Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
နွေဦးတက္ကသိုလ်ရဲ့ School of Social Sciences & Humanities ကျောင်းခွဲမှအတန်းများကို စာရင်းပေးသွင်းရန် ရက်အနည်းငယ်သာကျန်ပါတော့တယ်။

၂၁ ရာစု ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခင်းအကျင်းများကို နှိုင်းယှဉ်သုံးသပ်တတ်စေဖို့ -

✅ Introduction to International Relations
✅ Power, Participation and Democracy
✅ Comparative Politics
✅ 21st Century World Order and Global Governance
✅Master Your Emotions စတဲ့ တန်းခွဲ (၅) ခုကို ဖွင့်လှစ်ထားလျက်ရှိပါတယ်။

ဒါဆို သင်တန်းအကြောင်းအရာအသေးစိတ် ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/100068345813298/posts/pfbid02NCsLgAe6wAxzrezr92T7t8YXzUkwcDrRdphFtqodM8Sv3vhrL1psZW9KvXi4epgNl/?mibextid=SDPelY

https://www.facebook.com/100068345813298/posts/pfbid01AfY4ytMh475N3DBBKyPCwQcDXwGdFhx1tXeWEpmmBsNwH67JseHfBKQTnw5Nt2Ul/?mibextid=SDPelY


#SpringUniversityMM #SUM
❤22👍17
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်ရဲ့ School of Ethnic Languages and Cultures မှ “ကချင်လူမျိုးစုလေ့လာမှု ဒီပလိုမာ သင်တန်း” ကို မကြာခင် ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

အဆိုပါ “ကချင်လူမျိုးစုလေ့လာရေး” Full Diploma Course မှာ ဆိုရင်တော့

📍 ကချင်(ပေါင်ရောင်) တို့၏ သမိုင်းကို အခြေခံ၍ ကချင်ဟူ၍ ဖြစ်ပေါ်လာရခြင်း အကြောင်းများ

📍 ကချင်(ပေါင်ရောင်) တို့၏ စိတ်ဝင်စားဖွယ် နိုင်ငံရေး၊စီးပွါးရေး၊ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဆက်နွယ်မှုအကြောင်းအရာများ နှင့်

📍 အတိတ်သမိုင်းတွင် အမှန်တကယ်ရှိခဲ့သော်လည်း ဖျောက်ဖျက်ခံခဲ့ရသည့် လူမျိုးစုဆိုင်ရာ သမိုင်းအကြောင်းအရာများအပါအဝင် သမိုင်းကြောင်းတလျှောက် ကချင်လူမျိုးစုတို့ရဲ့ ဘဝနေထိုင်မှုပုံစံများကိုပါ အတွင်းကျကျ သင်ကြားသွားရမှာဖြစ်ပါတယ်။

လူမျိုးစုတိုင်းမှာ ထူးခြားမှတ်သားဖွယ် အကြောင်းအရာများရှိသလို အထင်ကရ မှတ်တမ်းတင်ဂုဏ်ပြု အသိအမှတ်ပြုရင်း လူမှုသဟဇာတဖြစ်မှု ဖော်ဆောင်ရမယ့် ၊နားလည်မှု တည်ဆောက်ကြရမယ့် သမိုင်းကြောင်းများစွာရှိကြပါတယ်။

တဆက်တည်းမှာပဲ ယခုဖွင့်လှစ်မယ့် ကချင်လူမှုရေးဒီပလိုမာသင်တန်းဟာဆိုရင်လည်း
လူမျိုးစုများအားလုံးအတွက် အနာဂတ်ကာလများမှာ
အချင်းချင်းသိနားလည်မှု တည်ဆောက်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေပြီး ကချင်အရေး နိုင်ငံအရေးတို့ ပိုမို ချောမွေ့စွာ ရှေ့ကို တက်လှမ်းနိုင်ဖို့ရန်အတွက် အရေးပါအရာရောက်သည့်အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါတယ်။

ဒါ့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေနဲ့ ယခု “ကချင်လူမျိုးစုလေ့လာရေး ဒီပလိုမာ သင်တန်း” နဲ့ ဆက်စပ်ပြီး ရှေ့လျှောက် အသေးစိတ် ကြေညာထုတ်ပြန်ချက်များကို စိတ်ဝင်တစား စောင့်မျှော်ပေးကြဖို့နဲ့ မကြာခင် လျှောက်လွှာခေါ်ယူတဲ့ အချိန်ကျရင်လည်း အင်တိုက်အားတိုက်လျှောက်ထားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

