စိတ်ဒဏ်ရာတွေကို မကုစားနိုင်ဘဲ ရှင်သန်နေရတဲ့ မြန်မာတွေ
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
စီးပွားရေးနဲ့ လူမှုရေး ပြိုလဲမှုတွေ၊ နေ့စဉ် မလွဲမသွေ ကြားသိနေရတဲ့ သတင်းဆိုးတွေနဲ့ အာဏာရှင်ရဲ့ဘက်ပေါင်းစုံ ဖိနှိပ်မှုတွေအောက်မှာ မြန်မာပြည်သူတွေဟာ ကြောက်ရွံ့မှု၊ ဒေါသနဲ့ စိတ်ဖိစီးမှုတွေကို ရင်ဝယ်ပိုက်ရင်း နေ့စဉ်ဘဝတွေကို မွန်းကျပ်စွာ ဖြတ်သန်းနေကြရပါတယ်။
အကျပ်အတည်းတခုကို မနည်းဖြေရှင်းနေရချိန်မှာပဲ နောက်ထပ် အခက်အခဲတခုက ဆင့်ကဲရောက်လာတာကြောင့် မြန်မာပြည်သူတွေဟာ ရှေ့တိုးမရ၊ နောက်ဆုတ်မရတဲ့ စီးပွားရေးနဲ့ လူမှုရေး ချောက်ကမ်းပါးကြားမှာ အသက်ရှူကျပ်စွာနဲ့ ချောင်ပိတ်မိနေကြရတာဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဖျားနာရင်တောင် ဆေးဝါးကုသဖို့ မနည်းရုန်းကန်နေရတဲ့ ကာလမှာ စိတ်ကျန်းမာရေးကို ဦးစားပေးဖို့ဆိုတာ အလှမ်းဝေးလွန်းနေတာကြောင့်၊ မြန်မာပြည်သူတွေဟာ သမိုင်းမှာ မကြုံစဖူး အနက်ရှိုင်းဆုံး စိတ်ဒဏ်ရာတွေကို ဘာအကူအညီမှ မရရှိဘဲ အသံတိတ် ရင်စည်းခံနေကြရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
https://youtu.be/VcE1UTUiWkM
#မြန်မာ #ဧရာဝတီ #စိတ်ဒဏ်ရာ #WorldMentalHealthDay #WhatsHappensInMyanmar

YouTube
စိတ်ဒဏ်ရာတွေကို မကုစားနိုင်ဘဲ ရှင်သန်နေရတဲ့ မြန်မာတွေ | The Irrawaddy
စီးပွားရေးနဲ့ လူမှုရေး ပြိုလဲမှုတွေ၊ နေ့စဉ် မလွဲမသွေ ကြားသိနေရတဲ့ သတင်းဆိုးတွေနဲ့ အာဏာရှင်ရဲ့ဘက်ပေါင်းစုံ ဖိနှိပ်မှုတွေအောက်မှာ မြန်မာပြည်သူတွေဟာ ကြောက်ရွံ့မှု၊ ဒေါသနဲ့ စိတ်ဖိစီးမှုတွေကို ရင်ဝယ်ပိုက်ရင်း နေ့စဉ်ဘဝတွေကို မွန်းကျပ်စွာ ဖြတ်သန်းနေကြရပါတယ်။
အကျပ်အတည်းတခုကို…
အကျပ်အတည်းတခုကို…
😭39👍12❤6👎4
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရဲ့ အာဏာရှင် စစ်ဗိုလ်များရဲ့ အရှက်သိက္ခာမဲ့ လုပ်ရပ် ဖြစ်ရပ်များ အကြောင်း ဆောင်းပါးကို တင်ဆက်ထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/10/416942.html

ဧရာဝတီ
ယိုသူမရှက် မြင်သူရှက်
စစ်အာဏာရှင်များသည် အရှက်နှင့် လူလုပ်သူများ မဟုတ်ဘဲ အသက်နှင့် လူလုပ်သူများသာ ဖြစ်… ရဲဘော်၊ အကြပ်နှင့် စစ်ဗိုလ်ငယ်များ အသက်ပင်သေသေ ၎င်းတို့အသက် မသေရေးသည်သာ အဓိက…
👎21👍14🤔3
Media is too big
VIEW IN TELEGRAM
သံလှောင်အိမ်များနဲ့ ပိတ်လှောင်ထားသည့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်က သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ
အောက်တိုဘာ ၁၀၊ ၂၀၂၆
ဒီနေ့ တင်ဆက်ပေးချင်တဲ့ သတင်းကတော့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူသားချင်း မစာနာတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတခု ပိတ်သိမ်းခံရတဲ့ သတင်းပဲ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #kanchanaburi

👎30😱9👍3❤2😭2
တရားသူကြီးဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆု ရအပြီး ICC ကို အမေရိကန် ပိတ်ဆို့မှု စတင်
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
ယခင် တရားသူကြီးတဦး နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပြီး နာရီပိုင်းအတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ဥရောပ မဟာမိတ်များနှင့် သံတမန်ရေးအရ တင်းမာမှုများ မြင့်တက်လာခဲ့သည်။
