Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
ဥပဒေမဲ့လုပ်ရပ်ဆိုးတွေကို ခါးသီးပြီး နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနှင့်အတူ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်တွေကို လေ့လာလိုသူတစ်‌ယောက်လား ❓
တိုင်းရင်းသား ညီအစ်ကိုသွေးချင်းတွေပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှူ၊ မထိမဲ့မြင် စော်ကားမှူတွေကို ရွံမုန်းပြီး " တန်းတူညီမျှမှုဆိုတာ လူသားတိုင်းအတွက် " ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားသူတစ်ယောက်ဆိုရင်တော့ နွေဦးတက္ကသိုလ်ရဲ့ ဥပဒေပညာသင်တန်းခွဲက သင့်အတွက်ပါပဲ။
တနေ့တခြား ဥပဒေမဲ့ ဖမ်းဆီးခံရမှုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို မင်းမဲ့စရိုက်ဆန်စွာ မြင်တွေ့နေရတာမို့ ဒီလို လုပ်ရပ်ဆိုးတွေ ရပ်တန့်သွားဖို့ အလျင်အမြန်လိုအပ်နေပါတယ်။
ဒီလို လူအခွင့်အရေးချိုးဖောက်ခံရမူတွေကို ယခုပစ္စပ္ပုန်မှာရော၊ အနာဂတ်မှာပါ ထပ်မဖြစ်လာဖို့
ဥပဒေကျွမ်းကျင်ကျောင်းသူ၊သားများရဲ့ စုပေါင်းအင်အားနဲ့ အချိန်မှီ တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ပြီး နွေဦးတက္ကသိုလ်ရဲ့ ဥပဒေပညာတန်းခွဲကို ဖွင့်လှစ်လိုက်ပါတယ်ခင်ဗျာ။
သင်တန်းကာလအားဖြင့် 5 ပတ်အထိ ကြာမြှင့်သွားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ တန်းခွဲတစ်ခုချငိးဆီ
ထဲမှာ ကြည့်ရှူနိုင်ပါတယ်။
သင်တန်းတက်ရောက်ဖို့တွက် ဘယ်လိုအချက်လေးတွေ လိုအပ်မလဲ ❓
1.Second Year နှင့်အထက် ကျောင်းသူ၊သားတွေ၊
2.Lectures အကုန်လုံးက English ဘာသာစကားကို အသုံးပြုသွားမှာဖြစ်တဲ့တွက် English အခြေခံရှိသူတွေ၊
3.သင်တန်းစတင်တက်ရောက်သည့်အချိန်မှစပြီး ဆုံးခန်းတိုင်သည်ထိ တတ်ရောက်ဖို့ Commitment ရှိသူတွေ။
ဖော်ပြပါ အချက်(၃) ချက်နဲ့ ပြည့်စုံပြီး ဉပဒေပညာကို စိတ်၀င်စားတဲ့ မည့်သည့်ကျောင်းသူ၊သားများမဆို
လျှောက်ထားလို့ရပါတယ်ခင်ဗျာ။
ပုံမှန်သင်တန်းတွေလို ဆရာက စာရှင်းပြ၊ ကျောင်းသားက စာကျက်၊ Assignment တင် ပုံစံမျိုးပဲလား ❓
လုံးဝမဟုတ်ပါဘူး။ အားလုံးက ကိုယ်ရဲ့ ယုံကြည်ရာကို အချက်အလက်ကျကျ ဥပဒေနည်းနာတွေနဲ့ လွတ်လပ်စွာ တင်ပြပြီး မတူညီတဲ့အတွေးအမြင်တွေကို စည်းလုံးမှုတစ်ခုအဖြစ် ဖော်ဆောင်သွားမယ့် နွေဦးတော်လှန်ရေး ဥပဒေပညာသင်တန်းမှာ ဘယ်လိုတန်းခွဲတွေပါ၀◌င်သွားမလဲ ကျွန်တော်နဲ့တူတူ ဆက်ကြည့်လိုက်ရအောင်နော် 🙆‍♂️
#SpringUniversityMyanmar
#SUM
✅ Constitution and Human Right

