Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
The Movement Institute ရဲ့ "Introduction: Exploring Feminism and Feminist Issues" အတန်းအတွက် Registration Deadline ကို မတ်လ (၁၂) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ပေးထား​ကြောင်း သတင်း​ကောင်း​လေးပါးပါရ​စေ။ စိတ်ပါဝင်စား​သော ​ကျောင်းသား/​ကျောင်းသူများအ​နေနဲ့ ​​အောက်​ဖော်ပြပါ link မှတစ်ဆင့် စာရင်း​ပေးသွင်းနိုင်ပါတယ်။

Registration Link - https://bit.ly/TMI_ExploringFeminismandFeministissues

https://www.facebook.com/104646902167950/posts/107069875258986/
👍3🔥1
ကျွန်တော်တို့၏ အနာဂတ်ပညာရေးသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေး ဖြစ်ရမည်။

#SUM
#BA

https://www.facebook.com/102470788713285/posts/267231775570518/?d=n
👍1
“ချိတ်”ဆိုသည့် ဒီဇိုင်းအနုပညာရပ်မှာ လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက အစပြုခဲ့တဲ့ အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။

မြန်မာ့ရိုးရာ အချိတ်ထည်များမှာ စိတ်ရှည်ရှည်ဖြင့် အချိန်ယူကာ လက်ဖြင့် တဖြည်းဖြည်း ရက်လုပ်ယူရ သော အထည်များ ဖြစ်ပြီး လပိုင်းဖြင့် အချိန်ယူ၍ ပြုလုပ်ရသော လက်ရက်ထည်ဖြစ်၍လည်း တန်ဖိုးမြင့်မားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာတို့လက်မှုအနုပညာအစွမ်းကို ပြသနိုင်တဲ့ ပစ္စည်းဟုဆိုလျှင်လည်း မမှားပါဘူး။

မြန်မာတို့ရဲ့ အချိတ်အဆင် ကို ကျောက်ခေတ်သုံး အိုးခွက်များပေါ်တွင် စတင်တွေ့ရှိရပြီး ထိုအိုးခွက်များကို ဟန်လင်းကြီးမြို့ဟောင်းမှ တူးဖော်တွေ့ရှိရတာပဲဖြစ်ပါတယ်။ ပုဂံခေတ် အချိတ်အဆင် ပုဂံခေတ်ကျောက်စာဟောင်းများကို လေ့လာကြည့်တဲ့အခါမှာတော့ ပုဂံခေတ်၌ အချိတ်အဆင်တည်ရှိခဲ့တယ်ဆိုတဲ့ အချက်ကို အခိုင်အမာတွေ့ရှိရပါတယ်။

အပါယ်ရတနာလိုဏ်ဂူဘုရားအတွင်းဘက်ရှိ မဟာယာဉ်ဂိုဏ်းပန်းချီဆေးရေးရုပ်များတွင် ကြိုးကြီးချိတ် ထမီကို ဝတ်ဆင်ထားသော လက်နှစ်ဘက်နှင့်တာရာဒေဝီပုံကို ထောက်ရှုခြင်းအားဖြင့် ထိုခေတ်က အချိတ်အဆင်အထည် ပေါ်ပေါက်နေကြောင်း ပြောဆိုနိုင်ပါတယ်။
အချိတ်ထည်ဆိုတာ အများသိနေသလို အဆင်ဒီဇိုင်းကိုအစွဲပြုပြီးခေါ်တဲ့အခေါ်အဝေါ်မဟုတ်ပဲ
ရက်ကန်းရက်တဲ့နည်းစနစ်ကိုအစွဲပြုပြီးခေါ်ဆိုကြတာပဲဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတွေ အမြတ်တနိုးဝတ်ဆင်ကြတဲ့ အချိတ်အဆင်ရှိတဲ့ အချိတ်ထည်ဖြစ်ပေါ်လာဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။

နာမည်ကြီးချိတ်ဖြစ်တဲ့ လွန်းရာကျော်ချိတ်ဆိုလျင်လဲ အချိတ်ထည်ဖြစ်စေရန် လွန်းကလေးပေါင်း တစ်ရာကျော်၊ နှစ်ရာနီးပါး လက်ဝင်စွာ ရက်လုပ်ရတာပဲ ဖြစ်ပါတယ်။

