Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
❤6👍6
[English version below]

UNIVERSITÀ DI PARMA နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုးခြင်း
 
ကျောင်းသားဗဟိုပြုပညာရေးအဖွဲ့အစည်းဖြစ်တဲ့ နွေဦးတက္ကသိုလ်ဟာ Italy နိုင်ငံရှိ Public University တစ်ခုဖြစ်တဲ့ UNIVERSITÀ DI PARMA နှင့် တရားဝင် သဘောတူစာချွန်လွှာရေးထိုးခဲ့ကြောင်း ကျောင်းသား၊ပြည်သူများထံအသိပေးအပ်ပါတယ်။
 
ဤပူးပေါင်းမှုမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာ အစီအစဥ်များကိုအားသွန်ခွန်စိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မကြာခင်မှာပင် ခရက်ဒစ်ရယူနိုင်ပြီး စိတ်ဝင်စားစရာကောင်းသောအတန်းတခုကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း စီစဉ်နေကြပြီ ဖြစ်ပါတယ်။
 
ထိုကဲ့သို့ UNIVERSITÀ DI PARMA နှင့် ပူးပေါင်းကာပြုလုပ်သွားမည့် ပညာရေးအစီအစဥ်များကို နွေဦးတက္ကသိုလ်မှ ကျောင်းသား၊လူငယ်များအားလုံးထံ တရားဝင်ကြေညာသွားမှာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် မကြာမီကာလအတွင်း ဖွင့်လှစ်မည့်သင်တန်းများ နှင့် ပညာရေးဆိုင်ရာအခွင့်အလမ်းများအတွက် စောင့်မျှော်ပေးကြဖို့ တိုက်တွန်းရင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

Spring University Myanmar (SUM) is proud to announce a new memorandum of understanding (MOU) with UniversitĂ di Parma in Italy.
 
This exciting partnership will bring more joint educational programs for the youth in Myanmar. We are already working on delivering an interesting and accredited program through the partnership. Stay tuned for more updates!
 
#SpringUniversityMM
#SUM
❤85👍25👏5
နွေဦးတက္ကသိုလ်နှင့် Artists' Shelter တို့ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိစေမယ့် တန်းခွဲသစ်များကို မကြာမီအချိန်အတွင်း ယူဆောင်လာပါတော့မယ်။

မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များအားလုံးကို သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုပါတယ်။ ထိုသတင်းကောင်းလေးကတော့- နွေဦးတက္ကသိုလ်အနေဖြင့် Artists’ Shelter နှင့်ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိပြီး စိတ်ဝင်စားမယ့် တန်းခွဲသစ်များကို ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

လူငယ်တွေ စိတ်ဝင်စားမှုများပြားတဲ့ Basic film editing နဲ့ Script writing လိုသင်တန်းမျိုးတွေ၊ Basic Classical Guitar Workshop များကို လွန်ခဲ့တဲ့ Batch များမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်လို့ ယခုတစ်ခါမှာလည်း ဘယ်လို သင်တန်းမျိုးကို တက်ရောက်လိုသလဲဆိုတာ Comment မှာ ဖော်ပြပေးသွားပါဦးနော်။

မကြာမီအချိန်အတွင်းမှာ သင်တန်းအကြောင်းအရာ အသေးစိတ်ကို ယူဆောင်လာတော့မှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

#SpringUniversityMM
#SUM
👍90❤80👏15🎉5👎1
မင်္ဂလာပါခင်ဗျာ

နွေဦးတက္ကသိုလ်ရဲ့ August လအတွင်း စတင်သင်ကြားတော့မယ့် Diploma in Computer Science အစီအစဉ်မှာ တက်ရောက်ခွင့်ရတဲ့ ကျောင်းသားများကို email မှတဆင့် ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါ၍ email များစစ်ပေးဖို့ ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
❤65👍55🥰30😁8🤮4
❤14👍3
သင့်ရဲ့အရေးအသားတိုင်းကို ယုံကြည်ချက်ရှိရှိဖြင့် ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ဖွင့်လှစ်မယ့် “Creative Writing Class”