Constitution and Human Right တန်းခွဲလေးမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စပ်လျဉ်းပြီး
နေ့စဉ်လက်တွေ့ဘဝမှာ နိုင်ငံသားတိုင်းသိသင့်တဲ့အခြေခံဥပဒတွေကနေအစချီလို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေတွေကို အတွင်းကျကျ အခြေခံမှစပြီးလေ့လာသွားရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး နွေဦးတက္ကသိုလ်ရဲ့ Constitution and Human Right တန်းခွဲလေးမှာကျောင်းသူ၊သားများတွက်-

📍 မျက်မှောက်ခေတ်ကာလရဲ့ လက်တွေ့ အဖြစ်အပျက်တွေပေါ် လူ့အခွင့်အရေးဆိုင်ရာ ရှူထောင့်မှတဆင့် နည်းလမ်းကျကျ ရှူမြင်သုံးသပ်ပုံတွေက အစပြုပြီး နိုင်ငံတကာမှာကျင့်သုံးနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနူန်းတွေ။

📍 နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့အတူ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်၊ လွတ်လပ်စွာ
ပြောဆိုနိုင်ခွင့်တွေရဲ့အနှစ်သာရတွေကို မပျောက်ပျက်အောင် ဘယ်လို နည်းစနစ်ကျကျ ကာကွယ်တားဆီးသင့်ပုံတွေ။

📍 နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို နည်းလမ်းတကျလေ့လာပြီး အနာဂတ်မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်ဒီမိုကရေစီဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွက် အထောက်ကူပြုစေမယ့် သုံးသပ်ချက်တွေ။

အစရှိတဲ့ မျက်မှောက်ကာလမှာ တကယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို စာအုပ်ကြီးတိုင်းမသွားဘဲ Legal Analysis လို့ ခေါ်တဲ့ ဥပဒေပြု ရှထောင့်မှ အချက်ကျကျ ခွဲခြမ်းစိတ်ဖြာခြင်း၊ စုပေါင်း ဆွေးနွေးအဖြေရှာကြရင်း စိတ်ဝင်စားဖွယ် လေ့လာသင်ယူသွားရမှာမို့ ဥပဒေပညာရပ်ကို မြတ်နိုးတဲ့ ကျောင်းသူ၊သား တိုင်းအတွက် လုံးဝလက်မလွတ်သင့်တဲ့ အခွင့်အ‌ရေးတစ်ရပ်ပါပဲ။

June (14) ရက်မှာ စတင်မှာဖြစ်ပြီး သင်တန်းသား 20 ဦးပဲလက်ခံသွားမှာမို့ နောက်ကျသွားတာမျိုး
မဖြစ်ရအောင် အမြန်ဆုံးအပ်နှံထားဖို့ အကြံပြုပါရစေခင်ဗျာ။

ကဲ….မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်ဆိုးတွေကို အချိန်မှီရပ်တန့်ဖို့ နွေဦးတက္ကသိုလ်ရဲ့ ဥပဒေပညာတန်းခွဲကနေ အောက်ပါ Link ကနေတစ်ဆင့် အတန်းအပတ်ပြီးအခုပဲ စတင်လိုက်ရအောင် 💪

အတန်းချိန်နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ပါက Page Chat Box ကနေပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်

https://forms.gle/o5q3CVzRBHLF3XRB6
✅ Fair Trial Principles

Fair Trial Principles မှာတော့ လူမှုပတ်ဝန်းကျင်မှာရှိတဲ့ အပြစ်မဲ့ပြည်သူလူထုတွေ အဖိနှိပ်မခံရအောင် တရားမျှတပြီးသမာသမတ်ကျတဲ့ တရားခွင်တစ်ခုမှာရှိသင့်ရှိထိုက်တဲ့ ရပိုင်ခွင့်၊ ဥပဒေနည်းလမ်းကျကျ
တင်ပြပုံတွေကို စိတ်ဝင်စားဖွယ်လေ့လာသွားရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး နွေဦးတက္ကသိုလ်ရဲ့ Fair Trial Principles တန်းခွဲလေးမှာကျောင်းသူ၊သားများတွက်-