ICC ဘက်က အမေရိကန်၏ လုပ်ရပ်သည် "တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတကာ တရားဥပဒေ စနစ်၏ အခြေခံမူများကို တိုက်ခိုက်ခြင်း" ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အဖွဲ့ဝင် ၁၂၅ နိုင်ငံအား ခုံရုံးကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ထရမ့်အနေဖြင့် အမေရိကန်နိုင်ငံသားများအား ICC က တရားစွဲဆိုခွင့် ပြုမည်မဟုတ်ကြောင်းနှင့် ICC ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်တန့်စေရန် ငွေကြေးနှင့် အပေးအယူဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုအရေးယူမှုများတွင် ပထမ ၆ လ ယာယီ ကင်းလွတ်ခွင့် ပါဝင်ပြီး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးထားသည်။ အမေရိကန်သည် အစ္စရေး ဝန်ကြီးချုပ် နာသန်ယာဟု အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို ICC က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းနှင့် အမေရိကန် စစ်သည်များအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းတို့အတွက် မကျေမနပ် ဖြစ်ခဲ့သည်။
ဥရောပသမဂ္ဂ (EU) နှင့် မဟာမိတ်နိုင်ငံများက ICC ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။ ICC တရားသူကြီးဟောင်း နာဗီ ပိလေး (Navi Pillay) အား နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်းသည်ပင်လျှင် တိုက်ခိုက်ခံနေရသော နိုင်ငံတကာ တရားဥပဒေစနစ်ကို ထောက်ခံအားပေးကြောင်း ပြသခြင်းဟု နိုဘယ်ကော်မတီက ထုတ်ဖော်ပြောကြားခဲ့သည်။ ICC အရာရှိများသည် အမေရိကန်၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နိုင်ရန် ဘဏ်လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ပြင်ဆင်မှုများကို ကြိုတင်ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။
ကိုးကား။ ။ Reuters သတင်း US imposes sanctions on ICC hours after former judge wins Nobel Peace Prize
ပုံစာ - ICC တရားသူကြီးဟောင်း နာဗီ ပိလေး နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

😁36❤19👍10🤔1😭1
ဟိုက်ပါဆိုးနစ် ဒုံးကျည်များအား ကြားဖြတ်ပစ်ချရေးစနစ် Lockheed Martin မိတ်ဆက်
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
အမေရိကန်ကုမ္ပဏီ Lockheed Martin သည် ဟိုက်ပါဆိုးနစ်နှင့် အဆင့်မြင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ဒီဇိုင်းထုတ်ထားသည့် PAC-3 Edge ကြားဖြတ်ပစ်ချရေး ဒုံးကျည်စနစ်ကို သောကြာနေ့တွင် မိတ်ဆက်ခဲ့ပြီး၊ ၎င်းမှာ အမေရိကန်စစ်တပ်အနေဖြင့် ပေါ်ပေါက်လာနေသော ဝေဟင်ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် စွမ်းဆောင်ရည်များ မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ဖြစ်သည်။
ယူကရိန်းနှင့် အရှေ့အလယ်ပိုင်း ဒေသများရှိ ပဋိပက္ခများအကြား လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များ ဝယ်လိုအား မြင့်တက်လာခြင်းသည် အမေရိကန်၏ လက်နက်လက်ကျန်များကို ယုတ်လျော့စေခဲ့သဖြင့် PAC-3 ဒုံးကျည်များ ထုတ်လုပ်မှုကို တိုးမြှင့်ရန်ဇူလိုင်လတွင် အမေရိကန်ကြည်းတပ်က Lockheed Martin သို့ ဒေါ်လာ ၅၈.၆ ဘီလီယံအထိ တန်ဖိုးရှိသော စာချုပ်တခု ချုပ်ခဲ့သည်။
PAC-3 Edge တွင် Northrop Grumman မှ ထောက်ပံ့ပေးသော ရှာဖွေရေးကိရိယာသစ် (seeker)၊ အဆင့်မြှင့်တင်ထားသော ပျံသန်းမှုထိန်းချုပ်စနစ်များနှင့် အရှိန်မြှင့်ဒုံးမော်တာ (multi-pulse rocket motor) တို့ ပါဝင်သဖြင့်၊ ဟိုက်ပါဆိုးနစ်ဒုံးကျည်များ အပါအဝင် အဆင့်မြင့် ခြိမ်းခြောက်မှုများကို ပိုမိုဝေးကွာသော အကွာအဝေးနှင့် ပိုမိုမြင့်မားသော အမြင့်များတွင် ခုခံတွန်းလှန်နိုင်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကြောင်း Lockheed Martin က ပြောကြားခဲ့သည်။
"ဒါရဲ့ ကုန်ကျစရိတ်ဟာ လက်ရှိ ရှိပြီးသား PAC-3 MSE ရဲ့ ကုန်ကျစရိတ်ဝန်းကျင်လောက်ပဲ ရှိမှာပါ" ဟု Lockheed Martin မှ ဒုံးကျည်နှင့် ပစ်ခတ်မှုထိန်းချုပ်ရေးဆိုင်ရာ ဥက္ကဋ္ဌ Tim Cahill က Reuters သို့ ပြောကြားခဲ့သည်။ "အပြည့်အဝ ထုတ်လုပ်နိုင်တဲ့အခါ နှစ်စဉ် ထုတ်လုပ်မှုနှုန်းဟာ PAC-3 MSE နဲ့ မတိမ်းမယိမ်းဖြစ်ပြီး တနှစ်ကို စီးရေ ၂,၀၀၀ ဝန်းကျင် ရှိလာမှာဖြစ်ပါတယ်"
ဇန်နဝါရီလတွင် Lockheed Martin သည် ၎င်း၏ PAC-3 စနစ် ထုတ်လုပ်မှုကို တိုးချဲ့ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ခုနှစ်နှစ်စာ မူဘောင်သဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ပြီး၊ တနှစ်လျှင် ထုတ်လုပ်မှုစွမ်းရည်ကို မူလ စီးရေ ၆၀၀ ခန့်မှ စီးရေ ၂,၀၀၀ အထိ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။
