Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တိုးတက်မှုက မြန်မာနိုင်ငံကို ရိုတ်ခတ်လာရင် ဘယ်လိုပြင်ဆင်ထားသင့်လဲ။

China က မြန်မာနိုင်ငံရဲ့ အဓိက Exporter တစ်ခုဖြစ်သလို Total FDI ရဲ့ 31 % က China ဖြစ်တဲ့တွက်
မြန်မာနိုင်ငံတွက် ဒုတိယအကြီးဆုံး Investor ပါ။ China ရဲ့ Garment & Textile လုပ်ငန်းတွေကလဲ လူဦးရေ ၄ သိန်းလောက်ကို အလုပ်အကိုင်ပေးထားနိုင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတင်မကဘဲ ကမ္ဘာကိုပါ ခြေဆန့်နိုင်ခဲ့ပါတယ်။

US လို ဒိတ်ဒိတ်ကြဲ နိုင်ငံတောင် China ရဲ့ Trade တိုးတက်မှုကြောင့် 2016 ကနေ 2018 အတွင်း အလုပ်အကိုင် 3.7 Million လောက် ပျောက်ဆုံးခဲ့ရပါတယ်။

ဒါလို အန္တရာယ်ကြီးလှတဲ့ တရုတ်နိုင်ငံနဲ့ မြေမျက်နှာသွင်ပြင်အရထိစပ်နေတဲ့ ဖွံဖြိုးဆဲ မြန်မာနိုင်ငံတစ်ခုအနေနဲ့ သတိကြီးကြီးထားသင့်ပါတယ်။

ဒါကြောင့် နွေဦးတက္ကသိုလ်မှ ကျောင်းသူ၊သားများတွက် “Role of China in Myanmar Affairs” ဆိုတဲ့ တန်းခွဲလေးကို ယူဆောင်လာခဲ့ပါတယ်။

ဒီတန်းခွဲမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ မြန်မာနိုင်ငံနဲ့ မြေမျက်နှာသွင်ပြင်အရ နိုင်ငံရေး၊စီးပွားရေး ကူးလူးဆက်ဆံပုံတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် အတွင်းကျကျ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

💡 ဘယ်သူတွေက သင်ကြားပို့ချပေးသွားမှာလဲ ?

ဒီတန်းခွဲလေးမှာ အတွေ့အကြုံရှိ ဝါရင့်ပညာရှင်နှစ်ဦးမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

ပထမတစ်ဦးကတော့ တရုတ်ဘာသာဆိုင်ရာ မဟာဘွဲ့ကို Rinmen University of China မှ ရရှိခဲ့ပြီး
ပြည့်သူ့ရေးရာ မဟာဘွဲ့ကိုလဲ Lee Kuan Yew School of Public Policy မှာ တက်ရောက်ရရှိခဲ့သူ
တစ်ဦးပဲ ဖြစ်ပါတယ်။

ဒုတိယတစ်ဦးကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံကြားက နိုင်ငံရေးအခင်းအကျင်းတွေကို အထူးပြု
လေ့လာသူတစ်ဦးဖြစ်ပြီး ဒေသဆိုင်ရာ Think Tank အဖွဲ့အစည်းတွေမှာလဲ သုတေသီအဖြစ်
လည်းကောင်း၊ အကြံပေးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။

💡 ကဲ...ဒါဆိုရင် ဒီတန်းခွဲလေးကို တက်ရောက်လိုက်တာနဲ့ ယခင်ကထက် ဘာတွေပြောင်းလဲသွားမလဲ ?

✅ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ အစိုးရတွေရဲ့ အုပ်ချုပ်မှူဆိုင်ရာ ဖွဲ့စည်းလည်ပတ်ပုံတွေကို အချက်ကျကျ ဆွေးနွေးသွားနိုင်မယ်။

✅ ၁၉၄၈ မှ စလို့ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွေအပြင် အခြားအိမ်နီးချင်းနိုင်ငံများထဲမှ မြန်မာကို ဘာကြောင့် စိတ်ဝင်စားရလဲ အကြောင်းရင်းတွေကို ကိုယ်တိုင်လေ့လာသိရှိသွားမယ်။

