Media is too big
VIEW IN TELEGRAM
နာမည်ကျော် စန္ဒရားပညာရှင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လက်ချောင်း ၅၃ ချောင်းပါ စက်ရုပ်စန္ဒရားပညာရှင်
နိုဝင်ဘာ ၂၀၊ ၂၀၂၆
အီတလီနိုင်ငံ ပရာတိုမြို့မှာ ထူးထူးခြားခြားပဲ TeoTronico လို့အမည်ရှိတဲ့ လက်ချောင်း ၅၃ချောင်းပါ စက်ရုပ်စန္ဒရားပညာရှင်ဟာ နာမည်ကျော် စန္ဒရားပညာရှင် Roberto Proseeda နဲ့ စန္ဒရား ယှဉ်ပြိုင်တီးခတ်ခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #robot #pianist #italy

👍24😱4😁3❤1😭1
ရှိတ်ဟာဆီနာ ပြန်လာရန် တောင်းဆိုပြီး အကြမ်းဖက်ဆန္ဒပြမှုများနှင့် လူသတ်မှုများ ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွား
ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆။
ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ထောက်ခံသူများ၏ ဆန္ဒပြမှုများကြောင့် ရုန်းရင်းဆန်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ ကြာသပတေးနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နေရာအချို့ ပိတ်ဆို့ရပ်ဆိုင်းသွားခဲ့ပြီး အဆိုပါအကြမ်းဖက်မှုများအတွင်း ခေါင်းဆောင်ဟောင်း မိုဟာမက်ယူနွတ်စ်၏ ဘိုးဘွားပိုင်နေအိမ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
ဒီဇင်ဘာလတွင် ပြန်လာရန် စီစဉ်သည့် ဟာဆီနာအတွက် ထောက်ခံမှုများ စုစည်းရန် ၎င်း၏ အဝါမီလိဂ်ပါတီ (Awami League) က သီတင်းတပတ်ကြာ ဆန္ဒပြပွဲများနှင့် လူထုစုဝေးပွဲများ ပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး ကြာသပတေးနေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပိတ်ဆို့ဆန္ဒပြမှု (lockdown) ဖြင့် အဆုံးသတ်ခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ဒါကာမြို့မှ ထွက်ပြေးခဲ့ရပြီးနောက် အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ပြည်ပရောက်အဖြစ် နေထိုင်နေသည့် ဟာဆီနာသည် နိုင်ငံတွင်းသို့ ပြန်လာနိုင်ရန် နိုင်ငံကူးလက်မှတ်အသစ်နှင့် မှတ်ပုံတင်ကတ်ပြားတို့ကို လျှောက်ထားခဲ့သည်။ ယင်းတောင်းဆိုမှုကို အစိုးရက ပယ်ချခဲ့ခြင်းအပေါ် ၎င်း၏ ထောက်ခံသူများက ကန့်ကွက်ဆန္ဒပြကြခြင်း ဖြစ်သည်။
အကြမ်းဖက်မှုများကို တားဆီးရန်အတွက် ဟာဆီနာအား ထောက်ခံသူ အများအပြားရှိသည်ဟု ယူဆရသည့် ခရိုင် ၇ ခုတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တပ်စု ၉၇ စုကို ဖြန့်ကြက်ချထားကြောင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့သည်။
ဒါကာမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) ခန့်အကွာ စစ်တကောင်း (Chattogram) မြို့ရှိ ကြားဖြတ်အစိုးရခေါင်းဆောင်ဟောင်း ယူနွတ်စ်၏ ဘိုးဘွားပိုင်နေအိမ်သည် ဗုဒ္ဓဟူးနေ့ ညနှောင်းပိုင်းတွင် မီးရှို့ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အသုံးမပြုဘဲထားသည့် မြေညီထပ်အခန်းအတွင်းသို့ မီးလောင်လွယ်သည့် ပစ္စည်းများ ပစ်သွင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် အပေါ်ထပ်တွင် နေထိုင်ကြသည့် ယူနွတ်စ်၏ ဖခင်ဘက်မှ ဆွေမျိုးများမှာ ဘေးကင်းလုံခြုံကြောင်း ရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဟာဆီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို ဦးဆောင်ခဲ့သည့် ယူနွတ်စ်နှင့် ၎င်း၏အစိုးရသည် ဟာဆီနာအား ထောက်ခံသူများ၏ ရန်လိုမုန်းတီးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးခဲ့သည့် ၁၀ ရက်တာ ဆန္ဒပြမှုများအတွင်း အနည်းဆုံး ခရိုင် ၂၈ ခု၌ လက်လုပ်ဗုံးပေါက်ကွဲမှု ဒါဇင်ပေါင်းများစွာနှင့် မော်တော်ယာဉ်များ မီးရှို့ခံရမှုများ ဖြစ်ပွားခဲ့ရာ ရဲအရာရှိအချို့နှင့် ပြည်သူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ မီဒီယာများက ဖော်ပြခဲ့သည်။
