The Irrawaddy - Burmese
✔
75K subscribers
38.8K photos
2.51K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မှောင်ခိုပြဿနာ၏ ဇစ်မြစ်မှာ တိုင်းပြည်တွင်း လိုအပ်သည့်ကုန်စည်များ၊ လောက်ငမှုမရှိသည့်ကုန်စည်များကို တာဝန်ရှိအစိုးရဖြစ်သူက ပြည်ပမှ တင်သွင်းခွင့်ပိတ်ပင်ထားသဖြင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ လက်ရှိ စစ်အစိုးရ၏ သွင်းကုန်၊ ပို့ကုန်မူဝါဒကြောင့် တိုင်းပြည်အတွင်း လူထုသုံးစွဲရန်လိုအပ်နေသည့် ရှားပါးသည့်ကုန်ပစ္စည်းများ၊ ဝယ်လိုအားရှိသည့် ပစ္စည်းများအား ဖြည့်ဆည်းရန် မှောင်ခိုတင်သွင်းကြခြင်းဖြစ်၏။

ဤသို့ စီးပွားရေး၊ ကုန်သွယ်ရေး မူဝါဒအမှားကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက် မှောင်ခိုစနစ်ပေါ်ပေါက်လာသည်မှာ ယခု ပထမအကြိမ် မဟုတ်ပေ။ နေဝင်း၏ မဆလ ခေတ်ကာလတလျှောက်တွင်လည်း စီးပွားရေးမူဝါဒအမှားကြောင့် မှောင်ခိုတခေတ် မိုးကောင်းခဲ့သည်သာဖြစ်ပြီး မဆလအစိုးရ နှိမ်နင်း၍လည်း မရခဲ့ပေ။

Website ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/11/25/417856.html
👍26❤5😁4
Media is too big
VIEW IN TELEGRAM
အမေရိကန်နိုင်ငံတ၀န်း အမြန်လမ်းမကြီးတွေပေါ်က မောင်းသူမဲ့ တက္ကစီတွေကို Waymo ယာယီရုပ်သိမ်း

နိုဝင်ဘာ ၂၅၊ ၂၀၂၆

အမေရိကန်နိုင်ငံတ၀န်းမှာရှိတဲ့ အဝေးပြေးလမ်းမကြီးတွေအားလုံးပေါ်မှာ သူတို့ရဲ့ မောင်းသူမဲ့အငှားယာဉ်တွေ ပြေးဆွဲနေတာကို ယာယီရပ်ဆိုင်းလိုက်ပြီလို့ Waymo ကုမ္ပဏီက နို၀င်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

#မြန်မာ #ဧရာဝတီ #အမေရိကန် #taxi #waymo
👍17😱2❤1😁1
😁8😱3
❤7😱3😁1
မဲဆောက်က နာမည်ကြီး နိုက်ကလပ်၊ ဘားနှင့် KTV ထိုင်းရဲ ဝင်စစ်

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နာမည်ကြီး နိုက်ကလပ်၊ ဘားနှင့် KTV များကို ယမန်နေ့ညပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း မဲဆောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မဲဆောက်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အမှတ် (၃) နယ်မြေကာကွယ်ရေး ပြည်သူ့စစ်တပ်ခွဲမှ တပ်ဖွဲ့ဝင်များ၊ မဲဆောက်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မဲဆောက်မြို့နယ်အတွင်းရှိ ဖျော်ဖြေရေး ဝန်ဆောင်မှုလုပ်ငန်းပုံစံတူ စီးပွားရေးလုပ်ငန်း ၇ ခုကို ည ၁၁ နာရီခွဲတွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Liang Mueang ကာရာအိုကေ၊ On Now ကာရာအိုကေ၊ The Loft၊ D Corner၊ Slow Bar၊ KTV ကာရာအိုကေနှင့် Placebo Club စသည့်နေရာများကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို စောင့်ရှောက်ရန်အတွက် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းများ လိုက်နာမှု ရှိ၊ မရှိ၊ အထူးသဖြင့် ဆိုင်ဖွင့်ချိန်-ပိတ်ချိန် သတ်မှတ်ချက်များ၊ အသက် ၁၈ နှစ်အောက် ကလေးငယ်များ ဝင်ရောက်အသုံးပြုခွင့် တားမြစ်ထားခြင်းနှင့် အခြားဥပဒေချိုးဖောက်မှုများ မရှိစေရန် ကာကွယ်တားဆီးရေးတို့ကို အဓိကထား စစ်ဆေးခဲ့ကြသည်။

