The Irrawaddy - Burmese
✔
74.9K subscribers
38.9K photos
2.52K videos
3 files
18.3K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ကသာခရိုင်၌ တလအတွင်း စစ်သား ၁၇ ဦးထက်မနည်း သုတ်သင်ခဲ့ကြောင်း စစ်ဒေသ ၁ ထုတ်ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

စစ်ကိုင်းတိုင်း ကသာခရိုင် မန္တလေး-ဗန်းမော် ကားလမ်းမကြီးဘေး အခြေပြုလှုပ်ရှားနေသော ခြေလျင်တပ်ရင်း (ခလရ-၁၄၈) တပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာမှစ တိုက်ခိုက်ခဲ့ရာ တလအတွင်း စစ်သား ၁၇ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၃ နာရီခန့်က ဆိပ်ငူလမ်းခွဲနှင့် သဲဖြူချောင်းတို့၌ ကသာခရိုင် အမှတ် (၅) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း အထူးတပ်ဖွဲ့နှင့် အင်းရွာတိုက်နယ် ပကဖတို့က ခလရ- ၁၄၈ တပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး တိုက်ပွဲအတွင်း MA-1 တလက်၊ MA-2 တလက်၊ MA-3 သုံးလက် အပါအဝင် သေနတ် ၅ လက်၊ ကျည် ၃၂၉ တောင့်၊ ကျည်ဘောက်များ၊ လက်ပစ်ဗုံးနှင့် ခြေနင်းမိုင်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ယမန်နေ့ နံနက်ကလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွဆေး အမြောက်အမြားနှင့်အတူ MA-1 သုံးလက်၊ MA-3 တလက်၊ 5.56 ကျည် ၃၈၇ တောင့်၊ MA ကျည်ဘောက် ၉ ဘောက်၊ စစ်အသုံးအဆောင်ပစ္စည်း နှစ်ခု၊ ကျည်ကာဦးထုပ် သုံးလုံး၊ ဖုန်းတလုံးနှင့် ဝါစိမ်းနီအလံ တခုတို့ကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-အမှတ် ၁ စစ်ဒေသ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍37❤9😁6
Media is too big
VIEW IN TELEGRAM
နတ်ရေကန်တောင်ကို စစ်ကူလာတဲ့ စစ်တပ် AA ဖြတ်တိုက်လို့ အကျအဆုံးများ

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာရှိတဲ့ နတ်ရေကန်တောင်ကို စစ်ကူပေးဖို့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေက ဧရာဝတီကို ပြောပါတယ်။

နတ်ရေကန်တောင်ပေါ်က လေကြောင်းရန်ကာကွယ်ရေး ဗျူဟာစခန်းကို စစ်ကူပေးနိုင်ဖို့ အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ ထိုးစစ်ဆင်လာတာကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #မကွေး #ရခိုင်ပြည်နယ် #နတ်ရေကန်တောင် #တိုက်ပွဲ #စစ်ကူ #ထိုးစစ် #ဗျူဟာစခန်း #အာရက္ခတပ်တော် #AA #WhatsHappeningInMyanmar
❤40👍15😁6🤔2
ပြီးခဲ့တဲ့ သုံးပတ်အတွင်း မြန်မာနိုင်ငံမှာ အသုံးများတဲ့ Facebook နဲ့ TikTok ကို ကျနော် စောင့်ကြည့်လေ့လာခဲ့ရာမှာ “ဘင်္ဂါလီခိုးဝင်” တွေကို နှင်ထုတ်ဖို့၊ မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မှတ်ပုံတင်တွေ စစ်ဆေးဖို့၊ အိမ်ထောင်စုစာရင်းနဲ့ ဧည့်စာရင်းတွေ စစ်ဆေးဖို့ လှုံ့ဆော်ထားတဲ့ ပို့စ်တွေ ရာနဲ့ချီ တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေကို ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိကြောင်း ငြင်းဆိုပေးဖို့ ဖိအားပေးခြိမ်းခြောက်တာတွေ ရှိနေပါတယ်။ အဲဒီလို မငြင်းဘူးဆိုရင် မွတ်ဆလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်မယ်ဆိုတဲ့ လှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။