လွန်းကလေးတွေ နဲ့ ချိတ်ဆက်ရက်လုပ်ရလို့ အချိတ်ထည်လို့ ခေါ်ကြတယ်လို့ ပြောသူတွေရှိသလို အချို့ကလည်း အချိတ်က ဆင်စွယ်ဝန်းယှက် ရက်လုပ်ရ၍ အချိတ်ဟုခေါ် ကြောင်းလဲ ဆိုကြပါတယ်။
ရှေးခတ် ကတည်းက အချိတ်ထည်များကို အဆင်များကိုလည်း ဆန်းပြားစွာ ရက်လုပ်ကြပါတယ်။

အချိတ်လုံချည်အမိတ်တွေမှာ ဒေါင်းရုပ်၊ ခြင်္သေ့ရုပ်၊ ဟင်္သာရုပ်များကို ရက်လုပ်ကြပြီး ထိုခေတ်ထိုအချိန်က အချိတ်ပုဆိုးတို့မှာ မင်းသုံးစိုးသုံးဖြစ်ပြီး မင်းမျိုးများသာ ဝတ်ဆင်ရသဖြင့် တော် ဝင်ပုဆိုးဟုခေါ်ဆိုကြတဲ့အထိ အချိတ်ထည်ရဲ့ သမိုင်းကြောင်းဟာ မြင့်မားခဲ့ပါတယ်။
ခေတ်အဆက်ဆက် ပြောင်းလဲ လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တိုင်ရှိသော အချိတ်အဆင်အမျိုးပေါင်း (၃၀) ထိ ရှိခဲ့တာပဲဖြစ်ပါတယ်။

ထိုမျှလောက် ကြီးကျယ်မြင့်မြတ်တဲ့ ရှေးမြန်မာတို့၏အချိတ်ရက်ကန်းပညာကို ပညာနွယ်ပြတ်၍ မသွားရအောင် ထိန်းသိမ်းထားရမည်မှာ မျက်မှောက်ခေတ် လူငယ်ရက်ကန်း ပညာရှင်တို့၏တာဝန်ပဲ ဖြစ်ပါတယ်။

ထို တာဝန်ကို တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးပေးတဲ့ အနေနဲ့ နွေဦးတက္ကသိုလ် - School of Arts - အနုပညာကျောင်းမှနေ “ ချိတ်ဒီဇိုင်း” အတန်းလေးကို ဖွင့်လှစ်ပေးထားပါတယ်။

အတန်းအကြောင်း အသေးစိတ် သိရှိချင်တယ်ဆိုရင်တော့ https://www.facebook.com/111106631443316/posts/125008936719752/?d=n မှာ သွားရောက်လေ့လာနိုင်ပါတယ်။

အတန်းလေးက မတ်လ 8 ရက်နေ့မှာ စမှာမို့ အခုချက်ချင်းပဲ အမြန်ဆုံး လျှောက်ထားဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။

#SpringUniversityMM #FacultyofArtsandSocialSciences #FASS #SchoolofArts

Source - ၁၉၇၆-ခုနှစ်၊ မေလထုတ် သွေးသောက်မဂ္ဂဇင်း
-Burmese Design Through Drawings(1993) by U Aye Myint
-Textiles in Burman Culture(2020) by Sylvia Fraser-Lu
-Burmese Court Textiles: Luntaya-acheiq(2004) by Punvasa Kunlabutr
- http://folkcostume.blogspot.com/2018/04/burmese-costume-and-luntaya-acheik.html?m=1
👍4🥰2❤1👎1
နွေဦးတက္ကသိုလ်ရဲ့ ဂျပန်ဘာသာစကားတန်းခွဲများကိုတက်​ရောက်နိုင်ဖို့ အခွင့်အ​ရေး (၁)ရက်သာကျန်ပါ​တော့တယ်။

School of Languages မှ
1. Japanese Elementary Class
2. Japan Foundation Test for Basic Japanese
3. Basic +JLPT N5 တို့ဖွင့်လှစ်ထားရှိပြီး Registration Deadline မှာ မနက်ဖြန် မတ်လ (၁၀)ရက်​နေ့ဖြစ်တာ​ကြောင့် တက်​ရောက်လိုသူများအ​နေနဲ့ ​နောက်ကျသွားတာမျိုးဖြစ်ရ​​အောင် အမြန်ဆုံး စာရင်း​ပေးသွင်းထားဖို့တိုက်တွန်းလိုပါတယ်။