ကိုးကား။ ။ Reuters သတင်း Lockheed Martin unveils PAC-3 Edge interceptor designed to counter hypersonic threats

👍30❤15
တရုတ်ရဲတပ်ဖွဲ့ရဲ့ ကိုးကန့်ဒေသ ကျားဖြန့်စစ်ဆင်ရေးဟာ ၂၀၂၃ အောက်တိုဘာလ ၁ ရက် UWSA ဒုတိယဦးစီးချုပ် ပိုက်ကျွမ်ဖန်ကို ကူမင်းမြို့မှာ ဖမ်းဆီးရာက စတင်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ မြီမိသားစုပိုင် ကျားဖြန့်နယ်မြေမှာ တရုတ်နိုင်ငံသားတွေ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက်မှာ အထွတ်အထိပ်ရောက်သွားတယ်။ တရုတ်လူမျိုး လေးဦး သတ်ခံရပြီး အလောင်းတွေကို မြီ မိသားစုက မြေမြှုပ်လိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ ၃၁ ရက်မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး မြန်မာပြည်သွားသည့်အခါ မင်းအောင်လှိုင်နဲ့ တွေ့ပြီး မေးမြန်းခဲ့တယ်။
မြန်မာဘက်က တရုတ်ကို အစောပိုင်းက ပြန်ကြားတဲ့စာမှာ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားမရှိဘူးလို့ ငြင်းခဲ့ပေမယ့် တရုတ်ရဲတွေက မြေပုံနဲ့ ဝင်ရှာတဲ့အခါ အလောင်းတွေကို တွေ့ခဲ့တယ်။ တရုတ်က ကိုးကန့်မြီ မိသားစုအဖွဲ့ဝင်တွေကို တရုတ်ဘက်ပို့ပြီး တရားစီရင်ဖို့ တောင်းဆိုခဲ့ပေမယ့် မြန်မာဘက်က သဘောမတူဘဲ မြန်မာပြည်မှာ ဖမ်းဆီး ထိန်းသိမ်းပြီးမှ တရုတ်ကို လွှဲပေးမယ်လို့ဆိုတယ်။ ဒါကို တရုတ်က လက်မခံခဲ့ဘူး။ နောက်ဆုံးမှာတော့ ကိုးကန့်မိသားစု တရားခံတွေကို မြန်မာက တရုတ်ကို လွှဲပေးဖို့ သဘောတူလိုက်ရတယ်။
ဒီဖြစ်စဉ်တွေ ဖြစ်ပေါ်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ညီနောင်သုံးဖွဲ့( MNDAA, TNLA, AA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်မှာ စတင်ခဲ့တယ်။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစပြီး MNDAA နဲ့ TNLA တို့ ဦးဆောင်ပြီး ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ဆမ်၊ မန်တုံ၊ ကုန်းကြမ်း၊ နမ့်ခမ်း အစရှိတဲ့မြို့တွေကို အလျင်အမြန် သိမ်းပိုက်ခဲ့ပြီး လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)လည်း လက်နက်ချခဲ့တယ်။
Website မှာ ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/10/10/416946.html

ကျားဖြန့်၊ ၁၀၂၇ စစ်ဆင်ရေး နဲ့ တရုတ်ဇာတ်ညွှန်း
ဒေါ်စောကျင်က ခုတလော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ တပြိုင်နက်တည်းလိုလို ပေါ်ပေါက်ခဲ့တဲ့ တရုတ်ရဲတပ်ဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်း ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးအကြောင်းတွေကို ရေးသားဖော်ပြနေတာတွေ့ရတယ်။
👍40❤6🤔3😁2
ရွှေဗျိုင်းဖြူ ကုမ္ပဏီ၏ ခရိုနီ ဦးသိန်းဝင်းဇော် သမီးအား ပိတ်ဆို့အရေးယူမှု အမေရိကန် ရုပ်သိမ်းပေး
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ကို ကူညီပံ့ပိုးပေးနေသည်ဟု စွပ်စွဲခံထားရသော ရွှေဗျိုင်းဖြူ ကုမ္ပဏီ တည်ထောင်သူ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အား ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ယမန်နေ့က ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
၂၀၂၄ခုနှစ်က အမေရိကန်တွင် ကျောင်းတက်နေသူ မသိမ့်ဝင်းထက်က ၎င်းအား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားပေးရန် ရှေ့နေဌားကာ ကိုလံဘီယာဒေသဆိုင်ရာ အမေရိကန် ခရိုင်တရားရုံး၌ တရားစွဲဆို လျှောက်ထားခဲ့ပြီးနောက် ယခုကဲ့သို့ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။
၂၀၂၁ ခုနှစ်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များကို ဖြုတ်ချခဲ့သည့် စစ်ဗိုလ်ချုပ်များကို သီးခြားခွဲထုတ်ထားရန် ကျင့်သုံးခဲ့သည့် အမေရိကန်၏ မူဝါဒကို ပြောင်းလဲ၍ ထရမ့်အစိုးရအဖွဲ့သည် မြန်မာစစ်အစိုးရနှင့် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့ပြီးနောက် ယခုအရေးယူမှု ရုပ်သိမ်းသည့် အခြေအနေ ထွက်ပေါ်လာခြင်းဖြစ်သည်။