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စားသောက်ဆိုင်များ ၊ ပွဲတော်ဈေးခင်းနေရာတချို့ကိုလည်း စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်ကလည်း မဲဆောက်နောင်ဘွားရှိ OK မြန်မာ ထမင်းဆိုင်၌ ဝန်ထမ်းများ၏ အလုပ် လုပ်ခွင့် အထောက်အထားများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မဲဆောက်မြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးရှိ အရက် ဘီယာ၊ ဆေးလိပ်များနှင့် စားသောက်ကုန်တချို့ ရောင်းနေသည့် မြန်မာကမ်းနားဈေးကိုလည်း နိုဝင်ဘာ ၁၉ ရက်ကတည်းက ထိုင်းဘက်ခြမ်းမှ ပိတ်ထားခဲ့ရာ ဈေးရောင်း၊ ဈေးဝယ်များနှင့် စက်လှေဖြင့် ကမ်းကူးသူထောင်ချီ အခက်အခဲဖြစ်နေကြောင်း သိရသည်။
❤9🤔2😱2😁1
😁7🤔6😭1
တောင်ပိုင်း ၁၅ ခရိုင် မိုးများပြီး ရေကြီးနိုင်ဟု ထိုင်း သတိပေး

ဧရာဝတီ ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

ထိုင်းနိုင်ငံတောင်ပိုင်း ၁၅ ခရိုင်၌ မိုးကြီးနိုင်ကာ လျှပ်တပြက်ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာန (TMD) က နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် သတိပေးထုတ်ပြန်ပြီး တချိန်တည်းမှာပင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသော လေအေးစီးကြောင်းကြောင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် ဘန်ကောက်တဝိုက် အပူချိန် ၁ မှ ၄ ဒီဂရီ စင်တီဂရိတ်ခန့်အထိ ကျဆင်းပြီး အေးမြလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အတွင်း မိုးအလွန်ကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး တောင်ပိုင်း၌ မိုးဆက်တိုက်ရွာသွန်းမှုများ ကြောင့် အထူးသဖြင့် မြေနိမ့်ပိုင်းဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ကျရေဆင်းမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု The Nation က ဖော်ပြသည်။

မိုးအလွန်ကြီးနိုင်သည့် ခရိုင်နှစ်ခုမှာ ပတ္တာနီ နှင့် နရာသီဝတ် ခရိုင်တို့ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်တွင် နေရာအနှံ့အပြား မိုးရွာနိုင်ကာ ထိုနေ့တွင် ခရိုင် ၅ ခု၌ မိုးအလွန်ကြီးပြီး အခြား ခရိုင် ၁၀ ခု၌ မိုးကြီးနိုင်သည်ဟု ဆိုသည်။

မိုးကြီးနိုင်သည့်ဒေသများမှာ နခွန်စီထမ္မရတ်၊ ဖတ်ထလုန်၊ ဆုန်ခလာ ၊ တရန်း၊ ချွန်ဖုန်း၊ ဆူရတ်ဌာနီ ၊ ဖန်င၊ ဖူးခက် ၊ ကရာဘီ ၊ ပရာကျွပ်ခီရီခမ်း၊ ရနောင်း၊ယဲလာ၊ နရာသီဝတ်နှင့် ဆဒွန်းစသောခရိုင်များဖြစ်သည်။