📍မြန်မာနိုင်ငံမှာရှိတဲ့မှုခင်းဆိုင်ရာဖြစ်ရပ်တွေနဲ့စပ်လျဉ်းပြီးဥပဒေပညာရှင်တွေရဲ့အလွန်အရေးပါတဲ့အခန်းကဏ္ဋတွေ။

📍 လက်တွေ့တရားခွင်မှာ တရားလို၊ စွပ်စွဲခံရသူတွေရဲ့ရပိုင်ခွင့်တွေအပြင် ဥပဒေဘောင်တွင်းက နည်းစနစ်ကျကျ တရားမျှတတဲ့ တင်ပြချက်တွေ။

📍 ဥပဒေကြောင်းအရ သက်သေပြရန်တာဝန် တင်ပြပုံတွေမှတဆင့် အပြစ်မဲ့တဲ့ ပြည်သူတွေကို မင်းမဲ့စရိုက်ဆန်စွာ ဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုကို စနစ်တကျကာကွယ်တားဆီးပုံတွေ။

စတဲ့ လက်တွေ့မှာဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို အတူတူ အဖြေရှာ ဆွေးနွေးကြရင်း
နိုင်ငံတကာမှာရှိတဲ့ မှုခင်းဆိုင်ရာ ဥပဒေပညာရှင်၊ပရော်ဖက်ဆာများမှလဲ Guest Lectures များအဖြစ်ပါဝင်အားဖြည့်ပေးသွားမှာမို့ ဥပဒေပညာရပ်ကိုလက်တွေ့ကျကျ လေ့လာလိုတဲ့ ကျောင်းသူ၊သားများအတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ။

June လ (14) ရက်နေ့မှာ စတင်မှာဖြစ်ပြီးကျောင်းသား၊သူ အယောက် ၂၀ ပဲ လက်ခံသွားမှာ
ဖြစ်လို့ နောက်ကျသွားတာမျိုးမဖြစ်ရအောင် အခုပဲအမြန်ဆုံး အောက်ပါ Link ကနေတစ်ဆင့် ကြိုတင်စာရင်းပေးထားမို့ အကြံပြုပါရစေခင်ဗျ 🙆‍♂️

"ဥပဒေကို လက်တစ်လုံးခြားပြုလုပ်နေတဲ့လူတစ်စုကြောင့်အပြစ်မဲ့တဲ့ပြည်သူတွေနောက်ထပ်မထိခိုက်ရအောင် အားလုံးတူတူကာကွယ်တားဆီးကြရအောင်ဗျာ 💪 “

အတန်းချိန်နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ပါက Page Chat Box ကနေပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်

https://forms.gle/o5q3CVzRBHLF3XRB6
✅ Drafting Contracts Course

Drafting Contracts တန်းခွဲမှာတော့ လူတစ်ဦးနဲ့တစ်ဦးကြား၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား အငြင်းပွားဖွယ်အကြောင်းအရာတွေ မဖြစ်ပေါ်လာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် Terms & Condition ,Agreement, Contracts တွေကို မျှတပြီး ဥပဒေဘောင်တွင်းက ရှင်းလင်းတိကျစွာ ရေးသားပုံ၊ ရေးသားနည်းတွေကို လက်တွေ့ကျကျ လေ့လာသွားရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး နွေဦးတက္ကသိုလ်ရဲ့ Drafting Contacts တန်းခွဲလေးမှာ ကျောင်းသား၊သူများအတွက်-