Writing ကို ကျောင်းသားလူငယ်များ ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်လိုက်တဲ့ “Creative Writing Class” မှာ

📍မတူညီသော အရေးအသားပုံစံများကို ဘယ်လိုနည်းလမ်းများဖြင့် ချဥ်းကပ်ရမလဲဆိုတာ လေ့လာရမှာဖြစ်တဲ့အပြင်
📍 Writing မှာ အဓိက ဇာတ်ဆောင်အနေဖြင့် ပါဝင်နေတဲ့ Reading and Vocabulary Skills သင်ခန်းစာများလည်း ပါဝင်သွားမှာပါ။


✅ သင်တန်းချိန်အားလုံးကို Zoom Platform မှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပြီး သြဂုတ်လ (၂၄) ရက်နေ့မှ စတင်ကာ အပတ်စဥ် စနေနှင့်တနင်္ဂနွေနေ့များမှာ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၁၀ နာရီအတွင်း တက်ရောက် ရမှာ ဖြစ်ပါတယ်။ သင်တန်းကာလစုစုပေါင်း (၈)ပတ်တိတိကြာမြင့်မှာဖြစ်ပါတယ်။

✅ သတင်းကောင်းတစ်ခုအနေဖြင့် ယခု “English for Academic Purposes” သင်တန်းမှာ Scholarship တန်းခွဲဖြစ်လို့ လျှောက်ထားသူများမှာ ပညာဒါန အနေဖြင့် အစ/ဆုံး တက်ရောက်နိုင်မှာပါ။

စိတ်ဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် ဩဂုတ်လ ၂၀ ရက်နောက်ဆုံးထားပြီး စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ခင်ဗျာ။

Link - https://ee-eu.kobotoolbox.org/single/OK9KHdR4?returnUrl=https://t.me/+HZWczecdkEo4ZmM1

#SpringUniversityMM
#SUM
❤58👍36❤‍🔥3🥰2👎1🔥1👏1
သင့်ရဲ့ စိတ်ကလေး ကျန်းမာကြည်လင်နေစေဖို့ ဒီအလေ့အကျင့်ကောင်းများကို မမေ့မလျော့ သတိပြုပေးပါခင်ဗျာ။ 

နေ့စဥ်ဘဝရဲ့ စိန်ခေါ်မှုတွေရဲ့ကြား၊ မသေချာ မရေရာမှုတွေရဲ့အလယ်မှာ ကျွန်တော်တို့အားလုံး အရေးမကြီးပါဘူးလို့ ယူဆပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အနောက်ကိုပို့ထားကာ မေ့လျော့နေကြတဲ့ အရာကတော့- စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ပါပဲ။ 

မိမိထက်ပိုမို ခက်ခဲနေတဲ့သူတွေကို မြင်ယောင်ကာ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို မဖော်ပြတော့ဘဲ မိမိထက် ပိုအောင်မြင်နေသူတွေကို ကြည့်ရှုကာ အံကြိတ်ကာ ကြိုးစားနေကြတဲ့ ပြည်သူတွေအနေဖြင့် စိတ်ကျန်းမာရေးရဲ့ အရေးပါမှုကို မလျော့တွက်သင့်ပါဘူး ခင်ဗျာ။ 

စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် နေ့စဥ်အချိန် နာရီများစွာ ပေးပြီး လုပ်ဆောင်ရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ နေ့စဥ်ဘဝမှာ သေးငယ်တဲ့အရာလေးတွေက နေ့စဥ် လုပ်ဆောင်မှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတာဖြစ်လို့ ဒီနေ့မှာတော့ စိတ်ကိုကြည်လင်စေပြီး တစ်နေ့တာ သင့်စိတ်လေး အေးချမ်းနေစေဖို့ ပြည်သူတိုင်း အလွယ်တကူလုပ်ဆောင်နိုင်တဲ့ အချက်အချို့ကို နွေဦးတက္ကသိုလ်မှ အကြံပြုလိုက်ပါတယ်။ 