အာဏာသိမ်းမှုအပြီးတွင် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် မြန်မာစစ်ဘက် ထိပ်တန်းအရာရှိများနှင့် ၎င်းတို့အား ကူညီပံ့ပိုးပေးနေသည်ဟု စွပ်စွဲထားသည့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုဝင်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပိတ်ဆို့အရေးယူခဲ့ခြင်း ဖြစ်သည်။
မသိမ့်ဝင်းထက်က SDN စာရင်းမှ ဖယ်ရှားပေးရန် ဘိုင်ဒင်အစိုးရအဖွဲ့ကို တရားစွဲဆိုခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပယ်ချခံခဲ့ရသည်။
ထရမ့်အစိုးရတက်ပြီးနောက် ယခုနှစ် ဇူလိုင်လတွင် ၎င်းက တရားစွဲဆိုမှု အသစ်တခု ထပ်မံတင်သွင်းခဲ့ပြီး ဖခင်ဖြစ်သူ၏ စီးပွားရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း မရှိကြောင်း၊ ထို့ပြင် ပိတ်ဆို့အရေးယူမှုများကြောင့် နယူးယောက်တက္ကသိုလ် (NYU) မှ ဘွဲ့ရရှိခဲ့ပြီး ကိုလံဘီယာတက္ကသိုလ် (Columbia University) တွင် မဟာဘွဲ့သင်တန်း တက်ရောက်နေသည့် ၎င်း၏ ပညာသင်ကြားရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ပညာရေးကို ပြီးဆုံးအောင် သင်ကြားနိုင်ခြင်း မရှိခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
မသိမ့်ဝင်းထက်က ယခုအခါ ဘန်ကောက်တွင် မိခင်ဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိကြောင်း တရားစွဲဆိုချက်၌ ပြောကြားထားပြီး သူမ၏ မိခင်ဖြစ်သူမှာမူ လွန်ခဲ့သောနှစ်က ပိတ်ဆို့အရေးယူမှု စာရင်းမှ ဖယ်ရှားခံခဲ့ရပြီး ဖြစ်ကြောင်း သတင်းက ဆိုသည်။
ထရမ့်အစိုးရသည် စစ်တပ်ကို ကူညီပေးမှုဖြင့် ပိတ်ဆို့အရေးယူခံထားရသော မြန်မာနိုင်ငံသား တချို့နှင့် ကုမ္ပဏီတခုတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎54😁8❤5
အမေရိကန်က နေပြည်တော်ခရီးမှာ အာဏာသိမ်းသမ္မတကို အချက် ၅ ချက် တောင်းဆိုခဲ့
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
သမ္မတထရမ့် အစိုးရအဖွဲ့၏ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ထောက်လှမ်းရေးနှင့် သုတေသနဗျူရို လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်ဗန့်စ်က စက်တင်ဘာ နေပြည်တော်ခရီးစဉ်၌ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ကျားဖြန့်နှိမ်နင်းရေးအပါအဝင် အဓိက အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
မိုက်ကယ် ဗန့်စ်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၅ နှင့် ၁၆ ရက်တွင် နေပြည်တော်သို့သီးသန့်လေယာဉ်ဖြင့် ရောက်လာကာ မင်းအောင်လှိုင်နှင့် တွေ့စဉ် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများ(ကျားဖြန့်) ဖြိုခွင်း ရန်၊ အကြမ်းဖက်မှုများ လျှော့ချရန်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန်၊ နိုင်ငံရေး အကျဉ်းသား များ လွှတ်ပေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများ အကန့်အသတ်မရှိပေးနိုင်ရန်တို့ကို တောင်းဆိုခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်က ပြောသည်။
အလားတူ အာဏာသိမ်းအစိုးရဘက်ကလည်း အမေရိကန်အစိုးရနှင့် သင့်လျော်သော အဆင့်တခုတွင် တရားဝင်ထိတွေ့ ဆက်ဆံမှု ပြုလုပ်ခွင့်ရရှိရေး တောင်းဆိုခဲ့ကြောင်း သိရသည်။