အင်္ဂါနေ့ ညနှောင်းပိုင်းက ဟာဆီနာ၏ ဇာတိခရိုင်ဖြစ်သော ဂိုပါလ်ဂန့်ဂျ်အနီး ဆန္ဒပြပွဲတခုအတွင်း အာဏာရ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) မှ တက်ကြွလှုပ်ရှားသူတဦးကို အမည်မသိလူတစုက သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုညမှာပင် ဒါကာမြို့ရှိ ယဉ်ကျေးမှုရေးရာဝန်ကြီး နီတိုင်း ရွိုင်း ချောင်ဒရီ၏ နေအိမ်အပြင်ဘက်တွင် လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့ပြီး ဂိုပါလ်ဂန့်ဂျ်ရှိ BNP လွှတ်တော်အမတ်တဦး၏ နေအိမ်နှင့် BNP ထောက်ခံသူများ ပိုင်ဆိုင်သည့် ဈေးဆိုင်များ မီးရှို့ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တောင်ပိုင်းခရိုင် ပီရိုဂျ်ပူရ်တွင် ဘတ်စ်ကားနှစ်စီး မီးရှို့ခံရပြီးနောက် ဘတ်စ်ကားကုမ္ပဏီ အကူဝန်ထမ်းတဦး မီးလောင်သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အင်္ဂါနေ့သည် ၂၀၂၄ ခုနှစ်က ကျောင်းသားများ ဦးဆောင်သည့် အုံကြွမှုကို သေစေလောက်သည်အထိ နှိမ်နင်းရန် အမိန့်ပေးခဲ့မှုဖြင့် ပြည်တွင်းတရားရုံးတခုက ဟာဆီနာအား အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သေဒဏ်ချမှတ်ခဲ့သည့် တနှစ်ပြည့်မြောက်သည့် နေ့လည်း ဖြစ်သည်။ ၎င်းသည် ဒါကာမြို့မှ ထွက်ပြေးခဲ့ပြီးကတည်းက အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ပြည်ပရောက်အဖြစ် နေထိုင်လျက်ရှိသည်။
ကြာသပတေးနေ့တွင် အာဏာပိုင်များသည် ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲများအတွင်း လူသတ်မှုအများအပြားဖြင့် တရားစွဲဆိုခံထားရသည့် ပညာရေးဝန်ကြီးဟောင်း နူရူးလ် အစ္စလာမ် နာဟစ် အား ဒါကာမြို့ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့မှစ၍ ယူနွတ်စ် တည်ထောင်ခဲ့သည့် ဂရာမင်းဘဏ် (Grameen Bank) ၏ ဘဏ်ခွဲနှင့် ရုံးခန်းပေါင်း အနည်းဆုံး ၃၇ ခုသည် မီးရှို့တိုက်ခိုက်ခံရခြင်း သို့မဟုတ် မီးရှို့ရန် ကြိုးပမ်းခံရခြင်းများနှင့် ကြုံတွေ့ခဲ့ရပြီး အင်္ဂါနေ့ သန်းခေါင်ယံမှစ၍ နောက်ထပ် ၁၄ ခု တိုက်ခိုက်ခံခဲ့ရကြောင်း အဆိုပါဘဏ်က ထုတ်ပြန်ခဲ့သည်။
အင်္ဂါနေ့တွင် ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက် က ပြည်ပရောက် အဝါမီလိဂ် ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မတည်မငြိမ်ဖြစ်စေရန်နှင့် ပစ္စည်းဥစ္စာများကို

👍13😁4❤2🤔1😭1
မီးရှို့ဖျက်ဆီးရန် ထောက်ခံသူများကို သွေးထိုးလှုံ့ဆော်နေသည်ဟု စွပ်စွဲခဲ့ပြီး အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရားမဝင်တော့ကြောင်း ဖျက်သိမ်းခံထားရသည့် အဝါမီလိဂ်ပါတီ ခေါင်းဆောင်အများစုမှာ ပုန်းရှောင်နေကြသည်။
ကိုးကား။ ။ Reuters သတင်း Violent protests and killings in Bangladesh ahead of exiled Sheikh Hasina’s planned return
ပုံစာ - အိန္ဒိယနိုင်ငံတွင် ခိုလှုံနေထိုင်နေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ/AFP

👍15😁4🤔1😱1😭1
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ ၏ ဆုံးဖြတ်ချက်အပေါ် ကမ္ဘာ့ အဖွဲ့အစည်းများ၏ တုံ့ပြန်ချက်များ
ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆။
၂၀၁၇ ခုနှစ်အတွင်း မွတ်စလင်အများစုဖြစ်သည့် ရိုဟင်ဂျာလူနည်းစုများအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ တွင် ဆုံးဖြတ်လိုက်သည်။
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးက ကြာသပတေးနေ့တွင် ချမှတ်ခဲ့သည့် အဆိုပါ သမိုင်းဝင်စီရင်ချက်သည် တရားရုံး၏ သမိုင်းတလျှောက် နိုင်ငံတနိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တာဝန်ရှိကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်ခြင်းလည်း ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့သည့် ဤအမှုသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်အောက်တွင် နိုင်ငံများကို မည်သို့စီရင်ဆုံးဖြတ်မည်နည်းဟူသည့် သက်ရောက်မှုများကြောင့် အစိုးရများ၊ ဥပဒေပညာရှင်များ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းများက အနီးကပ်စောင့်ကြည့်နေခဲ့ကြသည့် အမှုဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကျူးလွန်ခဲ့သည့် ချိုးဖောက်မှုများအတွက် ရိုဟင်ဂျာများကို လျော်ကြေးပေးရန် တာဝန်ရှိကြောင်း တရားရုံးက ပြောကြားခဲ့ပြီး လျော်ကြေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို နောက်ပိုင်းတွင် ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်သည်။
ဤသမိုင်းဝင်စီရင်ချက်အပေါ် အဓိကသက်ဆိုင်သူများနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ တုံ့ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းများ ပါဝင်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြည်ပြည်ဆိုင်ရာတရားရုံး၏ အခွင့်အာဏာနှင့် စီရင်ချက်ကို လေးစားကြောင်း ပြောကြားခဲ့သည်။
တရားရုံး၏ တွေ့ရှိချက်များနှင့် အမိန့်များကို အလေးအနက်ထား စဉ်းစားသွားမည်ဟု ကတိပြုခဲ့ပြီး တာဝန်ခံမှုရှိရေးနှင့် နောက်ထပ်ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
အမေရိကန်ပြည်ထောင်စု
အမေရိကန်အစိုးရသည် ICJ ၏ စီရင်ချက်နှင့် ယင်း၏ သက်ရောက်မှုများကို လေ့လာသုံးသပ်နေကြောင်းနှင့် တရားရုံးအား နိုင်ငံရေးအရ အသုံးချခြင်းမှ ကာကွယ်ရန် အရေးကြီးကြောင်း အမေရိကန်အရာရှိတဦးက အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပြောကြားခဲ့သည်။
“လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်းဟာ အလွန်အရေးကြီးသလို ICJ ကို နိုင်ငံရေးအရ အသုံးချမှုမခံရအောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီဆုံးဖြတ်ချက်ရဲ့ သက်ရောက်မှုတွေကို အပြည့်အဝ သုံးသပ်နိုင်ဖို့ ကျနော်တို့ လေ့လာနေပါတယ်” ဟု အဆိုပါအရာရှိက ဆိုသည်။
“မြန်မာပြည်သူတွေအပေါ် ကျနော်တို့ရဲ့ ထောက်ခံမှုကို ထုတ်ဖော်ပြသလို ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုအဖွဲ့ဝင်တွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်လည်း အထူးစိုးရိမ်ပူပန်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဂမ်ဘီယာနိုင်ငံ
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ပံ့ပိုးမှုဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံအား တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံက ယခုစီရင်ချက်ကို “အလွန်အမင်း ကျေနပ်အားရမှု” ဖြင့် ကြိုဆိုခဲ့ပြီး “နိုင်ငံတကာတရားမျှတမှုအတွက် သမိုင်းဝင်နေ့တနေ့” ဟု ခေါ်ဆိုခဲ့သည်။
လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန်နှင့် အပြစ်ပေးရန် တာဝန်မှာ ၁၉၄၈ ခုနှစ် သဘောတူစာချုပ်ဝင် နိုင်ငံအားလုံးတွင် ရှိကြောင်း ဂမ်ဘီယာအစိုးရက ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ စီရင်ချက်ကို “အပြည့်အဝနှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ” လိုက်နာရန် တောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICJ ၏ စီရင်ချက်ကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကာ ယခုဆုံးဖြတ်ချက်သည် ရိုဟင်ဂျာဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ မိမိတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် လမ်းစပွင့်စေနိုင်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံပိုင် Bangladesh Sangbad Sangstha (BSS) သတင်းဌာန၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသည် တရားရုံး၏ စီရင်ချက်ကို ဥပဒေကြောင်းအရ လိုက်နာရန် တာဝန်ရှိကြောင်းနှင့် နေရပ်ပြန်ပို့ရေးသည်သာ ရိုဟင်ဂျာအကျပ်အတည်းအတွက် တခုတည်းသော လက်တွေ့ကျသည့် ဖြေရှင်းနည်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)
လူမှုကွန်ရက် X တွင် ရေးသားဖော်ပြချက်၌ OIC က ICJ ၏ စီရင်ချက်ကို ချီးကျူးခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် “နစ်နာသူများအတွက် ကုစားမှုပေးနိုင်ခဲ့ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရှိစေရဟူသည့် မူဝါဒကို ကိုင်စွဲထားနိုင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
အန်တိုနီယို ဂူတာရက်စ်က ယခုစီရင်ချက်သည်

❤21👍12👎2😁2
“နိုင်ငံတကာတရားမျှတမှုကို ပြသလိုက်ခြင်း” ဖြစ်ပြီး “ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် မရှိစေရ” ဟူသည့် အချက်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရားရုံးအနေဖြင့် နိုင်ငံတစ်နိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် တောင်းဆိုခဲ့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
ယခုစီရင်ချက်သည် ရိုဟင်ဂျာများ နေရပ်စွန့်ခွာထွက်ပြေးရသည့် အကြောင်းရင်းများကို ဖြေရှင်းရန်နှင့် နိုင်ငံသားဖြစ်ခွင့် ရရှိရေး၊ ဘေးကင်းလုံခြုံစွာ မိမိတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မည့် အခြေအနေများ ဖန်တီးပေးရေးတို့ အပါအဝင် ရေရှည်တည်တံ့သော အဖြေများ ရှာဖွေရန် အရေးကြီးသည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း UNHCR က ပြောကြားခဲ့သည်။
ဒေသတွင်း၌ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေဆဲဖြစ်ပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေကာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း၌လည်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၀၀,၀၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း အဆိုပါအေဂျင်စီက ဆိုသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
ဗော်လ်ကာ တာ့ခ်က ယခုစီရင်ချက်သည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အဆိုးရွားဆုံး ရာဇဝတ်မှုများထဲမှ တခု” အတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း “ရှင်းရှင်းလင်းလင်း ကောက်ချက်ချလိုက်ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရိုဟင်ဂျာပြည်သူများ၏ “ဒုက္ခဆင်းရဲများသည် လူသားမျိုးနွယ်အပေါ် စွန်းထင်းနေသည့် အမည်းစက်တခုဖြစ်ကြောင်း” ၎င်းက လူမှုကွန်ရက် X တွင် ထပ်လောင်းရေးသားခဲ့သည်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး
အက်ဒ် မီလီဘန်းက ဗြိတိန်အစိုးရအနေဖြင့် မြန်မာစစ်သံမှူးကို နိုင်ငံတွင်းမှ နှင်ထုတ်ရန် အမိန့်ပေးလိုက်ပြီး မြန်မာသံရုံးယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယခုစီရင်ချက်ကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
တာဝန်ရှိသူများကို အရေးယူနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း နောက်ထပ်အရေးယူဆောင်ရွက်မှုများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း
ယန်ဟီးလီက ယခုနေ့သည် “ရိုဟင်ဂျာပြည်သူအားလုံးအတွက် အလွန်စိတ်လှုပ်ရှားခံစားရသည့် နေ့တနေ့” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး “တရားမျှတမှုကို ဆုံးဖြတ်ပေးလိုက်ပြီဖြစ်သော်လည်း လက်တွေ့ရရှိခြင်း မရှိသေးပါ” ဟု ထပ်လောင်းပြောဆိုခဲ့သည်။
ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူနှင့် ရခိုင်ရိုဟင်ဂျာအမျိုးသားကောင်စီ ပူးတွဲဥက္ကဋ္ဌ
တက်ကြွလှုပ်ရှားသူ နေဆန်းလွင်က ရိုဟင်ဂျာများအတွက် တရားမျှတမှုဆိုသည်မှာ ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ပေးအပ်ခြင်း၊ ၎င်းတို့၏ လူမျိုးစုအမှတ်လက္ခဏာကို အသိအမှတ်ပြုခြင်းနှင့် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ခြင်းတို့ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတောင်းဆိုချက်များ မပြည့်မချင်း ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများ
ရိုဟင်ဂျာနှင့် အခြားမြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်း ၂၁၉ ဖွဲ့ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့က စီရင်ချက်ကို ကြိုဆိုခဲ့ပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။
Justice For Myanmar က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် အဆိုပါအဖွဲ့များက နစ်နာကြေးပေးရန်၊ ရိုဟင်ဂျာနိုင်ငံသားဖြစ်ခွင့် ပြန်လည်ပေးအပ်ရန်နှင့် ဒုက္ခသည်များ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေးတို့ကို တောင်းဆိုခဲ့သည်။ ထို့အပြင် မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်ခေါင်းဆောင်များကို ရာဇဝတ်မှုကြောင်းအရ အရေးယူရန်လည်း တောင်းဆိုခဲ့ကြသည်။
Women’s Peace Network ၏ အမှုဆောင်ဒါရိုက်တာ တက်ကြွလှုပ်ရှားသူ ဝေဝေနုက ယခုစီရင်ချက်သည် ရိုဟင်ဂျာလူမျိုးစု အမှတ်လက္ခဏာကို ဖျောက်ဖျက်ရန်၊ ၎င်းတို့၏ တည်ရှိမှုကို ငြင်းပယ်ရန်နှင့် ၎င်းတို့၏ ဒုက္ခဆင်းရဲများကို လျစ်လျူရှုရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းခဲ့သည့် စစ်တပ်၏ လုပ်ရပ်များကို ချေဖျက်ပစ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခြင်း၊ နောက်ထပ်မကျူးလွန်ရန် အာမခံချက်ပေးဖို့ အမိန့်ချမှတ်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးနဲ့ လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခြင်းအားဖြင့် ကမ္ဘာ့အမြင့်ဆုံးတရားရုံးဟာ နိုင်ငံတော်အဆင့် ဖန်တီးထားတဲ့ အဲဒီလိမ်ညာမှုကြီးကို အပြီးတိုင် ဖြိုခွင်းပစ်လိုက်ပါပြီ” ဟု သူမက ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)