အတန်း​တွေအ​ကြောင်းအ​သေးစိတ်ကို ​အောက်​ဖော်ပြပါ Link မှတစ်ဆင့် ဝင်​ရောက်​လေ့လာနိုင်ပါတယ်။

Link - https://www.facebook.com/102470788713285/posts/264843469142682/
👍6
School of Education ရဲ့ ဆရာ့အတတ်ပညာတန်းခွဲများမှ သင်ရိုးများအကြောင်း အသေးစိတ်။

https://www.facebook.com/102470788713285/posts/270599838567045/
❤2
ကျောင်းသား၊ကျောင်းသူများရဲ့ တောင်းဆိုချက်အတိုင်း Business English တန်းခွဲစတင်အပ်နှံနိုင်ပါပြီ။

https://www.facebook.com/102470788713285/posts/271464498480579/
❤4👍1
ဖန်တီးမှုအနုပညာတစ်ခုနဲ့ အမျိုးသမီးများ

https://www.facebook.com/102470788713285/posts/271988285094867/
❤4👍1
အာဏာသိမ်းမှုကြောင့် ပျက်စီးသွားခဲ့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပကုန်သွယ်ရေးလမ်းကြောင်းများ

https://www.facebook.com/102470788713285/posts/272187025074993/
လျှပ်စစ်မီးပြတ်တောက်မှုကိုမမှုပဲ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြမယ်။

https://www.facebook.com/102470788713285/posts/272775868349442/
❤7👍2
မိဘဆရာများ ဂရုတစိုက်နားထောင်ပေးသင့်တဲ့ ကလေးငယ်များရဲ့ စိတ်ခံစားချက်အခြေအနေ။

https://www.facebook.com/102470788713285/posts/272896218337407/
❤6
​နွေဦးတက္ကသိုလ်ရဲ့ ​ဖေ​ဖော်ဝါရီလခရီးစဥ်။

https://www.facebook.com/102470788713285/posts/273393224954373/
❤3
မိတ်ဖက်အဖွဲ့အစည်း ​ကြော်ငြာခြင်း။

https://www.facebook.com/102470788713285/posts/273447401615622/
❤5👍1
CDM ဆရာ/မတွေထံလှူဒါန်းမယ့် School of Education ရဲ့ အတန်းတွေကို ဒီနေ့နောက်ဆုံးထား လျှောက်ထားလိုက်ပါ။ 

ယခုလို တော်လှန်ရေးကာလမှာ စစ်ကျွန်ပညာရေးကို လက်မခံဘဲ ကြားကာလပညာသင်ကြားရေးအတွက် ဦးဆောင်ဦးရွက်ပြုမယ့် မိဘ၊အုပ်ထိန်းသူနှင့် ဆရာ/မများစွာ လိုအပ်ပါတယ်။ 

၂၁ရာစုရဲ့ ပြောင်းလဲလာတဲ့ ပညာရေးစနစ်များကြား အကောင်းဆုံးနည်းလမ်းတွေနဲ့ မိမိရဲ့ သားသမီး၊ တပည့်တွေကို လက်ဆင့်ကမ်းနိုင်ဖို့အတွက် “School of Education” မှ လစဉ်၊လတိုင်း သင်ကြားရေးနှင့်ဆိုင်တဲ့ အတန်းတွေ ဖွင့်လှစ်ပေးလျက်ရှိပါတယ်။ 

ယခုလအတွက် ဖွင့်လှစ်ပေးမယ့် အတန်းတွေကတော့-

 ✅ Certificate of Teaching (ဆရာအတတ်ပညာသင်တန်း)

✅ Strategic Change Management in Education- SCME (ပညာရေးကဏ္ဍရဲ့ နည်းဗျူဟာတကျ ပြောင်းလဲမှု)

✅ Understanding and Supporting Adolescent (ဆယ်ကျော်သက် ကလေးငယ်များရဲ့ ပြောင်းလဲမှုကို လေ့လာခြင်းနှင့် စနစ်တကျပျိုးထောင်ပေးနိုင်မယ့်သင်တန်း)
တို့ပဲဖြစ်ပါတယ်။ 

ယခုဖွင့်လှစ်သင်ကြားပေးမယ့် အတန်းတွေဟာ လက်တွေ့ဘဝမှာ ကိုယ်တိုင် အသုံးချနိုင်မယ့်အပြင် မိမိရဲ့ သားသမီးနှင့်တပည့်များကို အကောင်းဆုံး ပျိုးထောင်ပေးနိုင်မယ့် နည်းလမ်းတွေကို မျှဝေသွားမှာပါ။ 

