People's Spring
✔
58.9K subscribers
73.1K photos
1.31K videos
10 files
3.14K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အောင်လအန်ဆန်ရဲ့ Python MMA ကလပ် သွားလည်ပတ်ရင်း လေ့ကျင့်နေတဲ့ ဂျိုရှုအာဗန်

နိုဝင်ဘာ ၆ ၊၂၀၂၆။သုည/Peoples Spring

UFC ရဲ့ ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံ ဂျိုရှုအာဗန်ဟာ One Championship ရဲ့ ချန်ပီယံဟောင်း အောင်လအန်ဆန်ရဲ့ Python MMA ကလပ်ကို သွားရောက်လည်ပတ်ရင်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အောင်လအန်ဆန်ရဲ့ Python MMA ကလပ်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဂျိုရှုအာဗန်ဟာ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသား တီရယ်ထန်၊ အီရတ်လူမျိုး ဖိုက်တာ အာမက်ခါလစ် တို့နဲ့အတူ နည်းစနစ်ပိုင်း မျှဝေရင်း အတူတူလေ့ကျင့်ခဲ့တာလည်း မြင်တွေ့ရပါတယ်။

UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ တတိယမြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လာမယ့် ၂၀၂၇ ဇန်နဝါရီ ၃၁ ရက်မှာ ပေါ်တူဂီဖိုက်တာ မာနယ်ကပ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ် လို့ UFC က ထုတ်ပြန်ထားပါတယ်။

ပခုံးဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဗန်ဟာ မာနယ်ကပ်နဲ့ ထိုးသတ်မယ့် ချန်ပီယံကာကွယ်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ထိုးသတ်ရာ စိန်ခေါ်သူ တက်ဆူရိုနဲ့ ပန်တိုဂျာတို့ကို အနိုင်ရကာ နှစ်ကြိမ်တိုင် ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။

ရုပ်သံ - Aung La Nsang instagram


𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အောင်လအန်ဆန် #ဂျိုရှုအာဗန် #PythonMMA #MMAလေ့ကျင့်မှု #မြန်မာဖိုက်တာများ #ကစားသမားများ #အားကစားသတင်း #AungLaNsang #JoshuaVan #PythonMMAClub #MMATraining #MyanmarFighters #Athletes #SportsNews
👍25❤7🔥1👌1