ယခုမိုက်ကယ် ဗန့်စ်၏ခရီးစဉ်သည် စစ်အာဏာသိမ်းမှုကြောင့် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်အုပ်စုအပေါ် အမေရိကန်အစိုးရ၏ တရားဝင် ပြန်လည် ထိတွေ့ဆက်ဆံမှု ဖြစ်လာပြီး ဆက်လက်ထိတွေ့ဆက်ဆံမှုများအတွက် လမ်းဖွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ဗန့်စ်သည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ဆက်သွယ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စက်တင်ဘာခရီးစဉ်မတိုင်မီ ဇွန်လအတွင်းကလည်း အမေရိကန်အရာရှိများသည် ဂျပန်နိုင်ငံတွင် ကျားဖြန့်နှိမ်နင်းရေးဆိုကာ မြန်မာစစ်ဘက် အရာရှိများနှင့် လျှို့ဝှက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်ဆုံး ထိတွေ့ဆက်ဆံမှုဖြစ်သည့် စက်တင်ဘာလအစည်းအဝေးသည် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒမှာ ဒီမိုကရေစီမြှင့်တင်ရေးထက် အပြန်အလှန်အကျိုးအမြတ်အပေါ် အခြေခံသည့် အကျိုးတူ ဆက်ဆံရေး ဘက်သို့ ပိုမိုယိမ်းယိုင်လာသည်ကို မီးမောင်းထိုးပြနေသည်၊၊
နေပြည်တော်ခရီးစဉ်၏ အရေးကြီးအစိတ်အပိုင်းတခုအနေဖြင့် စစ်အုပ်စုဖမ်းဆီးထားသည့် အမေရိကန်စီးပွားရေး လုပ်ငန်းရှင် အာဒမ် ကတ်စတီလိုအား လွတ်မြောက်စေခဲ့သော်လည်း စစ်အုပ်စုခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုမှ သည် မြေရှားသတ္တုလုပ်ငန်းအပါအဝင် ပိုမိုကျယ် ပြန့်သည့် ထိတွေ့ဆက်ဆံမှုများအထိ ဦးတည်သွားနိုင်ကြောင်း ရိုက်တာသတင်းက ဆိုသည်။
အမေရိကန်နိုင်ငံသားများကို ဦးတည်လိမ်လည်နေသည့်အတွက် ထရမ့်အစိုးရက နှိမ်နင်းလိုသော ကျားဖြန့်ဆိုက်များမှာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် စစ်တပ် လက်အောက်ခံနယ်ခြားစောင့်တပ်များ ထိန်းချုပ်ရာ နေရာ များတွင် ရှိကာ မြေရှားသတ္တုမှာမူ အာဏာသိမ်းအစိုးရ မထိန်းချုပ်နိုင်သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိန်းချုပ်မှုအောက်၌ ရှိနေသည်။
“ထရမ့်အစိုးရ၏ မြန်မာစစ်အုပ်စုအပေါ် မူဝါဒအပြောင်းအလဲသည် အလွန်အန္တရာယ်ကြီးမားသော ဆုံးဖြတ်ချက်ဖြစ်သည်” ဆိုသော Council on Foreign Relactions (CFR) တွင် အောက်တိုဘာ ၈ရက်က ဖော်ပြသည့် အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick ၏ ဆောင်းပါးတွင် ဝါရှင်တန်သည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုနောက်ကွယ်၌ နည်းပညာနှင့် ကာကွယ်ရေးကဏ္ဍများအတွက် အရေးပါသော မြေရှားသတ္တုရရှိရေး ရည်မှန်းချက်ပါဝင်သည်ဆိုသော်လည်း ထိုသတ္တုတွင်းအများစုသည် တရုတ်နယ်စပ်အနီး (ကချင်နှင့် ရှမ်း/ဝ ဒေသများ) တွင် တည်ရှိပြီး ဘေဂျင်း၏ သြဇာလွှမ်းမိုးမှုအောက်တွင်သာ အပြည့်အဝ ရှိနေရာ အမေရိကန်ကုမ္ပဏီများအနေဖြင့် အဆိုပါသတ္တုများကို လက်တွေ့တူးဖော်ရယူနိုင်ရန် မဖြစ်နိုင်သလောက် ခက်ခဲလှသည်ဟု ဆိုထားသည်။
စစ်အုပ်စုသည် ရုရှား၊ တရုတ်၊ အီရန်၊ ဘီလာရုစ် စသည့် မဟာမိတ်အာဏာရှင်များထံမှ စစ်လက်နက်၊ နည်းပညာနှင့် ရန်ပုံငွေများ ရရှိနေခြင်းကြောင့် ခုခံတွန်းလှန်နေသည့် ပြည်သူများကို ဆက်လက်ဖိနှိပ်တိုက်ခိုက်နိုင်ရာ ထိုအခြေအနေတွင် ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်သောအမေရိကန်က စစ်အုပ်စုနှင့် လက်တွဲလိုက်ခြင်းသည် "အာဏာရှင်အချင်းချင်း ပူးပေါင်းပါက ဒီမိုကရေစီနိုင်ငံများက အလျှော့ပေးရသည်" ဟူသော အလွဲသတင်းစကားကို တကမာ္ဘလုံးသို့ ပြသလိုက်ခြင်းဖြစ်ကြောင်း Joshua Kurlantzick က ထောက်ပြထားသည်။
မင်းအောင်လှိုင်သည် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး၊ အဆိုပါ အာဏာသိမ်းမှုသည် လူပေါင်း တသိန်းကျော် သေဆုံးကာ တိုင်းပြည်ကို အရာရာ ပျက်စီးယိုယွင်းနေသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သော အာရှတွင် အဆိုးရွားဆုံး ဖြစ်သည့် ပြည်တွင်းစစ်ဆီသို့ ဦးတည်သွားစေခဲ့ကြောင်းလည်း ပြောသည်။
ထို့ပြင် မင်းအောင်လှိုင်သည် အမေရိကန်အစိုးရက လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်

👍22❤11😁4
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် စစ်ပွဲကာလအတွင်း အရပ်ဘက် ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း အပါအဝင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် မူဝါဒကိုလည်း အုပ်ချုပ်ညွှန်ကြားခဲ့သူ ဖြစ်ပြီး လက်ရှိ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအောက်တွင် ဆက် ရှိနေဆဲဖြစ်သော်လည်း ယခုကဲ့သို့ မူဝါဒ အပြောင်းအလဲများသည် အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်စဉ်းစားသုံးသပ်နိုင်ကြောင်း ပြသနေသည်ဟု ၎င်းက ပြောသည်။