#SpringUniversityMM
#SUM
❤22👍4
(၁) အသက်ရှုလေ့ကျင်ခန်းပုံမှန်ပြုလုပ်ခြင်း

အချိန် (၅) မိနစ်ခန့် အသက်ကို ပြင်းပြင်းရှူလိုက်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ဒီလို အင်မတန်ရိုးရှင်းသော နည်းလမ်းဖြင့် မိမိမှာရှိတဲ့ ၂၄ နာရီထဲကမှ (၅) မိနစ်ပေးပြီး အသက်ရှုခြင်းကို အာရုံစိုက်လိုက်ခြင်းက အထူးသဖြင့် စိတ်စိုးရိမ်သောက များနေတဲ့အချိန်မျိုးမှာ ဦးနှောက်ကို Reset ဖြစ်စေကာ နောက်ထပ် လုပ်ဆောင်မှုတွေကို ပိုမို ကောင်းမွန်စေပါတယ်။ 
❤26👍3
(၂) ကောင်းမွန်စွာအိပ်စက်အနားယူခြင်း

အလုပ်လုပ်နေတဲ့အချိန် ဒါမှမဟုတ် စာလေ့လာနေတဲ့အချိန်ကြားမှာ အချိန်တို အနားယူခြင်းက မိမိရဲ့ လုပ်ဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး ညအိပ်ရာမဝင်မီ ခဏတာ ပစ္စုပ္ပန်အခိုက်အတန့်ကို အာရုံစိုက်ခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ အထောက်အကူ ပြုပါတယ်။ ကောင်းမွန်စွာ အိပ်စက် အနားယူခြင်းက စိတ်နှင့်ကိုယ်ကို အကောင်းဆုံး အနားယူခြင်းဖြစ်လို့ သင့်ရဲ့တစ်နေ့တာ စိတ်လေး ကြည်လင်စေဖို့ များစွာ အထောက်အကူပြုစေမှာပါ။
❤26💘1
(၃) ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း

မိမိရဲ့ တစ်ရက်တာထဲမှာ စိတ်ကိုပျော်ရွှင်စေဖို့ ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Endorphins ကို ကိုယ်လက်လှုပ်ရှားခြင်းနှင့် အားကစားပြုလုပ်ခြင်းမှတစ်ဆင့် ရရှိနိုင်ပါတယ်။ အချိန်အားဖြင့် အကြာကြီး မပေးနိုင်ခဲ့ရင်တောင် ခဏတာ လမ်းလျှောက်ခြင်းနှင့် အကြောလျှော့ခြင်း အစရှိတဲ့ လှုပ်ရှားမှုငယ်လေးများက စိတ်ဖိစီးမှုကို လျော့နည်းစေကာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ကောင်းမွန်စေဖို့ အထောက်အကူ ပြုပါတယ် ခင်ဗျာ။
❤34
(၄) ကျေးဇူးတရားနှင့်အတူယှဉ်တွဲနေထိုင်ခြင်း

ဘယ်လောက်ပဲ အလုပ်များတဲ့ နေ့ရက်ဖြစ်နေစေကာမူ ကျွန်တော်တို့အနေနဲ့ တစ်ရက်တာအတွင်း ကျေးဇူးတင်မိတဲ့အရာလေးတွေ၊ ပြီးမြောက်ခဲ့တဲ့အရာတွေအတွက် အသိအမှတ်ပြုတဲ့ အပြုအမူ အလေ့အကျင့်ကောင်းကိုလည်း မွေးမြူသင့်ပါတယ်။ ဒီအရာလေးက သေးငယ်တယ်လို့ ထင်ရပေမယ့် အဆိုးမြင်စိတ်တွေကို ဖယ်ရှားပေးပြီး ပိုမိုအပြုသဘောဆောင်မယ့် အတွေးအမြင်ကို တည်ဆောက်ပေးဖို့ များစွာ အထောက်အကူ ပြုပါတယ် ခင်ဗျာ။
❤46👍5
❤8👍4
မင်္ဂလာပါ

နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အန္တရာယ်ကြုံတွေ့နေရသူ၊ နေရပ်စွန့်ခွာပြီး မြန်မာနိုင်ငံအတွင်း သို့မဟုတ် မြန်မာနိုင်ငံပြင်ပသို့ ထွက်ပြေးရသူ သိပ္ပံပညာရှင်များအား "The Reciprocal Impacts of Conflicts and gender differences on Science among Female Scientists in Conflict-driven Countries”ခေါင်းစဉ်ဖြင့် သုတေသနတစ်ခု ပြုလုပ်လိုပါသည်။

ဤသုတေသနသည် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သိပ္ပံပညာရှင်များ အထူးသဖြင့် အမျိုးသမီးများအပေါ်တွင် နိုင်ငံရေးပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို ဆန်းစစ်ရန် ရည်ရွယ်ပါသည်။ ဤလေ့လာမှုသည် ၎င်းအကျိုးသက်ရောက်မှုများတွင် ရှိနေသော ကျားမကွဲပြားမှုများကို ခွဲခြမ်းစိတ်ဖြာမည်ဖြစ်ပြီး နှင့် ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးသိပ္ပံပညာရှင်များကို နိုင်ငံတကာအသိုင်းအဝိုင်းများက မည်ကဲ့သို့ အကောင်းဆုံးပံ့ပိုးပေးနိုင်မည်တို့ကိုလည်း စူးစမ်းလေ့လာပါမည်။

ဤသုတေသနကို အွန်လိုင်းစစ်တမ်း၊ Focus Group Discussions (FGDs) နှင့် Key Informant Interviews (KIIs) တို့ပါ၀င်သည့် Mixed-Method Approach ဖြင့် ပြုလုပ်မည်ဖြစ်သည်။ ဤသုတေသန၏ ပထမအဆင့်အဖြစ် သိပ္ပံဆိုင်ရာ လူမှုအသိုက်အဝန်းများ သို့ ဖောင်ဖြန့်ဝေကာ အွန်လိုင်းစစ်တမ်းတစ်ခု ကောက်ယူမည် ဖြစ်ပါသည်။

ဤမေးခွန်းလွှာသည် အချိန် မိနစ် (20) ခန့် ကြာမြင့်မည်ဖြစ်ပါသည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖြစ်သော အမည်၊ နေရပ်လိပ်စာ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်များကို ဤအင်တာဗျူး၏ မည်သည့် အစိတ်အပိုင်းတွင်မှ မေးမြန်းခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်းပြုမည်မဟုတ်ပါ။
အကယ်၍ သင်သည် အောက်ပါအချက်အလက်များနှင့် ကိုက်ညီပါက ဤအွန်လိုင်းစစ်တမ်း တွင် ပါဝင်နိုင်ရန် သင့်အား ဖိတ်ကြားလိုပါသည်။

၁။ မိမိကိုယ်ကို သိပ္ပံပညာရှင်ဟု သတ်မှတ်နိုင်သည့် မြန်မာနိုင်ငံမှ မည်သူမဆို
[သိပ္ပံပညာရှင်များဆိုသည်မှာ သဘာဝသိပ္ပံနှင့်လူမှုသိပ္ပံတို့အပါအဝင် မည်သည့်သိပ္ပံဘာသာရပ်နယ်ပယ်တွင်မဆို သိပ္ပံနည်းလမ်းများကို အသုံးပြုသူတိုင်း အကျုံးဝင်သည်။ ထိုသတ်မှတ်ချက်တွင် မည်သည့်သိပ္ပံနယ်ပယ်တွင်မဆို အလုပ်လုပ်ကိုင်နေကြသည့် သုတေသီများ၊ တက္ကသိုလ်ကျောင်းများရှိ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ လက်တွေ့လုပ်ငန်းခွင်ဝင်နေကြသူများနှင့် မူဝါဒရေးဆွဲကြသူများ ပါဝင်သည်။

