၂၀၂၅ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ AA နဲ့ ရိုဟင်ဂျာ မွတ်စလင် အရေး သူ့အတွေးသူ့အမြင် ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/09/24/406075.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

👍24❤3😁2👎1
အချို့ကလည်း ICJ ၌ တရားရင်ဆိုင်မှု မပြုဘဲထားလျှင် ဤသို့သောစီရင်ချက်မျိုး ရှိလာလိမ့်မည်မဟုတ်ဟု ဆိုကြ၏။ အချို့ကလည်း မသိမနားလည်၍ ဆိုကြခြင်းဖြစ်သော်လည်း တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကို ထိုးနှက်လို၍ ဖြစ်ပုံရ၏။
ICJ Statute “အပြည်ပြည်ဆိုင်ရာ တရားရုံးဆိုင်ရာ ဥပဒေ” ၏ ပုဒ်မ ၅၃ အရ တရားပြိုင်နိုင်ငံက မလာရောက်ခြင်းကြောင့် အမှုကို ရပ်ဆိုင်းစရာမလိုပေ။ သို့သော် တရားလိုနိုင်ငံက ပြောသမျှကို အလိုအလျောက် အနိုင်ပေး၍လည်း မရပေ။ ICJ က တရားလိုနိုင်ငံ၏ တောင်းဆိုချက်အား အချက်အလက်နှင့် ဥပဒေအရ ခိုင်လုံမှုရှိ၊ မရှိ ကိုယ်တိုင်စစ်ဆေးရ၏။ ထိုအချက်ကြောင့် တရားပြိုင်နိုင်ငံ မပါဝင်သော်လည်း ICJ က တရားစီရင်နိုင်ခြင်းဖြစ်ပြီး တရားမျှတမှုအတွက် ကိုယ်တိုင်စစ်ဆေးရသည်ဆိုခြင်းကို အဓိကအချက်အဖြစ် ကိုင်စွဲထား၏။
ICJ စတင်တည်ထောင်ခဲ့သည့် ၁၉၄၆ ခုနှစ်မှစပြီး ၂၀၂၂–၂၀၂၃ ခုနှစ် နှစ်ပတ်လည်စာအုပ်ထုတ်ဝေချိန်အထိ တဖက်အမှုသည်နိုင်ငံ မပါဝင်သည့် အခြေအနေ၌ စီရင်ချက် သို့မဟုတ် အမိန့်ထုတ်ပြန်ခဲ့သည့် စုစုပေါင်းအမှု ၁၄ မှု ရှိသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ မြန်မာအစိုးရက တရားရုံးမသွားရန် ဆုံးဖြတ်ခဲ့ပါကလည်း တရားရုံး၏ စီရင်ချက်ကို ရှောင်လွှဲ၍မရနိုင်ပေ။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/opinion/viewpoint/2026/11/21/417784.html

ဧရာဝတီ
ICJ ၏ စီရင်ချက်နှင့် အဓိက သတိပြုရမည့် အချက်သုံးချက်
နိုင်ငံတကာတရားရုံးနှစ်ခုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ခံမှုကို ဦးစွာအားဖြင့် ရှင်းရှင်းလင်းလင်း သဘောပေါက်ရန် လိုအပ်ပါသည်။
👍41❤6😁3
ICJ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ အာဆီယံဥက္ကဋ္ဌ တိုက်တွန်း
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အမိန့်ကို အသိအမှတ်ပြုပြီး တရားရုံးဆုံးဖြတ်ချက်များ လေးစားလိုက်နာရန်အရေးကြီးကြောင်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။
ပဋိပက္ခများကြောင့်ဖြစ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုးကျိုးများ၊ အရပ်သားများနှင့် ထိခိုက်လွယ်သော လူအုပ်စုများအပေါ်သက်ရောက်မှုကိုလည်း အထူးစိုးရိမ်မိကြောင်း ဖိလစ်ပိုင်က ဆိုထားသည်။
ထို့အတွက် ၎င်းတို့အား အကာအကွယ်ပေးရေး၊ ဂုဏ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကူအညီလိုအပ်သူများထံ လူသားချင်းစာနာမှု အကူအညီများ ဘေးကင်းလုံခြုံစွာနှင့် အတားအဆီးမရှိ ရောက်စေမည့်အခြေအနေ ဖန်တီးပေးရေး မဖြစ်မနေ လိုအပ်ကြောင်းလည်း ၎င်းတို့က ပြောထားသည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ ပဋိပက္ခများငြိမ်းချမ်းပြီး ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေး၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်က ပြောထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