✍ အဖွဲ့အစည်းတွေကြားက စာချုပ်တွေ၊ ဘုံသဘောတူညီချက်တွေမှာ မပါမဖြစ်အရေးကြီးတဲ့ အခြေခံသဘောတရားတွေကို လက်တွေ့ကျကျ ချဉ်းကပ်ပုံတွေ။

✍ တစ်ဦးနဲ့တစ်ဦးကြားက လိုအပ်ချက်တွေကို မျှမျှတတဆွေးနွေးဆုံးဖြတ်ပြီး အနာဂတ်မှာ အငြင်းပွားဖွယ်ရာအကြောင်းအရာတွေ ဖြစ်မလာအာင် နည်းလမ်းတကျကြိုတင်ကာကွယ်ထားပုံတွေ။

✍ Lawyer တွေရဲ့ အရေးပါတဲ့အခန်းကဏ္ဋတွေကစလို့ ဘုံစာချုပ်၊ သဘောတူညီချက်တွေ၏လက်တွေ့အသုံးဝင်ပုံ။

စတဲ့ အကြောင်းအရာတွေကို ဆရာ၊ဆရာမများက Lecture ပေး၊ Assignment တင်ပုံစံမျိုးထက်ခေါင်းစဉ်တစ်ခုပေါ် အမေးအဖြေတွေနဲ့ အတူတူ အဖြေရှာ ဆွေးနွေးကြရင်း နိုင်ငံတကာပရော်ဖက်ဆာများနှင့် practicing lawyers မှလဲ အပတ်စဉ်ပါဝင်အားဖြည့်ပေးသွားမှာမို့ စာချုပ်စာတမ်းတွေနဲ့စပ်လျဉ်းပြီး ဥပဒေပညာရပ်ကို လေ့လာလိုတဲ့ ကျောင်းသူ၊သားများအနေဖြင့်တက်ရောက်ထားသင့်တဲ့ ပညာရပ်တစ်ခုပါပဲ။

June လ (14) ရက်နေ့မှာ စတင်မှာဖြစ်ပြီး ကျောင်းသား၊သူ အယောက် ၂၀ ပဲ လက်ခံသွားမှာ
ဖြစ်ပါတယ်။ တန်းခွဲတစ်ခုနဲ့တစ်ခုကြား အချိန်တစ်ခုကြာနိုင်တာမို့အခုပဲ အောက်ပါLink ကနေတစ်ဆင့် အမြန်ဆုံးကြိုတင်စာရင်းပေးထားမို့ အကြံပြုပါရစေခင်ဗျ 🙆‍♂️

အတန်းချိန်နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ပါက Page Chat Box ကနေပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်

https://forms.gle/o5q3CVzRBHLF3XRB6
သင်တန်းတက်ရောက်ဖို့တွက် ဘယ်လိုအချက်လေးတွေ လိုအပ်မလဲ ❓

1.Second Year နှင့်အထက် ကျောင်းသူ၊သားတွေ၊
2.Lectures အကုန်လုံးက English ဘာသာစကားကို အသုံးပြုသွားမှာဖြစ်တဲ့တွက် English အခြေခံရှိသူတွေ၊
3.သင်တန်းစတင်တက်ရောက်သည့်အချိန်မှစပြီး ဆုံးခန်းတိုင်သည်ထိ တတ်ရောက်ဖို့ Commitment ရှိသူတွေ။

ဖော်ပြပါ အချက်(၃) ချက်နဲ့ ပြည့်စုံပြီး ဉပဒေပညာကို စိတ်၀င်စားတဲ့ မည့်သည့်ကျောင်းသူ၊သားများမဆို
လျှောက်ထားလို့ရပါတယ်ခင်ဗျာ။
👍1
စစ်ဘေးရှောင်တိုင်းရင်းသားတွေကို ကူညီဖို့စဉ်းစားလား? ဒါဆိုရင် သင်တန်းကြေးအားလုံးကို စစ်ဘေးရှောင်တွေဆီ လှူဒါန်းမယ့် “Language School” ကို တက်ရောက်လိုက်ရအောင်။

