Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
တိုင်းရင်းသားဘာသာစကား (ကချင် ဂျိမ်းဖော) အတန်းနဲ့ပတ်သက်ပြီးတော့ တန်းခွဲများရဲ့ Timetable ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အတန်းအတွက်စာရင်းသွင်းလိုပါက အောက်ပါ link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/waEwXEkmkvjCxXSZ9
အသေးစိတ်ကို law school telegram channel link ကတစ်ဆင့် တင်ပေးမှာမလို့ Channel ကိုလည်း join ထားပါဦးနော် https://t.me/joinchat/jBuRsRmhQAM3Yzg1
SUM Logo ဖြစ်ပေါ်လာပုံလေး သိကြပြီးပြီလား ❓
ကျွန်တော်တို့ရဲ့ SUM ဆိုတဲ့ Logo လေးကို အဓိက
အားဖြင့် စက်ဝိုင်းလေးတွေနဲ့ အခြေခံပြီးရေးဆွဲထားတာဖြစ်ပါတယ်။ အချို့နေရာလေးတွေမှာတော့ ပွင့်ဖတ်လေးနဲ့ ပုံဖော်ထားတဲ့ Typography ပုံစံမျိုးလေးတွေကိုလဲ ဂရုတစိုက် ရေးဆွဲတန်ဆာဆင်ထားတာမို့ အသေးစိတ်ကျကျ တွေ့မြင်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ SUM Logo မှာ
ပါဝင်တဲ့ သင်္ကေတလေးတွေရဲ့ အကွာအဝေးကစလို့ Font Format တွေအထိ Myanmar Font, English Font ပါမကျန်နှစ်မျိုးစလုံးကို တစ်သတ်မတ်တည်း ရွေးချယ်အသုံးပြုလို့ရအောင် တိတိကျကျသတ်မှတ်ထားတာမို့ အရည်အသွေးပြည့်မှီတဲ့ နွေဦးတက္ကသိုလ် ကိုယ်စားပြုသင်္ကေတလေးတစ်ခုဖြစ်လာသည်အထိ ကြိုးစားပြီး ရေးဆွဲဖန်တီးထားပါတယ်ခင်ဗျာ။
ယခုထက်ပိုပြီး ပညာရေးတိုးတတ်မြှှင့်မားဖို့တွက် စဉ်းစားမိတိုင်း နွေဦးတက္ကသိုလ် သင်္ကေတလေးက ကျောင်းသူ၊သားများနဲ့အတူ အမြဲတမ်းရှိနေပါ့မယ်။
"ကဲ. Logo လေးရဲ့ ဖြစ်ပေါ်လာပုံကို သိသွားပြီဆိုတော့ နွေဦးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူဖို့ ဆန္ဒရှိတဲ့သူငယ်ချင်းတွေကိုလဲ မျှဝေပေးလိုက်ပါဦးနော်"
#SpringUniversityMyanmar
#SUM
Technology Landscape ကြောင့် အနာဂတ်မှာ ကိုယ့်ရဲ့ Career Development အတွက် လမ်းပျောက်နေပြီလား ❓
Advanced Technology ရဲ့ ရိုက်ခတ်မှုကြောင့် နိုင်ငံအသီးသီးရဲ့ တစ်ချို့အလုပ်အကိုင်တွေမှာ Manual လုပ်ကိုင်နေရာကနေ Automation ဘက်ကို စတင် ကူးပြောင်းနေပါပြီ။
Ecommerce, Mobile Banking, the internet of thing (IoT), Online Learning အစရှိတဲ့ Service & Products တွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်အခန်းကဏ္ဋတစ်ခုအဖြစ်တဖြည်းဖြည်း နေရာယူလာပါတယ်။
အခုလို Technology Landscape ကြောင့် အချို့သော နယ်ပယ်တွေမှာ Human Capital တောင်မလိုအပ်တော့ပါဘူး။ အနာဂတ်မှာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ပေါင်း 47 %လောက်က ပျောက်ကွယ်သွားနိုင်တယ်လို့ Oxford University က ခန့်မှန်းထားတာမို့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ လမ်းပျောက်မသွားဖို့ အဓိက လိုအပ်ပါတယ်။
ဒါကြောင့်မို့ နွေဦးတက္ကသိုလ်မှတဆင့် ကမ္ဘာနှင့်တစ်ဝန်း Advanced ဖြစ်လာတဲ့ Technology နောက်ကို အမှီလိုက်နိုင်ဖို့၊ Manual တွေကနေ Automation ဖြစ်သွားတဲ့အခါ ကိုယ့်ရဲ့ Career Development တွက် ကြိုတင်ပြင်ဆင်ထားချင်တဲ့ ကျောင်းသား၊သူများတွက် STEM School ကို စတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။
ကဲ..
ဒါဆို 21 ရာစုရဲ့ Technology အရွေ့ကို အမှီလိုက်နိုင်ဖို့ ဘယ်လို တန်းခွဲတွေပါဝင်သွားမလဲဆိုတာ ကျွန်တော်နဲ့တူတူ ဆက်ကြည့်လိုက်ရအောင်နော် 🙆‍♂️
Basic Data Analytics and Visualization