#SpringUniversityMM #SUM
❤44👍6
သမိုင်းတလျှောက် ကချင်…

လူမျိုးစုတွေ လူ့အဖွဲ့အစည်းတွေရဲ့ တည်ရှိမှုနဲ့ ဂုဏ်သိက္ခာဟာ လူဦးရေ အနည်းအများ၊ နယ်မြေ အရွယ်အစားတွေပေါ်မှာ တည်မှီခြင်းမရှိပါဘဲ အဆိုပါ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ဘာသာစကား၊ တန်ဖိုးစံနှုန်းတွေနဲ့ မိမိကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြမှု (Identity) တွေက သာ ကိုယ်စားပြုနိုင်ပါတယ်။

ဒါ့ကြောင့် ဒီနေ့မှာတော့ မြန်မာနိုင်ံအတွင်းမှာရှိတဲ့ “ကချင်” လူမျိုးစုတွေရဲ့ “ကချင်” ဆိုတဲ့ အခေါ်အဝေါ်ဖြစ်ပေါ်လာပုံမှစလို့သမိုင်းတလျှောက် ကချင်အမျိုးသားကျောင်းများပေါ်ပေါက်လာပုံ၊ အုပ်ချုပ်ရေး ၊ စီးပွါးရေးဖြစ်ပေါ်ပြောင်းလဲပုံများအပါအဝင် အစရှိတဲ့ ကချင်လူမျိုးစုတို့၏ အနုပညာ နှင့် နိုင်ငံရေး လုပ်ရှားမှုများကိုပါ ဝေမျှလိုက်ရပါတယ်။

ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid033eBbqxKDopRq9GHsmRymbeKdoZX5Tg9nLAXAFwhxvQAbVuzW6jgqrgyR7qEjxVbKl/?mibextid=cr9u03

#SpringUniversityMM #SUM #kachinstudies
❤20👍6❤‍🔥4
ကချင်လူမျိုးစုလေ့လာရေး ဒီပလိုမာသင်တန်း” ကို စတင်လျှောက်ထားနိုင်ပါပြီ။

ကျောင်းသား၊ကျောင်းသူများခင်ဗျာ …

နွေဦးတက္ကသိုလ်၏ School of Ethnic Languages and Cultures မှ ဖွင့်လှစ်သွားမည့် “Diploma in Kachin Social Studies” ဒီပလိုမာ သင်တန်းအတွက် သင်တန်းလျှောက်လွှာများကို ယခုအချိန်မှစ၍ စတင်စာရင်းသွင်း လျှောက်ထားနိုင်ပါပြီ။

ယခုဖွင့်လှစ်မည့် ကချင်လူမှုရေး ဒီပလိုမာသင်တန်းတွင် ကျောင်းသား၊ကျောင်းသူများအနေနှင့်

📍 ကချင်(ပေါင်ရောင်) တို့၏ သမိုင်းကို အခြေခံ၍ ကချင်ဟူ၍ ဖြစ်ပေါ်လာရခြင်း အကြောင်းများ

📍 ကချင်(ပေါင်ရောင်) တို့၏ စိတ်ဝင်စားဖွယ် နိုင်ငံရေး၊စီးပွါးရေး၊ပညာရေးနှင့် လူမှုရေးဆိုင်ရာ ဆက်နွယ်မှုအကြောင်းအရာများ နှင့်

📍 အတိတ်သမိုင်းတွင် အမှန်တကယ်ရှိခဲ့သော်လည်း ဖျောက်ဖျက်ခံခဲ့ရသည့် လူမျိုးစုဆိုင်ရာ သမိုင်းအကြောင်းအရာများအပါအဝင် သမိုင်းကြောင်းတလျှောက် ကချင်လူမျိုးစုတို့ရဲ့ ဘဝနေထိုင်မှုပုံစံများကိုပါ အတွင်းကျကျ သင်ကြားသွားရမှာဖြစ်ပါတယ်။

ဒါ့အပြင် Diploma in Kachin Social Studies” ဒီပလိုမာ သင်တန်းသည် Full Diploma Course ဖြစ်သည့်အလျောက် အချိန်ကာလအားဖြင့် Semester (၂)ခု ရှိမှာဖြစ်ပြီး Semester တစ်ခုကို (၃) လစီ နှင့် စုစုပေါင်း (၆) လအချိန်ပေး တက်ရောက်နိုင်မှသာ ဘွဲ့ဒီဂရီကို ရရှိမှာဖြစ်ပါတယ်။