၂။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နေရပ်မှစွန့်ခွာထွက်ပြေးရသည့် သိပ္ပံပညာရှင်များ၊ အန္တရာယ်များနှင့် ကြုံတွေ့နေရသည့် သိပ္ပံပညာရှင်များနှင့် ဒုက္ခသည်ခံယူထားသည့် သိပ္ပံပညာရှင်များ
(အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လက်ရှိမည့်သည်အရပ်ဒေသတွင်နေထိုင်နေသည်ဖြစ်စေ အကြမ်းမဖက်အာဏာဖီဆန်ခြင်း လှုပ်ရှားမှုတွင် ပါဝင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အကျိုးသက်ရောက်မှုများကို ခံစားကြရသူတိုင်း ဤသုတေသနတွင် ပါဝင်နိုင်ပါသည်။)

ဤအွန်လိုင်းစစ်တမ်းတွင်ပါဝင်လိုပါက အောက်ပါလင့်ခ် သို့ ကျေးဇူးပြု၍ ဝင်ရောက်ပေးပါ။

https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk

စစ်တမ်းအား ဖြေဆိုပြီးစီးခြင်းဖြင့် သင်သည် ဤသုတေသနတွင် ပါဝင်ရန်သဘောတူညီပြီး ဖြစ်ပါသည်။ ဤလေ့လာမှုသည် အာဏာသိမ်းမှုနှင့် ပဋိပက္ခများ၏ ဆိုးကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်မည်ဖြစ်သောကြောင့် အချို့မေးခွန်းများသည် သင့်အား အတိုင်းအတာတစ်ခုအထိ စိတ်မသက်မသာ ဖြစ်စေနိုင်ပါသည်။ အချို့မေးခွန်းများအား သင်ဖြေဆိုရန် စိတ်မသက်မသာဖြစ်ပါက (မေးခွန်းများအား ကျော်၍လည်းမရပါက) စစ်တမ်းကို ပိတ်ပစ်နိုင်ပါသည်။ ကျွန်တော်/ကျွန်မတို့အနေဖြင့် သင့်အဖြေများအပေါ်မူတည်၍ သင့်အား မည်သူမည်ဝါဖြစ်သည်ဟု မသတ်မှတ်နိုင်သောကြောင့်၊ ဤစစ်တမ်းအား ဖြေဆိုပြီးစီးပါက သင်၏အချက်အလက်များအား ပယ်ဖျက်ပေးရန် မဖြစ်နိုင်တော့ပါ။

ဤသုတေသနနှင့်ပက်သက်သော ထပ်ဆောင်းအချက်အလက်များအား စစ်တမ်း၏ ပထမဆုံးစာမျက်နှာတွင် ဖော်ပြထားပါသည်။
❤19👍14
ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့တဲ့ ကျွန်မတို့ Spring University Myanmar, School of Health ရဲ့ သုတေသနကို အင်တိုက်အားတိုက် စိတ်ဝင်တစားဖြေဆိုပေးကြတဲ့ ဆရာဆရာမများ အားလုံးကို‌ ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီအပတ်မှာတော့ စိတ်ဝင်စားတဲ့ participants တွေ မေးလာတဲ့ မေးခွန်းတွေကို ဖြေဆိုပေးရင်း ဒီသုတေသနကို ဆေးပညာမဟုတ်တဲ့ တခြားသိပ္ပံပညာရပ် နယ်ပယ်ကသူများကိုလည်း ဆက်လက်မျှဝေဖိတ်ခေါ်ပေးဖို့ ဆရာဆရာမတို့ကို အကူအညီတောင်းပါရစေ။