လုပ်ငန်းခွင်တွေမှာ Planning ပိုင်းတွင်ဖြစ်စေ၊ကြုံတွေ့လာနိုင်တဲ့ Risk ကို မှန်းဆတဲ့အခါ စိတ်မှန်းထက် လက်တွေ့ဆန်တဲ့ အချက်အလက်တွေဖြစ်တဲ့ Data တွေပေါ်အခြေခံပြီး Constructive ကျကျ အဖြေရှာချင်တဲ့ကျောင်းသူ၊သားများတွက် Basic Data Analytics and Visualization တန်းခွဲလေးကို ဖွင့်လှစ်လိုက်ပါတယ်။
ဒီသင်တန်းမှာဆိုရင်တော့ ဒေတာအချက်အလက်တွေကို ဆန်းစစ်လေ့လာတဲ့ Data Analytic အခြေခံအကြောင်းအရာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Pie Chart, Barchart အစရှိတဲ့ Data Visualization တွေကို လည်း Tableau Software ကို အသုံးပြုပြီးတော့ ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပြီး ဒီ Visualization တွေကို အသုံးပြုပြီး ရရှိလာတဲ့ Insights တွေကို ဘယ်လိုမျိုး Storytelling လုပ်သွားနိုင်မလဲဆိုတာကိုပါ လေ့လာရမှာဖြစ်ပါတယ်။
July (3) ရက်နေ့မှာ စတင်မှာဖြစ်ပြီး သင်တန်းကာလအားဖြင့် တစ်ပတ်ကို (2) ရက်နဲ့ (5) ပတ် တာကြာမြင့်သွားမှာ ဖြစ်ပါတယ်။ တန်းခွဲတစ်ခုကို ကျောင်းသား၊သူ (50) သာ လက်ခံသွားမှာဖြစ်လို့ အမြန်ဆုံးအပ်နှံထားဖို့တော့ အကြံပြုပါရစေခင်ဗျာ။
အသေးစိတ် အချက်အလက်လေးတွေကို ဖော်ပြပါ form လေးထဲမှာ ထည့်သွင်းပေးထားတာမို့ ဂရုတစိုက် ကြည့်ပေးပါဦးနော်။
Registration form - https://forms.gle/DicjVm2CTKm5EaCp8
Data Science ကို The Sexiest Job of 21 Century လို့တောင် Harvard Business Review က တင်စားထားတာမို့ 2021 မှာ သေချာပေါက်လေ့လာထားသင့်တဲ့ Skill Set တစ်ခုပဲ ဖြစ်ပါတယ်။
Basic Web Development with HTML
US မှာ Highest Paid Job တစ်ခု ဖြစ်တဲ့ Web Developer Career ပိုင်းကို စိတ်ဝင်စားပြီး အသစ်သစ်တွေကို ဖန်တီးချင်တဲ့ ကျောင်းသား၊သူများတွက် Basic Web Development တန်းခွဲကို ဖွင့်လှစ်လိုက်ပါတယ်။
HTML ဆိုတာ Website တိုင်းသုံးထားတဲ့ နည်းပညာတစ်ခုပါ။ ဒီ Course မှာ HTML ကိုအခြေခံကစပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားရင် HTML အသုံးပြုပြီး Website အစိတ်အပိုင်းတွေ
ကို ဘယ်လိုရေးဆွဲရလဲဆိုတာသိရှိသွားမှာဖြစ်ပါတယ်။ Programming Language တွေဖြစ်တဲ့ PHP, JavaScript, Ruby အပါအဝင် Website ရေးဆွဲရာမှာအသုံးပြုတဲ့ Programming Language တွေကို ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်။
July (5) ရက်နေ့မှာ စတင်မှာဖြစ်ပြီး သင်တန်းကာလအားဖြင့် တစ်ပတ်ကို (3) ရက်နဲ့ (4) ပတ် တာကြာမြင့်သွားမှာ ဖြစ်ပါတယ်။ တန်းခွဲတစ်ခုကို ကျောင်းသား၊သူ (30) သာ လက်ခံသွား မှာဖြစ်လို့ အမြန်ဆုံးအပ်နှံထားဖို့တော့ အကြံပြုပါရစေခင်ဗျာ။
အသေးစိတ် အချက်အလက်လေးတွေကို ဖော်ပြပါ form လေးထဲမှာ ထည့်သွင်းပေးထားတာမို့ ဂရုတစိုက် ကြည့်ပေးပါဦးနော်။
Registration form - https://forms.gle/PQbxgvTnkeBYKFwBA
"ခေတ်ရှေ့ပြေးတဲ့ Technology ကို အမှီလိုက်ရင်း အခုလို Unique ဖြစ်တဲ့ လက်ဆုပ်လိုက်ကိုင်ပြစရာ Skill Sets တစ်ခုကို 2021 မှာ သေချာပေါက် တည်ဆောက်ထားသင့်ပါတယ်"
အလှူငွေ (၁) သောင်းကျပ်နဲ့ Scholarship လဲလျှောက်၊ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲကိုလဲ ဖြေရှင်းမယ်။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်အနေနဲ့ ပြည်ပသို့ သွားရောက် ပညာသင်ကြားဖို့ ရည်ရွယ်ချက်ရှိတဲ့
ကျောင်းသား၊သူတွေရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့တွက် အမြဲမပြတ်ကြိုးစားနေပါတယ်ခင်ဗျာ။