✅ မြန်မာနိုင်ငံနှင့် မြေမျက်နှာသွင်ပြင်ထိစပ်နေမှူအရ နိုင်ငံရေး၊ စီးပွားရေး ကူးလူးဆက်ဆံပုံတွေအပြင်
နွေဦးတော်လှန်ရေးမှာ တရုတ်ပါဝင်ပတ်သက်မှူတွေ၊ အနာဂတ်မှာ နိုင်ငံရေးအခင်းအကျင်းဘယ်လိုဖြစ်လာနိုင်လဲ ဆွေးနွေးသုံးသပ်လာနိုင်မယ်။

ဒီသင်တန်းမှာ ကျောင်းသူ၊သားတွေရဲ့ စဉ်းစားနိုင်စွမ်းကို တိုးတက်စေဖို့ Debate တွေ၊ Group Discussion တွေအပြင်အခြား Activities တွေနဲ့ လက်တွေ့ကျကျ လေ့လာသွားရမှာဖြစ်ပါတယ်။

💡 သင်ကြားရမည့် သင်ခန်းစာများအသေးစိတ်ကို ဖော်ပြပါ Poster လေးထဲမှာ လေ့လာနိုင်ပါတယ်ခင်ဗျာ။

July (၂၄) ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလအားဖြင့် (၆) ပတ်ခန့်ကြာမြှင့်သွားမှာ
ဖြစ်ပါတယ်။

စနေနဲ့ တနင်္ဂနွေ နေ့လည် (၁၀) နာရီမှ (၁၂) နာရီ အတွင်းအပတ်စဉ် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

တန်းခွဲတစ်ခုကို သင်တန်းသားဦးရေ (၄၀) သာ လက်ခံသွားမှာဖြစ်လို့ လူနည်းနည်းနဲ့ ထိထိရောက်ရောက်
လေ့လာလိုတဲ့ ကျောင်းသူ၊သားများအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းထားဖို့ အကြံပြုပါစေခင်ဗျာ။

Registration form : https://forms.gle/Czf35stn4Brj9ojr9

Payment Method နဲ့ပတ်သက်ပြီး အသေးစိတ်ကို Registration Form လေးထဲက Telegram Channel Link လေးထဲမှာ ဖော်ပြပေးထားတာမို့ Join ထားဖို့ မမေ့ပါနဲ့နော်

အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တိုးတက်မှုက မြန်မာနိုင်ငံကိုဘယ်ရိုက်ခတ်လာနိုင်မလဲ အားလုံးတူတူဆွေးနွေး
အဖြေရှာသွားဖို့အတွက် အဆင်သင့်ဖြစ်ပြီလားဗျို့။

ဆက်လက်ပြီး နွေဦးတက္ကသိုလ်ရဲ့ အသစ်သစ်သော အကြောင်းအရာတွေကို မျက်ခြေမပြတ်ဖို့တွက် Telegram Channel လေးကိုလဲ Join ထားပေးကြပါဦးနော်။
First Aid သင်တန်းမှ ကျောင်းသားများရဲ့ လှူဒါန်းမှုကြောင့် ကျေးလက်ဒေသတွေဆီ ထောက်ပံ့ဖို့ သိန်း (၈၀) ပြည့်သွားခဲ့ပါပြီ။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်ဘက်မှ ကျန်းမာရေး အားနည်းသော ကျေးလက်ဒေသများသို့ ဆေးပစ္စည်းနှင့် အထောက်အပံ့များ လှူဒါန်းရန်အတွက် First Aid သင်တန်းဖွင့်လှစ်ကာ Fundraising ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသား/သူများ၏ ရက်ရောမှုကြောင့်သော်လည်းကောင်း၊ သဒ္ဒါတရားထက်သန်သော အလှူရှင်များကြောင့်သော် လည်းကောင်း သတ်မှတ်ထားသော ပမာဏ ရောက်ရှိသွားသောကြောင့် နွေဦးတက္ကသိုလ်ဘက်မှ အလွန်ပင် ဝမ်းမြောက်မိပါတယ်။

သတ်မှတ်ထားသော ပမာဏပြည့်သွားသော်လည်း နွေဦးတက္ကသိုလ်၌ First Aid သင်တန်းကို ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးရှိသော လူ့အသက်တစ်ချောင်းကို ကယ်တင်ရန် ဆန္ဒရှိသူများ တက်ရောက်နိုင်ကြောင်း ပြောကြားလိုပါတယ်။

ယခု First Aid သင်တန်းအကြောင်း အသေးစိတ်ကို အောက်ပါ Link မှာကြည့်ရှုပြီး တက်ရောက်ဖို့ Register လုပ်နိုင်ပါတယ်။