❤32👍23😁7👎2
ပေါက်တော ဗုံးကြဲမှု အရပ်သား ၂ ဦး ဒဏ်ရာရ
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် (ဝီရဌာနီ)၊ သဝင်ချောင်းကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၂၁ ရက် သန်းခေါင်ကျော်တွင် သဝင်ချောင်းကျေးရွာအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနှစ်ဦးမှာ ဒေသခံများဖြစ်ကြောင်း ဝီရဌာနီမြို့နယ်မှ ဒေသခံတဦးက ပြောသည်။
"ငပြီကျွန်းအနီး တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်း ပေါက်တောမြို့နယ်က ကျေးရွာတွေကို မကြာခဏ လေကြောင်းတိုက်ခိုက်လာတယ်”ဟု ၎င်းက ဧရာဝတီကိုပြောသည်။
ငပြီကျွန်းဒေသတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ကျွန်းဒေသကို အပြည့်အဝထိန်းချုပ်နိုင်ရန် စစ်တပ်ဘက်က ဆက်လက်ထိုးစစ်ဆင်နေသည်။
ထို့ပြင် ရေတပ်သင်္ဘောများမှတဆင့် စစ်အင်အားဖြည့်တင်းမှုများလုပ်နေပြီး လေကြောင်းဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေသည်။
နိုဝင်ဘာ ၁၉ ရက်ကလည်း ပေါက်တောမြို့နယ်ရှိ ဒါးကိုင်တောင်တန်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အလားတူ နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်တွင်လည်း ဂျက်တိုက်လေယာဉ် ၇ စီးခန့် ဖြင့် မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်နှင့် ရမ်းချောင်းအနီးတဝိုက်၊ ကျောက်တော်မြို့အနီးတဝိုက်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
သတင်း-မောင်လူအေး
ဓာတ်ပုံ- CJ

👎19❤12😭10👍6😁2
ICJ ဆုံးဖြတ်ချက် ထောက်ခံကြောင်း ဆွစ်ဇာလန်သံရုံး ထုတ်ပြန်
ဧရာဝတီ၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်းဆုံးဖြတ်ချက်အား အသိအမှတ်ပြုလက်ခံပြီး စီရင်ချက်ပါ ပြဋ္ဌာန်းချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ကုန်အခြေစိုက် ဆွစ်ဇာလန်သံရုံးက ယနေ့ ထုတ်ပြန်သည်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးရုံး၏ အာရှ-ပစိဖိတ်ဌာန အကြီးအကဲသံအမတ်ကြီး Markus Leitner ရေးသားဖော်ပြမှုအား ကိုးကားထုတ်ပြန်ခြင်းဖြစ်ပြီး တရားမျှတမှုဖော်ဆောင်ရေး၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရေးတို့အပြင် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိသော မိမိဆန္ဒအလျောက် နေရပ်ပြန်လည်အခြေချနိုင်ရေးသည် မရှိမဖြစ် အရေးပါသော အချက်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဆွစ်ဇာလန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံးအား မယိမ်းမယိုင် ထောက်ခံအားပေးမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားလိုက်နာမှု အပေါ် ခိုင်မာစွာ ထပ်လောင်းအတည်ပြုကြောင်းလည်း ဆိုထားသည်။

❤45👍22😁8👎3
=သောကြာနေ့တွင် “မြန်မာနှင့် အရှေ့တောင်အာရှအရေး အထူးပြုလေ့လာသူ” ဟု ကိုယ်တိုင်ဖော်ပြထားသည့် တရုတ်သုံးသပ်သူက လူမှုကွန်ရက် WeChat တွင် “တရုတ်နိုင်ငံအပေါ် မြန်မာစစ်တပ်၏ အထင်အမြင်လွဲမှားမှု - မင်းအောင်လှိုင်၏ ထုတ်မပြောသော စွပ်စွဲချက်များအပေါ် သုံးသပ်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတပုဒ် ရေးသားဖော်ပြခဲ့သည်။