တစ်ဆက်တည်းမှာပဲ စစ်အာဏာရှင်ရဲ့ CDM ဝန်ထမ်းတွေပေါ် ဖိအားပေးရာထူးကထုတ်ပယ်မှုတွေ၊ Funding အလုံအလောက်မရရှိမှုတွေကြောင့် ပြည်သူများရှေ့မှ ရဲရဲဝံ့ဝံ့ပါဝင်ပေးနေတဲ့ CDM ဝန်ထမ်းများအနေနဲ့ ရှေ့ဆက်ဖို့အခက်အခဲတွေများစွာကြုံတွေ့နေရပါတယ်။

နွေဦးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊သူများရဲ့ပညာရေးကိုလဲ မြှင့်တင်ပြီး CDM ဝန်ထမ်းတွေကို
လုံလုံလောက်လောက်ထောက်ပံပေးနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်ခင်ဗျာ။

ဒါကြောင့်မို့ အလှူငွေ (၁) သောင်းကျပ်နှင့်အထက် လှုူဒါန်းပြီး ပြည်ပမှာ ပညာသွားရောက်သင်ယူနိုင်ဖို့
မဖြစ်မနေလေ့လာထားသင့်တဲ့ Pre - College Preparation နဲ့ GSP - Graduate Studies Preparation တန်းခွဲလေးကို ထပ်မံဖွင့်လှစ်လိုက်ပါတယ်။