ယခုစီရင်ချက်သည် “ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို သမိုင်းဝင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်ပြီး

❤18👍10👎2😁2
အသက်ရှင်ကျန်ရစ်သူများ၊ နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် ရှားရှားပါးပါး ရရှိလိုက်သည့် တရားမျှတမှု အခိုက်အတန့်တစ်ခု ဖြစ်ကြောင်း” အဆိုပါ လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့သည်။
လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) ၏ အကြီးတန်း နိုင်ငံတကာတရားမျှတမှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
မာရီယာ အယ်လီနာ ဗစ်ဂ်နိုလီက တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး “မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာများ ခံစားခဲ့ရသည့် ဒုက္ခဆင်းရဲများကို ကာလရှည်ကြာ စောင့်မျှော်နေခဲ့ရသည့် အသိအမှတ်ပြုမှုတခု” ဟု ခေါ်ဆိုခဲ့သည်။
ကိုးကား။ ။ Reuters သတင်း World reacts to ICJ finding Myanmar guilty of genocide against Rohingya
ပုံစာ - ICJ စီရင်ချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းတခု၌ ကြည့်ရှုနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ/AFP

❤16👍9👎2😁2
ထရမ့်၊ ရှီကျင့်ဖျင်နှင့် ပူတင်တို့ သုံးပွင့်ဆိုင် တွေ့ဆုံမှု သိသာထင်ရှားသည့် ရလဒ် မရှိ
ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့တွင် ရှားရှားပါးပါး လူချင်းတွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ကမ္ဘာ့အကျပ်အတည်းများကို ဖြေရှင်းနိုင်မည့် ခိုင်မာသောရလဒ်များ ထွက်ပေါ်လာခြင်း မရှိသလောက် နည်းပါးခဲ့သည်။
တနာရီခွဲခန့်ကြာမြင့်သည့် ဆွေးနွေးပွဲအပြီးတွင် ခေါင်းဆောင်သုံးဦးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် နိုင်ငံတကာလုံခြုံရေးကို ထိန်းသိမ်းရန်၊ ကုလသမဂ္ဂ (UN) ကို ပြုပြင်ပြောင်းလဲရန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် နျူကလီးယားစစ်ပွဲ မဖြစ်ပွားစေရေး ရှောင်ရှားရန်တို့ ပါဝင်သည်။ ထို့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကဲ့သို့သော အဖွဲ့အစည်းများအနေဖြင့် အာဏာအလွဲသုံးစား မပြုလုပ်ရန်လည်း သဘောတူခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ယူကရိန်းစစ်ပွဲအကြောင်း ထည့်သွင်းဆွေးနွေးခဲ့သော်လည်း ယခုသီတင်းပတ်အစောပိုင်းက ခရိုင်းမီးယားတံတားကို ယူကရိန်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းကြောင့် ယူကရိန်းနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ပြုလုပ်မည်မဟုတ်ကြောင်း ပူတင်က အစည်းအဝေးအပြီးတွင် ငြင်းဆိုခဲ့သည်။
သုံးပွင့်ဆိုင်အစည်းအဝေးမတိုင်မီ ထရမ့်သည် ပူတင်နှင့်ရော ရှီကျင့်ဖျင်နှင့်ပါ သီးခြားစီ တွေ့ဆုံခဲ့သည်။ ထရမ့်က ပူတင်ကို "မိတ်ဆွေ" ဟု ခေါ်ဆိုခဲ့ပြီး ယခုတွေ့ဆုံမှုသည် ၁၀ မှတ်ပေးလျှင် ၁၂ မှတ်အထိ ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အမေရိကန် ဒီမိုကရက် အထက်လွှတ်တော်အမတ် တင်မ်ကိန်းကမူ ထရမ့်အနေဖြင့် ဒီမိုကရေစီခေါင်းဆောင်များနှင့် ရပ်တည်ရမည့်အစား ပူတင်၊ ရှီကျင့်ဖျင်တို့နှင့် ရပ်တည်နေခြင်းမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
အမေရိကန်၏ အဆင့်မြင့် AI ချစ်ပ်ပြားများ တရုတ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေမှုအပေါ် စိုးရိမ်မှုများ ရှိနေချိန်တွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထရမ့်က AI နည်းပညာအပေါ် တကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတင်းကျပ်မှုများကို တားဆီးသွားမည်ဟု APEC ဖိုရမ်တွင် ပြောကြားခဲ့သည်။