မြန်မာ့အရေး နှံ့စပ်ကျွမ်းကျင်ပြီး နေပြည်တော်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း ဧရာဝတီက သိရှိထားသည့် အဆိုပါ သုံးသပ်သူက မင်းအောင်လှိုင်၏ မှတ်ချက်များသည် စစ်မြေပြင် ရှုံးနိမ့်မှုများအပေါ် သုံးသပ်ခြင်းထက် ပိုမိုကျော်လွန်နေကြောင်း ထောက်ပြခဲ့သည်။
“သူဟာ ရန်သူအပေါ် သုံးသပ်ချက်ကို ရှင်းပြနေတာ မဟုတ်ပါဘူး၊ အပြစ်ပုံချနေတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေ အောင်ပွဲရတာဟာ ‘တရုတ်ရဲ့ လျှို့ဝှက်ထောက်ပံ့မှု’ ကြောင့်လို့ သူက ပုံဖော်လိုက်တာပါ” ဟု စာရေးသူက ဆိုသည်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/news/2026/11/21/417787.html

‘ကျေးဇူးကန်း နှစ်ဖက်ခွ’ ဟု မြန်မာစစ်ခေါင်းဆောင်ကို တရုတ်သုံးသပ်သူတဦး ပြင်းပြင်းထန်ထန် ဝေဖန်
၁၀၂၇ ထိုးစစ်သည် မြန်မာစစ်တပ်၏ ခေတ်သစ်သမိုင်းတွင် အရှက်ရစရာ အကောင်းဆုံး စစ်ရှုံးမှုတခု ဖြစ်ခဲ့သည်။
😁66👍12❤5😭2🤔1
ပြည်သူတွေရဲ့ ဒုက္ခတွေကို မမြင်တဲ့ အာဏာရှင် ဖန်ဆင်းထားတဲ့လွှတ်တော်
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
လွှတ်တော်ဆိုတာ ပြည်သူ့ဆန္ဒနဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ဆွေးနွေးဆုံးဖြတ်ရပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စိစစ်ကြပ်မတ် ထိန်းညှိပေးရတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်စီမံဖန်တီးထားတဲ့ လွှတ်တော်ကိုတော့ အာဏာရှင်အသက်ဆက်ရေးအတွက် ဟန်ပြလွှတ်တော်ဆိုပြီး ပြည်သူတွေက အစကတည်းက ဘာမျှော်လင့်ချက်မှ မထားခဲ့ကြပါဘူး။
ဒါပေမယ့် တိုင်းပြည်မှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လစ်လျူရှုပြီး အဆီအငေါ်မတည့်တဲ့ ဆွေးနွေးချက်တွေကြောင့် အခုတော့ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်စရာ ဖြစ်လာနေပါပြီ။
https://youtu.be/XonBrld2e38
#မြန်မာ #ဧရာဝတီ #အာဏာရှင် #လွှတ်တော် #ပြည်သူ့ဆန္ဒ #ပြည်သူ #တရားစီရင်ရေး #အုပ်ချုပ်ရေး #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
လွှတ်တော်ဆိုတာ ပြည်သူ့ဆန္ဒနဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ဆွေးနွေးဆုံးဖြတ်ရပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စိစစ်ကြပ်မတ် ထိန်းညှိပေးရတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်စီမံဖန်တီးထားတဲ့ လွှတ်တော်ကိုတော့ အာဏာရှင်အသက်ဆက်ရေးအတွက် ဟန်ပြလွှတ်တော်ဆိုပြီး ပြည်သူတွေက အစကတည်းက ဘာမျှော်လင့်ချက်မှ မထားခဲ့ကြပါဘူး။
ဒါပေမယ့် တိုင်းပြည်မှာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လစ်လျူရှုပြီး အဆီအငေါ်မတည့်တဲ့ ဆွေးနွေးချက်တွေကြောင့် အခုတော့ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင်စရာ ဖြစ်လာနေပါပြီ။
https://youtu.be/XonBrld2e38
#မြန်မာ #ဧရာဝတီ #အာဏာရှင် #လွှတ်တော် #ပြည်သူ့ဆန္ဒ #ပြည်သူ #တရားစီရင်ရေး #အုပ်ချုပ်ရေး #WhatsHappeningInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ပြည်သူတွေရဲ့ ဒုက္ခတွေကို မမြင်တဲ့ အာဏာရှင် ဖန်ဆင်းထားတဲ့လွှတ်တော် | The Irrawaddy