အားလုံးစောင့်မျှော်နေကြတဲ့ တိုင်းရင်းသားဘာသာစကား လေ့လာနိုင်မယ့် အခွင့်အရေး ရောက်ရှိလို့လာပါပြီ။

👉🏻 သတင်းကောင်းတစ်ခု အနေနဲ့ ယခု “Ethnic Language School” မှ ရရှိလာသော သင်တန်းကြေး အားလုံးကို စစ်ဘေးရှောင် တိုင်းရင်းသားများထံသို့ အကုန်အစင် လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ်တည်းက ကျွန်တော်တို့လူငယ်တွေဟာ နိုင်ငံတကာမှာ အသုံးပြုတဲ့ ဘာသာစကားတွေကိုသာ စိတ်ဝင်စားခဲ့ကြပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ ဘာသာစကားကိုတော့ သင်ယူဖို့တောင် စိတ်ကူးမယဉ်ဖူးခဲ့ကြပါဘူး။

ဒါပေမဲ့ အခုလို တော်လှန်ရေးကြီး ဖြစ်ပေါ်လာတဲ့ အခါမှာတော့ “တောင်တန်းကိုထိရင် ပြည်မက နာတတ်လာပါပြီ။” စစ်ဘေးရှောင်နေရတဲ့ တိုင်းရင်းသား တွေကို အမျိုးမျိုးသော နည်းလမ်းများဖြင့် အကူအညီ ပေးနိုင်စေရန် ကြိုးစားလာကြတာကို တွေ့ရှိရပါတယ်။

ဒီလို အကူအညီပေးရာမှာ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်တဲ့ နေရာ၊ ဒေသ၊ လူမျိုးစု တွေရှိနေနိုင်ပါသေးတယ်။

ထို့ကြောင့် အကူအညီပေးလိုသူတွေ အနေနဲ့ ဆက်သွယ်ရာမှာ Communications Gap မဖြစ်ရလေအောင် တိုင်းရင်းသား ဘာသာစကားကို လေ့လာထားသင့်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသူ/သားတွေ ဖြစ်တဲ့အတွက် အထိုက်အလျောက်ပြောနိုင်စေရန် သင်ယူ လေ့ကျင့်ထားသင့်ပါတယ်။

ယခု “Language School” course မှာ သာဘာစကား သီးသန့် သင်ကြားရမှာမဟုတ်ဘဲ မတူညီမှုတွေနဲ့ ကွဲပြားစွာ အလှဆင်ထားတဲ့ တိုင်းရင်းသားများရဲ့ ဓလေ့ထုံးတန်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေ ကိုပါ လေ့လာခွင့်ရရှိမှာပါ။

ကျွန်တော်တို့နွေဦးတက္ကသိုလ်ဘက်မှ ယခုသင်ကြားမယ့် Ethnic Language Course အတွက် Survey တစ်ခု ကောက်ယူခဲ့ပါတယ်။

အားလုံးရဲ့ ရွေးချယ်မှုအရ စိတ်ဝင်စားမှု အများဆုံး တိုင်းရင်းသား ဘာသာစကားတွေဖြစ်တဲ့

💡ကချင်(ဂျိမ်းဖော)
💡ကရင် (စကော)
💡ကရင် (အနောက်ပိုး)
💡မွန်
💡ရှမ်း တို့ကို ယခုဖွင့်လှစ်မည့် Course တွင် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

အတန်း ၁ တန်းကို ၂ လခန့် ကြာမြင့်သွားမှာ ဖြစ်ပြီး အခြေခံမှ စ၍ သင်ကြားပေးမည် ဖြစ်သောကြောင့် မည်သူမဆိုတက်ရောက်နိုင်ပါတယ်။

ယခု Course ကို June (14) တွင်စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး သင်တန်းကြေးကတော့ 30,000 Ks တိတိ ဖြစ်ပါတယ်။

