Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
နွေဦးတက္ကသိုလ်ရဲ့ မေလမှာ ပြုလုပ်ခဲ့တဲ့ Activities တွေကို အားလုံးသိအောင် ပြောပြချင်လို့ပါ 🔔
ကျွန်တော်တို့ Spring University Myanmar ရဲ့ အဓိက အရေးအကြီးဆုံးရည်ရွယ်ချက်ဟာ CDM ဝန်ထမ်းတွေကို ထောက်ပံ့နိုင်ဖို့ပဲ ဖြစ်ပါတယ်။
လူငယ်တွေတော်တော်များများက မိမိတို့တက်နိုင်တဲ့ Handmade တွေ၊ Digital Arts တွေ ဖန်တီးပြီး CDM ဝန်ထမ်းတွေကို လှူဒါန်းသလိုမျိုး ကျွန်တော်တို့ SUM မှာလည်း ပညာသင်ကြားပေးရင်း CDM ထောက်တိုင်မပြိုလဲအောင် ကြိုးစားလျက်ရှိပါတယ်။
ဒါ့အပြင် SUM မှ ပညာရေးစနစ်ရဲ့ အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုကို ယူဆောင်ပေးချင်ပါတယ်။ ထိုပြောင်းလဲမှုကတော့ စစ်အာဏာရှင် လက်အောက်မှာ ပညာမသင်လိုသော ကျောင်းသား လူငယ်တွေကို အတားအဆီး မရှိဘဲ ဆက်လက်ပညာသင်ကြားနိုင်​စေဖို့ပါ။
ဒါ့ကြောင့် ကျွန်တော်တို့နွေဦးတက္ကသိုလ်ဟာ..
👉🏻 ယခုနှစ်ကုန်သည်အထိ အကျိုးရှိပြီး လက်တွေ့အသုံးချနိုင်တဲ့ Certificate Course များကို သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
👉🏻 သို့သော် လာမယ့်နှစ်မှာတော့ ကျွန်တော်တို့ဘက်မှ
National Unity Government (NUG) နှင့် အခြားသော နိုင်ငံခြားတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Diploma နှင့် Bachelor များပေးနိုင်သည်အထိ စီစဉ်သွားဖို့ရှိပါတယ်။
SUM အနေနဲ့ CDM သူရဲကောင်းများကို ယခုထက် ပိုမိုချီးမြှင့်ပေးနိုင်ဖို့ အဓိကရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ကိုယ်တိုင်လဲ လုပ်အားပေးပါဝင်အားဖြည့်ပြီး နွေဦးတက္ကသိုလ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။
(၄) လကျော်ကြာ အစိုးရကျောင်းများရပ်တန့်နေခဲ့ပေမဲ့လူငယ်တွေရဲ့ နွေဦးတော်လှန်ရေးမှာ လုပ်အားပေးပါဝင်လိုတဲ့ စိတ်အားထက်သန်မှုကို မရပ်တန့်နိုင်ခဲ့ပါဘူး။
သို့သော်လည်း အခက်အခဲတွေကြားက လုပ်အားပေးပါဝင်တဲ့အခါ အချိန်ရော၊ လူပါ နှစ်မြှပ်ထားရတဲ့တွက် အချို့သော ကျောင်းသူ၊သားများမှာ အခက်အခဲလေးတွေရှိလာနိုင်မယ်လို့ သုံးသပ်မိပါတယ်။
ဒါကြောင့်မို့ SUM အနေနဲ့ ရရှိလာသမျှ အလှူငွေအားလုံးကို CDM သူရဲကောင်းများထံ ချီးမြှင့်ထောက်ပံ့ဖို့ အဓိက ရည်ရွယ်ထားခဲ့ပေမဲ့ အချို့တစ်ဝက် ပမာဏအနည်းငယ်ကို လုပ်အားပေး ကျောင်းသား၊သူများတွက်အလုပ်အကိုင်ရှာဖွေပေးတဲ့အနေနဲ့ မျှ‌‌‌ေ၀ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
CDM သူရဲကောင်းများကို ပိုမိုထောက်ပံ့ပေးနိုင်ဖို့ကအဓိက ရည်ရွယ်ချက်ဖြစ်တာမို့ လုပ်အားပေး
ကျောင်းသူ၊သားများတွက် Salary သဘောမျိုးထက် Allowance ပုံစံမျိုးဖြစ်သွားတဲ့တွက်လဲ အားနာမိပါတယ်ခင်ဗျာ။
ပြီးခဲ့တဲ့ May လ အတွင်းမှာ SUM ဟာ CDM နဲ့ စစ်ဘေးရှောင်ပြည်သူများအား ကူညီနိုင်ရန်အတွက် Fundraising လုပ်တဲ့အနေနဲ့ IELTS course ကို ဖွင့်လှစ်ခဲ့ပါတယ်။
Operation Cost မှ လွဲ၍ ကျန်ရှိသော ဝင်ငွေများအားလုံးကို CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင် ပြည်သူများ၊ IELTS course မှ အခက်အခဲဖြစ်နေတဲ့ ကျောင်းသား ၂ ဦးကို Exam Fees Scholarship အနေဖြင့် လည်းကောင်း ပေးအပ်ခဲ့ပါတယ်။ အသေးစိတ် ငွေစာရင်းရှင်းတမ်းကိုတော့ ဖော်ပြထားသော ပုံတွင် ကြည့်ရှုနိုင်ပါတယ်။
လူငယ်များအတွက် ပို၍ကောင်းမွန်သော အနာဂါတ် ရရှိနိုင်စေဖို့ ကျွန်တော်တို့ နွေဦးတက္ကသိုလ်မှ အစဉ်အမြဲကြိုးစားလျက် ရှိပါတယ်။ ယခုအချိန်ထိ စိတ်ဝင်တစား စောင့်ကြည့်ပေးလျက်ရှိသောသူ တစ်ယောက်စီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် 🙏
#SpringUniversityMM
#SUM
CDM ကိုလဲ Support ရင်း မြန်မာနိုင်ငံမှာတစ်နှစ်ကို Scholarship ရတဲ့သူ 25 % ထဲ သင်ရောပါချင်ပါသလား။