လွှတ်တော်ဆိုတာ ပြည်သူ့ဆန္ဒနဲ့ အကျိုးစီးပွားကို ကိုယ်စားပြု ဆွေးနွေးဆုံးဖြတ်ရပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို စိစစ်ကြပ်မတ် ထိန်းညှိပေးရတဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် စိတ်ကြိုက်စီမံဖန်တီးထားတဲ့ လွှတ်တော်ကိုတော့ အာဏာရှင်အသက်ဆက်ရေးအတွက် …

😁31👍11❤6😭1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု တနင်္ဂနွေမှာတော့ လူငယ်များ အတွက် အဓိက ရည်ရွယ်ပြီး တေးရေး ကိုနေဝင်း (မောင့်လပြည့်ဝန်း) ရဲ့ ဆောင်းပါး တပုဒ်ကို တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/11/22/417791.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

မွန်းကျပ်ခြင်းမှ လမ်းခွဲ ထွက်ခွာခြင်း
ရိုးသားဖြူစင်မှုကို အရောင် ဆိုးသောသူ… ဖြူစင်မှုကို အရောင် ဆိုးသောသူ… ဤနှစ်ဦးစလုံးသည် လောကအတွင်း၌ပင် ရှိသလော… လောကအပြင်ဘက်၌ ရှိသလော…
👍34❤2😁2
၂၀၂၆ ခုနှစ် စက်တင်ဘာလက ဧရာဝတီမှာ ရေးထားတဲ့ ရိုဟင်ဂျာ နဲ့ နွေဦး တော်လှန်ရေး အကြောင်း သူ့အတွေးသူ့အမြင်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/09/04/416003.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2026/09/04/416003.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍28❤5😁3
အာဆီယံဦးဆောင်သည့် မြန်မာ့အရေးစကားဝိုင်း ဆွေးနွေးပွဲ NLD တက်မည်
ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်ဦးဆောင်ကျင်းပမည့် မြန်မာ့အရေးစကားဝိုင်းဆွေးနွေးပွဲသို့ ဖိလစ်ပိုင်နိုင်ငံ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ် တက်ရောက်ကြောင်း NLD ပါတီ ဗဟိုကော်မတီဝင်တဦးက ဧရာဝတီသို့ ပြောသည်။
မြန်မာ့အရေး သက်ဆိုင်သူများအားလုံး ဖိတ်ကြားထားသည့် အဆိုပါ ဆွေးနွေးပွဲအား ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့တွင် ယနေ့နှင့် မနက်ဖြန် နှစ်ရက် ကျင်းပရန်စီစဉ်ထားပြီး အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သည် အာဏာသိမ်းစစ်အုပ်စုက ပါတီဖျက်သိမ်းကြောင်း ကြေညာထားသည့် NLD ပါတီကိုပါ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ အခြားတက်ရောက်မည့်အဖွဲ့အစည်းများနှင့် အကြောင်း အရာ အသေးစိတ်အား မပြောနိုင်သေးသော်လည်း အကြောင်းအရာပေါ် မူတည်ကာ ပါတီမူဝါဒ၊ ရပ်တည်ချက်များအတိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း NLD ဗဟိုအလုပ် ကော်မတီဝင် ဦးကျော်ထွေးက ဧရာဝတီကို ပြောသည်။
၎င်းက “သူတို့ချပေးထားတဲ့ ခေါင်းစဉ်တွေအပေါ် မူတည်ပြီး ပါတီရဲ့မူဝါဒ ရပ်တည်ချက်တွေနဲ့ပဲ ဆွေးနွေးကြမှာပါ၊ ကျန်တဲ့အသေးစိတ် အကြောင်းအရာတွေတော့ ပြောလို့ မရသေးပါဘူး” ဟု ဆိုသည်။
ယမန်နှစ်က အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့သည့် မလေးရှားနိုင်ငံကလည်း မြန်မာ့အရေး သက်ဆိုင်သူများပါဝင်သည့်ဆွေးနွေးပွဲ တက်ရောက်ရန် NLD ပါတီအား ဖိတ်ကြားခဲ့ဖူးသော်လည်း ထိုအချိန်က NLD ပါတီတာဝန်ရှိသူများအနေဖြင့် ခရီးသွားလာရန် အခက်အခဲရှိသည့်အတွက် ဆွေးနွေးပွဲ မတက်ရောက်နိုင်သဖြင့် စာဖြင့်သာ အကြောင်းပြန်ခဲ့ရသည်။