📍 ဒီအတန်းတွေကို သင်ကြားပေးမယ့်သူတွေကတော့ ပညာရေးကဏ္ဍမှာ အတွေ့အကြုံမြင့်မားပြီး တော်လှန်ရေး သူရဲကောင်းတွေဖြစ်တဲ့ CDM ဆရာ/မတွေပဲ ဖြစ်ပါတယ်။ 

📍 ဒါ့အပြင် ရရှိလာမယ့် သင်တန်းကြေး အလှူငွေများကိုလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ CDM ဆရာ/မများထံ တစ်ဖန်ပြန်လည် လှူဒါန်းသွားဦးမှာပါ။ 

“School of Education” ရဲ့ အထက်ပါ အတန်းတွေဟာ စိတ်ဝင်စားသူများပြားတဲ့အတွက် နွေဦးတက္ကသိုလ်မှ ကျောင်းသားဦးရေ အနည်းငယ်သာ လက်ခံနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် ယခုအတန်းတွေမှာ လေ့လာတက်ရောက်လိုပါက ဒီနေ့နောက်ဆုံးထားပြီး အမြန်ဆုံးလျှောက်ထားမှ စိတ်ချရမယ်နော်။ 

အတန်းချိန်၊နေ့ရက်နှင့် အကြောင်းအရာအသေးစိတ်ကို အောက်ပါ Link မှတစ်ဆင့် အသေးစိတ် ကြည့်ရှုနိုင်ပါပြီ။ 
Link - https://m.facebook.com/story.php?story_fbid=268214572138905&id=102470788713285

#SpringUniversityMM
#SUM
❤5👍3
ပြောင်းလဲစီမံခန့်ခွဲခြင်းဆိုင်ရာ မဟာဗျူဟာ နဲ့ မြန်မာ့ပညာ​ရေး

https://www.facebook.com/102470788713285/posts/274132701547092/
👍2
နွေဦးတက္ကသိုလ်မှ ရေဒီယို သင်ခန်းစာများကို စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ကြေညာချက်။

https://www.facebook.com/102470788713285/posts/274182101542152/
❤4👍4
တိုင်းရင်းသားဘာသာစကားများကို အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်ပြီ။

https://www.facebook.com/102470788713285/posts/274900771470285/
❤5
CDM ဆရာ/မတွေထံလှူဒါန်းမယ့် School of Education ရဲ့ Strategic Change Management in Education- SCME (ပညာရေးကဏ္ဍရဲ့ နည်းဗျူဟာတကျ ပြောင်းလဲမှု) အတန်းကို ဒီနေ့နောက်ဆုံးထား လျှောက်ထားလိုက်ပါ။ 

📍 ဒီအတန်းကို သင်ကြားပေးမယ့်သူတွေကတော့ ပညာရေးကဏ္ဍမှာ အတွေ့အကြုံမြင့်မားပြီး တော်လှန်ရေး သူရဲကောင်းတွေဖြစ်တဲ့ CDM ဆရာ/မတွေပဲ ဖြစ်ပါတယ်။ 

📍 ဒါ့အပြင် ရရှိလာမယ့် သင်တန်းကြေး အလှူငွေများကိုလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ CDM ဆရာ/မများထံ တစ်ဖန်ပြန်လည် လှူဒါန်းသွားဦးမှာပါ။ 

“School of Education” ရဲ့ အထက်ပါ အတန်းဟာ စိတ်ဝင်စားသူများပြားတဲ့အတွက် နွေဦးတက္ကသိုလ်မှ ကျောင်းသားဦးရေ အနည်းငယ်သာ လက်ခံနိုင်တော့မှာ ဖြစ်ပါတယ်။ 

ဒါ့ကြောင့် ယခုအတန်းမှာ လေ့လာတက်ရောက်လိုပါက ဒီနေ့နောက်ဆုံးထားပြီး အမြန်ဆုံးလျှောက်ထားမှ စိတ်ချရမယ်နော်။ 

အတန်းချိန်၊နေ့ရက်နှင့် အကြောင်းအရာအသေးစိတ်ကို အောက်ပါ Link မှတစ်ဆင့် အသေးစိတ် ကြည့်ရှုနိုင်ပါပြီ။ 
Link - https://m.facebook.com/story.php?story_fbid=268214572138905&id=102470788713285
👍1