ICJ စီရင်ချက်မချခင် နိုဝင်ဘာ ၁၀ ရက်နေ့မှာ “ခိုးဝင်” ဆိုတဲ့ စကားလုံးဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ လွှတ်တော်ထဲအထိ ရောက်လာခဲ့ပါတယ်။ ဘူးလက်လှဆွေလို့ လူသိများတဲ့ လွှတ်တော်အမတ် ဦးလှဆွေက အာရက္ခတပ်တော် (AA) ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အထောက်အထားမဲ့ ခိုးဝင်သူတွေ ဝင်ရောက်ခွင့်ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။


Website မှာ ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/11/28/417937.html
👍24👎12❤8😱3😭1
👎22❤4👍1😭1
👎23❤4👍1😭1
ကျားဖြန့်နှင့် အာဆီယံအရေး ပူးပေါင်းဖို့ ကမ္ဘောဒီးယားနှင့် သဘောတူ

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်မည့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေး တက်ရန် ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ တွေ့ဆုံစဉ် ကျားဖြန့်အရေး(အွန်လိုင်းငွေကြေးလိမ်လည်မှုများ)နှင့် အာဆီယံသို့ မြန်မာပုံမှန်ပြန်ပါဝင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က အာဆီယံထိပ်သီး အစည်းအဝေး၌ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆွေးနွေးပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ အာဆီယံပဋိညာဉ်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း ခွဲခြားဆက်ဆံခံရမှုကို နိုင်ငံရေးဂုဏ်သိက္ခာအရ လက်ခံနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် ကျားဖြန့်များသည် နှစ်နိုင်ငံစလုံးအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး အမြစ်ပြတ်တိုက်ဖျက်သွားရန် လိုကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အမေရိကန်နိုင်ငံ FBI တို့အကြား သတင်းအချက်အလက်ဖလှယ်၍ ပူးပေါင်းဆောင်ရွက်လျက် ရှိသကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း ပူးပေါင်းတိုက်ဖျက်လိုကြောင်း ၎င်းက ဆိုသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ကျားဖြန့်တိုက်ဖျက်ရေးသည် နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပြီး သတင်းအချက်အလက်ဖလှယ်၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံတွင် မြန်မာနိုင်ငံအပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်နိုင်ရေး မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားစေလိုကြောင်း ပြောသည်။

ထို့ပြင် နှစ်နိုင်ငံစစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်ရေး၊ သင်တန်းသားများနှင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးအပြင် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ-MOFA

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎33❤5👍5😁5😭1
၂၀၂၆ ခုနှစ် ဇွန်လက ဧရာဝတီမှာ ရေးထားတဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင် မိသားစု စီးပွားရေး လုပ်ငန်းများ အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/06/12/413939.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍28👎4😁2😭1
အီလွန်မတ်စ် (Elon Musk) က အမေရိကန် ကလေးတိုင်းကို SpaceX ရဲ့ ရှယ်ယာ ၂ ခုစီ ပေးမယ်လို့ ကတိပြု…


Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/28/417940.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍32❤5😁5😱1
😭29😁5😱5👎3❤1
😭32😱4😁3❤1👎1
မိုးဗြဲမှာ မင်္ဂလာပွဲပြင်နေစဉ် ဗုံးကြဲသဖြင့် ၁၁ ဦး သေဆုံး ၂၀ ကျော် ဒဏ်ရာရ

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်အစပ် မိုးဗြဲမြို့နယ် အနောက်ခြမ်းရှိ လကျီလုံကျေးရွာ၌ မနက်ဖြန်တွင် ပြုလုပ်မည့် မင်္ဂလာပွဲအတွက် ပြင်ဆင်နေချိန် ယနေ့ နေ့လယ်က လေကြောင်းဗုံးကြဲသဖြင့် ကလေးငယ်များအပါအဝင် ၁၁ ဦး သေဆုံးပြီး ၂၅ ဦးကျော် ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။

