Myanmar Update News
31.4K subscribers
35.9K photos
3.36K videos
447 files
3.14K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Popular Journal
photo:MRFမြန်မာ့ပေါ်ဆန်းဆန် ကမ္ဘာ့အကောင်းဆုံးဆန်ဆု(World Best Rice Award) ဆုရရှိ၊
၂၀၁၁ ခုနှစ် ပထမအကြိမ်နှင့် ယခု ၂၀၂၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ဆုရရှိခဲ့ခြင်းဖြစ်

ရန်ကုန်၊အောက်တိုဘာ ၉
မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆု (World Best Rice Award) ကို ဒုတိယအကြိမ်မြောက် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် International Commodity Institute, The Rice Trader အဖွဲ့အစည်းတို့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပသည့် International World Rice Conference 2026 ၌ နိုင်ငံတကာဆန်အမျိုးအစားများ ပါဝင်ယှဉ်ပြိုင်သည့် ဆန်အရည်အသွေးပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ့ပေါ်ဆန်းဆန်က အဆိုပါဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပသည့် နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆန်အမျိုးအစားပြပွဲ၊ ယှဉ်ပြိုင်ပွဲတွင်လည်း World Best Rice Award ကို ရရှိခဲ့ဖူးသဖြင့် ယခုဆုသည် ဒုတိယအကြိမ်မြောက် ရရှိခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ မနီလာမြို့တွင် ကျင်းပသည့် နိုင်ငံတကာဆန်စပါးညီလာခံနှင့် ဆက်စပ်ဆွေးနွေးပွဲများ၊ ပြပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် MRF တို့၏ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့၊ ဆန်တင်ပို့သည့်ကုမ္ပဏီများမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုတိုးမြှင့်ရေးအပြင် မလေးရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများသို့ ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပါဝင်တက်ရောက်သည့် ကုမ္ပဏီများအနေဖြင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း MRF က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာထွက်ကုန်ဖြစ်သည့် တန်းမြင့်ဆန်များကို တန်ချိန် ၃ သန်း တင်ပို့ရန် ရည်မှန်းထားပြီး ယင်းရည်မှန်းချက် ပြည့်မီကျော်လွန်စေရေးအတွက် ပုဂ္ဂလိကကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
👍39❤28🎉1💯1
Forwarded from Yangon Media Group
❗️❗️❗️❗️
အစိုးရအဖွဲ့သစ်(၆)လ သက်တမ်းအကြာတွင် အပြောင်းအလဲများစတင်ပြုလုပ်
ကျန်းမာရေးဝန်ကြီးပြောင်းလဲ၊ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးနှင့် ပညာရေးနှင့်ကျန်းမာရေးဒုဝန်ကြီးများကို တာဝန်မှအနားပေး၊ ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးအသစ်(၂)ဦးခန့်အပ်
အောက်တိုဘာ ၉၊၂၀၂၆
အစိုးရအဖွဲ့အသစ်ဖွဲ့စည်းပြီး ၆ လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲအချို့ကို ယနေ့ အောက်တိုဘာ ၉ရက်တွင် စတင်ပြုလုပ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကို ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့သည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းတို့ကိုလည်း တာဝန်မှအနားယူခွင့်ပေးခဲ့သည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင် ကိုလည်း တာဝန်မှအနားပေးခဲ့သည်။
ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့ကိုလည်း ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
အဆိုပါ အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၉/၂၀၂၆ မှ အထိ ၇၃/၂၀၂၆ အထိ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ အောက်တိုဘာ ၉ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍32❤16🤔5👏1🤓1
Forwarded from News Of Myanmar
အမေရိကန်သမ္မတ ထရမ့်မှ ရုရှားနိုင်ငံက အမေရိကန်ပြည်ထောင်စုသို့ ဒီဇယ်ဆီ မက်ထရစ်တန်ချိန် ၅ သန်းနီးပါး တင်သွင်းပေးမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် "အလွန်အောင်မြင်သော ဆွေးနွေးမှု" ပြုလုပ်ခဲ့ပြီးနောက် ယခုသဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
👍42❤14😭5👏3
Forwarded from Dr Khaing Khaing Soe
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်
နေပြည်တော် အောက်တိုဘာ ၁ဝ