ဘာသာစကားအလိုက် သင်ကြားမည့် အချိန်၊ နေ့ရက်များ မတူညီသောကြောင့် မိမိသင်ကြားလိုသည့် ဘာသာစကား၏ Timeline ကို အသေးစိတ်ကြည့်ရှုဖို့ တိုက်တွန်းပါရစေ။

သင်တန်းတက်ဖို့စိတ်ဝင်စားရင်တော့ အောက်ပါ Link မှ တစ်ဆင့် Register ပြုလုပ်နိုင်ပါတယ်။

https://forms.gle/waEwXEkmkvjCxXSZ9

#SpringUniversityMM
#SUM
❤1
စကောကရင်

ကရင်လူမျိုးတွင် လူမျိုးနွယ်စုကြီး နှစ်စုဖြစ်သည့် စကောကရင်နှင့် ပိုးကရင် (အရှေ့၊ အနောက်) အပြင် ဘွဲကရင်၊ ပလေကီး၊ ကယ်ခို ၊ ကယ်ဘားနှင့် အခြားသော ကရင်လူမျိုးစုငယ်တို့တွင် သက်ဆိုင်ရာ ဘာသာစကားများ ရှိကြပါတယ်။

အထက်ဖော်ပြပါ ဘာသာစကားများသည် မူရင်းဘာသာစကား တစ်မျိုးတည်းမှ ဆင်းသက်လာကြပါတယ်။ သို့သော် အချိန်ကာလ ကြာညောင်းခြင်းနှင့် နေရာဒေသ ဝေးကွာမှုကြောင့် ပြောဟန်ဆိုဟန်နှင့် လေယူလေသိမ်း အနေအထားများ ကွဲပြားလာရခြင်း ဖြစ်ပါတယ်။

ကရင်ဘာသာစကားများအနက် စကောကရင်၊ အနောက်ပိုးကရင်နှင့် အရှေ့ပိုးကရင် ဘာသာစကားများကို သုံးစွဲသူအများဆုံးဖြစ်ပါတယ်။

ဤသင်တန်းပြီးဆုံးသောအခါ ကျောင်းသားများသည် “စကောကရင်” ဘာသာစကားကိုအသုံးပြုကာ ရိုးရှင်းလွယ်ကူသော အခြေခံနေ့စဉ်သုံးအကြောင်းအရာ များကို ပြောဆိုဆက်ဆံနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကိုမိတ်ဆက်ခြင်း၊ မိသားစု၊ နံပါတ်၊ နေရာများ၊ အရောင်များ၊ ပစ္စည်းအချို့၊ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များ၊ တိရစ္ဆာန်များ၊ အသီးအနှံများနှင့် သစ်သီးဝလံများ၊ စကားပြောဆိုပုံ Function များကို လေ့လာသင်ယူ ပြီးမြောက်မည် ဖြစ်ပါတယ်။

ဤအတန်းကို အချိန် ၂ လ တိတိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ Class ( 3 ) ခုခွဲထားမည်ဖြစ်ပြီး class တစ်ခုတွင် ကျောင်းသား ( 30 ) ဦး လက်ခံမည် ဖြစ်ပါတယ်။

သင်တန်းကြေးမှာ - 30,000 Ks တိတိ ဖြစ်ပါတယ်။

Registration Link - https://forms.gle/waEwXEkmkvjCxXSZ9
အနောက်ပိုးကရင်

အနောက်ပိုးကရင်ဘာသာစကားမှာလည်း မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ ဤဘာသာစကားသည် အခြားပိုးကရင်ဘာသာစကားခွဲများနှင့် တူညီမှု မရှိလိုပါ။ အနောက်ပိုးကရင် ဘာသာစကား၌ ဒေသိယစကားသံမူကွဲများ ရှိတတ်ပါတယ်။

