The Irrawaddy - Burmese
✔
75K subscribers
38.7K photos
2.5K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ထိုင်းနိုင်ငံရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေး တာဝန်ရှိသူတွေဟာ Chachoengsao ပြည်နယ်က ဂိုထောင် ၃ ခုမှာ ညစ်ညမ်း နေတဲ့ စက်ရုံစွန့်ပစ်ပစ္စည်း တန် ၆၀၀၀ ခန့်ကို တွေ့ရှိခဲ့…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/22/417806.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍19😱8😁2🤔1
👍41😁5
ICJ ဆုံးဖြတ်ချက် စစ်အုပ်စု ပယ်ချမှု ကုလ လုံခြုံရေးကောင်စီသို့ တင်ပြမည်ဟု ပြင်သစ် ဆို

ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆

၂၀၁၇ ခုနှစ် အတွင်း ရိုဟင်ဂျာများ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်ထားသည့်ဆုံးဖြတ်ချက်ကို အာဏာသိမ်းအစိုးရက ပယ်ချခဲ့ပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားသည်။

ICJ ၏ ဆုံးဖြတ်ချက်များသည် အပြီးသတ် အတည်ဖြစ်ပြီး အမှုတွင် ပါဝင်သည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာ ဥပဒေနှင့်အညီ မဖြစ်မနေ အပြည့်အဝ လိုက်နာ အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးထားသည်။

ထို့ပြင် သက်ဆိုင်ရာ နိုင်ငံတနိုင်ငံက ICJ ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ ဆုံးဖြတ်ချက်များ အသက်ဝင်လာစေရန် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရေး ကုလ လုံခြုံရေးကောင်စီထံ တင်ပြ တောင်းဆိုနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အာဏာသိမ်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ICJ ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် မျှတမှု မရှိဟု ဆိုကာ ပယ်ချခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ICJ တွင် မတရား စွပ်စွဲခံခဲ့ရခြင်းဖြစ်ပြီး အမှုနှင့် ပတ်သက်၍ စနစ်တကျ ဖြေရှင်း တင်ပြခဲ့သည့်အပြင် တရားရုံး၏ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း နိုင်ငံတကာ စံနှုန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍55❤17😁6
👍15😁9😭1
မြန်မာ၊ တရုတ်၊ ထိုင်း မြစ်ရေ ညစ်ညမ်းမှု ဆွေးနွေးမည်

ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများအတွင်း အဆိပ်အတောက်များဖြင့် ညစ်ညမ်းမှုပြဿနာဖြေရှင်းနိုင်ရန် တရုတ်နှင့် မြန်မာနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အမျိုးသား ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ပါးသက်သာစေရေး ကွပ်ကဲမှုအဖွဲ့ အစည်းအဝေးအပြီး ဒု ဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီး ယော့ချာနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) က ကြေညာသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်နှင့် မြန်မာ (အာဏာသိမ်းအစိုးရ) တို့ကို ဆက်သွယ်ထားပြီးဖြစ်ကာ လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် နှစ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးအဆင့်ဆွေးနွေးပွဲလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ၂၅ ရက်မှ ၂၆ ရက်အထိ ဆွေးနွေးပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးပြုလုပ်မည့်အပေါ် တရုတ် သမ္မတ ရှီကျင့်ဖျင်ကလည်း ထိုင်းနိုင်ငံ၏ စိုးရိမ်ပူပန်မှုကို သိရှိကြောင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖြေကြားထားသည်။

ထို့ပြင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းနှင့် ထိုင်းနိုင်ငံကို ဖြတ်သန်း သယ်ယူခြင်းများကို ကန့်သတ်ရန် ထိုင်းအစိုးရက စီစဉ်လျက် ရှိကြောင်းဆိုသည်။

နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အတွင်း ချင်းရိုင်ဒေသသို့ မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ကာ ဒီဇင်ဘာ ၁၅ ရက် မတိုင်မီ ညစ်ညမ်းမှု အန္တရာယ်ကို စိမ်း၊ ဝါ၊ နီ အဆင့် ခွဲခြားထားသည့် မြေပုံ တခု ရေးဆွဲသွားမည် ဖြစ်သလို၊ လတ်တလော စိုက်ပျိုးသီးနှံများနှင့် သောက်သုံးရေများကို အာဆင်းနစ်ဓာတ်ပါဝင်မှု ရှိမရှိ စစ်ဆေးလျက် ရှိရာ စပါးများတွင် စိုးရိမ်စရာ ညစ်ညမ်းမှု မတွေ့ရှိရသေးသော်လည်း တောင်သူများအတွက် အကူအညီနှင့် လျော်ကြေးပေးရေး အစီအစဉ်များကိုပါ ပြင်ဆင်ထားကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁30👍8❤7😭1
😭22👎4😁3
ပေါက်တောမြို့နယ်ကို ဗုံးထပ်ကြဲ၊ လသားကလေးအပါ ၅ ဦး သေဆုံး

ဧရာဝတီ၊ နိုဝင်ဘာ၂၂၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် (ဝီရဌာနီ) နန်းတက်ကျွန်းရွာကို စစ်တပ်က ယနေ့ နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ အသက် ၅ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီ ၃၂ မိနစ်ခန့်တွင် နန်းတက်ကျွန်းရွာအတွင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံတဦး က “ဈေးထွက်ချိန်ကို ဗုံးနှစ်လုံး ချတာပါ။ ရွာဈေးကို ကျတာ။ ထိခိုက်မှုများတယ်။ မနေ့ကလည်း သဝင်ချောင်းရွာကို ဗုံးကြဲသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သူများမှာ အသက် ၅ လ အရွယ် မောင်ရန်နိုင်စိုး၊ အသက် ၁၆ နှစ် အရွယ် မသက်သက်ဝင်း၊ အသက် ၂၀ အရွယ် မောင်ကျော်မင်းဌေးနှင့် အသက် ၄၃ နှစ် အရွယ် ဒေါ်နုချေတို့အပြင် ဒဏ်ရာပြင်းထန်သူတဦးထပ်မံ သေဆုံးသွားခြင်းဖြစ်သည်။

ထို့ပြင် အသက် ၁ နှစ်မှ ၇၅ နှစ် အတွင်းရှိ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နန်းတက်ကျွန်းရွာ လေကြောင်း တိုက်ခိုက်ခံရမှု မတိုင်မီ တရက်အလို နိုဝင်ဘာ ၂၁ ရက်ကလည်း ဝီရဌာနီမြို့နယ်အတွင်းရှိ သဝင်ချောင်းရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭31👎13😁4❤1
😁39👍3😭1
အာဆီယံ ခွဲခြားဆက်ဆံနေလျှင် အခြေခံမူများ လိုက်နာဖို့ ခက်မည်ဟု အာဏာသိမ်းအစိုးရ တုံ့ပြန်

ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ကျင်းပခဲ့သည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများ ဆက်လက်ပြုလုပ်နေမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း အခြေခံမူများအား လေးစားလိုက်နာရန် အခက်အခဲ ရှိမည်ဟု အာဏာသိမ်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် တုံ့ပြန်လိုက်သည်။

အာဆီယံထိပ်သီးအစည်းအဝေးများသို့ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံကသာ အာဆီယံ ပဋိညာဉ်စာတမ်းပါ အခန်း (၄)၊ အပိုဒ် (၇) နှင့် အညီ ဆုံးဖြတ် တက်ရောက်ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ရရှိမည့် တန်းတူအခွင့်အရေးများနှင့် အပြည့်အဝ ကိုယ်စားပြုခွင့်များကို ငြင်းပယ်၍ ခွဲခြား ဆက်ဆံနေခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသည့်အပြင် အစဉ်အလာလည်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။

အာဆီယံသည် ပဋိညာဉ်စာတမ်းပါ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု လေးစားရေး၊ တန်းတူညီမျှမှု ရှိရေး၊ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေးနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ရေး စသည့် မူလ အခြေခံမူများကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်ဟု ရိုးသားစွာ ယုံကြည် မျှော်လင့်ကြောင်း၊ သို့ရာတွင် အာဆီယံဘက်က အဆိုပါ အခြေခံမူများကို လိုက်နာရန် ဆက်လက် ပျက်ကွက်နေမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းမူများ လေးစား လိုက်နာရန် အခက်အခဲရှိမည်ဖြစ်ကြောင်း အသိပေး ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံထိပ်သီးအစည်းအဝေး ထုတ်ပြန်ချက်များမှာ ကျိုးကြောင်းဆီလျော်မှု မရှိဟု နိုဝင်ဘာ ၁၈ ရက်က ကျင်းပသော တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ တတိယ ပုံမှန်အစည်းအဝေး၌ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ပြစ်တင် ပြောဆိုခဲ့သေးသည်။

၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပထမနေ့၌ မြန်မာ့အရေး ဆွေးနွေးကြရာတွင် ဘုံသဘောတူညီချက် ၅ ရပ် အကောင် အထည်ဖော်ရာ၌ အဓိပ္ပာယ်ပြည့်ဝသော တိုးတက်မှုမရှိသေးသဖြင့် အာဆီယံ အစည်းအဝေးနှင့်ယန္တရားများအတွင်း နိုင်ငံရေး ကိုယ်စားမပြုသူများကိုသာ ဆက်လက် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ကြောင်း အာဆီယံက ထုတ်ပြန်ထားသည်။

ပုံစာ- ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များ တက်ရောက်စဉ်
#WhatsHappeningInMyanmar
#RejectMilitaryCoup
😁54❤10😭1
အမျိုးသမီး သူလျှိုများကို (Female Spies) အသုံးချပြီး ပြုလုပ်တဲ့ မာယာထောင်ချောက် (Honey Trap) မစ်ရှင်တွေဟာ ပစ်မှတ်ထားသူတွေ ဆီက နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဆိုင်ရာ အရေးကြီး လျှို့ဝှက်ချက်တွေကို ရယူဖို့ ထောင်ချောက် ဆင်တဲ့ သူလျှိုနည်းဗျူဟာ တခု ဖြစ်…

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/22/417810.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍28😁1
👍24😁1😭1
ရှမ်းအမျိုးသမီးငယ်ကို သတ်ဖြတ် အလောင်းစွန့်ပစ်သည့် ထိုင်း တဦးဖမ်းဆီးခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်၌ အသက် ၁၈ နှစ်အရွယ် ရှမ်းအမျိုးသမီးတဦးအား သတ်ဖြတ်၍ အလောင်းစွန့်ပစ်ခဲ့သည့် အသက် ၄၇ နှစ် အရွယ် ထိုင်းအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

သေဆုံးသူ မအေး (အမည်လွှဲ) ၏ ရုပ်အလောင်းကို နန်းရုန်းခရိုင်၊ နောင်ထွာပဲက်ကျေးရွာ မျက်နှာချင်းဆိုင် အမှတ် ၂၄ အမျိုးသား အဝေးပြေးလမ်းမကြီးဘေးရှိ မြက်တောအတွင်း နိုဝင်ဘာ၂၀ ရက် နံနက် ၁ နာရီခန့်တွင် ဒေသခံများတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရှမ်းအမျိုးသမီးသည် ချင်းရိုင်ခရိုင်မှတဆင့် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခဲ့သူဖြစ်ပြီး အိမ်အကူ အလုပ်ရမည်ဟု မက်လုံးပေးကာ ဘူရီရမ်သို့ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက သုံးသပ် ပြောကြားသည်။

သေဆုံးသူ၏ချစ်သူထံ မျှဝေထားသည့် နောက်ဆုံး တည်နေရာမှ တဆင့် စုံစမ်းရာ နန်းရုန်းခရိုင်ရှိ ခေါက်ဆွဲဆိုင်တခုတွင် အဆိုပါ အမျိုးသမီးသည် မသင်္ကာသူ အမျိုးသားနှင့်အတူ ရှိနေခဲ့ပြီး ရုပ်အလောင်းတွေ့ရှိသည့် နေရာနှင့် ကီလိုမီတာ ၄၀ ခန့် ကွာဝေးသော အခန်းတခုသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ကြောင်း ဆိုထားသည်။