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာခဲ့သည့်စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်အတွက် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျော့ချရန်ရည်ရွယ်၍ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့ သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊အဆောင်များတွင်သာ ရုံးလုပ်ငန်း ဆောင်ရွက်ခြင်းအား၂၀၂၆၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွင် (work from home) ဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာခဲ့သည်။

ထို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် (work from home) ဆောင်ရွက် သွားကြရန် သတ်မှတ်ကြေညာချက်အား အောက်တိုဘာ ၁၀ ရက်မှ စ၍ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိသည်။

Source-MRTV
👍37❤10👀5
Forwarded from Yangon Media Group
😀😀😀😀
နိုင်ငံတော်သမ္မတက အမိန့် (၇)ခုထုတ်ပြန်၍ အစိုးရအဖွဲ့များအတွင်း အပြောင်းအလဲများထပ်မံပြုလုပ်
အောက်တိုဘာ ၁၀၊၂၀၂၆
အစိုးရအဖွဲ့သစ်သက်တမ်း(၆)လအကြာတွင် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲများစတင်ပြုလုပ်နေရာ ယနေ့ အောက်တိုဘာ ၁၀ရက်နေ့တွင်လည်း ဒုတိယဝန်ကြီးများခန့်အပ်ခြင်း၊ ဒုတိယဝန်ကြီးများအား နေရာ ပြောင်းရွှေ့တာဝန်ပေးခြင်းအပါအဝင် ပြောင်းလဲမှုအချို့ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ အမိန့်ထုတ်ပြန်ဆောင်ရွက်ခဲ့သည်။

၁။ အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်ထင်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကို အမျိုးသားစီမံကိန်း၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသို့လည်းကောင်း ပြောင်းလဲတာဝန်ပေးသည်။
၂။ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်ပြောင်းလဲတာဝန်ပေး သည်။
၃။ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။
၄။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းကို နေပြည်တော်ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးသည်။
၅။ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဝင်းမောင်သိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာတင်ထွန်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါက်တာ နေသွယ် ကြည်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးအောင်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမျိုးကျော်သူတို့ကို ခန့်အပ်သည်။
၆။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစောရန်အောင်ကို ခန့်အပ်သည်။
၇။ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်အေးအေးလှိုင်ကိုခန့်အပ်သည်။

အဆိုပါပြောင်းလဲမှုများကို အမိန့်အမှတ် ၇၄/၂၀၁၆ မှ ၈၀/၂၀၂၆ အထိ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Please open Telegram to view this post
VIEW IN TELEGRAM
❤41👍38🤗3🤩1
AFC U-17 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်) အသင်းကို အနိုင်ရကာ အာရှဖလားဝင်ခွင့်ရ

သက်တံ့
၁၁. ၁၀. ၂၀၂၆

AFC U-17 အမျိုးသမီးဖလား ခြေစစ်ပွဲ အုပ်စု (G) ၏ အဆုံးအဖြတ်ပွဲစဉ်အဖြစ် ယနေ့ အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် ဟောင်ကောင် (တရုတ်) အသင်းတို့ ပွဲစဥ်တွင် မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အိမ်ရှင် မြန်မာအသင်းအနေဖြင့် ၂၁ မိနစ်တွင် အဖွင့်ဂိုးပေးခဲ့ရသော်လည်း ပွဲကစားချိန် ၄၂ မိနစ်တွင် အသင်းခေါင်းဆောင် ရှင်းသန့်ဖြူစင်ပြုံးနှင့် မိနစ် ၆၀ တွင် သက်သက်ဝေ တို့က မြန်မာအသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူပေးခဲ့သည်။