ယခု သင်တန်းကို ပြီးဆုံးသွားပါက အနောက်ပိုးကရင်စာ များကို လွယ်ကူစွာ ရေးတတ်၊ ဖတ်တတ်သွားမှာပဲ ဖြစ်ပါတယ်။ မိသားစုဝင်အခေါ်အဝေါ်များ၊ အရေအတွက်နှင့် နံပါတ်များ၊ တိရစ္ဆာန် ၊ အရောင် ၊ ရာသီဥတုနှင့် ရက်၊ နေ့၊ လ အခေါ်အဝေါ်များကို သိရှိသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် ပိုးကအခြေခံစကားပြောများ၊ အမေးအဖြေများကို တတ်မြောက်သွားမှာပဲ ဖြစ်ပါတယ်။

ဤအတန်းကို အချိန် ၂ လ တိတိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ Class (2) ခုခွဲထားမည်ဖြစ်ပြီး class တစ်ခုတွင် ကျောင်းသား ( 30 ) ဦး လက်ခံမည် ဖြစ်ပါတယ်။

သင်တန်းကြေးမှာ - 30,000 Ks တိတိ ဖြစ်ပါတယ်။

Registration Link - https://forms.gle/waEwXEkmkvjCxXSZ9
ကချင်( ဂျိမ်းဖော)

ကချင်ဘာသာစကားမှာ English alphabet နဲ့ဘဲ ရေးတာဖြစ်တဲ့ အတွက် တတ်မြောက်ရလွယ်ကူပြီးတော့၊ ကချင်လိုရေးထားတဲ့ အကြောင်းအရာ၊ ပုံပြင်၊ သတင်းတို့ကို ဖတ်ရှုလာနိုင်မှာ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့... မနောမြေက ကချင်တိုင်းရင်းသားညီအစ်ကိုမောင်နှမ များပြောတဲ့စကားတွေကို နားလည်လာပြီး၊ အချင်းချင်းအရင်ကထက် ပိုပြီး နီးစပ်လာတယ်လို့ ခံစားရမှာဖြစ်ပါတယ်။

ယခုဖွင့်လှစ်တဲ့ ကချင်ဘာသာစကား အခြေခံသင်တန်းလေး ပြီးဆုံးတဲ့အခါမှာတော့ နေ့စဉ်သုံး ဂျိန်းဖောဘာသာစကားကို ပိုင်နိုင်စွာပြောတတ်ပြီး၊ ကချင်လူမျိုးတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

ဤအတန်းကို အချိန် ၂ လ တိတိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ တန်းခွဲ ၁ ခုသာ ရှိမည်ဖြစ်ပြီး class တစ်ခုတွင် ကျောင်းသား ( 20 ) ဦး လက်ခံမည် ဖြစ်ပါတယ်။

သင်တန်းကြေးမှာ - 30,000 Ks တိတိ ဖြစ်ပါတယ်။

Registration Link- https://forms.gle/waEwXEkmkvjCxXSZ9
မွန်

မွန်စာပေအရေးသည် အေဒီ ၅ ရာစုတည်းက ခမာဘာသာ စကားနှင့်အတူ ထွန်းကားခဲ့ပြီး ပုဂံခေတ်ဦး ကာလမှာ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါတယ်။

ယခုအခါ မွန်ဘာသာစကားကို မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပြောဆိုသုံးစွဲကြပြီး ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ၊ ပဲခူးတိုင်းရှိ မြို့နယ်အချို့တွင်လည်း သုံးစွဲလျက်ရှိပါတယ်။

မွန်အက္ခရာများဟာ ဗမာဗျည်းအက္ခရာ အများစုနှင့် ဆင်တူနေသောကြောင့် မွန်စာပေ ရေးသားရာ၌ အခက်အခဲ မတွေ့ရှိရပါ။ သို့သော် အသံထွက်ကား အတော်အတန် ဗမာနှင့် ကွဲပြားပြီး ထိုင်း၊ ခမာ အသံထွက်နှင့် ဆင်တူပါတယ်။