Link-https://www.facebook.com/102470788713285/posts/121645840129113/?d=n

#SpringUniversityMM
#SUM
နွေဦးတက္ကသိုလ်ရဲ့ “Foreign Language Courses” အတွက် Survey လေးကောက်ခွင့်ပြုပါရှင်။

ယခုလို အားလုံးခက်ခဲနေတဲ့ ကာလကြီးထဲမှာ ကျောင်းသား လူငယ်အများစုဟာ မိမိမှာရှိတဲ့ မုန့်ဖိုး၊ လုပ်အားခတွေကို ချွေတာပြီး သုံးစွဲရသည်ကို နွေဦးတက္ကသိုလ်မှ နားလည် သဘောပေါက်ပါတယ်။

ဒါ့ကြောင့် ယခုဖွင့်လှစ်မယ့် Foreign Language Course မှာတော့ စျေးနူန်းသက်သာစွာနှင့် အရည်အသွေးပြည့်ဝတဲ့ အတန်းများဖွင့်လှစ်ရန် ရည်ရွယ်ထားပါတယ်။

နွေဦးတက္ကသိုလ်ဟာ လူငယ်များရဲ့ဆန္ဒကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် တက်ရောက်မယ့် ကျောင်းသား/သူများ အနေဖြင့် သင်တို့ လိုချင်သော အတန်းပုံစံ၊ တက်ရောက်ချင်တဲ့ Foreign Language တွေကို ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။

ကျောင်းသား/သူများရဲ့ တောင်းဆိုချက်အပေါ်မူတည်ပြီး နွေဦးတက္ကသိုလ်ဘက်မှ လိုအပ်ချက်များ မရှိရလေအောင် အသေးစိတ် ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလဲ CDM ထောက်တိုင်ကြီးမပြိုလဲအောင် နွေဦးတက္ကသိုလ်မှ ကြိုးစားပြီး လှူဒါန်းပေးနေတာဖြစ်လို့ ကိုယ်တက်ချင်တဲ့ Language လေးသင်ပြီး CDM ကို တစ်ပါတည်း Support ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုဖော်ပြထားတဲ့ Form လေးကနေတစ်ဆင့် “ကိုယ်က ဘယ် Foreign Language ကို စိတ်ဝင်စားလဲ” ဆိုတာ ဖြည့်သွားပေးပါဦးနော်။

ကိုယ်ဖြစ်စေချင်တဲ့ အတန်းပုံစံမျိုးကိုလဲ Comment မှာ လွတ်လွတ်လပ်လပ် ရေးသွားစေချင်ပါတယ်။

Survey Link - https://forms.gle/eB7BUK2WyCkbZNUHA

ကိုယ့်ရဲ့ Foreign Language စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကိုလည်း ပြောပြပေးလိုက်ရအောင်။

