The Irrawaddy - Burmese
✔
75.1K subscribers
38.7K photos
2.5K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍21😁1😭1
မြစ်သား ဘုရားပွဲတွင်း ပစ်ခတ်မှု ပျူနှင့် အရပ်သား ၆ ဦး သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

မန္တလေးတိုင်း မြစ်သားမြို့နယ် မင်းဝန်ကျေးရွာရှိ ရွှေမင်းဝန်ဘုရားပွဲတွင် လုံခြုံရေးယူပေးနေသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို ဝင်ရောက်ပစ်ခတ်ရာ ပျူစောထီးခေါင်းဆောင်၊အဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် ဒေသခံများထံက သိရသည်။

ဖြစ်စဥ်ကြောင့် ပျူစောထီး ခေါင်းဆောင် ဦးလှဝင်း (၆၀ နှစ်)၊ ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် မင်းရာဇာဦး (၂၄ နှစ်)၊ အောင်မင်းသိန်း(၄၁ နှစ်)၊ ထိုက်အောင် (၃၄ နှစ်)၊ ဖြိုးနန္ဒ (၂၂ နှစ်)နှင့် အမျိုးသားတဦးတို့ သေဆုံးခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် သက်နိုင်ထွန်း(၂၄ နှစ်)၊ အမျိုးသမီးတဦးအပါ ၅ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မြစ်သားမြို့ခံတဦးက "မင်းဝန်ရွာက မြစ်သားနဲ့ နွားထိုးကြီးအစပ် မြစ်သားအနောက်ခြမ်းမှာ ရှိတာ၊ သူက နတ်ပွဲနဲ့ ဘုရားပွဲပေါင်းလုပ်တဲ့ ပွဲဗျ၊ ပွဲဈေးကို လုံခြုံရေးယူပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို PDF တွေက ဝင်ပစ်သွားတာလို့ သိရတယ်၊ စားပွဲထိုး အယောင်ဆောင်ပြီး စက်သေနတ်နဲ့ အတွဲလိုက် ပစ်သွားတယ်လို့ ပြောနေကြတာပဲ”ဟု ပြောသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ ညပိုင်း ၉ နာရီကျော်အချိန်ခန့်က ရွှေမင်းဝန်ဘုရားပွဲလုံခြုံရေး ယူပေးထားသော ကျောက်ဆောက် ကျေးရွာ ပျူစောထီးခေါင်းဆောင် ဦးလှဝင်း ဦးဆောင်သည့်အဖွဲ့ ပွဲဈေးအတွင်းရှိ စားသောက်ဆိုင်၌ ထိုင်နေချိန် အမျိုးသားနှစ်ဦးက သေနတ်ရှည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

အဆိုပါပစ်ခတ်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ စစ်တပ်ရောက်ရှိ လာသဖြင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ ရဲဘော်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁ တပ်ရင်းက ဆိုသည်။

လက်ရှိအချိန်၌ မင်းဝန်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းထားပြီး ရွာသားများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသလို စစ်တပ်၊ ပျူစောထီးများဖြင့် အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤32👍20😁2
❤18👍10😁3😭2
ရခိုင်စစ်ဆင်ရေးတွင်း ရိုဟင်ဂျာ ၁ သောင်းကျော် အသတ်ခံရဟု ICJ စီရင်ချက်က ဖော်ပြ

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

မြန်မာနိုင်ငံအား လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာအမှု စီရင်ချက်ချမှတ်ရာတွင် ရခိုင်ပြည်နယ် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ ၁၀,၀၀၀ သတ်ဖြတ်ခံခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ဥက္ကဋ္ဌ ယူဂျီ အီဝါဆာဝါ (Yuji Iwasawa)က ပြောကြားလိုက်သည်။

ထို့ပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရိုဟင်ဂျာထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍56😭11😁6❤3🤔2
❤31👍19😁4
ရခိုင် စစ်ဆင်ရေးကို အကြမ်းဖက်နှိမ်နင်းရေးအဖြစ် စစ်တပ် ခုခံချက် ICJ လက်မခံ

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

မြန်မာစစ်တပ်ဘက်က ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ စစ်ဆင်ရေးများကို အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် တိုက်ဖျက်ရေး အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ၌ ခုခံလျှောက်လဲခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကလေးငယ်များနှင့် နို့စို့ကလေးများကို ပစ်မှတ်ထားခြင်း၊ ကျေးရွာများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်း နှင့် ထွက်ပြေးတိမ်းရှောင်နေသော အရပ်သားများကို တိုက်ခိုက်ခြင်းတို့အပါအဝင် လုပ်ရပ်အချို့သည် “အကြမ်းဖက်မှုနှိမ်နင်းရေး” ရည်ရွယ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု တရားသူကြီး ယူဂျီ အီဝါဆာဝါ က ပြောလိုက်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤29👍29👎2😁1
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

