Spring University Myanmar
✔
6.4K subscribers
481 photos
10 files
530 links
Download Telegram
Certificate in Financial Management

ဘဏ္ဍာရေး (သို့မဟုတ်) ငွေကြေးစီမံခန့်ခွဲမှု နယ်ပယ်ကို စတင်ဝင်ရောက်လိုသော လူငယ်များအတွက် အခြေခံမှ စတင်သင်ကြားပေးသွားမယ့် တန်းခွဲတစ်ခု ဖြစ်ပါတယ်။

ယခုအတန်းကိုတော့ အထက်တန်းပညာပြီးဆုံးထားပြီး Financial Management ကို စိတ်ဝင်စားတဲ့ လူကြီး/ငယ်မရွေး တက်ရောက်နိုင်ပါတယ်။

March လ (၈) ရက်နေ့မှာ ယခုတန်းခွဲကို စတင်မှာဖြစ်ပြီး ကျောင်းသား/သူများအတွက် စာသင်ကြားရာမှာ ကောင်းစွာအထောက်အကူဖြစ်စေဖို့ Class Activities တွေ၊ Quiz လေးတွေပါ ဖန်တီးပေးထားပါတယ်။

အပတ်စဥ် စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ ၇း၀၀ မှ ၉း၀၀ အချိန်အတွင်း တက်ရောက်ရမှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၆၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link-

https://ee-eu.kobotoolbox.org/single/sY1IZvAr?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤13👍1
Certificate in Social Entrepreneurship

ယခုကာလမှာ လူထုအကျိုးပြု စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လိုပြီး စွန့်ဦးတီထွင်သူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ လူမှုပတ်ဝန်းကျင်မှာ အကျိုးပြုပုံကို လေ့လာလိုတဲ့ ကျောင်းသားလူငယ်များစွာ တွေ့မြင်လာရတဲအ့တွက် ပီတိဖြစ်မိပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလိုမျိုး စွန့်ဦးတီထွင်ခြင်းကို စိတ်ပါဝင်စားတဲ့ လူငယ်များအတွက် လူမှုအကျိုးပြု စွန့်ဦးတီထွင်ခြင်းဆိုင်ရာ သဘာဝ၊ စိတ်နေစိတ်ထားများကို လေ့လာသိရှိသွားနိုင်ဖို့အတွက် Certificate in Social Entrepreneurship နွေဦးတက္ကသိုလ်ရဲ့ “School of Economics and Management” မှ ဖွင့်လှစ်လိုက်ပါပြီ။

မတ်လ (၇) ရက်နေ့မှာ ယခုတန်းခွဲကို စတင်သွားမှာဖြစ်ပြီး သင်တန်းကာလအားဖြင့် (၅) ပတ်ခန့် ကြာမြှင့်သွားမှာဖြစ်ပါတယ်။ အပတ်စဥ် သောကြာနေ့ ညနေ (၇း၃၀ မှ ၉ နာရီ) အချိန်အတွင်း တက်ရောက်ရမှာပါ။

လူငယ်များအတွက် သင်ယူ၊ လေ့လာစရာများပြားတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့အတွက် လက်လွတ်မခံတော့ဘဲ အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းလိုက်ရအောင်။

Link -

https://ee-eu.kobotoolbox.org/single/kMGsUhNF?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤12👍3
Diploma in English Language Teaching (DELT) Semester 2 အတွက် စတင်လျှောက်ထားနိုင်ပါပြီ။

အင်္ဂလိပ်ဘာသာစကား သင်ကြားရေးနယ်ပယ်မှာ ဘာသာရပ်ကို သင်ယူလေ့လာသူအဆင့်မှ သင်ကြားသူဆရာဖြစ်ဖို့ ဆရာအတတ်သင် လေ့လာမှုသိရှိထားမှုတွေဟာ မဖြစ်မနေလိုအပ်ပါတယ်။