#SpringUniversityMM
#SUM
ငယ်ရွယ်နုပျိုမှုတွေနှင့်အတူ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည် အမြင့်မားဆုံးအချိန်မှာ ဘာသာစကားတစ်ခုကို ပိုင်ပိုင်နိုင်နိုင် လေ့လာထားသင့်ပါတယ်။
လူငယ်ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနှစ်သာရတစ်ခုကို ပြောပါဆိုလျှင် သူငယ်ချင်းတွေနဲ့အတူတူ ဘာသာစကားတစ်ခုကို လေ့လာရတာပဲ ဖြစ်ပါလိမ့်မယ်။ အရင်တည်းက သူငယ်ချင်းတွေစုပြီး သင်တန်းတွေ တက်ရောက်ကြတာဟာ လူငယ်ဆိုတဲ့ ခံစားမှုကို အပြည့်အဝရရှိတာပဲ ဖြစ်ပါတယ်။
ထိုအနှစ်သာရကို ပျောက်မသွားရလေအောင် နွေဦးတက္ကသိုလ်မှ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်/ပြောတတ်ချင်သူတွေ အတွက် Foreign Language Course လေး ဖွင့်လှစ်ပေးလိုက်ပါပြီ။
ဘာသာစကား ၁ ခုကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ထားခြင်းဟာ နေ့စဉ်ဘဝမှာအသုံးဝင်တဲ့အပြင် အလုပ်လျှောက်တဲ့နေရာမှာလည်း ပိုပြီးအဆင်ပြေမှာ အမှန်ပါပဲ။
ကိုယ့်ကိုယ်ကို အခြေခံကနေ စတင် တက်ရောက်ရမှာဆိုပြီး အားငယ်နေစရာမလိုပါဘူး။ ယခုအချိန်က စပြီး သေသေချာချာ ကြိုးစားပြီး သင်ယူလိုက်ရင် သေချာပေါက် ကျွမ်းကျင်အဆင့်ကို အချိန်တစ်ခုအတွင်း ရောက်ရှိနိုင်ပါတယ်။
ဒါ့အပြင် ယခုသင်တန်းမှရရှိသောအလှူငွေများကို CDM ဝန်ထမ်းများအား ကူညီပေးသွားမှာဖြစ်တဲ့အတွက် သင်တန်းလဲတက်ရင်း CDM ထောက်တိုင်ကြီး ပြိုမလဲသွားအောင်ပါ ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် သင်တန်းလေးပဲ ဖြစ်ပါတယ်။
ယခု နွေဦးတက္ကသိုလ်ဘက်မှ ဖွင့်လှစ်မယ့် Foreign Language Course မှာ ဘာသာစကား (၄) မျိုး ပါဝင်မှာ ဖြစ်ပါတယ်။
ဘာသာရပ်အလိုက် အချိန်ဇယား၊ နေ့ရက်နှင့် ဖွင့်လှစ်မယ့် အချိန် အပိုင်းအခြား မတူညီတဲ့အတွက်ကြောင့် မိမိတက်ရောက်လိုသော ဘာသာစကား တစ်ခုချင်းစီကို သေချာကြည့်ရှုဖို့ တိုက်တွန်းပါရစေ။
Language တစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ဖော်ပြပါပုံများတွင် တစ်ပုံချင်းကြည့်ရှုနိုင်ပါတယ်။
အားလုံးရဲ့တောင်းဆိုမှုအတိုင်း သင်တန်းကြေးသက်သာစွာနဲ့ အရည်အသွေးပြည့်ဝတဲ့ အတန်းတွေကို စီစဉ်ထားတာကြောင့် တွေဝေမနေဘဲ အခုပဲတက်ရောက်ဖို့ စာရင်းသွင်းလိုက်ကြရအောင်။
#SpringUniversityMM
#SUM
Korean 🇰🇷

လူငယ်တွေကြားထဲ ယခုနောက်ပိုင်းမှာ စိတ်ဝင်စားမှု မြှင့်တက်နေလာတဲ့ Foreign Language လေးတစ်ခုကတော့ Korean Language ပဲ ဖြစ်ပါတယ်။

K-drama ရဲ့လွှမ်းမိုးမှုကြောင့်သော်လည်းကောင်း၊ K-Pop လောကရဲ့ အောင်မြင်မှုကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံရှိ လူငယ်အများစုဟာ Korean Language နဲ့ အတော်လေး ရင်းနှီးမှု ရှိတာကို တွေ့ရှိရပါတယ်။

ယခုလိုရင်းနှီးမှုရှိပြီးသား Language တစ်ခုကို စိတ်ပါဝင်စားစွာ လေ့လာပါက အချိန်တိုအတွင်း တက်မြောက်သွားမှာ အမှန်ပါပဲ။

ယခု နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မယ့် Korean Language Course ဟာဆိုရင် အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A မှာ Weekday အတန်းအတွက်ဖြစ်ပြီး
Class B မှာတော့ Weekend အတန်းအတွက် ဖြစ်ပါတယ်။

✅ Weekday အတန်းကို July 20 မှစတင်ကာ အပတ်စဉ် (5:30-7 PM) အချိန်၌ သင်ကြားပေးမှာ ဖြစ်ပါတယ်။

✅ Weekend အတန်းကိုတော့ July 24 မှစတင်ကာ အပတ်စဉ် (2-3:30PM) အချိန်၌ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။

✅ သင်တန်းကာလမှာ ၁လခွဲ ဖြစ်ပြီး သင်တန်းကြေးမှာ 23,000 Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

ဒီအတန်းကို တက်ရောက်ပြီးသွားတာနဲ့ သင်ဟာ Daily Life, Greeting, Introducing, Date and Time အစရှိတာတွေကို Korean Language ဖြင့် တက်မြောက်သွားမှာပဲ ဖြစ်ပါတယ်။

ယခုလို သင်တန်းကြေး သက်သက်သာသာနဲ့ ကိုယ်နဲ့အဆင်ပြေတဲ့အချိန် ရွေးချယ်တက်ရောက်လို့ ရတဲ့အတွက် အခုပဲ စာရင်းပေး တက်ရောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Registration Form- https://forms.gle/fzrYNB2MCc5UjyAa9
Japanese 🇯🇵

ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှလူငယ်များ လေ့လာကြတဲ့ Foreign Language တစ်ခုကတော့ Japanese Language ပဲ ဖြစ်ပါတယ်။

ယခုအချိန်အထိ စိတ်ဝင်စားမှု မြှင့်တက်လျက်ရှိတဲ့ Japanese Language ကို နွေဦးတက္ကသိုလ်မှာ စတင် လေ့လာနိုင်ပါပြီ။

ယခု နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မယ့် Japanese Language Course ဟာဆိုရင် အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A ကို July 20 မှစတင်ကာ အပတ်စဉ် Tuesday & Wednesday (10-12AM) အချိန်၌ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✅ Class B ကိုတော့ July 24 မှစတင်ကာ အပတ်စဉ် Saturday & Sunday (5-7PM) အချိန်၌ သင်ကြားပေးမှာဖြစ်လို့ မိမိအဆင်ပြေတဲ့ အချိန်တွင် တက်ရောက်နိုင်ပါတယ်။

✅ သင်တန်းကာလမှာ၂လ ဖြစ်ပြီး သင်တန်းကြေးမှာ 23,000 Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

Registration Form- https://forms.gle/GEGdRoReAKy9Ma6S9

ဒီအတန်းလေးပြီးဆုံးသွားတဲ့အခါမှာတော့
ယခုအတန်းမှာ Basic Level အတွက်ဖြစ်ပြီး Intermediate Level ရှိသော အတန်းများကို ဆက်လက်ဖွင့်လှစ်ဖို့ ရှိသေးပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
❤1
French 🇫🇷

Bonjour လို့အစချီလိုက်တာနဲ့ ကျွန်တော်တို့အားလုံး Paris မြို့က Eiffel Tower ကြီးကို ပြေးမြင်ကြမယ် ထင်ပါတယ်။

ဒီလိုလှပလွန်းတဲ့ Paris လိုမြို့ကြီးမှာ အသုံးပြုလျက်ရှိတဲ့ ဘာသာစကားကို သင်ယူချင်ကြသူတွေအတွက် နွေဦးတက္ကသိုလ်မှ French Language ကို ဖွင့်လှစ်လိုက်ပါတယ်။

French Language ကို အခြေခံမှ စတင်လေ့လာမယ့်သူတွေ အတွက် အကောင်းဆုံးအတန်း ဖြစ်ပါလိမ့်မယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A ကို July 21 မှစတင်ကာ အပတ်စဉ် Wednesday & Thursday (10-11 AM) အချိန်၌ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✅ Class B ကိုတော့ July 21 မှစတင်ကာ အပတ်စဉ် Wednesday & Thursday (4-5 PM) အချိန်၌ သင်ကြားပေးမှာဖြစ်လို့ မိမိအဆင်ပြေတဲ့ အချိန်တွင် တက်ရောက်နိုင်ပါတယ်။

✅ သင်တန်းမှာ 21 July မှ August 25 အထိ ဖြစ်ပါတယ်။

✅ သင်တန်းကာလမှာ ၁လ ဖြစ်ပြီး သင်တန်းကြေးမှာ 15,000Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

Western Language ဖြစ်လို့ သင်ယူရခက်ခဲမှာ မစိုးရိမ်ပါနဲ့။ Instructors တွေက သေသေချာချာ သင်ကြားပေးမှာဖြစ်လို့ ကိုယ့်ဘက်က အဆုံးထိလေ့လာဖို့တော့ လိုပါမယ်နော်။

Registration Form- https://forms.gle/FJr2B2kA3CP6A81t7
Mandarin Chinese 🇨🇳

Chinese Language ကို အခြေခံမှစတင် လေ့လာလိုတဲ့သူတွေအတွက် 4 Skills လုံးကို Chinese ရဲ့ ပင်ရင်းဖြစ်တဲ့ Mandarin Chinese Language ကို လေ့လာရမှာပဲ ဖြစ်ပါတယ်။

ယခု နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မယ့် Chinese Language Course ဟာဆိုရင် အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A ကို July 24 မှစတင်ကာ အပတ်စဉ် Saturday (10:30-12 AM) & Sunday (10:30-12 AM) အချိန်တွင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

✅ Class B ကိုလည်း July 24 မှစတင်ကာ အပတ်စဉ် Saturday (6:30-8 PM) & Sunday (6:30-8 PM) အချိန်တွင် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