တရုတ်ဟာ မြန်မာရဲ့ အဓိက ကြွေးမြီရှင် နိုင်ငံလား

ဒီတပတ် China Briefing မှာတော့ တရုတ်နိုင်ငံဟာ မြန်မာရဲ့ အကြီးဆုံး အကြွေးရှင်နိုင်ငံလား၊ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရခိုင်ကို ပြန်ပို့ဖို့အရေးမှာ တရုတ်နိုင်ငံက ဘယ်လိုပတ်သက်နေသလဲနဲ့၊ ရန်ကုန်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ဖမ်းမိတဲ့အကြောင်း အပါအဝင် တရုတ်-မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/4MF564M6u_U

#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #ကျားဖြန့် #ရိုဟင်ဂျာ #ဘင်္ဂလားဒေ့ရှ်
👍15❤12😁3
👍41❤3😁2
ရိုဟင်ဂျာများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိဟု ICJ ရှုမြင်

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

သက်သေအထောက်အထားအားလုံးကို ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ လုပ်ရပ်များအတွက် တခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ကောက်ချက်မှာ ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူဦးရေ အများအပြားကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိခြင်းပင် ဖြစ်သည်ဟု တရားရုံးက ရှုမြင်ကြောင်း ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါ က ပြောသည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များကို ချိုးဖောက်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍65😁6👎3❤2
ငွေတန်ဖိုးကျခြင်းက နယ်စပ်ကုန်သွယ်ရေး ပိုခက်ခဲပြီး ထိုင်းကုန် ၃၀ ရာခိုင်နှုန်း ဈေးတက်နိုင်

သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ် ငွေလဲနှုန်း အတက်ကြမ်းကာ မြန်မာကျပ်ငွေတန်ဖိုး ဆက်ကျလာနေသဖြင့် နယ်စပ်ကုန်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်ရပြီး ထိုင်းကုန်များ ၃၀ ရာခိုင်နှုန်းခန့် တက်လာနိုင်ကြောင်း ကုန်သည်တို့က သတိပေးသည်။

ယနေ့ နိုဝင်ဘာ ၁၉ ရက် အမေရိကန်တဒေါ်လာ ၅၀၇၀ကျပ်၊ တရုတ်ငွေ တယွမ် ကျပ် ၇၇၀၊ ကျပ် ၁သိန်းကို ၆၆၀ ဘတ်အထိ မြန်မာငွေက ကျဆင်းခဲ့သည်။

နေ့စဉ်ငွေလဲလှယ်နှုန်းက အပြောင်းအလဲ မြန်ဆန်နေသဖြင့် နယ်စပ်ကုန်သည်တို့ ကုန်ဝယ်ရာ ငွေချေရန် ခက်လာပြီး ကုန် များပြန်ဖြည့်ဖို့ အရင်းအနှီးပိုထုတ်လာရသဖြင့် အရောင်းအဝယ်ထိခိုက်လာနေကြောင်း သိရသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/19/417726.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
❤31👎12😁6😭2
❤32👍17😁2
ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာကျူးလွန်ဟု ICJ ဆုံးဖြတ်

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

မြန်မာစစ်တပ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းစစ်ဆင်ရေးများတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ထောက်ခံမဲ ၉ မဲ ကန့်ကွက်မဲ ၆ မဲနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ယနေ့အမိန့်ချမှတ်လိုက်သည်။

မြန်မာနိုင်ငံသည် ထိုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် အဟန့်အတားများ ဖန်တီးခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် (Genocide Convention)ပါ ပုဒ်မအများအပြားအရ “လူမျိုးတုံးသတ်ဖြတ်မှု အပေါ် အပြစ်ပေးအရေးယူရန် ပျက်ကွက်ခဲ့သည်” ဟု ICJ တရားသူကြီး ယူဂျီ အီဝါဆာဝါ က ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးတွင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၇နှစ်အကြာတွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခု စီရင်ချက်ဖတ်ကြားရာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် (The Hague) မြို့ ICJ တရားရုံးသို့ မြန်မာဘက်မှ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင် ICJ အမှု ဦးဆောင်ဖြေရှင်းသူ ဦးကိုကိုလှိုင် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤71👍34😁6👎5😭1
• လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ ICJ ဆုံးဖြတ်
• ရှမ်းပြည်နယ်ထဲမှာ တရုတ်ကျားဖြန့်တွေကို လက်နက်တွေနဲ့ ဖမ်းမိ
• မြန်မာဘက်က မြစ်ရေညစ်ညမ်းမှု ထိုင်းပြည်သူတွေ အာဆင်းနစ်ဓါတ်သင့်နေ
• မြန်မာဒုက္ခသည်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဂျပန်ကူညီမယ်
• အမေရိကန်နဲ့ ရုရှား သမ္မတတွေအပေါ် တရုတ်ရဲ့ ကြိုဆိုပုံ ကွာခြား
• ထရမ့်ပါတီအတွက် ငွေထောက်ပံ့မိတာ နောင်တရကြောင်း အီလွန်မက်ပြော

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆
https://youtu.be/ZXq6LIXRrNc

#မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #လူမျိုးတုန်းသတ်ဖြတ်မှု #ICJ #ကျားဖြန့် #လက်နက် #နယ်စပ်မြစ်ရေ #အာဆင်းနစ် #မြန်မာဒုက္ခသည် #ဂျပန် #ထိုင်းနိုင်ငံ #တရုတ် #အမေရိကန် #ရုရှား #သမ္မတ #အီလွန်မက် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
❤31👍20😁4
ICJ စီရင်ချက် မလိုက်နာရင် ဘာဆက်ဖြစ်နိုင်လဲ