အဆိုပါ Semester (၂)ခုစာ ကာလအတွင်းမှာ ကျောင်းသား ၊ ကျောင်းသူများအနေနှင့် သက်ဆိုင်ရာနေ့ရက်များအလိုက် ကချင်လူမျိုးစုတို့၏

📍 နိုင်ငံရေး
📍 စီးပွါးရေး
📍 သမိုင်းမှတ်တမ်းများ
📍 အနုပညာ နှင့်
📍 လူမှုဘဝ နေထိုင်မှုပုံစံများကို ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ၊ ကချင်ဒေသခံ ကျွမ်းကျင်ပညာရှင်များ၏ သင်ကြားမှုများမှတဆင့် ချဉ်းကပ် သင်ယူသွားနိုင်မှာပဲဖြစ်ပါတယ်။

သင်တန်းချိန်လေးတွေအနေနဲ့ကတော့ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ ညစဉ် (၆:၀၀) နာရီမှ (၉:၀၀)နာရီ အထိ သင်ကြားသွားမှာပဲဖြစ်ပါတယ်။

ဒီပလိုမာသင်တန်းလေးကို တက်ရောက်လိုတယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်၊

Link - https://ee.humanitarianresponse.info/single/VyajriWs?returnUrl=https://t.me/+uw1VUsUwgyZhOGI1

#SpringUniversityMM #SUM #KachinSocialStudies
🥰7❤6
နွေဦးတက္ကသိုလ်နှင့် ဂျာမနီိနိုင်ငံရှိ Being in Place အဖွဲ့အစည်းနှင့် ပူးပေါင်းပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲအစီအစဉ်

မြန်မာနိုင်ငံဟာဆိုရင် ယဉ်ကျေးမှု အမွေအနှစ် ပေါကြွယ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်အသိများကြတာဖြစ်ပါတယ်။ ထို ယဉ်ကျေးမှုအမွေအနှစ်များ၏ အရေးပါသည့် အခန်းကဏ္ဍများကို အဓိကထား၍ “How to Remember ” ဟုခေါ်ဆိုသည့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

“အမွေအနှစ်” ဟူသောအဓိပ္ပာယ်ကို လူ့အဖွဲ့အစည်းများ၏ လူမှုရေးအလေ့အထများဖြင့် ကြည့်ရှုလေ့လာပြီး သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဇာတ်ကြောင်း အဓိပ္ပာယ်နှင့်တရားဝင်မှုများကို ညှိနှိုင်းဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ ထိုအကြောင်းအရာများအပြင် အမွေအနှစ်ဖော်ဆောင်ခြင်းတွင် တွေ့ရသည့် ကွဲပြားမှုနှင့်ပါဝင်မှုဆိုင်ရာကဏ္ဍများကိုလည်း အလေးအနက်ထားဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

အသေးစိတ်ကြည့်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid032fHgtFDSqy7xzXpKnjTCvbMCMQaECqMXqbUFTju53etcVmhFF827BwR9f2JpKSt2l/?mibextid=cr9u03

#SpringUniversityMM
❤3👍3🤩1
သင့်ရှေ့ကို မကြာခင်ရောက်လာတော့မယ့် နွေဦးတက္ကသိုလ်ရဲ့ August Intake !

ကျောင်းသားလူငယ်များနှင့် မိဘပြည်သူများရဲ့ အားဖြည့်ပေးမှုဖြင့် နွေဦးတက္ကသိုလ်ရဲ့ သင်တန်းတွေကို Intake System နဲ့ ပြောင်းလဲဖွင့်လှစ်လာတာ (၆) လ သက်တမ်းကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

အဘက်ဘက်မှ လိုအပ်ချက်များကို ပြုပြင်ရင်း ကျောင်းသားများရဲ့ စကားသံများကို နားဆင်ဖြည့်စွက်ကာ August Intake ကို မကြာမီအတွင်းမှာ ဖွင့်လှစ်သွားတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက် ပါတယ်ခင်ဗျာ။

ယခုဖွင့်လှစ်မယ့် August Intake မှာလည်း မည်သည့်နယ်ပယ်မှ မည်သည့်အတန်းတွေကို ဖွင့်လှစ်စေချင်သလဲဆိုတာ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်။

နွေဦးတက္ကသိုလ်ဟာ ကျောင်းသားဗဟိုပြု ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ကျောင်းသား/သူများရဲ့ အကြံပြုချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ ကြိုးစားသွားပါ့မယ် ခင်ဗျာ။