ဒါ့ကြောင့် မွန်ဘာသာစကား တတ်မြောက်ထားသူဟာ ထိုင်းဘာသာစကား သင်ယူရာတွင်လည်း ပို၍ တတ်မြောက်ရန် လွယ်ကူပါတယ်။

မွန်ဘာသာစကားမှာ ပါဠိအခြေခံ ဘာသာစကားဖြစ်သည့် အတွက် မွန်စာသင်ထားပါက ဘုရားစာ ဂါထာရွတ်ဆိုရာတွင် မွန်လို ဌာန်း ကရိုဏ်းကျကျ အလွယ်တကူ ရွတ်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ဤအတန်းကို အချိန် ၃ လ တိတိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ Class ( 2 ) ခုခွဲထားမည်ဖြစ်ပြီး class တစ်ခုတွင် ကျောင်းသား ( 20 ) ဦး လက်ခံမည် ဖြစ်ပါတယ်။

သင်တန်းကြေးမှာ - 30,000 Ks တိတိ ဖြစ်ပါတယ်။

Registration Link- https://forms.gle/waEwXEkmkvjCxXSZ9
ရှမ်း

ရှမ်းဘာသာစကားဟာ ရှမ်းလူမျိုးတို့၏ တိုင်းရင်းသား ချက်မြှုပ် ဘာသာစကားဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းတွင် အများဆုံး ပြောဆိုကြပါတယ်။

ရှမ်းဘာသာစကားသည် တိုင်-ကဒိုင်ဘာသာစကား မျိုးနွယ်စုဖြစ်ပြီး ထိုင်းဘာသာစကားနှင့် အနည်းငယ်ဆက်စပ်မှု ရှိပါတယ်။ ရှေးအခါက ယွန်းရှမ်းစာကို ပါဠိစာ ရေးသားရာ၌ အသုံးပြုခဲ့ကြပါတယ်။ သို့သော် ရှမ်းစာများ၏ စာလုံးပေါင်းသတ်ပုံမှာ မျိုးနွယ်အလိုက် တူညီမှု မရှိကြပါဘူး။

ယခုအခါမှာတော့ ရှမ်းလူမျိုးအများစုဟာ ပြောဆိုဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေး လွယ်ကူစေရန်အတွက် အချင်းချင်း ဒေသသုံး ရှမ်းဘာသာစကားတို့ဖြင့် ပြောဆိုကြပါတယ်။

မြန်မာပြည်၌ ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် ရှမ်းလူမျိုးအနည်းငယ်သာ ရှမ်းစာကို ရေးတတ် ဖတ်တတ်ကြပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံသူ/သားများဟာ ရှမ်းစာနှင့် ဘာသာစကားကို အထိုက်ပြောဆိုတတ်သင့်ပါတယ်။

ဒီသင်တန်းလေးပြီးသွားပြီဆိုရင် သျှမ်းဘာသာစကားလေးနဲ့ နေ့စဥ်သုံးစကားလေးတွေ ပြောတတ်လာပါမယ်။ သျှမ်း လူမျိုးတွေနဲ့ ပြောဆိုတတ်လာပါမယ်။ ချစ်စရာရိုးရာဓ​ေလ့တွေ စားကောင်းသောက်ဖွယ်တွေ ပြည့်နှက်နေတဲ့ သျှမ်းပြည်နေရာအနှံ့ခြေဆန့်ရင်း လေ့လာစရာ မြောက်များစွာ ရှိတာမို့ join ဖို့မမေ့ပါနဲ့နော်။

ဤအတန်းကို အချိန် ၂ လတိတိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ Class ( 2 ) ခုခွဲထားမည်ဖြစ်ပြီး class တစ်ခုတွင် ကျောင်းသား ( 20 ) ဦး လက်ခံမည် ဖြစ်ပါတယ်။

သင်တန်းကြေးမှာ - 30,000 Ks တိတိ ဖြစ်ပါတယ်။

Registration Link- https://forms.gle/waEwXEkmkvjCxXSZ9