ဒါနဲ့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ စာအတူတူလုပ်ခဲ့ဖူးတဲ့ အမှတ်တရတွေရှိခဲ့လား ❓

ယခုတစ်ခါလဲ သူငယ်ချင်း (5)ယောက်ပြည့်ရင် (2) ယောက်အခမဲ့၊ (3) ယောက်ပြည့်ရင် (1) ယောက်
အခမဲ့မို့ သူငယ်ချင်းတွေနဲ့အတူတူ ငယ်ငယ်တုန်းကလို စာတွေလုပ်ကြရင်း CDM ကိုလဲထောက်ပံ့ပြီးသား
ဖြစ်တာမို့ အားလုံးပဲသဘောကျလိမ့်မယ်ထင်ပါတယ်။

ဒီသတင်းကောင်းလေးကို ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ သူငယ်ချင်းတွေနဲ့လဲ သိသွားအောင် အတူတူ မျှဝေပေးလိုက်ပါဦးနော်။

ကဲ…ဒါတင်ပဲလား ❓

မဟုတ်သေးပါဘူး။ နွေဦးကျောင်းသူ၊သားများတွက် အထူးအစီစဉ်လေးတစ်ခုလဲထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်မို့ တန်းခွဲအသေးစိတ်လေးထဲမှာ ဆက်လက်လေ့လာလိုက်ရအောင်နော်။

#SpringUniversityMM
#SUM
Pre - College Preparation

Pre - College Preparation ဆိုတာ နိုင်ငံတကာမှာ College ဝင်ခွင့်လျှောက်မယ့် ကျောင်းသား၊သူ တွေ
အတွက် ကျောင်းဝင်ခွင့်ဆိုင်ရာ ပြင်ဆင်နည်းတွေ၊ ဘာသာရပ်မေဂျာလိုက် တက္ကသိုလ်ရွေးချယ်လျှောက် ထားပုံအဆင့်အဆင့် တွေကို အတွေ့အကြုံရှိ Senior, Mentors များက စနစ်တကျ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

အထူးအစီအစဉ်လေးတစ်ခုအနေနဲ့ ကိုယ်ရဲ့ရေးထားပြီးသား Personal Statement နဲ့ Essay တွေကိုလဲအတွေ့အကြုံရှိ Mentors များက အကြံပေးလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။

Essay လဲတစ်ခါတည်းရေး၊ Mentors တွေလဲရ၊ ကျောင်းလဲ တစ်ခါတည်းလျှောက်ဆိုတော့ အားလုံးပဲ သဘောကျလိမ့်မယ်ထင်ပါတယ်။

ဒီသင်တန်းလေးကို တစ်လတာ အချိန်ပေးလိုက်တဲ့အခါ နွေဦးကျောင်းသူ၊သားများအနေနဲ့ ယခင်ထက်
ဘယ်လိုမျိုးတိုးတက်မှုတွေ ရရှိသွားမလဲ ❓

1.ကိုယ်လျှောက်ထားလိုတဲ့ မေဂျာနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်ကို သေချာစွာနားလည်သွားပြီး ကျောင်းလျှောက်ထားတဲ့အခါ အစအဆုံး ကြိုတင်ပြင်ဆင်တတ်သွားမယ်။

2.Scholarship Essay တွေကို စနစ်တကျနဲ့ အားလုံးထဲမှာ Outstanding ဖြစ်ဖြစ် ပိုင်ပိုင်နိုင်နိုင်
ရေးသားတတ်သွားမယ်။

3.Research Proposal လုပ်ပုံလုပ်နည်းတွေကစလို့ CV/ Resume နဲ့ Interview အဆင့်တွေထိ
စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး ဖြေဆိုပုံတွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သွားမယ်။