ဒီသုတေသနမှာ
✅အမျိုးသမီး သိပ္ပံပညာရှင်များအပေါ်နိုင်ငံရေးပဋိပက္ခတွေရဲ့ သက်ရောက်မှုကို လေ့လာဖို့ဆိုတာ အမျိုးသားသိပ္ပံပညာရှင်များလည်း ပါဝင်ဖြေဆိုမှသာ ကွဲပြားမှုကို နားလည်နိုင်မှာမို့ ကျားမ (အခြားလိင်အပါအဝင်)‌မရွေး ပါဝင်ဖြေဆိုနိုင်ပါတယ်။
✅School of Health က လုပ်တဲ့ သုတေသနဆိုပေမယ့်လည်း ဆေးပညာအသိုက်အဝန်းက ဆရာဆရာမများတင်မကဘဲ အခြားသိပ္ပံပညာနယ်ပယ်က ဆရာဆရာမများလည်း ပါဝင်ဖြေဆိုနိုင်ပါတယ်။ ဒီထဲမှာ ရူပသိပ္ပံဘာသာရပ် (Physical Sciences such as Physics and Chemistry)၊ ကမ္ဘာမြေ သိပ္ပံဘာသာရပ် (Earth Science such as Geology)၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ ဇီဝသိပ္ပံဘာသာရပ် (Biological Sciences such as Botany, Zoology and Ecology)၊ လူမှုသိပ္ပံဘာသာရပ် (Social Sciences such as Psychology, Law and Education)၊ နိုင်ငံရေးသိပ္ပံဘာသာရပ် (Political Sciences such as International Relations)၊ ဒေတာအချက်အလက်သိပ္ပံဘာသာရပ် (Data Sciences such as Statistics)၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM ဘာသာရပ်များ) စသဖြင့် ပါဝင်ပါတယ်။
✅ဒီသုတေသနမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ မည်သည့်သိပ္ပံပညာရှင်မဆို ပါဝင်နိုင်ပါတယ်။ ဒီထဲမှာ မိမိမြို့ရွာထဲမှာတင် အခြားတစ်နေရာသို့ ‌ရွှေ့ပြောင်းနေထိုင်နေရသူများပါ ပါဝင်ပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ အောက်ကလင့်ကနေ တဆင့် ဒီသုတေသနမှာ ပါဝင်ဖြေဆိုပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
https://aut.au1.qualtrics.com/jfe/form/SV_9MM2gEJGrmECELk

အချိန်ပေးမှုအတွက် အထူးကျေးဇူးတင်လျက်
နွေဦးတက္ကသိုလ် School of Health သုတေသနအဖွဲ့
❤24👍22
“Diploma in English Language Teaching” အကြောင်း မိတ်ဆက်ပေးသွားမယ့် “Open House Event”

အားလုံးပဲ မင်္ဂလာပါ။ 

မကြာသေးခင်ကနွေဦးတက္ကသိုလ်ရဲ့ School of Languages and Cultures မှ မိမိဝါသနာပါရာ အင်္ဂလိပ်စာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်လိုတဲ့ ဆရာ၊ဆရာမများအတွက် အင်္ဂလာစာ သင်ကြားရေးဆိုင်ရာ အခြေခံပညာရပ် ဗဟုသုတများကို လေ့လာသွားနိုင်ဖို့ “Diploma in English Language Teaching” ကို ဖွင့်လှစ်တော့မယ့် အကြောင်း ကြေညာခဲ့ပါတယ်။ 

ယခုအခါမှာဆိုရင်တော့ 
Diploma တန်းခွဲလေးအကြောင်းကို အသေးစိတ် သိရှိလိုသူတွေအတွက် သင်တန်းစတင် မတက်ရောက်ခင် မိမိမျှော်မှန်းချက်နဲ့ ကိုက်ညီမှုရှိမရှိ ကြိုတင်လေ့လာနိုင်ဖို့ အကြိုမိတ်ဆက်ပွဲ “Open House Event” လေးကို ပြုလုပ်ပေးသွားတော့မှာဖြစ်ပါတယ်။ 