✅ သင်တန်းကာလမှာ ၂လ ဖြစ်ပြီး သင်တန်းကြေးမှာ 23,000 Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

Chinese Language အတန်းတွေကို Weekend အတန်းတွေမှာပဲ ဖွင့်လှစ်ထားတာဖြစ်လို့ အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

Registration Form- https://forms.gle/PZcufBbuy83UfJGL6
❤1
The School of Arts is the home of thinkers, artists, creatives and writers. We pride ourselves in our diverse, interdisciplinary practices and our focus on an Asiancentric approach to art history and theory. The School hopes to challenge the common perceptions of art, develop a culture of constructive criticism, and foster the values and responsibilities of artistic expressions.

အနုပညာကျောင်းသည် အတွေးအခေါ်သမားများ၊ အနုပညာသမားများ၊ တီထွင်ဖန်တီးသူများနဲ့ စာရေးသူများ၏ ဌာနီဖြစ်သည်။ ကျွန်ုပ်တို့သည် မတူကွဲပြားသော (ပညာရပ်နယ်ပယ်တစ်ခုထက်ပိုသည့်) အလေ့အကျင့်များ၊ အာရှဗဟိုပြု အနုပညာသမိုင်းနဲ့ သီအိုရီချဉ်းကပ်လေ့ကျင့်မှုတို့ကို အလေးထားပါသည်။ အနုပညာအပေါ် သာမန်ရိုးကျ အမြင်ရှုထောင့်များကို စိန်ခေါ်ကာ အပြုသဘောဆောင် စနစ်ကျ ဝေဖန်သုံးသပ်သော ယဥ်ကျေးမှုကို ပျိုးထောင်ပြီး အနုပညာတင်ပြမှုများ၏ တန်ဖိုး နှင့် တာဝန်တို့ကို နေရာပေးမြှင့်တင်ရန် မျှော်မှန်းပါသည်။

Payment Method များကို အသေးစိတ်သိရှိရန် သက်ဆိုင်ရာ Registration Form ထဲက Telegram Channel လေးကို Join ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒါဆို ကျွန်တော်နဲ့လိုက်ပြီး courses တစ်ခုချင်းစီကို သွားကြည့်လိုက်ရအောင်။

#SpringUniversityMM
#SUM
Name of the course: Adobe Photoshop Essentials

Do you want to learn how to Edit Images and Create Graphics from Scratch?
This course is for people who have no prior background with photoshop or even drawing.

Duration: 6 weeks (2 days per week, 12 sessions)
Duration per class: 1 hour
Class Day/Time: Saturdays, Sundays (10-11am)
Class Capacity: 30 people (max)/ 15 people (min)
Fees: 50000 Ks
Start date- End date: July 24 - Sep 29, 2021
System Requirements (minimum): Window 8,10/ MacOS (version 10.14 or later), 4GB RAM, 5GB of available hard-disk space
App to install: Chrome, Adobe Photoshop CC 2019 (App download link will be provided, students need to install the app 1 week prior to the start date)

In this course, we will teach you everything you need to know to get started with photoshop. By the end of this course you'll possess super skills.

Class 1: Document Setup and Interface
Class 2: Image Adjustment & Cropping
Class 3: Tools and Layers Exercise
Class 4: Photo Retouching (Color Enhancement & Level)
Class 5: Create your own postcard
Class 6: Color Theory & Making Social Media Banners
Class 7: Photo Retouching (Changing Background)
Class 8: Product Packaging Design
Class 9: Create a business card
Class 10: Creating Abstract Photo
Class 11: Case Study and Product Features Design
Class 12: Case Study and Feedbacks

ဓါတ်ပုံ ပြုပြင်နည်း နှင့် ဂရပ်ဖစ်ဒီဇိုင်း များ ဖန်တီးခြင်းကို အခြေခံမှ စ လေ့လာလိုပါသလား။
သည်သင်တန်းဟာ photoshop အခြေခံ ၊ ပုံဆွဲအခြေခံ လုံး၀မရှိထားတဲ့သူတွေအတွက် ဖြစ်ပါတယ်။

ဒီအတန်းမှာ photoshop နဲ့ပါတ်သတ်ပြီး သိသင့်သမျှ အကုန်လုံးကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အတန်းအပြီးမှာ သင်ဟာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားမှာဖြစ်ပါတယ်။

Registration Form - https://forms.gle/yj8nTGtda6nS3YEs7