အီရန်စစ်ပွဲ၊ ထိုင်ဝမ်အရေးနှင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသား နှစ်ဦး ပြန်လည်လွတ်မြောက်ရေး ကိစ္စရပ်များသည်လည်း ဆွေးနွေးပွဲ၏ နောက်ကွယ်မှ အရေးကြီးသော အကြောင်းအရာများအဖြစ် ရှိနေခဲ့သည်။
အစည်းအဝေးအပြီးတွင် ထရမ့်သည် သတင်းထောက်များနှင့် မတွေ့ဆုံဘဲ အမေရိကန်သို့ ချက်ချင်းပြန်လည်ထွက်ခွာသွားခဲ့ပြီး သောကြာနေ့ မွန်းတည့်ချိန်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတဆင့် အသိပေးခဲ့သည်။
ကိုးကား။ ။ CBS သတင်း Trump, Xi and Putin sit down for a rare 3-way meeting in China, but appear to achieve little

😁25❤6👍3
ကျားဖြန့်ကူညီမှုဖြင့် DKBA စစ်ဦးစီးချုပ်နှင့် တပ်မှူးကို အမေရိကန် ပိတ်ဆို့ အရေးယူ
ဧရာဝတီ၊နိုဝင်ဘာ ၂၀၊ ၂၀၂၆
မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို ကူညီပံ့ပိုးပေးနေသည်ဟုဆိုကာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ဗိုလ်ချုပ်ကြီး စောရွှေဝနှင့် ဗိုလ်မှူးကြီး စောအေဝမ်းတို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်ကြောင်း ယမန်နေ့ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်အရ DKBA သည် ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ ဆိုက်ဘာငွေလိမ်လုပ်ငန်းများကို လုံခြုံရေးပေးခြင်းနှင့် ဆက်လက်လည်ပတ်ခွင့်ပြုခြင်းသာမက လုပ်ငန်းဝင်းများအတွင်း ပိတ်မိနေသည့်လူကုန်ကူးခံရသူများ အပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခြင်းတို့ရှိကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး စောရွှေဝသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ DKBA စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဗိုလ်မှူးကြီး စောအေဝမ်းမှာ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသတွင် လုံခြုံရေးကြီးကြပ်ရသည့် DKBA တပ်မှူးဖြစ်ကြောင်း သိရသည်။
၎င်းတို့ထိန်းချုပ်ရသော ကရင်ပြည်နယ် ဘုရားသုံးဆူဒေသရှိ ကျားဖြန့်လုပ်ကိုင်ရန် ရည်ရွယ်ဆောက်လုပ်ထားသည့် အဆောက်အအုံအသစ်များ တိုးချဲ့လာသည်ကို တွေ့မြင်ရပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူအများအပြားသည် DKBA ၏ အကူအညီဖြင့် ယင်းဒေသသို့ ဝင်ရောက်လာကြောင်း အမေရိကန်က ဆိုသည်။
ထို့ကြောင့် ဗိုလ်ချုပ်ကြီး စောရွှေဝနှင့် ဗိုလ်မှူးကြီး စောအေဝမ်းတို့၏ အမေရိကန်နိုင်ငံတွင်းရှိ ပိုင်ဆိုင်မှုများကို ပိတ်ပင်ထားပြီး အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်ဘဏ္ဍာရေးစနစ်မှတဆင့် ဆက်စပ်ငွေကြေးအရောင်းအဝယ်ပြုလုပ်ခြင်းများကိုလည်း တားမြစ်ထားကြောင်း သိရသည်။
ထို့ပြင် အမေရိကန်၏ ယခုအရေးယူမှုတွင် ကမ္ဘောဒီးယားနိုင်ငံသား ကျောက်ဟွေ့နှင့် ၎င်းပိုင်ဆိုင်သည့် ကုမ္ပဏီနှစ်ခုလည်း ပါဝင်ပြီး ကျောက်ဟွေ့သည် အွန်လိုင်းငွေလိမ်စင်တာတခုကို ကိုယ်တိုင်လုပ်ကိုင်ခဲ့ကာ အမေရိကန်နှင့် ဥရောပနိုင်ငံသားများကို ပစ်မှတ်ထား ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤19👍13😁1😭1
စစ်အာဏာသိမ်းကာလမှ ယနေ့ကာလအထိ အတွင်းစည်း လုံခြုံရေး လိုအပ်ချက်နှင့် စစ်အင်အားအတွက် လူသစ်စုဆောင်းရန် လိုအပ်ချက်ကြီးမားလာကြသည့်အတွက် လက်အောက်က လုပ်ချင်ရာလုပ်သမျှ လွှတ်ပေးထားသည်။