ဒါ့ကြောင့် ဒီပလိုမာ အစီအစဉ်လေးအကြောင်းကို အသေးစိတ်သိရှိလိုသူများအတွက်တန်းခွဲအဖွင့်မိတ်ဆက်ပွဲ (Open House Event)လေးကိုတော့ အောက်တိုဘာလ (၂၀) ရက်နေ့၊  ည(၇:၀၀) နာရီ အချိန်မှ (၉:၀၀) နာရီ အချိန်အထိ အွန််လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး


သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမယ့်  သင်ကြားရေးနည်းစနစ်များ၊ ဆရာ၊ဆရာမများအပြင် ယခင်တက်ရောက်သူ အတန်းသားများရဲ့ အကြံပြုချက်များ၊ သင်ရိုးအတွင်းပါဝင်မည့်အကြောင်းအရာများအပါအဝင် ဒီပလိုမာသင်တန်းနှင့် သက်ဆိုင်တဲ့ အခြားသော အသေးစိတ်အကြောင်းအရာ သိလိုသည်များကို မေးမြန်း​သွားနိုင်မှာ ဖြစ်ပြီး အောက်ပါ link မှ တစ်ဆင့် ပါဝင်တက်ရောက်နိုင်ပါတယ် ခင်ဗျာ။


🖇️ : https://us06web.zoom.us/meeting/register/tZwvc-Copj4pGt28M_VjXNSz4jsI2omNdQcO
❤37👍15🐳1
❤6👍2
Spring University Myanmar (SUM), Asian Institute of Technology, နဲ့ The SecDev Foundation တို့ပူးပေါင်းကျင်းပတဲ့ International Myanmar Students Research Symposium (IMSRS) ရဲ့ ပထမဆုံးသော Bilingual Research Symposium

▪️မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူမှုရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို စိတ်ဝင်စားသူ

▪️မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ

ဒါမှမဟုတ်

▪️ကိုယ့်ရဲ့ သုတေသနကျွမ်းကျင်မှုဆိုင်ရာ အတွေးအခေါ်ကို ပိုမိုတိုးချဲ့ဖို့ အတွေ့အကြုံဖလှယ်ရန် စိတ်ပါဝင်စားသူ တွေအတွက် Myanmar Students Research Symposium ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

၂၀၂၅ မေလ ၁၇ ရက် နဲ့ ၁၈ ရက်တွင် Online မှတဆင့် ကျင်းပမှာဖြစ်ပြီး

မြန်မာကျောင်းသားကျောင်းသူလူငယ်တွေရဲ့ သုတေသနစာတမ်း တွေကို မြန်မာ၊ အင်္ဂလိပ်ဘာသာစကားနှစ်မျိုးနဲ့ မျှဝေခွင့်ရရှိမှာ ဖြစ်တဲ့အပြင် Presenters တွေအတွက် Workshops၊ one-on-one mentoring sessions တွေကို ပွဲမတိုင်ခင်က ရက်တွေအတွင်း ကူညီပံ့ပိုးပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် “Emerging Voices in Myanmar/Burma Studies: Youth, (Everyday) Activism, and Social Change” ကို ဦးတည် theme သတ်မှတ်ထားပြီး မြန်မာနိုင်ငံ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ အတွေ့အကြုံတွေဟာ လူမှု ပြုပြင်ပြောင်းလဲမှုတွေမှာ မည်မျှအရေးပါမှုကို ဦးစားပေးလေ့လာသွားမှာ ဖြစ်ပါတယ်။

သင့်ရဲ့ လုပ်ဆောင်ချက်တွေကို ပြသဖို့၊ အခြား သောလူငယ်များနဲ့ ချိတ်ဆက်နိုင်ဖို့ကို လမ်းညွှန်ကူညီပေးမယ့် အပြင် အတွေ့အကြုံရှိ mentors တွေဆီမှ အတွေ့အကြုံရယူဖို့ ဒီအခွင့်အရေးကို လက်လွှတ်မခံပါဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