ဒါ့ကြောင့် မိမိတို့ဝါသနာပါတဲ့ ဆရာလုပ်ငန်းကို အတတ်ပညာ ဝမ်းစာပြည့်၀စွာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်စေဖို့အတွက် နွေဦးတက္ကသိုလ်ရဲ့ “School of Foreign Languages and Cultures” မှ “Diploma in English Language Teaching (DELT) Batch 2 ရဲ့ Semester 2 အတန်းများကို စတင်ဖွင့်လှစ်သွားတော့မှာပဲဖြစ်ပါတယ်။

ကျောင်းသားလူငယ်များအနေနဲ့

📌 အင်္ဂလိပ် ဘာသာစကားဆိုင်ရာ သီအိုရီ နှင့် သင်ကြားရေးနည်းစနစ်တွေကို လက်တွေ့ မှာ ကောင်းစွာ ပြန်လည် အသုံးချရင်း ကျွမ်းကျင်သော ဆရာတစ်ဦးဖြစ်ဖို့ရန် အတတ်ပညာဝမ်းစာဖြည့်ထားချင်တယ်။

📌 ဘာသာစကားဆိုင်ရာ သင်ယူခြင်းနဲ့ သင်ကြားခြင်း နယ်ပယ်ကို သုတေသနရှုထောင့်မှတဆင့် ချဉ်းကပ်လေ့လာချင်တယ်။

📌 အင်္ဂလိပ်ဘာသာစကားကို အထိရောက်ဆုံး သင်ကြားပို့ချပေးနိုင်ဖို့အတွက် မဖြစ်မနေ သိရှိထားရမယ့် အခြေခံ သင်ကြားရေးနည်းစနစ်တွေကိုလည်း ဝါရင့် ပညာရှင်များထံမှ သင်ယူသွားချင်တယ်။

📌 ဒါ့အပြင် နောက်ဆုံးအနေနဲ့ ရွယ်တူသင်တန်းသားများအကြား အင်္ဂလိပ်ဘာသာစကား သင်ကြားရေးဆိုင်ရာ အခြေခံသဘောတရား ၊ နည်းစနစ်များကို အတွေးဖလှယ်ဆွေးနွေးကြရင်း အပြန်အလှန် သင်ယူသွားဖို့ဆန္ဒရှိတယ်ဆိုရင်တော့ အခုသင်တန်းလေးကို လက်လွတ်မခံဖို့ တိုက်တွန်းချင်ပါတယ်။

စာရင်းပေးသွင်းရန်လင့် -

https://ee-eu.kobotoolbox.org/single/fHCrDF3A?returnUrl=https://t.me/+hWedlKjnQfQ5OTNl
❤13👍4
ဉာဏ အသိပညာနဲ့ ပြုလုပ်ထားတဲ့ တီထွင်ဖန်တီးမှုတွေကို အကာအကွယ်ပေးနိုင်ဖို့ Intellectual Property Law သင်တန်း

ကျောင်းသား၊ကျောင်းသူများအနေနဲ့ ဒီသင်တန်းလေးကို အချိန်ပေးပြီးတက်ရောက်လိုက်တာနဲ့

📍 ဉာဏပစ္စည်း မူပိုင်ခွင့်အကြောင်း အခြေခံသဘောတရားတွေကိုလေ့လာသွားနိုင်မယ်

📍 ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ မှတ်သားဖွယ်ဖြစ်ရပ်တွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျင့်သုံးနေကြတဲ့ ရှုထောင့်လုပ်ငန်းစဉ်တွေနဲ့ ချိန်ထိုးလေ့လာသွားနိုင်မယ်။

📍 ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက Cases studies များ ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ နဲ့ အတူ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထံမှ အနီးကပ်လေ့လာသင်ကြားသွားနိုင်မယ့်အပြင် သင်တန်းအဆုံးမှာလည်း သင်တန်းတလျှောက် ဘာသာရပ်ဆိုင်ရာ နားလည်မှုအကဲဖြတ်ခြင်းများ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

သင်တန်းလေးကိုဆိုရင်တော့ မတ်လ (၂၉) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းချိန်လေးတွေကတော့ အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာစံတော်ချိန် မနက် (၁၁:၀၀) နာရီ မှ နေ့လယ် (၁:၀၀) နာရီ အထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူများအနေနဲ့ သင်တန်း လေးကို စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/Gtxu9JvZ?returnUrl=https://t.me/+ikO3gYb9Q05mNDJl
❤11
အင်္ဂလိပ်၊ ကိုးရီးယားနှင့် ဂျာမန် ဘာသာစကားတို့ကို နွေဦးတက္ကသိုလ်မှာ လေ့လာကြမယ်။

ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှ ဖြေးဖြေးမှန်မှန်ဖြင့် အစဥ်မပြတ် လေ့လာသွားဖို့ပဲ အရေးအကြီးဆုံးဖြစ်ပါတယ်။

ထိုကဲ့သို့ နိုင်ငံခြားဘာသာစကားသစ်များကို ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများသာမက ဝါသနာ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် လေ့လာလိုသူများအတွက် နွေဦးတက္ကသိုလ်မှ မတ်လအတွင်း တန်းခွဲ (၄) ခု

German A 1.1
Emphasize Speaking and Listening English Class
General English Intermediate
Basic Korean 4 skills
Korean Level-1
English Reading Skills (Batch-1) ကို ဖွင့်လှစ်ထားတာမို့

ကျောင်းသားများအနေဖြင့် စိတ်ဝင်စားတဲ့ နိုင်ငံခြား ဘာသာစကားအပြင် မိမိလက်ရှိ အရည်အချင်းနှင့် ကိုက်ညီသည့် တန်းခွဲများကို ရွေးချယ်အပ်နှံရအောင် ဝေမျှပေးချင်ပါတယ် ခင်ဗျာ။

https://www.facebook.com/share/p/161fqUBfsy/?mibextid=wwXIfr

#SUM
❤31👍3🔥1
အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေပြီး ပညာသင်ဆုများကို လက်လှမ်းမီဖို့ ကြိုးစားနေသော လူငယ်များအတွက် နွေဦးတက္ကသိုလ်ရဲ့ “Unlocking Your Academic Future” Webinar

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နွေဦးတက္ကသိုလ်မှ အဆင့်မြင့်ပညာရေး လေ့လာဖို့ ကြိုးစားပြင်နေတဲ့ လူငယ်များအတွက် သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါတယ်။

လူငယ်အများစု ကောလိပ်နှင့် ဘွဲ့လွန်ပညာရေးကို ဆက်လက်တက်ရောက်နိုင်ဖို့ လူအား၊ ငွေအားနှင့်ရင်းပြီး အချိန်များစွာ ပြင်ဆင်မှုများစွာ ပြုလုပ်ရလျက်ရှိပါတယ်။

ထိုသို့ အင်အားစိုက်ထုတ်ရတာနှင့် ထိုက်တန်တဲ့ ပညာရေးပြန်လည်ရရှိဖို့ မှန်ကန်တဲ့ ကောလိပ်နှင့် ဘွဲ့လွန်ပညာရပ်တွေကို ရွေးချယ်ဖို့ လိုအပ်သလို တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေမည့် ပညာသင်ဆုများ ရရှိစေဖို့ မှန်ကန်တဲ့ လမ်းညွှန််မှုများ လိုအပ်ပါတယ်။

နွေဦးတက္ကသိုလ် အနေဖြင့် ထိုကဲ့သို့ ကြိုးစားနေသည့် ကျောင်းသားလူငယ်များအတွက် “Unlocking Your Academic Future: College & Graduate School Readiness” အမည်ရတဲ့ Webinar လေးကို စီစဥ်လိုက်ပါတယ် ခင်ဗျာ။

ကျင်းပပြုလုပ်မည့်နေ့ရက်- မတ်လ (၂) ရက်နေ့
အချိန်- ညနေ ၇-၉ နာရီ (မြန်မာစံတော်ချိန်)
အသုံးပြုမည့်ပလက်ဖောင်း - Zoom

Register Here -

https://zoom.us/meeting/register/uXjge0tIRDOHQFQUQMjpAw

နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲများထဲမှ တစ်ခုဖြစ်တဲ့ “School of Foreign Language and Culture” မှ ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပြီး

-မှန်ကန်တဲ့ ပညာရေးလမ်းကြောင်းကို ကျောင်းသားတွေ လျှောက်လမ်းနိုင်ဖို့၊
-ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာသင်ဆုများကို စနစ်တကျ ပြင်ဆင်နိုင်ဖို့၊
-ကျောင်းလျှောက်ပုံ အဆင့်ဆင့်ကို လူငယ်တွေ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ် ခင်ဗျာ။

ဒါ့ကြောင့် သင်က ယခုအချိန်မှာ အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေပြီး ပညာသင်ဆုများကို လက်လှမ်းမီဖို့ ကြိုးစားနေတယ်ဆိုရင်တော့ လက်မလွတ်တမ်း လာရောက် နားဆင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
🥰9👍6❤5
❤18👍2🤩1
မြန်မာဘာသာစကားနဲ့ ဆွေးနွေးနိုင်မယ့် British Parliamentary Debate Club

ဒီဘိတ်ပညာကို စိတ်အားထက်သန်စွာ လေ့လာသင်ယူလိုပြီး အငြင်းပွားဖွယ် ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ပညာရပ်ဆိုင်ရာ ရှုထောင့်မျိုးစုံကနေ အပြန်အလှန် ငြင်းခုံဖလှယ်လိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး “Debate ပညာသင်ယူရာ ရပ်ဝန်း”တစ်ခုကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျောင်းသားလူငယ်ထုအနေနဲ့ ဒီဘိတ်ပညာရပ်ကို အသုံးချရင်း မိမိတို့ရဲ့တွေးဆမျှော်မှန်းနိုင်မှုစွမ်းရည် နဲ့ ရှုထောင့်မျိုးစုံမှ ပညာရပ်ဆိုင်ရာ ဆန်းစစ်အဖြေရှာခြင်းစွမ်းရည်တွေကို မြှင့်တင်လိုတယ်ဆိုရင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် “ British Parliamentary Debate Club” မှာ ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

British Parliamentary Debate Club အစီအစဉ်လေးဟာဆိုရင် March 27 ရက်နေ့မှ စတင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ရက်များမှာ ညစဉ် မြန်မာစံတော်ချိန် (၆:၃၀) နာရီမှ (၉:၀၀) နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားလို့ ပါဝင်လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါလင့်ခ်လေးမှ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။

Registration Link -

https://ee-eu.kobotoolbox.org/single/AU5UK93K?returnUrl=https://t.me/+WRSiyG36nPhkYmI1

Registration deadline မှာ March လ 22 ရက်နေ့ဖြစ်တာမို့ အမြန်ဆုံးလျှောက်ထားကြဖို့လည်း အကြံပြုလိုပါတယ်။

#SpringUniversityMM
#SUM
❤14👍6🥰2🍓1
Spring University ရဲ့ STEM school ကျောင်းခွဲ မှာ
နည်းပညာအသစ်များကို လေ့လာလိုသူများအတွက် စိတ်ဝင်စားမှုအများဆုံး အတန်းများ ဖြစ်တဲ့

✅ Python Programming Essentials
✅ Database Management Systems (DBMS) Essentials
✅ Mobile Application Development တန်းခွဲတို့ကို

လက်တွေ့သင်ခန်းစာတွေဖြင့် အနာဂတ်အလုပ်အကိုင်အတွက် အသင့်ဖြစ်စေမယ့် သင်တန်းတွေကို စာရင်းပေးသွင်းအပ်နှံနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ ။

https://www.facebook.com/share/p/1C3QYXrBaS/?mibextid=wwXIfr
❤15❤‍🔥4👍3
Spring University STEM school ကျောင်းခွဲ မှ
နည်းပညာဆိုင်ရာ Data ဆိုင်ရာများကို လေ့လာလိုသူများအတွက် စိတ်ဝင်စားမှုအများဆုံး အတန်းများ ဖြစ်တဲ့

✅ DBMS
✅ Mobile App Development
✅ Data Analysis တန်းခွဲတိုကို

စာရင်းပေးသွင်းအပ်နှံနိုင်ဖို ရာအတွက် Registration Deadline ကို နောက်ဆုတ်ပြီး မတ် ၂၃ ထိ လက်ခံနေတာမို စိတ်ပါဝင်စားသူများသိရှိအောင် မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။