ပိုဆိုးသည်က မူးယစ်ဆေးဝါးကိစ္စများတွင် ပါဝင်ပတ်သက်သူများကို အရေးမယူဘဲ လွှတ်ပေးထားခြင်းနှင့် အပြည့်အဝ ကာကွယ်ပေးထားခြင်း ဖြစ်သည်။ တပ်တွင်းက ထွက်ပေါ်လာသည့် သတင်းများအရ စစ်တပ်အောက်ခြေက အခြေခံအကျဆုံး အရာရှိကြီးများ တက်ရောက်ရသည့် စစ်ဦးစီးတက္ကသိုလ်လို နေရာမျိုးမှာပင်လျှင် မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြောင်း တွေ့ရသည်။
ဥစတက နည်းပြအရာရှိကြီးများ ပိတ်ရက်များတွင် အောင်ပန်းနှင့် တောင်ကြီးဘက်တွင် ဖွင့်လှစ်ထားသည့် KTV၊ Bar၊ Hi ခန်း စသည့်နေရာများ၌ သင်တန်းသားများ၏ Sponsor ဖြင့် သာယာလျက်ရှိကြသည်။ သင်တန်းဖွင့်ရက်များမှာပင်လျှင် ကျောင်းဝန်းအတွင်း၌ရှိသည့် Pine View Golf Club တွင် သင်တန်းသားများက နည်းပြများကို အရက်၊ မိန်းမနှင့် မူးယစ်ဆေးတို့ဖြင့် ဧည့်ခံနေကြရသည်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/11/20/417737.html

ဧရာဝတီ
မူးယစ်ဆေးဝါးနွံထဲ နစ်မွန်းလာနေသည့် စည်းပျက်ကမ်းပျက် မြန်မာ့တပ်မတော်
စစ်ဦးစီးတက္ကသိုလ်လို နေရာမျိုးမှာပင်လျှင် မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြသည်
👍28😁5❤4👎3😭1
ကုလလူ့အခွင့်အရေးဆုံးဖြတ်ချက် အာဏာသိမ်းအစိုးရ ပယ်ချ
ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆
ကုလသမဂ္ဂအထွေထွေညီလာခံအောက်ရှိ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) က နိုဝင်ဘာ ၁၈ ရက်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်အဆိုသည် မြေပြင်အခြေအနေများနှင့် ထင်ဟပ်ခြင်းမရှိဟုဆိုကာ ပယ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
အတည်ပြုလိုက်သည့် ဆုံးဖြတ်ချက်အဆို (A/C.3/81/L.42/Rev.1) တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ၊ ပြည်တွင်းပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ပြထားသည့်အပြင် အာဏာသိမ်း စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ပေးခွင့်ပြုရန်နှင့် ရိုဟင်ဂျာများ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးရန် စသည့်အချက်များ ပါဝင်သည်။
အာဏာသိမ်းအစိုးရဘက်ကမူ နိုင်ငံတိုင်း၏ လူ့အခွင့်အရေးအခြေအနေကို တန်းတူညီမျှစွာ ပုံမှန်သုံးသပ်သည့် UPR လုပ်ငန်းစဉ် ရှိနှင့်ပြီးဖြစ်သော်လည်း မြန်မာနိုင်ငံတနိုင်ငံတည်းကို ကွက်၍ ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းမှာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသာ ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုထားသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီသည် ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များကို အဓိက ကိုင်တွယ်ဆုံးဖြတ်ချက်ချမှတ်သည့် ကော်မတီဖြစ်ပြီး ဥရောပသမဂ္ဂ (EU) နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့က ဦးဆောင်ကာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို နှစ်စဉ် တင်သွင်းလေ့ရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မတီက အာဏာသိမ်းအစိုးရ ဘက်မှ စေလွှတ်သည့် ကိုယ်စားလှယ်အား အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိထားသည်။
ပုံစာ- ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက် အဆိုမူကြမ်း အတည်ပြုသည့်အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က ကျင်းပစဉ်/PMMUN

😁28👍3😭3❤2