ထိုသို့ အာဏာသိမ်းအစိုးရနှင့် အမေရိကန်အစိုးရ ထိတွေ့မှုအပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “နေပြည်တော်နဲ့ လက်ရှိအမေရိကန်တာဝန်ရှိသူတွေက တိုက်ရိုက်ထိတွေ့မှုတွေ လုပ်နေတယ်ဆိုတာက တော်တော်စောစောကတည်းက သူတို့(အမေရိကန်) ကျမတို့ကိုပြောထားပြီးသားဖြစ်ပါတယ်၊ ဒီအပေါ်မှာလည်း အကောက်အယူတွေမလွဲဖို့ပေါ့၊ အသိအမှတ်ပြုလိုက်တာမဟုတ်ဘူး၊ ပုံမှန် Normalization လုပ်လိုက်တာမဟုတ်ဘူး၊ ဒါပေမယ့် အမေရိကန်အစိုးရက လက်တွေ့ကျတဲ့အကျိုးစီးပွားတွေအတွက် ထိတွေ့ဆက်ဆံလို့ရတဲ့သူတွေအားလုံးနဲ့ ထိတွေဆက်မယ်ဆိုတဲ့ဟာကို ကျမတို့ကိုရှင်းလင်းပြောကြားပြီးဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
သမ္မတရာထူးရယူပြီးချိန်မှစ၍ အနောက်အုပ်စု၏ အသိအမှတ်ပြုမှုကို လိုလားနေသော မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အမေရိကန်၏ ပူးပေါင်းကူညီမှုကို လိုလားကြောင်း ဩဂုတ်လ ၂၈ ရက် TIME မဂ္ဂဇင်းနှင့် အင်တာဗျူး၌ ဖြေကြားထားသလို အမေရိကန်နှင့် ဆက်ဆံရေးတည်ဆောက်ရန် McKeon Group၊ DCI Group တို့ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆ သန်းတန်ဖိုးရှိသော စာချုပ်များဖြင့် ငှားရမ်းထားကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/10/416952.html

အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick ၏ ဆောင်းပါးတွင် ဝါရှင်တန်သည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုနောက်ကွယ်၌ နည်းပညာနှင့် ကာကွယ်ရေးကဏ္ဍများအတွက် အရေးပါသော မြေရှားသတ္တုရရှိရေး ရည်မှန်းချက်ပါဝင်သည်ဆိုသော်လည်း ထိုသတ္တုတွင်းအများစုသည်…
👍34🤔7😁6❤3
Media is too big
VIEW IN TELEGRAM
ရုရှားက မြန်မာနိုင်ငံသားတွေကို စစ်အင်အားစုဆောင်းနေ
ယူကရိန်းနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ ရုရှားနိုင်ငံမှာ စစ်သားလိုအပ်ချက် မြင့်တက်နေချိန် မြန်မာနိုင်ငံသားတွေကိုပါ စစ်မှုထမ်းဖို့ အွန်လိုင်းကနေတဆင့် တိုက်ရိုက်ဖိတ်ခေါ်စုဆောင်းနေတာကို တွေ့ရပါတယ်။
workinrussia2025 နဲ့ workinrussia2026 ဆိုတဲ့ website နှစ်ခုမှာ ရုရှားစစ်တပ်မှာ စာချုပ်နဲ့တကွ စစ်မှုထမ်းဖို့ မြန်မာဘာသာနဲ့ပါခေါ်ယူနေတာဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကနေ အသက် ၆၀ ကြားရှိ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အမျိုးသားတွေကို ခေါ်ယူ နေတာဖြစ်ပြီး စစ်ရေးအတွေ့အကြုံမလိုအပ်ဘူးလို့လည်းဖော်ပြပါတယ်။ အဲဒီဝက်ဆိုက်မှာ ရုရှား၊ အင်္ဂလိပ်၊ ကာဇက်၊ ဥဇဘက်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ အာရဗီဘာသာစကားတွေအပါအဝင် ဘာသာ စကား ၉ မျိုးနဲ့ ဖော်ပြထားတာကိုတွေ့ရပါတယ်။
#မြန်မာ #ဧရာဝတီ #ရုရှား #စစ်မှုထမ်း #မြန်မာဘာသာ #စစ်တပ် #စစ်သား #WhatsHappeningInMyanmar

👎41❤5👍5🤔3😭2
စစ်အုပ်စုသည် နယ်စပ်ကုန်သွယ်ရေးကို နေရာအနှံ့၌ ပိတ်ထားသော်လည်း ကေအိုင်အေ ထိန်းချုပ်ရာ ကန်ပိုင်တည်မှ ဝင်ထွက်သည့် ကုန်စည်များကို ဝိုင်းမော်မှ ဂိတ်ဖွင့်၍ တရားဝင် အသိအမှတ်ပြု တင်သွင်းခွင့် ပေးထား၏။ စစ်အုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ ရန်ပုံငွေရမည်စိုး၍ အခြား တရုတ်နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားသော်လည်း မြစ်ကြီးနားဒေသမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့မှု ခံနေရသဖြင့် နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ပေးထားရခြင်း ဖြစ်ပုံရ၏။