#SpringUniversityMM
#SUM
❤20👍4👏4
ကျောင်းသားလူငယ်များရဲ့ အတွေးအခေါ်များ ရင့်သန်ထက်မြက်လာစေဖို့ စကားရည်လု ဒီဘိတ်ပြိုင်ပွဲကြီး ပြန်လည်ရောက်ရှိလာပါပြီ။

မနက်အိပ်ယာနိုးချိန်မှစလို့ အိပ်ယာဝင်ချိန်အထိ နေ့စဉ်ဘဝမှာ ဖြတ်သန်းရလေ့ရှိတဲ့ ဖြစ်ရပ်တွေ၊ ပညာရေး၊ စီးပွားရေး၊ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာအကြောင်းအရာကောက်နှုတ်ချက်များနှင့်စပ်လျဉ်းလို့ မတူညီသည့်ရှု ထောင့်များမှ အပြန်အလှန်ငြင်းခုံဖလှယ်ရင်း ကျိုးကြောင်းဆီလျော်မှုအရှိဆုံးအဖြေတစ်ခုကို ရွေးချယ်ကောက်
နှုတ်တတ်ခြင်း စွမ်းရည်ဟာ လူငယ်များအတွက် အရေးကြီးလှပါတယ်။

ဒါကြောင်မို့ ကျောင်းသားလူငယ်များအတွက် Debate ရဲ့ရပ်တည်ချက် (သို့မဟုတ်) အနှစ်သာရများကို ပြန်လည်အသက်သွင်းရင်း “စကားရည်လုခြင်းယဉ်ကျေးမှု၊ သုတေသနပြုလုပ်ခြင်းစွမ်းရည်တွေ၊ တင်ပြဟောပြောခြင်းစွမ်းရည်တွေကိုပါ လက်တွေ့လေ့လာနိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ “School of Federalism and Peace Studies” မှ British Parliamentary Debate Tournament ပြိုင်ပွဲလေးကို ပြုလုပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်: https://www.facebook.com/100076179033470/posts/pfbid02jfzfDmzm6VLWo8y6tZgaLDaXtBC7CTxpuMofGLqLewb6i2PmYzrYo3BQNQ5eZDjDl/?mibextid=cr9u03

#fps_sum
#SUM
❤12👍2
နွေဦးတက္ကသိုလ် ကျောင်းခွဲတစ်ခုဖြစ်သည့် Institute of Human Rights and Democratic Governance - IHRDG မှ အသိပညာ ဗဟုသုတများရရှိစေနိုင်ဖို့ မျှဝေပေးသည့် အစီအစဉ်များရှိပါတယ်။

ပထမဦးဆုံးအနေနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သုတေသနပြုလုပ်သူများအတွက်အသုံးဝင်စေမည့် ပညာရေးဆိုင်ရာ နောက်ဆုံးရသတင်းများ၊ သုတေသနစာစောင်များ၊ ပညာရေးဆိုင်ရာဆွေးနွေးပွဲများအပြင် အလုပ်ရုံဆွေးနွေးပွဲများအကြောင်းကို လစဉ်လတိုင်း အီးမေးလ်မှ တစ်ဆင့်မျှဝေပေးလျက်ရှိပါတယ်။ အဆိုပါ Email Newsletter ကို ဖတ်ရှုလိုသူများအနေနှင့် ဖော်ပြပါ လင်ခ့်မှတစ်ဆင့် စာရင်းပေးသွင်းထားနိုင်ပါတယ်။

စာရင်းပေးသွင်းရန်: https://forms.gle/bmBBLgmTUPJc8Qy77

ဒါ့အပြင် IHRDG မှ အပတ်စဉ် လူငယ်များအတွက်လည်း ပညာရပ်ဆိုင်ရာ အခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများအပါအဝင် ပညာရပ်ဆိုင်ရာစာစောင်များကိုလည်း ဖတ်ရှုနိုင်ရန် Telegram Channel မှ မျှဝေပေးနေပါတယ်။

စိတ်ပါဝင်စားသူများအနေနှင့် ဖော်ပြပါလင်ခ့်မှတစ်ဆင့် telegram channel သို့ ဝင်ရောက်ဖို့တိုက်တွန်းလိုက်ရပါတယ်။

Telegram channel: https://t.me/IHRDG

#SpringUniversityMM #IHRDG #Newsletter
❤14👍3👏2