လက်ရှိ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဒေါ်မေဝင်းမြင့်က ပါတီ ဗဟိုအလုပ်ကော်မတီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ရာ အထောက်အကူပြုအဖွဲ့ဝင်များနှင့် ဖိလစ်ပိုင်နိုင်ငံသို့ အစည်းအဝေးသွားတက်မည့်သူများလည်း တက်ရောက်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဆွေးနွေးပွဲအား NLD က ပါဝင်တက်ရောက်ရန်ရှိသော်လည်း လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်အနေဖြင့် လာမည့်နှစ် စင်ကာပူနိုင်ငံထံ ဥက္ကဋ္ဌတာဝန်မလွှဲပြောင်းမီ မြန်မာ့အရေးသက်ဆိုင်သူများနှင့် တွေ့ဆုံညှိနှိုင်းလိုသည့်သဘောသာဖြစ်ပြီး အရေးပါသော ဆုံးဖြတ်ချက်များ မထွက်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။
၎င်းက “သိပ်အများကြီးတော့ မျှော်လင့်လို့ မရဘူး ထင်ပါတယ်၊ အာဆီယံဥက္ကဋ္ဌသက်တမ်း ကုန်ခါနီးမှာ နောက်နိုင်ငံကို ပြောင်းလွှဲပေးဖို့ အတွက် မြန်မာ့အရေးသက်ဆိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တယ်ဆိုတာ ဖော်ပြဖို့က အဓိက များပါလိမ့်မယ်” ဟု ပြောသည်။
စစ်တပ်က၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိမှုအပေါ် မဲစာရင်းမှားယွင်းမှုအကြောင်းပြကာ အာဏာသိမ်းခဲ့ပြီးနောက် ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ရေးဆွဲထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အောက်တွင် ပါတီအား ပြန်လည် မှတ်ပုံတင်ခြင်းမရှိ ဟုဆိုကာ ၂၀၂၃ ခုနှစ်၊ မတ်လ၂၈ ရက်၌ NLD ပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းကတည်းက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ ခေါင်းဆောင်များကို ဖမ်းဆီးကာ စွပ်စွဲချက်အမျိုးမျိုးဖြင့် တရားစွဲဆို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခြင်းမရှိဘဲ နေပြည်တော်ရှိ နေအိမ်တခု၌ အကျဉ်းချထားဆဲဖြစ်သည်။
အာဏာသိမ်းစစ်တပ်က NLD ပါတီခေါင်းဆောင်များအား ဖမ်းဆီးထောင်ချထားစဉ် လုံလောက်သော ဆေးဝါးကုသမှုများ မပေးခဲ့သည့်အတွက် NLD ပါတီ နာယက ဦးဉာဏ်ဝင်း၊ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့ အပါအဝင် ပါတီဝင်အချို့ သေဆုံးခဲ့ရသည်။
ပုံစာ- ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ NLD ပါတီအနိုင်ရ၍ အောင်ပွဲခံနေကြစဉ်/ဧရာဝတီ

👍46❤15😁5
ရန်ကုန်မြို့ပေါ်မှာ ကျားဖြန့်ဂိုဏ်းကြီး ဖမ်းမိပြန်
သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းရှိ အိမ်ကြီးအိမ်ကောင်းတလုံးအတွင်း လုပ်ကိုင်နေသည့် ကျားဖြန့် (အွန်လိုင်း ငွေလိမ်လည်မှု) ဂိုဏ်းကြီးတခုကို အာဏာသိမ်းအစိုးရ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ရာ ထွက်ပြေးသူများနှင့် လိုက်လံ ဖမ်းဆီးသူများကြောင့် ရပ်ကွက်နေ လူထုကြား ထိတ်လန့်ခဲ့ရသလို စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့သည်။
အဆိုပါ ကျားဖြန့်အိမ်နေရာမှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်းရှိ အမှတ် (၁၉/A) နေအိမ်ဖြစ် ပြီး၊ ယင်းအိမ်အတွင်းမှ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် တရုတ် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး၊ ထိုင်း အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်း ၂၃ လုံး၊ Wi-Fi စက် ၅ လုံးတို့နှင့် အတူ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခန့်၌ ဖမ်းဆီးရမိခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/22/417795.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၆