စစ်အုပ်စုသည် ကျန်ဒေသများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဌာနချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို ဗုံးကြဲတိုက်ခိုက်သော်လည်း တရုတ်နယ်စပ်အနီး ကေအိုင်အေ လိုင်ဇာဌာနချုပ်အား လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင်သည်မှာ ကြာပြီဖြစ်၏။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ရေကြောင်းထောက်ပို့သင်္ဘောများ အထိနာပြီး လိုင်ဇာသို့ လေကြောင်းမှ ကင်းထောက်ပျံသန်းခဲ့သော်လည်း တရုတ်ဘက်မှ သတိပေးပစ်ခတ်ခြင်း၊ လေယာဉ်များ ပျံသန်းစောင့်ကြည့်ခြင်းများ ပြုလုပ်သည်ကို တွေ့ရပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်သည်ကို မတွေ့ရပေ။
ထို့ပြင် ပန်ဝါဒေသရှိ မြေရှားသတ္တု ထုတ်လုပ်သည့်နေရာများကိုလည်း လေကြောင်းမှ လုံးဝတိုက်ခိုက်သည်ကို မတွေ့ရပေ။ ယခင် ပန်ဝါဒေသမှ ဇခုံတိန့်ယင်းနှင့် ပြည်သူ့စစ်အဖွဲ့မှာ စစ်အုပ်စုနှင့် လာရောက်ပူးပေါင်းနေသည်ဖြစ်ရာ မြေရှားတူးဖော်သည့် နေရာအတိအကျ မသိစရာ မရှိပေ။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/10/10/416955.html

ပိတ်ဆို့ခံ ကချင်စစ်မျက်နှာနှင့် စစ်အုပ်စု၏ အကန့်အသတ်များ
ကချင်စစ်မြေပြင်တွင် ယခုအခါ ဧရာဝတီအရှေ့ခြမ်း နယ်မြေအများစု လွတ်မြောက်နေပြီဖြစ်သည်ကို တွေ့မြင်နိုင်၏။ မြောက်ဘက် ခေါင်လန်ဖူးအနီးမှ တောင်ဘက် ရွှေကူအနီးထိ နယ်မြေအများစုကို ကေအိုင်အေနှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားနိုင်၏။
👍36❤6🤔2
Media is too big
VIEW IN TELEGRAM
တိုင်းရင်းသားစာတွေကို တရုတ်စာပြောင်းလို့ MNDAA ကို ရှမ်းအဖွဲ့တွေ သတိပေး
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ရှမ်းပြည်နယ်မြောက်ပိုင်းက ထိန်းချုပ်မြို့တွေမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ စာပေနဲ့ ယဉ်ကျေးမှုအမှတ်အသားတွေကို ဖယ်ရှားနေတာဟာ တရုတ် အတွက်လည်း ပြဿနာဖြစ်လာစေနိုင်တယ်လို့ ရှမ်းအရပ်ဘက်အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
MNDAA အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့ သိန္နီ၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တွေမှာ ရှမ်း၊ တအာင်းနဲ့ မြန်မာစာပေ တွေကို ဖယ်ရှားတာ၊ သမိုင်းဝင်အမွေအနှစ်တွေကို လျစ်လျူရှုတာနဲ့ အသွင်သဏ္ဌာန်ပြောင်းလဲတာတွေအပြင် တရုတ်နိုင်ငံရဲ့ အုပ်ချုပ်ရေးပုံစံနဲ့ ငွေကြေးစနစ်တွေကိုပါ အတင်းအကျပ် သွတ်သွင်းနေတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #စာပေ #ယဉ်ကျေးမှု #တိုင်းရင်းသား #ရှမ်း #တအာင်း #သမိုင်းဝင် #တရုတ် #MNDAA #WhatsHappeningInMyanmar

👍43❤3😱3😁1
Media is too big
VIEW IN TELEGRAM
မြေရှားမိုင်းတွေ တူးကြတော့မယ်ဆိုရင်
အောက်တိုဘာ ၁၀၊ ၂၀၂၆
ကချင်က ထွက်နေတဲ့ မြေရှားဟာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံရှိပြီး အခုဆို ရှမ်းပြည်ထဲမှာပါ မြေရှားသတ္တုတူးဖော်ရေးမိုင်းတွင်းတွေ ပျံ့နှံ့လာနေပါပြီ။ တရုတ်-မြန်မာနယ်စပ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေအကြောင်း ချင်းမိုင်တက္ကသိုလ်မှာ ပါရဂူဘွဲ့ယူ စာတမ်းရေးနေတဲ့ ကချင်သုတေသီ ကိုဆိုင်းလီရဲ့ ဆွေးနွေးသုံးသပ်ချက် အစအဆုံးကို အောက်ကလင့်တွေမှာ ကြည့်ရှုနားဆင်နိုင်ပါတယ်။
အသံသီးသန့် နားဆင်လိုရင် အောက်က လင့်တွေကို နှိပ်ပါ။
Buzzsprout : https://bit.ly/4jfd8Rk
Apple Podcasts : https://apple.co/4AZNmXp
Spotify : https://bit.ly/3VXBntq
ရုပ်သံအင်တာဗျူးကို ကြည့်လိုရင် အောက်က လင့်ကို နှိပ်ပါ။
https://www.youtube.com/watch?v=SaLVej3Vwgg&t=80s
#ဧရာဝတီ #မြေရှားသတ္တု #တရုတ် #KIA #WhatsHappensInMyanmar

👍35❤5😱1😭1
ရခိုင်စစ်ရေးအခြေအနေ ဖက်ဒရယ်ကောင်စီနှင့် တွေ့ဆုံစဉ် AA ရှင်းလင်း
ဧရာဝတီ၊ အောက်တိုဘာ ၁၀၊ ၂၀၂၆
အာရက္ခတပ်တော် (AA) နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)တို့ အောက်တိုဘာ ၈ ရက်တွင် အွန်လိုင်းမှ ဒုတိယအကြိမ်တွေ့ဆုံပြီး အာရက္ခဒေသအတွင်း စစ်တပ်၏ လက်ရှိ ထိုးစစ် အခြေအနေများကို AAဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရှင်းလင်းပြောဆိုခဲ့ကြောင်း SCEFက ယနေ့ ထုတ်ပြန်သည်။