ထို့နောက် ယမန်နေ့ နံနက် ၁ နာရီခန့်တွင် နခွန်ပထုန်ပြည်နယ်၌ ထင်နာဖတ် (Thinnaphat) အမည်ရှိ အသက် ၄၇ နှစ် အရွယ် မသင်္ကာသူ အမျိုးသားကို ဘန်ကောက် လိုင်စင် ပစ်ကပ်ကားတစီးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသား၏ မုဒိမ်းကျင့်ရန် ကြံစည်မှုကို အမျိုးသမီးက ရုန်းကန် ငြင်းဆန်ခဲ့သဖြင့် ဒေါသထွက်ကာ ရိုက်နှက်ပြီး လက်ဖြင့် လည်ပင်းညှစ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ကနဦး ဝန်ခံထားသည်။

ထို့နောက် ရုပ်အလောင်း၏ ခေါင်းနှင့် ခြေထောက်တို့တွင် ပလတ်စတစ် အိတ်များ စွပ်ကာ ပစ်ကပ်ကားပေါ် တင်၍ ကီလိုမီတာ ၃၀ မှ ၄၀ ခန့် ဝေးသည့် လမ်းဘေး၌ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ၎င်းအား လူသတ်မှု၊ အလောင်း ဖျောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုထားပြီး အခြားသူများ ပါဝင်ပတ်သက်မှု ရှိမရှိကိုလည်း ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
👍33😭3👎2😱2😁1
👍20❤3😁3
ICJ စီရင်ချက် သမိုင်းဝင် မှတ်တိုင်တရပ်အဖြစ်ရှုမြင် ဟု SCEF ကြေညာ

ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆

၂၀၁၇ ခုနှစ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများ အပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်သည် နိုင်ငံတကာ တရားစီရင်ရေးတွင် သမိုင်းဝင် မှတ်တိုင် တရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတကာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက် ကျူးလွန်သူများသည် မည်သည့် အဖွဲ့အစည်းနှင့် ဆက်နွယ်မှု ရှိသည်ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် တောင်းဆိုကြောင်းနှင့် အရပ်သား ပြည်သူများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း၊ အတင်း အကျပ် စစ်မှုထမ်းစေခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများအပါအဝင် အမုန်းစကား ဖြန့်ဝေခြင်းတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း SCEF က ဖော်ပြထားသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ယနေ့တိုင် ဆက်လက် ကျူးလွန်နေသည့် မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်း အပါအဝင် အဓိက တာဝန်ရှိသူများကို အကာအကွယ်ပေးခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းများ မပြုဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး ထိရောက်သော လက်တွေ့ အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

SCEF အဖွဲ့ဝင် အဖွဲ့အစည်းများ စိုးမိုး ထိန်းချုပ်ထားသော ဒေသများတွင် အရပ်သား အကာအကွယ်ပေးရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ရရှိရေး၊ အားလုံး ပါဝင်သော အုပ်ချုပ်ရေး စနစ် ဖော်ဆောင်ရေး၊ အမုန်းစကား တားဆီးရေးနှင့် ချိုးဖောက်မှု စွပ်စွဲချက်များ အပေါ် ယုံကြည် စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရေးတို့ အတွက် မိမိတို့၏ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသွားရန် ကတိပြုကြောင်း ဆိုသည်။

ထို့ပြင် တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ရေးကို မြှင့်တင်နိုင်ရန် ICJ ၏ တွေ့ရှိချက်များနှင့် နောက်ဆက်တွဲ အမိန့်များကို ဆက်လက် လေ့လာ သုံးသပ်သွားမည် ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လက်ရှိ အဓိက အာဏာပိုင် အဖြစ် ရပ်တည်နေသော အာရက္ခတပ်တော် (ULA/AA) အပါအဝင် သက်ဆိုင်သူ အားလုံး၊ နိုင်ငံတကာ အသိုက်အဝန်းတို့နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ကာ အဖြေရှာရေး လုပ်ငန်းစဉ်များကို အတူတကွ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း SCEF က ကြေညာထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍36❤6👎4😁4
👍22😁4❤1
မြေရေညစ်ညမ်းမှုပြဿနာကြောင့် ဓာတုပစ္စည်း သယ်ယူမှု ကန့်သတ်ရန် ထိုင်းအစိုးရ စီစဉ်

ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆

မြန်မာနိုင်ငံအတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်နေသည့် မြစ်ချောင်း ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် သတ္တုတူးဖော်ရာတွင် သုံးသည့် ဓာတုပစ္စည်းများ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့ကို ဆိုင်းငံ့ ပိတ်ပင်မည့် ပြတ်သားသောအစီအမံများ အသုံးပြုရန် ထိုင်းဝန်ကြီးချုပ် စဉ်းစားနေကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ချိုင်းပရွတ် ဒွမ်ပရာဖတ် (Gen. Chaipruek Duangpraphat) က ယနေ့ ပြောကြားသည်။

ယနေ့တွင် ချင်းရိုင်ခရိုင် မယ့်ဖာလုံရှိ ဘန်မုန့်ခေါင်လန် (Ban Mong Kao Lang) ရွာသို့ ကွင်းဆင်းစဉ် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ရှိ မယ်ကြုတ်ရွာအနီးတဝိုက် ရွှေသတ္တုတွင်းများကြောင့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု ဖြစ်ပေါ်နိုင်ခြေကို စစ်ဆေးရင်း ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ထိုင်း NSC ရုံးအနေဖြင့် ဓာတုကုန်ကြမ်းများ ကုန်သွယ်မှုအပေါ်ထိန်းချုပ်ရန် သို့မဟုတ် တင်ပို့ခွင့် ပိတ်ပင်ရန်လိုအပ်သည့် ဓာတုပစ္စည်းစာရင်း ပြုစုလျက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနထံ တင်ပြကာ လာမည့် တနင်္လာနေ့တွင် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး အဒွန် ဘွန်ထမ်ချရွန်က အစည်းအဝေး ခေါ်ယူ ဆွေးနွေးသွားမည် ဖြစ်သည်။

ထို့ပြင် ရေတိုအစီအမံအဖြစ် တရားမဝင် စက်ရုံနှင့် သတ္တုတွင်းများထံ ဓာတုပစ္စည်းများ ခိုးသွင်း ပို့ဆောင်ခြင်းကို ဟန့်တားနိုင်ရန် နယ်စပ် ဂိတ်များနှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းအသီးသီးအား အရေးပေါ် စစ်ဆေး တားဆီးသွားမည်ဖြစ်သလို အခြားနိုင်ငံမှ ထိုင်းနိုင်ငံကို ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ သယ်ယူမည့် ဓာတုကုန်စည် (Transit goods) များ ထိန်းချုပ်ရန်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သုံးသပ်လျက် ရှိကြောင်း သိရသည်။

မြန်မာဘက်ခြမ်းရှိ သတ္တုတွင်း အများစုကို တရုတ် ကုမ္ပဏီများက လုပ်ပိုင်ခွင့် ရယူလုပ်ကိုင်နေကြပြီး နောက်ဆက်တွဲ ဆိုးကျိုးများအား ထိုင်းပြည်သူလူထုက ခံစားနေရသဖြင့် မူလ အရင်းအမြစ်နေရာမှ ဖြေရှင်းနိုင်ရန် ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာဘက်နှင့် ဆွေးနွေးထားသကဲ့သို့ ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ချိုင်းပရွတ်က ရှင်းပြသည်။

ဆက်လက်၍ ထိုင်းအစိုးရအနေဖြင့် တရားဝင် သတ္တုတွင်းများ သာမက အာဏာသိမ်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ အခြား လက်နက်ကိုင် အဖွဲ့အသီးသီး ထိန်းချုပ် နယ်မြေတွင် ရှိနေသည့် တရားမဝင် သတ္တုတွင်းများကိုပါ တည်နေရာနှင့် အမျိုးအစားအလိုက် ခွဲခြား သုံးသပ်၍ မတူညီသည့် နည်းလမ်းများဖြင့် ကိုင်တွယ် ဖြေရှင်းသွားမည် ဖြစ်ပြီး သတ္တုတွင်း ဧရိယာများ နယ်စပ်မျဉ်းအနီးသို့ ထပ်မံ တိုးချဲ့ မလာစေရေး ကာကွယ်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။

ပုံစာ- ရှမ်းပြည်နယ် မယ်ကြုတ်ရွာအနီး သတ္တုလုပ်ကွက်များအား ရိုက်ယူထားစဉ်/ Thaipbs
👍30😁5❤2