လေကြောင်းမှ ဗုံးများကြဲချကာ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း၊ မြေပြင်တိုက်ပွဲ မရှိဘဲ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူ ဒေသခံတဦးက ဧရာဝတီကို ပြောသည်။

“တိုက်ပွဲမရှိပါဘူးဗျ၊ ပြည်သူတွေပဲရှိတဲ့ရွာထဲမှာ လာကြဲသွားတာ၊ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်ရင်း လူစုလူဝေးလည်း ဖြစ်နေတော့ တည့်တည့်လာပစ်သွားတာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်ကလည်း ကရင်နီပြည် နန်းမယ်ခုံမြို့နယ် ဟန်သောခူကျေးရွာတွင် မင်္ဂလာအခမ်းအနားအတွက် ပြင်ဆင်နေသည့်နေရာကို ဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပရဟိတလူငယ်တဦး သေဆုံးကာ ကလေး ၆ ဦးနှင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ပုံစာ-ယနေ့ နေ့လယ် လကျီလုံကျေးရွာကို ဗုံးကြဲအပြီး မြင်ကွင်း/ ပေးပို့

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭44👎13❤8😁3😱1
👍35😁7👎4
ဆင်ပေါင်ဝဲ အစုလိုက်သေဆုံးမှုအပြီး စစ်တပ်အား ထောက်ပံ့မှု ဖြတ်တောက်ဖို့ NUG တောင်းဆို

ဧရာဝတီ၊ နိုဝင်ဘာ ၂၈၊ ၂၀၂၆

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အလှူပွဲကျင်းပနေစဉ် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွါးခဲ့ပြီးနောက် စစ်ရေးထောက်ပံ့မှုများ ဖြတ်တောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က နိုင်ငံတကာသို့ ယနေ့ တောင်းဆိုလိုက်သည်။

နိုင်ငံတကာအနေဖြင့် စိုးရိမ်ကြောင်း ထုတ်ပြန်ရုံမျှဖြင့် မရပ်တန့်ဘဲ စစ်တပ်ထံ စီးဆင်းနေသည့် လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ ဒရုန်းနှင့် စစ်ဘက်နည်းပညာထောက်ပံ့မှုလမ်းကြောင်းများကို ပြတ်ပြတ်သားသား ပိတ်ဆို့ရန်နှင့် နိုင်ငံတကာတရားစီရင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည် ဖော်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းထားသည်။

နိုဝင်ဘာလ ၂၆ ရက်က အင်ရုံကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒေသခံများ ရိုးရာအလှူပွဲကျင်းပနေစဉ် စစ်တပ်က ပေါင် (၅၀၀) ဖျက်အားပြင်းဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ကပစ (၈) မှ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်ခြင်းနှင့် ဧကရာဇ်ရွာ ရဲစခန်းမှ အသေခံဒရုန်း (၇) စီးတို့ဖြင့် အချိန်ကိုက် ညှပ်ပူးညှပ်ပိတ် ပူးပေါင်းတိုက်ခိုက်မှုကြောင့် သာမဏေငယ်တပါးအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးနှင့် သရက်ခရိုင်တပ်ရင်းမှ ရဲဘော် ၉ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုအပြီးတွင်လည်း ဒဏ်ရာရလူနာများအား ကယ်ဆယ်ရေး မလုပ်နိုင်စေရန် အင်ရုံကျေးရွာနှင့် အနီးဝန်းကျင်ရှိ နဘဲ့ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခြင်း၊ ကူညီသူများအား အသေခံဒရုန်းများဖြင့် လိုက်လံတိုက်ခိုက်ခြင်း၊ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်းနှင့် ကူညီကယ်ဆယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ဒေသခံ ၄၀၀ ကျော်မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ကယ်ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများ အခက်အခဲများနှင့် ရင်ဆိုင်နေရသဖြင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း အသက်ပေးလိုက်ရသော သာမဏေငယ်၊ ကလေးငယ်များ၊ ရဲဘော်များ၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူများနှင့်ထပ်တူ NUG နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က ဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထားသည်။