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလို့ ခေါင်းစဉ်တပ်ခဲ့တဲ့ လုပ်ငန်းစဉ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်နေ့ ဒီနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်ခဲ့တယ်ဆိုပြီး ICJ မှာတရားစွဲဆိုထားမှုအပေါ် ၇ နှစ်အကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် အခုလို အမိန့်ချမှတ်လိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေကို တားဆီးကာကွယ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ နိုင်ငံတကာဥပဒေအရ ရှိနေတဲ့ တာဝန်တွေကိုလည်း ပျက်ကွက်ခဲ့ကြောင်းလည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာတွေကိုမူလနေရာမှာ လုံခြုံစွာ ပြန်လည်နေထိုင်ရေးလုပ်ဆောင်ပေးရမယ်၊ ဂုဏ်သိက္ခာထိခိုက်စေတဲ့ အတားအဆီးမှန်သမျှကို ဖယ်ရှားပေးရမယ်၊ နစ်နာသူတွေကိုအသိအမှတ်ပြုရမယ်၊ လုံလောက်တဲ့ လျော်ကြေးပေးရမယ်၊ တဦးချင်းဆီကိုလည်း အထောက်အပံ့ပေးရမယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ နှစ်နှစ်အတွင်းမှာ ဒီလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်မှုနဲ့ပတ်သက်လို့ မြန်မာဘက်က တရားရုံးဆီ ပြန်လည်အစီရင်ခံ တင်ပြရမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင် (ICJ) ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ဇာလီအေး ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/G1mv4pDSwHE

#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #လူမျိုးတုန်းသတ်ဖြတ်မှု #ဂမ်ဘီယာ #ရခိုင်ပြည်နယ် #နယ်မြေရှင်းလင်းရေး #WhatsHappeningInMyanmar
👍48❤13😁6👎2😭1
❤42👍28😁1
မြန်မာစစ်သံမှူးကို နှင်ထုတ်မည်ဟု UK ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၁၉၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ယနေ့ ဆုံးဖြတ်ပြီးနောက် ဗြိတိန်က နိုင်ငံတကာတရားဥပဒေ စိုးမိုးရေး အစီအစဉ်ကို အပြည့်အ၀ ထောက်ခံလိုက်ပြီး မြန်မာစစ်သံမှူးကို နှင်ထုတ်ရန် အမိန့်ထုတ်ပြန်လိုက်ကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာသံရုံးယာယီတာဝန်ခံကိုလည်း ဆင့်ခေါ်ထားပြီး တာဝန်ရှိသူများ တာဝန်ခံမှုရှိစေရန်အတွက် လာမည့်ရက်ပိုင်းအတွင်း နောက်ထပ် အရေးယူဆောင်ရွက်မှုများကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်သလို ICJ စီရင်ချက်ကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတရပ် အရေးပေါ် ခေါ်ယူပေးရန်လည်း တောင်းဆိုထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍96❤34😁8👎5
Media is too big
VIEW IN TELEGRAM
တစ်ကမ္ဘာလုံး ဗိုလ်ချုပ်တွေရဲ့ ထပ်အလိမ်မခံရဖို့

ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆

“ထပ်ပြောင်းချင်ရင်ကွန်မြူနစ်စနစ်ပဲ ကျန်တော့တယ်” ဆိုတဲ့ ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်နဲ့ စစ်တပ်ရဲ့ အယောင်ဆောင်ဒီမိုကရေစီအကြောင်း အပြည့်အစုံကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီမိုကရက်တွေရဲ့အောင်ပွဲ မြန်မာအာဏာရှင်တွေအတွက်သတင်းဆိုးလား
https://youtu.be/_V7OuPAwG2s

#မြန်မာ #အမေရိကန် #ဒီမိုကရက် #နေပြည်တော် #မင်းအောင်လှိုင် #ထရမ့် #ဒီမိုကရေစီ #US #Myanmar #MinAungHlaing #Trump #military #myanmar #Naypyitaw #BlueTsunami #midterm #election #democracy #republican #IRWENG
👍39😁2❤1👎1
Media is too big
VIEW IN TELEGRAM
အာဆီယံထိပ်သီအစည်းအဝေးမှာ ဖျော်ဖြေသူတွေနဲ့အတူ တွဲကခဲ့တဲ့ အရှေ့တီမော ၀န်ကြီးချုပ် အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်ဖြစ်သွား

နိုဝင်ဘာ ၂၀၊ ၂၀၂၆

ဖိလစ်ပိုင်မှာကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း‌အဝေးပိတ်ပွဲအခမ်းအနားမှာ အရှေ့တီမော ၀န်ကြီးချုပ်ဖြစ်တဲ့ Kay Rala Xanana Gusmao က ဖျော်ဖြေသူတွေနဲ့အတူ စိတ်အားထက်သန်စွာတွဲကခဲ့လို့ အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #ASEAN #summit #easttimor #dance
👍40❤13😁6