Forwarded from Voice of Myanmar (Shine Aung)
ကန့်ကွက်မှုတွေကြောင့် “Blind Box” ရုပ်ရှင် ပြသမယ့်ရက် ရွှေ့ဆိုင်း
အောက်တိုဘာ ၁၅ - ၂၀၂၆
SN (VOM)
မြန်မာနိုင်ငံတဝန်းရှိ ရုပ်ရှင်ရုံကြီးတွေမှာ မနက်ဖြန် အောက်တိုဘာ ၁၆ ရက်နေ့မှစပြီး ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ “Blind Box - ဘလိုင်းဘောက်” သရဲရုပ်ရှင်ဇာတ်ကားကြီး ပြသမယ့်ရက်ကို ကန့်ကွက်မှုတွေကြောင့် ရွှေ့ဆိုင်းထားတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
တရုတ်ကုမ္ပဏီ POP MART ထုတ် အရုပ်ဖြစ်တဲ့ Labubu အရုပ်ကို သရဲဇာတ်ကောင် နေရာကနေ အသုံးပြုထားတာကြောင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရဲ့ ကန့်ကွက်မှုနဲ့ ပြသခွင့် ဆိုင်းငံ့လိုက်ရတယ်လို့ သိရပါတယ်။
“တရုတ်သံရုံးက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ သက်ဆိုင်ရာ ဆင်ဆာအဖွဲ့ဆီကို ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့ သိရတယ်။ ဒီအရုပ်က ကမ္ဘာတဝန်း လူကြိုက်များသလို စီးပွားရေးအရလည်း အောင်မြင်နေတဲ့ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ် အရုပ်ဖြစ်တယ်။ ဒီအရုပ်ကို အနုတ်လက္ခဏာဆောင်တဲ့ သရဲတစ္ဆေ၊ ဝိညာဉ်ဆိုးအဖြစ် ပုံဖော်ထားတာဟာ ထုတ်ကုန်နဲ့ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ပေါ့။ နောက်တခု ဒီအရုပ်ကိုသုံးဖို့ သက်ဆိုင်ရာ ကုမ္ပဏီဆီကနေ ခွင့်ပြုချက် ရယူထားတာလည်း မရှိဘူးလို့ သိရတယ်။ ဒါကြောင့် ပြသခွင့်ကို ဆိုင်းငံ့ပေးဖို့ ကန့်ကွက်တာ” လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အရုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရဘဲ အမှတ်တံဆိပ်နဲ့ ထင်ရှားစွာ ဆက်စပ်နေတဲ့ အရုပ်ကို ရုပ်ရှင်မှာ အခုလို အသုံးပြုတာဟာ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်နဲ့ ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ပုံရိပ်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရုပ်ရှင်ဝေဖန်သူ တယောက်က “သုံးထားတဲ့ အရုပ်က သရဲဇာတ်ကောင်ဖြစ်နေတော့ အရုပ်ကုမ္ပဏီဘက်က Brand Image ထိခိုက်နိုင်ပါတယ်။ ကုမ္ပဏီဘက်ကလည်း လုံးဝ ခွင့်လွှတ်မှာမဟုတ်ပါဘူး။ Chucky, Annabelle တောင် မူလအရုပ်တွေကို ပုံစံပြောင်းရပါတယ်။ ရုပ်ရှင် ထုတ်လုပ်ရေးဘက်ကလည်း Blind Box (pop mart) နဲ့ မတူအောင် ပြန်လည်ဖန်တီးပြီး တင်ဆက်ရင်တော့ အဆင်ပြေနိုင်ပါတယ်” လို့ ပြောပါတယ်။
ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ “Blind Box - ဘလိုင်းဘောက်” ရုပ်ရှင်ဟာ Drama Horror ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဒီဒီထက်အောင်က ရိုက်ကူးထားကာ အကယ်ဒမီ နေဝင်း၊ ပိုးမမှီသာ၊ အကယ်ဒမီ မင်းဦး၊ အကယ်ဒမီ ချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်နဲ့ သားချောတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ရုပ်ရှင် ထုတ်လုပ်ရေးဘက်က အခုလို ရုပ်ရှင်ပြသမယ့်ရက် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပြီး မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ အခက်အခဲတချို့ကြောင့် ရုံတင်ပြသမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ ကြေညာထားသလို သရုပ်ဆောင် နေဝင်းကလည်း အကြောင်းတစုံတစ်ရာကြောင့် ခေတ္တ ရက်ရွှေ့လိုက်တယ်လို့ အသိပေးထားပြီး အသေးစိတ် အကြောင်းရင်းကိုတော့ ထုတ်ဖော် ပြောဆိုထားခြင်း မရှိပါဘူး။
Photo - CJ
#voiceofmyanmar #VOM #BlindBox #ရုပ်ရှင် #ပြသရက် #ရွှေ့ဆိုင်း