ပုံစာ-ယခုနှစ် စက်တင်ဘာလက ဘန်ကောက်၌ ရေကြီးစဉ်/AFP
👍12❤3😁2🤔2😭1
👍3😁2
ဂျန်ဆန်ဟွမ်း ဇနီးက "အလွန်ထူးချွန်တဲ့ အမျိုးသမီး" ဖြစ်ပြီး အိမ်ထောင်ရေး ပြေလည်သွားပြီ ဟု ထရမ့် ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ်းသည် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာကို ဇနီးဖြစ်သူနှင့် ပြေလည်အောင် ဖြေရှင်းပြီးပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားလိုက်သည်။

နည်းပညာဘီလျံနာ ဂျန်ဆန်ဟွမ်းသည် အမေရိကန် ထောက်လှမ်းရေးက တရုတ်သူလျှိုဟု ယူဆထားသည့် စင်ကာပူအခြေစိုက် Megaspeed ကုမ္ပဏီမှ အမှုဆောင်တဦးအပြင် Nvidia ကုမ္ပဏီတွင်း ဝန်ထမ်းအချို့နှင့်ပါ အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြောင်း စွပ်စွဲခံရပြီးနောက် ယခုလအစောပိုင်းတွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

သို့သော် သမ္မတ ဒေါ်နယ်ထရမ့်၏ တိုက်တွန်းပြောဆိုမှုများကြောင့် Nvidia က ဆုံးဖြတ်ချက်ကို ရုတ်တရက် ပြောင်းလဲကာ ဟွမ်းကို အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ပြန်လည်ခန့်အပ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့ပြီး ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းမှာလည်း ၃၀ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့သည်။

The New York Times သတင်းဌာနနှင့် တွေ့ဆုံစဉ် သမ္မတထရမ့်က ဟွမ်း ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုခဲ့သလို ဟွမ်း၏ ၄၁ နှစ်ကြာ လက်တွဲဖော် ဇနီးသည် လိုရီဟွမ်းနှင့် ပတ်သက်၍လည်း "သူ့မှာ အရမ်းကို ကောင်းမွန်တဲ့ ဇနီးတယောက် ရှိပြီး သူတို့ကြားမှာ ပြေလည်သွားပါပြီ" ဟု ပြောကြားခဲ့သည်။

ဟွမ်းသည် ရာထူးမှ နုတ်ထွက်စဉ်က ၎င်း၏ ဇနီးနှင့် မိသားစုအပေါ် စိတ်ထိခိုက်နာကျင်စေခဲ့မှုအတွက် အလေးအနက် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည့် ၎င်းတို့ဇနီးမောင်နှံတွင် Nvidia ၌ အဆင့်မြင့်ရာထူးများ ရယူထားသည့် သားသမီးနှစ်ဦး ရှိပြီး ဇနီးဖြစ်သူမှာ မိသားစုပိုင် ဒေါ်လာ ၉ ဘီလီယံတန် ပရဟိတဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်သည်။ အကယ်၍ ကွာရှင်းပြတ်စဲခဲ့ပါက လိုရီအနေဖြင့် အနည်းဆုံး ဒေါ်လာ ၇၅ ဘီလီယံအထိ ရရှိနိုင်ကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းသည်။

တနင်္လာနေ့တွင် ဆီလီကွန်တောင်ကြားရှိ Nvidia ရုံးချုပ်သို့ ပြန်လည်ရောက်ရှိလာသည့် ဟွမ်းကို ဝန်ထမ်းများက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ၎င်းကလည်း "ဒုတိယအကြိမ် ပြန်လည်တာဝန်ယူချိန်မှာ ပိုမိုကောင်းမွန်တဲ့ CEO တဦး ဖြစ်စေရပါမယ်" ဟု ကတိပြုခဲ့သည်။