အုပ်စုအတွင်း မြန်မာနှင့် ဟောင်ကောင်အသင်းတို့သည် ဂူအမ်အသင်းကို ၉ ဂိုးပြတ်စီ အနိုင်ရထားကြ၍ ရမှတ်၊ သွင်းဂိုး၊ ပေးဂိုးနှင့် ဂိုးကွာခြားချက်တို့ တူညီနေသဖြင့် ယနေ့ပွဲရလဒ်သည် အုပ်စုပထမနေရာနှင့် နောက်ဆုံးအဆင့်တက်ရောက်ခွင့်အတွက် အဆုံးအဖြတ်ဖြစ်ခဲ့သလို အုပ်စုပထမရရှိသည့်အသင်းသည် ၂၀၂၇ AFC U-17 Women’s Asian Cup နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် ဟောင်ကောင်အသင်းကို အနိုင်ရရှိသည့် မြန်မာအသင်းသည် တရုတ်နိုင်ငံက ၂၀၂၇ မတ်လ ၃၁ ရက်မှ ဧပြီ ၁၇ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ ၁၇ ဖလားကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပြီလည်း ဖြစ်သည်။

#MyanmarWomenFootball #AFCU17 #Guam #HongKong #တရုတ် #အိမ်ရှင် #MTSports #MyanmarTransparency
❤49👍24
Forwarded from Popular Journal
Media is too big
VIEW IN TELEGRAM
စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ကစပြီး ဖမ်းဆီးအရေးယူ

ရန်ကုန်မြို့မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဒီနေ့ အောက်တိုဘာ ၁၂ ရက်ကစပြီး ဖမ်းဆီးအရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ ကျောက်တံတားမြို့နယ်၊ ဆူးလေခုံးကျော်တံတားအောက်မှာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်နာရီအတွင်း လူ ၁၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးအရေးယူမှုကို မနက် ၈ နာရီခွဲကနေ ၉ နာရီခွဲအထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကလည်း လူကူးမျဉ်းကျားကနေ လမ်းမဖြတ်ကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို အရေးယူတော့မယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ အသိပေးကြေညာထားပါတယ်။

ပညာပေးကာလပြီးဆုံးသွားပြီဖြစ်တဲ့အတွက် အခုလို ဖမ်းဆီးအရေးယူတာဖြစ်ပြီး ကျောက်တံတား၊ စမ်းချောင်း၊ ကမာရွတ်နဲ့ ဗဟန်းမြို့နယ်တွေမှာ စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ သတ်မှတ်ချက်တွေအရ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနဲ့ ခွင့်ပြုထားတဲ့နေရာတွေကသာ လမ်းဖြတ်ကူးရမှာဖြစ်ပါတယ်။

အဲဒီစည်းကမ်းတွေကို လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ငွေကျပ် သုံးသောင်းထက်မပိုတဲ့ ဒဏ်ကြေးနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျားနဲ့ ခွင့်ပြုထားတဲ့နေရာတွေကနေသာ လမ်းဖြတ်ကူးကြဖို့ လိုအပ်ပါတယ်။
👏22👍21❤7🤩1
Forwarded from Yangon Media Group
#Local_News
ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးသူတစ်ဦးကို မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်စေလွှတ်
++++++++++++++++++++++++++++++
Published 13 October 2026

■ ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးစီးခဲ့သူများအနက် ပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဆုံးအဖြစ် တစ်ဦးကို မလေးရှားနိုင်ငံသို့ အောက်တိုဘာ ၇ ရက်တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

■ အဆိုပါ ပြည်သူ့စစ်မှုထမ်းတစ်ဦးကို Golden Plant Services Co., Ltd. ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါနိုင်ငံ၌ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

■ အလုပ်သမားဝန်ကြီးဌာနသည် ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးသူများအနက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် ၎င်းတို့ဆန္ဒပြုသည့် နိုင်ငံများတွင် အလုပ်အကိုင်ရရှိစေရန်
______________________________________
ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh01-13-10-2026
❤35👍20