👍23❤13🤔3💘1
Forwarded from Head of State
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက လာရောက်ဂါရဝပြုတွေ့ဆုံ
NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ရယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်လိုပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း၊ သာမန်အရပ်သားပြည်သူများကဲ့သို့လည်း ဥပဒေ အကာအကွယ်ဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။
Website
YouTube
TikTok
X(Twitter)
Facebook
Telegram

👍24❤10👏3
Forwarded from နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီး
နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီး တတိယပတ် ဆက်လက်ပြသမည်
❤11👍11👏2👀2
Forwarded from Yangon Media Group
ငြိမ်းချမ်းရေးသဘောတူညီချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းများကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်
နေပြည်တော်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်ဆက်စပ်၍ ဆွေးနွေးသဘောတူထားသည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) အပိုင်း ၁၊ ၂၊ ၃ တို့ကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အစိုးရတာဝန်ယူသည့် ငါးနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဟု လွှတ်တော်၌ ပြောကြားထားပြီးဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သူများနှင့် လက်တွဲသွားမည်ဖြစ်ကာ လက်တွဲဆောင်ရွက်၍ မရသူများနှင့်ပတ်သက်၍လည်း နည်းလမ်းရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့် နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း တိုက်တွန်းသည်။
——————————-
https://yangonmediagroup.com/index.php/myanmar/nca-rep-meet-president
Please open Telegram to view this post
VIEW IN TELEGRAM
👍37❤20🎄1
Forwarded from Yangon Media Group
#Local_News
ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေရန် အစီအစဉ်မရှိဟု ဗဟိုဘဏ်ထုတ်ပြန်
+++++++++++++++++++++++++++++++
Published 18 October 2026
■ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများသည် မမှန်ကန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာ ၁၈ ရက်တွင်ထုတ်ပြန်ထားသည်။
■ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်ဝက်ဘ်ဆိုက်များ၌ ကျပ် ၅၀,၀၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေမည်ဆိုသည့် သတင်းများ ပျံ့နှံ့နေသော်လည်း ယင်းသတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် ငွေစက္ကူသစ်ထုတ်ဝေရန် အစီအစဉ်မရှိကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။
______________________________________
ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh01-18-10-2026

👍24❤5🤔2🤓2👏1
Forwarded from Yangon Media Group
#Local_News
ရေဘေးသင့်ပြည်သူများ၏ စိတ်ခွန်အားပြန်လည်မြှင့်တင်နိုင်ရေး မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင်မှ လေးမျက်နှာမြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့တွင် ကပြဖျော်ဖြေမည်
++++++++++++++++++++++++++++++++
Published 19 October 2026
■ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ
ရေဘေးသင့်ပြည်သူများ၏ စိတ်ခွန်အားပြန်လည်မြှင့်တင်နိုင်ရေး မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင်မှ လေးမျက်နှာမြို့နယ်နှင့် ငါးသိုင်းချောင်းမြို့တို့တွင် နိုဝင်ဘာလဆန်း၌ လေးညတိုင်တိုင် ကပြဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လနှောင်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ မြစ်ရေမြင့်တက်လာမှုများကြောင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းပြီး တာတမံ နိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့သဖြင့် ရပ်ကွက်/ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှု များဖြစ်ပွားခဲ့ကာ
______________________________________
ReadMore>>>https://yangonmediagroup.com/index.php/myanmar/mmh05-19-10-2026

👍17❤8🥰1🤩1🤓1