လက်ရှိတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများမှ လက်တွေ့ပါဝင်ကျူးလွန်သူများအထိ အရေးယူနိုင်ရေး သက်သေအထောက်အထား စုဆောင်းမှတ်တမ်းတင်နေပြီး ပြည်သူများအနေဖြင့်လည်း လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲလမ်းသဘင်များကို အထူးသတိပြုရှောင်ကြဉ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာကြရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭54👍22❤8😁8👎2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု စနေမှာ စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရဲ့ စစ်အာဏာရှင်ကို အလိုလိုက် အကြိုက်ဆောင်ကြတဲ့ ပညာရှင် ဆိုသူများအကြောင်း ဆောင်းပါးကို တင်ဆက်ထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/28/417909.html
👍35😁2
သံဃာတော်တွေ မီးလောင်တိုက်သွင်းခံရတဲ့နေ့

ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေတဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုဟာ နိုဝင်ဘာ ၂၉ ရက်မှာ ၁၄ နှစ်ပြည့်မြောက်ပါပြီ။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရအာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဟာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်းတုန်းက သံဃာတော်တွေနဲ့ ပြည်သူတွေ ပါဝင်တဲ့ အဲဒီသပိတ်စခန်းတွေကို လောင်ကျွမ်းစေတဲ့ လက်နက်တွေ အသုံးပြုပြီး အင်အားသုံး ဖြိုခွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရမှုကြောင့် သံဃာတော် ၉၉ ပါးနဲ့ ပြည်သူ ၉ ဦး စုစုပေါင်း ၁၀၈ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြရတာပါ။

လက်ပံတောင်းတောင်ဖြစ်စဉ်ဟာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ အာဏာတည်မြဲရေးနဲ့ အကျိုးစီးပွားကို ထိခိုက်လာတဲ့အခါ သံဃာတော်တွေကိုပါ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ဖြစ်ရပ်တွေထဲက တခုသာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာနဲ့ သာသနာတော်ကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်လေ့ရှိကြပေမဲ့၊ လက်တွေ့မှာတော့ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်လာတဲ့အခါ ဘာသာရေးနဲ့ သာသနာကို နိုင်ငံရေးအတွက် အသုံးချတာ၊ သံဃာတော်တွေကိုပါ အကြမ်းဖက်နှိမ်နင်းတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

https://youtu.be/CbWAvyE5On4

#မြန်မာ #ဧရာဝတီ #လက်ပတောင်း #တရုတ် #WhatsHappensInMyanmar
😭27❤10👎2👍1
Media is too big
VIEW IN TELEGRAM
လူမျိုးတုံးသတ်ဖြတ်မှုရဲ့အဓိက တရားခံ

ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၆

ICJ စီရင်ချက်မှာ မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေရဲ့ တာဝန်ရှိမှုကို ဘယ်လိုဖော်ပြထားသလဲ။ အာဏာသိမ်းပြီးနောက် စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက်ရော ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ရနိုင်သလဲ။ အပြည့်အစုံကို အောက် Link မှာ ကြည့်ရှုနိုင်ပါတယ်။

တိုင်းပြည်ကို ကင်ဆာလို လှိုက်စားနေတဲ့ မင်းအောင်လှိုင်
https://youtu.be/PNlMsJ86PG0

#မြန်မာ #မင်းအောင်လှိုင် #စစ်ဗိုလ်ချုပ် #ကြံရာပါ #လွှတ်တော် #Genocide #ICJ #parliament #cancer #Myanmar #MinAungHlaing #military #general #IRWENG
👍36😁6❤3👎1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း

အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး တေးရေး ကိုနေဝင်း (မောင့်လပြည့်ဝန်း) ရဲ့ ပန်းချီဆရာ၊ တေးရေး တေးဆို ခင်ဝမ်း အကြောင်း ဆောင်းပါးကို တင်ဆက် ပေးထားပါတယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/29/417947.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍22❤3😁1