“ချိတ်”ဆိုသည့် ဒီဇိုင်းအနုပညာရပ်မှာ လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက အစပြုခဲ့တဲ့ အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။
မြန်မာ့ရိုးရာ အချိတ်ထည်များမှာ စိတ်ရှည်ရှည်ဖြင့် အချိန်ယူကာ လက်ဖြင့် တဖြည်းဖြည်း ရက်လုပ်ယူရ သော အထည်များ ဖြစ်ပြီး လပိုင်းဖြင့် အချိန်ယူ၍ ပြုလုပ်ရသော လက်ရက်ထည်ဖြစ်၍လည်း တန်ဖိုးမြင့်မားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာတို့လက်မှုအနုပညာအစွမ်းကို ပြသနိုင်တဲ့ ပစ္စည်းဟုဆိုလျှင်လည်း မမှားပါဘူး။
မြန်မာတို့ရဲ့ အချိတ်အဆင် ကို ကျောက်ခေတ်သုံး အိုးခွက်များပေါ်တွင် စတင်တွေ့ရှိရပြီး ထိုအိုးခွက်များကို ဟန်လင်းကြီးမြို့ဟောင်းမှ တူးဖော်တွေ့ရှိရတာပဲဖြစ်ပါတယ်။ ပုဂံခေတ် အချိတ်အဆင် ပုဂံခေတ်ကျောက်စာဟောင်းများကို လေ့လာကြည့်တဲ့အခါမှာတော့ ပုဂံခေတ်၌ အချိတ်အဆင်တည်ရှိခဲ့တယ်ဆိုတဲ့ အချက်ကို အခိုင်အမာတွေ့ရှိရပါတယ်။
အပါယ်ရတနာလိုဏ်ဂူဘုရားအတွင်းဘက်ရှိ မဟာယာဉ်ဂိုဏ်းပန်းချီဆေးရေးရုပ်များတွင် ကြိုးကြီးချိတ် ထမီကို ဝတ်ဆင်ထားသော လက်နှစ်ဘက်နှင့်တာရာဒေဝီပုံကို ထောက်ရှုခြင်းအားဖြင့် ထိုခေတ်က အချိတ်အဆင်အထည် ပေါ်ပေါက်နေကြောင်း ပြောဆိုနိုင်ပါတယ်။
အချိတ်ထည်ဆိုတာ အများသိနေသလို အဆင်ဒီဇိုင်းကိုအစွဲပြုပြီးခေါ်တဲ့အခေါ်အဝေါ်မဟုတ်ပဲ
ရက်ကန်းရက်တဲ့နည်းစနစ်ကိုအစွဲပြုပြီးခေါ်ဆိုကြတာပဲဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတွေ အမြတ်တနိုးဝတ်ဆင်ကြတဲ့ အချိတ်အဆင်ရှိတဲ့ အချိတ်ထည်ဖြစ်ပေါ်လာဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။
နာမည်ကြီးချိတ်ဖြစ်တဲ့ လွန်းရာကျော်ချိတ်ဆိုလျင်လဲ အချိတ်ထည်ဖြစ်စေရန် လွန်းကလေးပေါင်း တစ်ရာကျော်၊ နှစ်ရာနီးပါး လက်ဝင်စွာ ရက်လုပ်ရတာပဲ ဖြစ်ပါတယ်။
လွန်းကလေးတွေ နဲ့ ချိတ်ဆက်ရက်လုပ်ရလို့ အချိတ်ထည်လို့ ခေါ်ကြတယ်လို့ ပြောသူတွေရှိသလို အချို့ကလည်း အချိတ်က ဆင်စွယ်ဝန်းယှက် ရက်လုပ်ရ၍ အချိတ်ဟုခေါ် ကြောင်းလဲ ဆိုကြပါတယ်။
ရှေးခတ် ကတည်းက အချိတ်ထည်များကို အဆင်များကိုလည်း ဆန်းပြားစွာ ရက်လုပ်ကြပါတယ်။
အချိတ်လုံချည်အမိတ်တွေမှာ ဒေါင်းရုပ်၊ ခြင်္သေ့ရုပ်၊ ဟင်္သာရုပ်များကို ရက်လုပ်ကြပြီး ထိုခေတ်ထိုအချိန်က အချိတ်ပုဆိုးတို့မှာ မင်းသုံးစိုးသုံးဖြစ်ပြီး မင်းမျိုးများသာ ဝတ်ဆင်ရသဖြင့် တော် ဝင်ပုဆိုးဟုခေါ်ဆိုကြတဲ့အထိ အချိတ်ထည်ရဲ့ သမိုင်းကြောင်းဟာ မြင့်မားခဲ့ပါတယ်။
ခေတ်အဆက်ဆက် ပြောင်းလဲ လာခဲ့ပြီး မင်းတုန်းမင်းလက်ထက်တိုင်ရှိသော အချိတ်အဆင်အမျိုးပေါင်း (၃၀) ထိ ရှိခဲ့တာပဲဖြစ်ပါတယ်။
ထိုမျှလောက် ကြီးကျယ်မြင့်မြတ်တဲ့ ရှေးမြန်မာတို့၏အချိတ်ရက်ကန်းပညာကို ပညာနွယ်ပြတ်၍ မသွားရအောင် ထိန်းသိမ်းထားရမည်မှာ မျက်မှောက်ခေတ် လူငယ်ရက်ကန်း ပညာရှင်တို့၏တာဝန်ပဲ ဖြစ်ပါတယ်။
ထို တာဝန်ကို တစ်ဖက်တစ်လှမ်းမှ ပံ့ပိုးပေးတဲ့ အနေနဲ့ နွေဦးတက္ကသိုလ် - School of Arts - အနုပညာကျောင်းမှနေ “ ချိတ်ဒီဇိုင်း” အတန်းလေးကို ဖွင့်လှစ်ပေးထားပါတယ်။
အတန်းအကြောင်း အသေးစိတ် သိရှိချင်တယ်ဆိုရင်တော့ https://www.facebook.com/111106631443316/posts/125008936719752/?d=n မှာ သွားရောက်လေ့လာနိုင်ပါတယ်။
အတန်းလေးက မတ်လ 8 ရက်နေ့မှာ စမှာမို့ အခုချက်ချင်းပဲ အမြန်ဆုံး လျှောက်ထားဖို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။
#SpringUniversityMM #FacultyofArtsandSocialSciences #FASS #SchoolofArts
Source - ၁၉၇၆-ခုနှစ်၊ မေလထုတ် သွေးသောက်မဂ္ဂဇင်း
-Burmese Design Through Drawings(1993) by U Aye Myint
-Textiles in Burman Culture(2020) by Sylvia Fraser-Lu
-Burmese Court Textiles: Luntaya-acheiq(2004) by Punvasa Kunlabutr
- http://folkcostume.blogspot.com/2018/04/burmese-costume-and-luntaya-acheik.html?m=1

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍4🥰2❤1👎1