📅 လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်မှာ ဒီဇင်ဘာ ၃၀ ဖြစ်ပြီး
အောက်ပါ link မှာ ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။

https://ee.kobotoolbox.org/x/uBuaGusy
❤‍🔥16❤9👍6
ကျွန်တော်တို့ လူအများနှင့် ပြောဆိုဆက်သွယ် နေထိုင်နေရတဲ့ နေစဥ်ဘဝမှာ ပြဿနာများစွာ ကြုံတွေ့ရတတ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဒီလိုပြဿနာတွေကို ဘက်ပေါင်းစုံမှ စဥ်းစားအဖြေထုတ်ကာ Public Policy ရေးဆွဲတဲ့ နည်းလမ်းများဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှာ စတင် ဖြေရှင်းလို့နေပါပြီ။

ဒီနေရာမှာ အရေးကြီးတဲ့အချက်ကတော့ မိမိအနေနဲ့ ရေးဆွဲပြီး တင်သွင်းလိုက်တဲ့ Public Policy ဟာ လူထုကို ဘယ်လောက်ထိ အကျိုးပြုပြီး ပြဿနာကို ဘယ်လောက်ထိ ဖြေရှင်းနိုင်လဲဆိုတဲ့ အချက်ပါပဲ။

ကျွန်တော်တို့နေထိုင်တဲ့ မြန်မာနိုင်ငံကလည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အလျောက် ပြည်သူလူထုအတွက် ရေးဆွဲသင့်တဲ့ Pulic Policy တွေများစွာ ရှိသလို လူကြီးတွေသာမက နိုင်ငံရေး၊ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေပါ Public Policy အကြောင်းကို လေ့လာမှု အားကောင်းလာကြပါတယ်။

ယခုအတန်းမှာတော့ Public Policy ရေးဆွဲခြင်း ဖြစ်စဥ်တစ်ခုလုံးကို လေ့ကျင့်ပေးပြီး လက်တွေ့ကျ၊ ဆန်းစစ်မှုရှိတဲ့အတွေးအခေါ်တွေကို ထည့်သွင်းစဥ်းစားနိုင်စေဖို့၊ ပြည်သူတစ်ရပ်လုံး အကျိုးရှိတဲ့ ရလဒ်များထွက်လာစေရန်“Comtemporary Models “များဖြင့် စနစ်တကျ စဉ်းစားတွေးခေါ်ပြီး အသုံးချတတ်စေရန် လေ့လာရမှာ ဖြစ်ပါတယ်။

Lectures တွေကို တစ်ချိန်လုံး နားထောင်နေရတာမျိုး မဟုတ်ဘဲကျောင်းသားအချင်းချင်း ဆွေးနွေးမှုများအပြင် မိမိရဲ့ အမြင်ကို လွတ်လပ်စွာ ဖော်ပြနိုင်မယ့် အတန်းတစ်ခုဆိုလည်း မမှားပါဘူး။

နိုဝင်ဘာလ (၁၀) ရက်နေ့မှာ ယခုတန်းခွဲကို စတင်သွားမှာဖြစ်ပြီး သင်တန်းကာလမှာ စုစုပေါင်း (၆)ပတ် တိတိ ကြာမြင့်သွားမှာပါ။

အပတ်စဥ် တနင်္ဂနွေနေ့ ည ၇ နာရီမှ ၉:၃၀ နာရီအတွင်း တက်ရောက်ရမှာဖြစ်ပြီး ကျောင်းသားအရေအတွက် ကန့်သတ်ထားတာဖြစ်လို့ အောက်ပါ Link မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးကြဖို့ တိုက်တွန်းလိုက်ရ
ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/R2Rr6EIs?returnUrl=https://t.me/+N1ErJiJR8npjMTNl
❤14👍5
❤12👍4