တန်းခွဲတွေရဲ့အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

https://www.facebook.com/share/p/1A9kn2yc55/?mibextid=oFDknk
❤10👀2👍1
နွေဦးတက္ကသိုလ်ရဲ့ Law School မှ March လ Intake အတွက် သင်တန်း(၂) ခု

(၁) Freedom of Expression: International Law and the Practice in Myanmar နဲ့
(၂) Transitional Justice တန်းခွဲများ ဖွင့်လှစ်ပြီး registration လက်ခံနေဆဲ ဖြစ်တာမို့ စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါ facebook link မှ တစ်ဆင့် ဝင်ရောက်ဖတ်ရှုလျှောက်ထားနိုင်ပါတယ် ခင်ဗျာ။

https://www.facebook.com/share/p/18WBUr1Ppv/?mibextid=wwXIfr
❤23👍2
ကျောင်းသူကျောင်းသားများ မင်္ဂလာပါခင်ဗျာ။

တော်လှန်ရေးကာလမှာ စဉ်ဆက်မပြတ်ပညာသင်ကြားဖို့ ခက်ခဲမှုတွေဟာ ကျောင်းသားအများစုကြား ရှိနေပါတယ်။ ဆေးပညာနယ်ပယ်မှာ အထူးသဖြင့် လက်တွေ့ မြေပြင်မှာ ဘယ်လို training တွေလိုအပ်နေလဲဆိုတာ သိရှိဖို့ Training needs assessment survey တစ်ခုကို School of Health, Spring University Myanmar ကနေ ဆောင်ရွက်လိုပါတယ်။ ဒါမှသာ မြေပြင်မှာ ဘယ်လို training တွေလိုအပ်သလဲသိရှိပြီး လိုအပ်ချက်နဲ့အညီ courses တွေ hands on training တွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ သင်ဟာ ဆေးပညာနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူ၊ ဆေးပညာနဲ့ နှီးနွယ်ပတ်သက်သူဆိုရင် ဒီဆာဗေးကို ဖြေဆိုလို့ရပါတယ်။

လင့်ခ် https://lnkd.in/gQXH3ic6

English:

The School of Health at Spring University Myanmar is conducting a survey with no funding to understand the clinical and public health training needs of Myanmar's health workforce on the ground. Your expertise and inputs are crucial in helping us develop tailored courses for our healthcare workforce. Your participation is greatly appreciated.

Eligibility Criteria: Anyone working in the medical, public health, nursing, pharmacy, or other related healthcare fields is eligible to participate in this survey. It will only take 15 minutes of your time.

By agreeing to participate, you are consenting to this survey, and rest assured that your personal details will be kept confidential. You may choose to skip providing your personal details. If you have insights on the public health and clinical training needs of the medical and health workforce, we encourage you to answer this survey.
❤30👍3😁1
ကျောင်းသားလူငယ်များ ခင်ဗျာ

မတ်လ ၂၈၊ ၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက်တွင် အင်အား ၇.၇ ပမာဏရှိ မြေငလျင်ကြီးလှုပ်ခပ်ခဲ့ပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အသက်သေဆုံးခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ များစွာဖြစ်ပေါ်လာတာကို မြင်ရပြီး ကျွန်ုပ်တို့ Spring University Myanmar (SUM) မှ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

ငလျင်ဘေးသင့်ပြည်သူလူထုအတွက် SUM ဝိုင်းတော်သားတွေ အနေနဲ့ ကျောင်းသား၊ လူငယ်တွေနဲ့အတူ အတူတကွရှိနေပါတယ်။

နွေဦးတက္ကသိုလ်မှ အားလုံးဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးရင်း မိမိတို့တက်နိုင်သည့်ဖက်မှ ပြန်လည်ထူထောင်ရေးအတွက် အစွမ်းကုန်ပါဝင်ဆောင်ရွက်သွားပါ့မယ်ခင်ဗျာ။

ပြည်သူအချင်းအချင်း ဝိုင်းဝန်းစောင့်ရှောက်ပေးရင်း ဒီကပ်ဘေးကို အတူတူကျော်လွှားကြရအောင်ပါခင်ဗျာ။
❤53👍24🫡10❤‍🔥4