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းရှိ အိမ်ကြီးအိမ်ကောင်းတလုံးအတွင်း လုပ်ကိုင်နေသည့် ကျားဖြန့် (အွန်လိုင်း ငွေလိမ်လည်မှု) ဂိုဏ်းကြီးတခုကို အာဏာသိမ်းအစိုးရ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ရာ ထွက်ပြေးသူများနှင့် လိုက်လံ ဖမ်းဆီးသူများကြောင့် ရပ်ကွက်နေ လူထုကြား ထိတ်လန့်ခဲ့ရသလို စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့သည်။
အဆိုပါ ကျားဖြန့်အိမ်နေရာမှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်းရှိ အမှတ် (၁၉/A) နေအိမ်ဖြစ် ပြီး၊ ယင်းအိမ်အတွင်းမှ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် တရုတ် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၈ ဦး၊ ထိုင်း အမျိုးသမီး ၂ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၄၆ ဦးနှင့် အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်း ၂၃ လုံး၊ Wi-Fi စက် ၅ လုံးတို့နှင့် အတူ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီခန့်၌ ဖမ်းဆီးရမိခဲ့ကြောင်း အာဏာသိမ်းအစိုးရက ထုတ်ပြန်ထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/22/417795.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
ရန်ကုန်မြို့ပေါ်မှာ ကျားဖြန့်ဂိုဏ်းကြီး ဖမ်းမိပြန်
မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းရှိ အိမ်ကြီးအိမ်ကောင်းတလုံးအတွင်း လုပ်ကိုင်နေသည့် ကျားဖြန့် (အွန်လိုင်း ငွေလိမ်လည်မှု) ဂိုဏ်းကြီးတခုကို အာဏာသိမ်းအစိုးရ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ရာ ထွက်ပြေးသူများနှင့် လိုက်လံ ဖမ်းဆီးသူများကြောင့်
😁56👍12❤4
ရွှေ့ပြောင်းလုပ်သားကိစ္စနဲ့ ပတ်သက်ရင် ပို့တဲ့နိုင်ငံက လက်ခံတဲ့နိုင်ငံကို ကျနော်ကျမတို့ရဲ့ အလုပ်သမား တွေကို အကာအကွယ်ပေးပါဆိုပြီး ပြောရမှာ ဒါပေမယ့် အခုဟာက ထိုင်းအစိုးရက ILO ဆီမှာလာပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား တွေကို ထိခိုက်နစ်နာမှုမရှိစေရေး ကာကွယ်ပေးပါလို့ ပြန်ပြောရတဲ့ အနေအထားဆိုတော့ တော်တော်ရှက်ဖို့ ကောင်းတယ်။ ကိုယ့်အနေအထားကိုယ် စစ်တပ်ဘက်ကလူတွေ ပြန်သုံးသပ်ဖို့လိုတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/11/22/417800.html
#WhatsHappeningInMyanmar
-----------------——
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/11/22/417800.html
#WhatsHappeningInMyanmar
-----------------——
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
အလုပ်သမားဝန်ကြီးပေမယ့် အလုပ်သမားဘက်က ကာကွယ်ချင်စိတ် လုံးဝမရှိတာတွေ့ရတယ်
မြန်မာနိုင်ငံတွင်းကို ILO ကိုယ်စားလှယ်အဖွဲ့ လုံခြုံစွာဝင်ရောက်နိုင်ဖို့နဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက် မှုတွေကို စောင့်ကြည့်မယ့် ယန္တရားကို စတင်လည်ပတ်ဖို့၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဏာပိုင်နဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့နဲ့ ဒုက္ခသည်တွေကို အတင်းအကျပ်…
👍41😁9❤4😭1