The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မလေးရှားက မြန်မာ ၁၅၀၀ နေရပ်ပြန်ပို့

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မလေးရှားရောက် ဒုက္ခသည် ၁၅၀၀ ခန့်ကို နိုင်ငံ အနောက်မြောက်ပိုင်း Lumut ရေတပ်စခန်းအနီး Majlis Perbandaran Manjung အားကစားကွင်းသို့ ရဲတပ်ဖွဲ့ခြံရံ၍ ဘတ်စ်ကား ဒါဇင်ပေါင်းများစွာဖြင့် ယနေ့စတင် ပို့ဆောင်နေကြောင်း မလေးရှားသတင်းများတွင် ဖော်ပြသည်။

၎င်းတို့သည် မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် သဘောတူထားကြောင်း မလေးရှားအစိုးရက ပြောထားသည့် လူ ၅,၀၀၀ အနက် ပထမဆုံးအသုတ် ဖြစ်သည်။

၎င်းတို့အား အနီးရှိ ရေတပ်စခန်းသို့ ပို့ဆောင်ကာ သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ရေကြောင်းသွားလာမှု စောင့်ကြည့်သည့် ဝဘ်ဆိုက်များတွင် မြန်မာ့ရေတပ်၏ ကူညီပံ့ပိုးရေးနှင့် ဆေးရုံသင်္ဘောဖြစ်သော ‘သံလွင်’ သည် အဆိုပါ ရေတပ်စခန်းအပြင်ဘက်တွင် ကျောက်ချထားကြောင်း ဖော်ပြထားသည်။

သင်္ဘောများသည် ယခုသီတင်းပတ်အကုန်ခန့်တွင် ရန်ကုန်မြို့တောင်ဘက်ရှိ သံလျင် ရေတပ်စခန်းသို့ ဆိုက်ကပ်မည်ဟု သတင်းက ဆိုသည်။

မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန်နှင့် မြန်မာနိုင်ငံ၏ အခြေအနေများသည် ဘေးကင်းလုံခြုံမှု၊ သဘောဆန္ဒအလျောက် ဖြစ်မှုနှင့် သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်မှု စသည့် အခြေအနေများ မပေးနိုင်သေးသရွေ့ နောက်ထပ် ပြန်လည်ပို့ဆောင်မည့် အစီအစဉ်အားလုံးကို ဆိုင်းငံ့ထားရန် အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က မလေးရှားနိုင်ငံသို့ တောင်းဆိုလိုက်သည်။

ယခု ပထမဆုံး ပို့ဆောင်သည့် အုပ်စုတွင် ပါဝင်သော ရိုဟင်ဂျာ ဦးရေ မည်မျှရှိသည်ကို နှစ်ဖက်စလုံးက တရားဝင် ရှင်းလင်းပြောကြားခြင်း မရှိသေးပေ။

ယခု အုပ်စုသည် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်ထဲမှ ပို့ဆောင်ခံရခြင်း ဖြစ်သည်။

ဓာတ်ပုံ-AFP

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎34❤12😭3😱1
👎34😱5👍4❤3
အာဏာသိမ်းသမ္မတနှင့်နီးစပ်သူ ခရိုနီ အောင်အောင်ဇော် လေယာဥ်သစ် ဝယ်

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

အာဏာသိမ်းသမ္မတနှင့်နီးစပ်သူ ခရိုနီ အောင်အောင်ဇော်၏ မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) အတွက် ATR 72-600 အမျိုးအစား လေယာဉ်သစ်တစင်းသည် ယနေ့ ပြင်သစ်နိုင်ငံ တူလု့ဇ်မြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း MAI က ထုတ်ပြန် သည်။

“နေပြည်တော်”ဟု အမည်ပေးထားသည့် ထိုလေယာဉ်မှာ မှတ်ပုံတင်အမှတ်မှာ XY- ANE ဖြစ်ပြီး MAI အနေဖြင့် ပြည်တွင်းနှင့် ဒေသတွင်းလေကြောင်းလိုင်း ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရေး၊ ခရီးစဉ်များ ပိုမိုတိုးချဲ့ ပြေးဆွဲရေးအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ခရိုနီ အောင်အောင်ဇော် သည် မင်းအောင်လှိုင်နှင့် ရင်းနှီးသူတဦးဖြစ်သလို အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံခရီးစဉ်များတွင်လည်းအတူ လိုက်ပါလေ့ရှိသူ ဖြစ်သည်။