မေလမှာ IELTS Batch 1 မတတ်လိုက်ရတဲ့ ကျောင်းသား၊ သူတွေအတွက် IELTS အပြင် Scholarship Counselling တွေနဲ့အတူ Langauge Level ကို Upgarde မြှင့်ပေးမယ့် ထိရောက်တဲ့ ဘာသာရပ်တွေနဲ့ နွေဦးတက္ကသိုလ်အဖြစ် ပြန်လာခဲ့ပါပြီနော်။ Batch 1 မှ ရရှိသော သိန်း (၅၀) ကို PiTi နှင့် The Movement ကို လှူဒါန်းခဲ့ပါတယ်။

နောက်ပြီး သတင်းကောင်းတစ်ခုအနေနဲ့ ပထမဆုံးလာရောက် အပ်နှံတဲ့ အယောက် ၅၀ ကို တန်းခွဲ ၁ ခုတတ်တိုင်း နောက်တစ်ခုအတွက် 10,000 MMK အထိ Discount ပေးသွားမှာ ဖြစ်လို့ အရင်တစ်ခါလို နောက်ကျသွားတာမျိူး မဖြစ်ရအောင် စောစောအပ်ထားဖို့ အကြံပြုပါရစေခင်ဗျာ။

IELTS ကတော့ Placement Test တစ်ခု ဖြေဆိုဖို့လိုအပ်ပါတယ်။
သင်တန်းအချိန်ကာလအားဖြင့် 4 weeks to 5 weeks ကြာမြှင့်မှာဖြစ်ပြီး အသေးစိတ်ကိုတော့ ဖော်ပြပါ Google Form လေးထဲမှာကြည့်ရှူနိုင်ပါတယ်။

နောက်ထပ်သတင်းကောင်းလေးတစ်ခုက အခုလက်ရှိ နွေဦးတော်လှန်ရေးသူရဲကောင်းတွေအားလုံး စိတ်၀◌င်စားနေတဲ့ Course ( 3 ) ခုဖြစ်တဲ့ IELTS, Duolingo နှင့် GRE အတွက် SUM ကကျောင်းသားများကို “Exam Fees Scholarship” ပေးမှာ ဖြစ်ပါတယ်။ Exam Fees Scholarship ကို အသေးစိတ်ကို နောက်ထပ် post မှာ အသေးစိတ်ကြေငြာပေးမှာ ဖြစ်ပါတယ်။

ကျောင်းသား၊သူ တွေရဲ့ သင်တန်းကြေးအားလုံးကိုလဲ အမှန်တကယ် လိုအပ်နေတဲ့ CDM သူရဲကောင်းတွေကို လှူဒါန်းသွားမှာဖြစ်လို့ ကုသိုလ်လဲရ၊ ပညာလဲရတဲ့ နွေဦးတက္ကသိုလ်မှာ ဘယ်လိုသင်တန်းတွေပါသွားမလဲ ဆိုတာ ကျွန်တော်နဲ့အတူတူဆက်ကြည့်လိုက်ရအောင်နော်။

#SpringUniversityMyanmar
#SUM