နှစ်နာရီခန့်ကြာတွေ့ဆုံဆွေးနွေးပွဲတွင် SCEF အတွင်းရေးမှူးအဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ကောင်စီအလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခဲ့သလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ ဒု-ဥက္ကဋ္ဌ(၁) ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ထိပ်ပိုင်းခေါင်းဆောင်အချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့အနီး၊ အိန္ဒိယဈေး နှင့် ကစ္ဆပနဒီတံတားအား စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၅၀)ဦး သေဆုံးပြီး (၅၇)ဦး ဒဏ်ရာရရှိသောဖြစ်စဉ်အပေါ် အာရက္ခပြည်သူများနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် အာရက္ခပြည်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပြည်သူ့ကျန်းမာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
SCEF မှလည်း လက်ရှိလုပ်ဆောင်နေသော အကြောင်းအရာများထဲမှ ဖြစ်ပေါ်တိုးတက်မှု၊ လုပ်ငန်းစဉ်တချို့ နှင့် နိုင်ငံရေးမျှော်မှန်းချက်တချို့ အသိပေးခြင်းအပြင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်း အခြေအနေများအပေါ် အပြန်အလှန်ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ AA အပါအဝင် နွေဦးတော်လှန်ရေးတပ်များအပါအဝင် တပ်ဖွဲ့ပေါင်း ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) ၏ ဒုတိယအကြိမ်ညီလာခံကို ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်ထိ ကျင်းပခဲ့ပြီး SCEF ကိုယ်စား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ၊ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ SRA ဦးဆောင်ကော်မတီဝင်များ ၊ SRA အဖွဲ့ဝင် အဖွဲ့အစည်းများမှ တပ်မှူးများနှင့် လေ့လာသူများ စုစုပေါင်း ၉၅ တို့တက်ရောက်ခဲ့ကြောင်း SRA က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
ထိုဒုတိယအကြိမ် ညီလာခံအစည်းအဝေးတွင် တပ်ပေါင်းစု၏ လုပ်ငန်းများပိုထိရောက်မြန်ဆန်စေရန်နှင့် စီမံခန့်ခွဲမှုအားကောင်းစေရန် ဦးဆောင်ကော်မတီအတွင်းရေးမှူးအဖွဲ့ကို အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁ နှင့် တွဲဖက်အတွင်းရေးမှူး၂ တို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး SRA တပ်ပေါင်းစုသည် စစ်ရေးတခုတည်းမဟုတ်ဘဲ နိုင်ငံရေးအရပါစုဖွဲ့ထားခြင်းဖြစ်ရာ တပ်ပေါင်းစု ဦးဆောင်ကော်မတီသည် စစ်ရေး၊ နိုင်ငံရေး မူဝါဒဦးဆောင်အဖွဲ့ဖြစ်သည်ဟု ညီလာခံ၌ အတည်ပြုခဲ့သည်။
၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်၌ စတင်ဖွဲ့စည်းခဲ့သည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA တွင် AA ထံ၌ စစ်ပညာ သင်ယူခဲ့သည့်တပ်များနှင့် မဟာမိတ်အဖြစ်တိုက်ပွဲဝင်နေသည့်တပ်များအပါအဝင် ၁၉ ဖွဲ့ပါဝင်သည်။
နွေဦးတော်လှန်ရေး၏ လွှမ်းခြုံကွပ်ကဲမှုနှင့် ချိတ်ဆက်မှု အားနည်းချက်များကို ပြင်ဆင်ပြီး ခိုင်မာကျယ်ပြန့်သော မဟာမိတ်တပ်ပေါင်းစုအသွင်ဖြင့် စစ်ရေးရည်မှန်းချက်များဖောင်ဆောင်သွားမည်ဟု အသိပေးထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု SRA သည် စတင်ဖွဲ့စည်းခဲ့ပြီးနောက် စစ်ဒေသ ၃ ခုနှင့် ဌာနတချို့ ဖွဲ့စည်းထားပြီး AA နည်းပြများဖြင့် စစ်ပညာသင်တန်း အပတ်စဉ် ၁ ဖွင့်လှစ်ပြီး ဖြစ်သည်။
SRA စတင်ဖွဲ့စည်းခဲ့ချိန်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်သည့်တပ်များဖြစ်သောကြောင့် NUG PDF များနှင့် စင်ပြိုင်တပ်ပေါင်းစုအဖြစ် ဝေဖန်မှု များရှိခဲ့သော်လည်း SRA သည် NUG၊ SCEF တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို ယခင်ညီလာခံတွင် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ NUG နှင့် SCEF တို့တက်ရောက်ခဲ့၍ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမဟာမိတ်ဖြစ်လာနိုင်သည်ဟုလည်း သုံးသပ်နေကြသည်။
ဓာတ်ပုံ-သူပုန်ဖြူ Team

❤40👍22😁5👎1