July လ (3) ရက်နေ့မှာ စတင်မှာဖြစ်ပြီး ကျောင်းသား၊သူ (50) သာလက်ခံသွားမှာ
ဖြစ်လို့ အမြန်ဆုံးလျှောက်ထားဖို့တွက်အကြံပြုပါရစေခင်ဗျာ။

Registration Form: https://forms.gle/s5sZHMw61XFWwpRR6
GSP - Graduate Studies Preparation

GSP လို့ခေါ်တဲ့ Graduate Studies Preparation ဆိုတာ ဘွဲ့ရ၊ Graduate ဖြစ်ပြီး Master, PhD တန်း ဆက်လက်သင်ကြားဖို့ပြင်ဆင်နေတဲ့ကျောင်းသား၊သူများအတွက် ကျောင်းလျှောက်ပုံအဆင့်ဆင့်နဲ့ဝင်ခွင့်
ဖြေဆိုပုံတွေကိုစနစ်တကျသင်ကြားပေးသွားမှာဖြစ်ပါတယ်။

အထူးအစီအစဉ်လေးတစ်ခုအနေနဲ့ ကိုယ်ရဲ့ရေးထားပြီးသား Personal Statement နဲ့ Essay တွေကို အတွေ့အကြုံရှိ Mentorsများက အကြံပေးလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။

Essay လဲတစ်ခါတည်းရေး၊ Mentors တွေလဲရ၊ ကျောင်းလဲ တစ်ခါတည်းလျှောက်ဆိုတော့ အားလုံးပဲ သဘောကျလိမ့်မယ်ထင်ပါတယ်။

ဒီသင်တန်းလေးကို တစ်လတာ အချိန်ပေးလိုက်တဲ့အခါ နွေဦးကျောင်းသူ၊သားများအနေနဲ့ ယခင်ထက်
ဘယ်လိုမျိုးတိုးတက်မှုတွေ ရရှိသွားမလဲ ❓

1.Gradurate လဲဖြစ် ကျောင်းသူ၊သားများအနေနဲ့ ကိုယ်အထူးပြုထားတဲ့ မေဂျာနဲ့ စပ်လျဉ်းပြီး မိမိနဲ့အကိုက်ညီဆုံးတက္ကသိုလ်ကို ဘယ်လို ရွေးချယ်လျှောက်ထားသင့်လဲ သေချာစွာ နားလည်သွားမယ်။

2.မိမိလျှောက်ထားလိုတဲ့ ကျောင်းနဲ့ပတ်သက်ပြီး Research လုပ်ပုံလုပ်နည်းတွေကအစ Documents
ပိုင်းတွေမှာ စနစ်တကျပြင်ဆင်တတ်လာမယ်။

3.Personal Statement တွေကအစချီလို့ Interview အဆင့်တွေရဲ့ Tips & Tricks တွေအပြင် အချိန်ကို
အကျိုးရှိရှိ စီမံခန့်ခွဲပြီး စာလုပ်ပုံနည်းစနစ်တွေကို ကျင့်သားရသွားမယ်။

July လ (3) ရက်နေ့မှာ စတင်မှာဖြစ်ပြီး ကျောင်းသား၊သူ (50) သာလက်ခံသွား
မှာဖြစ်လို့ အမြန်ဆုံးလျှောက်ထားဖို့တွက်အကြံပြုပါရစေခင်ဗျာ။

Registration Form: https://forms.gle/GVbqcy45WEjQKSSS8

ဘွဲ့လွန်ကျောင်းသူ၊သားများအနေနဲ့ အလှူငွေ (၁)သောင်းကျပ်ဖြင့် CDM Herosများတွက်ပါဝင်လှူဒါန်း
ပြီး မိမိရဲ့စိတ်ကူးအိပ်မက်တွေကိုလဲ အခုပဲလက်တွေ့အကောင်ထည်ဖော်လိုက်ရအောင်နော် 📣