားသွားဘူးဆိုတဲ့ ဆုံဖြတ်ချက်နဲ့ Federalist Papersကို ပြတ်ပြတ်သာသာငြင်းပယ်ခဲ့တာဖြစ်တယ်။ ဒီလိုနဲ့ 1787ခုနှစ်မှာ ဖွဲ့စည်းပုံအသစ်ရေးကြတော့ ငါတို့ဟာ အင်္ဂလန်ဘုရင်ဆိုးရဲ့လက်အောက်ကနေ ကပ်သီလေး လွတ်လာပြီးမှ အခုလို့ကိုယ့်လူမျိုးထဲကနေပဲ ဗဟိုအာဏာရှင်အသစ် တစ်ယောက်ကို ပြန်ထောင်ပေးလိုက်သလို ဖြစ်မနေဘူးလား ဆိုတဲ့ သံသယက တည်ထောင်သူအချင်းချင်း ၎င်းတို့ရဲ့ရင်ထဲမှာ အမြဲတမ်းကြီးစိုးနေခဲ့ပြီးသူတို့ရဲ့ နှစ်ဖက်အာဏာလွန်ဆွဲပွဲပြီစတင်လာပါလေတော့၏။
-RAIDEN KT
Historian
#KyawThet #RAIDEN_KT #History

❤9👍1
နေကောင်းအောင်နေပါ မာရီယာ
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်...။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...။
-မင်းခိုက်စိုးစန်
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်...။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...။
-မင်းခိုက်စိုးစန်
❤18
မျက်နှာမြင် ချစ်ခင်ပါစေ။
အသံကြား သနားပါစေဆိုတဲ့
ဆုတွေနဲ့ ပြည့်စုံသူလေးရေ
မင်းခြေမှုန် တစ်စကအစ
ဆံနွယ်တစ်မျှင်အဆုံး
ကိုယ်မြတ်နိုးရပါတယ် အသက်ရေ။
-အံ့လွန်းပျို
အသံကြား သနားပါစေဆိုတဲ့
ဆုတွေနဲ့ ပြည့်စုံသူလေးရေ
မင်းခြေမှုန် တစ်စကအစ
ဆံနွယ်တစ်မျှင်အဆုံး
ကိုယ်မြတ်နိုးရပါတယ် အသက်ရေ။
-အံ့လွန်းပျို
❤15🥰1
မောင်သုတ 🧐
Photo
ကိုယ့်ခြေလှမ်းနဲ့ ကိုယ်လျှောက်ခြင်း
လူငယ်ဘဝဆိုတာ အိပ်မက်တွေ၊ မသေချာမှုတွေနဲ့ လှိုင်းလေထန်တတ်တဲ့ ကာလတစ်ခုပါ။
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အောင်မြင်မှုစံနှုန်းတွေ၊ လူမှုကွန်ရက်ပေါ်က သူတစ်ပါးရဲ့ လှပတဲ့ ဘဝအပိုင်းအစတွေကို ကြည့်ရင်း "ငါကော ဘာတွေဖြစ်နေပြီလဲ" ဆိုပြီး မကြာခဏ အားငယ်စိတ်ပျက်တတ်ကြပါတယ်။
တကယ်တော့ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အချိန်ဇုန် (Time Zone) တွေ ရှိကြပါတယ်။ အသက် ၂၀ ကျော်မှာ အောင်မြင်သူရှိသလို၊ အသက် ၃၀ ကျော်မှ ကိုယ်ဝါသနာပါရာကို ရှာတွေ့ပြီး တောက်ပလာသူတွေလည်း အများကြီးပါ။
သူများပြေးနေလို့ ကိုယ်လိုက်ပြေးစရာ မလိုသလို၊ သူများရပ်နေလို့လည်း ကိုယ်လိုက်ရပ်နေဖို့ မလိုပါဘူး။ အဓိကအချက်က မနေ့ကထက် ဒီနေ့ ကိုယ့်ခြေလှမ်းတစ်လှမ်း ရှေ့ရောက်နေဖို့သာ လိုပါတယ်။
လူငယ်ဘဝမှာ မှားယွင်းမှုဆိုတာ ကျရှုံးခြင်း မဟုတ်ပါဘူး။ မသိသေးတဲ့ လမ်းတစ်ခုကို စမ်းသပ်လျှောက်လှမ်းကြည့်လိုက်တဲ့ အတွေ့အကြုံသာ ဖြစ်ပါတယ်။
စိတ်ဓာတ်ကျစရာတွေ၊ လမ်းပျောက်သလို ခံစားရတဲ့ နေ့ရက်တွေ ကြုံလာရတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးရမှာက "ဘဝဆိုတာ ပြိုင်ပွဲတစ်ခု မဟုတ်ဘဲ ခရီးစဉ်တစ်ခု ဖြစ်တယ်" ဆိုတာပါပဲ။
ကိုယ့်တန်ဖိုးကို သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုတစ်ခုတည်းပေါ်မှာ မတည်ဆောက်ပါနဲ့။
မုန်တိုင်းထန်တဲ့နေ့တွေ ရှိသလို သာယာတဲ့ မနက်ခင်းတွေလည်း အနှေးနဲ့အမြန် လာဦးမှာပါ။ ကိုယ့်ရဲ့ ခြေလှမ်းမှန်မှန်နဲ့၊ ကိုယ့်ရဲ့ ယုံကြည်ချက်အတိုင်း ဆက်လျှောက်နေသရွေ့ ဘယ်ခရီးမှ ဝေးတယ်ရယ်လို့မရှိပါဘူး။ ။
ကြိုးစားပါဦးမည်။
-Khun-
#Angél_Alphá@mirror148
#Motivation
#AP4U

🥰9❤3🔥3
ရှေးရိုးစွဲနှင့် ခေတ်ရေစီးကြောင်း
လူ့အဖွဲ့အစည်း၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် “ရှေးရိုးစွဲအစဉ်အလာ” နှင့် “ခေတ်ရေစီးကြောင်း” ဟူသော အင်အားစုနှစ်ရပ်သည် အမြဲတစေ ဒွန်တွဲလှုပ်ရှားလျက် ရှိသည်ကို တွေ့ရမည် ဖြစ်သည်။
==============
👉 Read More 👈
==============
#Angél_Alphá@mirror148
#Knowledge
#AP4U
#Khun
🥰3❤2