ကိုးကား။ ။ The Independent သတင်း Trump says Nvidia CEO has ‘worked it out’ with his wife after affair scandal: ‘She’s a fantastic woman’
👍5❤4😁2🤔1
😁3👍1😭1
သတ္တုတူးဖော်ရေး ယာယီရပ်ကာ ကုမ္ပဏီများကို ထိန်းကျောင်းဖို့ မြန်မာနှင့် တရုတ်ကို ထိုင်းတောင်းဆို

ဧရာဝတီ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆

နယ်စပ်မြစ်ရေညစ်ညမ်းမှုကြောင့် မြန်မာဘက်ရှိ စည်းကမ်းမဲ့ သတ္တုတူးဖော်နေခြင်းကို အနည်းဆုံး ၆ လ ယာယီ ပိတ်ပေးဖို့နှင့် တရုတ်အစိုးရကလည်း တူး ဖော်နေသည့် တရုတ်ကုမ္ပဏီများ ထိန်းကျောင်းပေးဖို ယမန်နေ့က ဘန်ကောက် တွင် လုပ်သည့် ၃နိုင်ငံ အကြိုဆွေးနွေးပွဲတွင် ထိုင်း ဒုဝန်ကြီးချုပ် ရော့ချနန်ဝုန်ဆာဝပ်က တောင်းဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်းတွင် တရုတ်ကုမ္ပဏီများက မြေရှားနှင့်ရွှေတူးနေရာ နယ်မြေချင်း ထိနေသည့် ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်း စီးဝင်နေသော ကော့မြစ်နှင့် ဆိုင်မြစ်တို့တွင် အာဆင်းနစ်အဆိပ်ဓာတ် ပါဝင်မှု စံချိန်စံညွှန်းထက် အဆ ၃၀ ခန့် မြင့်တက်နေသဖြင့် ထိုသို့ သဘာဝပတ်ဝန်းကျင် စံချိန်စံညွှန်းနှင့်မကိုက်ညီသည့် သတ္တုတွင်းများမှ ထွက်ကုန်များကို တရုတ်ဘက်က ဝယ်ယူမှု ရပ်ဆိုင်းခြင်း သို့မဟုတ် ထောက်ပံ့ရေး ကွင်းဆက်မှတဆင့် စိစစ်ကြပ်မတ်ပေးရန် ထိုင်းက တိုက်တွန်းခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီချန်းတို့ထံ ထိုင်းဝန်ကြီးချုပ် အနုတင်က အဆိုပါကိစ္စကို တင်ပြခဲ့ပြီးနောက် တရုတ်အစိုးရအနေဖြင့် တရားမဝင်သော သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော မည်သည့် ပုဂ္ဂလိက သတ္တုတူးဖော်မှုကိုမျှ အားပေး ထောက်ခံမည်မဟုတ်ကြောင်း တရုတ်သံအမတ်ကြီးက အဆိုပါအစည်းအဝေးတွင် အတည်ပြု ပြောကြားသည်ဟု Thai PBS သတင်းတွင် ရေးသားထားသည်။

အကြိုအစည်းအဝေးမှ ချမှတ်လိုက်သော မူဘောင်များအပေါ် အခြေခံ၍ ထိုင်း-မြန်မာ၂ နိုင်ငံ ပူးတွဲ လုပ်ငန်းအဖွဲ့က အသေးစိတ် လုပ်ငန်းစီမံချက် (Action Plan) ကို ရေးဆွဲ အတည်ပြုကြမည်ဖြစ်ပြီး အစည်းအဝေးများအပြီး နိုဝင်ဘာလကုန်ပိုင်းတွင်လည်း ၃ နိုင်ငံကိုယ်စားလှယ်များနှင့် ပညာရှင်များသည် ရေထု ညစ်ညမ်းမှုဒဏ်ခံစားနေရသည့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်းရှိ မြစ်ကြောင်းနေရာများသို့ ကွင်းဆင်း စစ်ဆေးကြမည် ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤7😁5😭1