၎င်း၏ 24 Hour ကုမ္ပဏီအုပ်စုသည် ၂၀၀၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အိမ်ခြံမြေ၊ သတ္တုတူးဖော်ရေး၊ နည်းပညာ ဝန်ဆောင်မှုအပြင် တနင်္သာရီတိုင်းတွင်း ဆီအုန်း (မြေဧက ဟက်တာ ၅၀၀၀) စိုက်ပျိုးလုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီတခုသာ ဖြစ်သော်လည်း မင်းအောင်လှိုင် တပ်ချုပ်ရာထူးရယူပြီး၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာ့စီးပွားရေးလောကအတွင်း အလျင်အမြန်ကြီးထွားလာကာ MAI လေကြောင်းလိုင်း၊ စက်သုံးဆီနှင့်လေယာဉ်ဆီတင်သွင်းခြင်း ဟိုတယ်နှင့်ခရီးသွား၊ လျှပ်စစ်ထုတ်လုပ်ရေး၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး၊ သတ္တုတွင်း၊ စိုက်ပျိုးရေး၊ ဘိလပ်မြေစက်ရုံ စသော လုပ်ငန်းအများအပြား လုပ်ကိုင်နေသော မြန်မာ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးအဖြစ် ရပ်တည်နေသည်။

Justice For Myanmar (JFM) ကမူ မြန်မာ့အရပ်ဘက်လေကြောင်းမှ ATR လေယာဉ်အချို့သည် အာဏာသိမ်းအစိုးရ၏ လေတပ်က လက်နက်နှင့်ခဲယမ်းများသယ်ယူခြင်း၊ ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးလုပ်ငန်းများ၊ VIP ခရီးစဉ်များအတွက် အသုံးပြုခဲ့ကြောင်းက၂၀၂၆ ခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ- MAI

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎50❤18😱3👍1😭1
Media is too big
VIEW IN TELEGRAM
တရုတ်ရဲ့ ပန်ဒါသံတမန်ရေးအဖြစ် ပန်ဒါ၀က်ဝံ ၂ ကောင်ကို အက်တလန်တာ တိရစ္ဆာန်ရုံလက်ခံရရှိ

စက်တင်ဘာ ၂၉၊ ၂၀၂၆

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့နိုင်ငံတော်ခရီးစဉ်အပြီးမှာတော့ တရုတ်အစိုးရရဲ့ ပန်ဒါသံသမန်ရေးရာ မူဝါဒအရ ငှားရမ်းပေးလိုက်တဲ့ ပန်ဒါ၀က်ဝံ ၂ ကောင်ဟာ အမေရိကန်နိုင်ငံရဲ့ အက်တလန်တာ တိရစ္ဆာန်ရုံကို တနင်္ဂနွေနေ့ကပဲရောက်ရှိလာခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #အမေရိကန် #Trump #XiJinping #panda
👍28❤5👎3
😱18😭8
စစ်ကိုင်း အပူချိန် ၂ ရက်ဆက် စံချိန်သစ်တင်

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆


စစ်ကိုင်းမြို့ မိုးလေဝသတိုင်းတာရေးစခန်း အချက်အလက်များအရ စက်တင်ဘာလအပူချိန်အနေဖြင့် နှစ်ရက်ဆက်တိုက် စံချိန်သစ်တင်ခဲ့ပြီး လားရှိုးမြို့နှင့် ဧလာတို့လည်း အပူချိန်စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

စစ်ကိုင်းတွင် စက်တင်ဘာလအမြင့်ဆုံးအပူချိန်အဖြစ်၂၀၂၀ ပြည့်နှစ်က စံချိန်တင်ထားသည့် ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ် (၁၀၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) အား ကျော်လွန်ကာ စက်တင်ဘာ ၂၇ ရက်က ၃၈ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ် (၁၀၂ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်ရှိခဲ့ပြီး စက်တင် ဘာ ၂၈ ရက်တွင် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) ဖြင့် နှစ်ရက်ဆက် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

လားရှိုးတွင် ၂၀၀၆ ခုနှစ် စက်တင်ဘာလ အပူချိန်စံချိန်ဟောင်းဖြစ်သော ၃၅ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် (၉၆ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) အား ကျော်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်က ၃၅ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ် (၉၆ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်) ဖြင့် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ဧလာ မိုးလေဝသစခန်းသည်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလအပူချိန် စံချိန်ဟောင်း ၃၆ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ် (၉၆ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) အား ကျော်ဖြတ်ကာ စက်တင်ဘာ ၂၇ ရက်က ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၉၇ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်) ဖြင့် အပူချိန် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကုန်ပိုင်းနှင့်၂၀၂၇ နှစ်ဆန်းပိုင်းတို့တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် အလွန်အားကောင်းနိုင်ပြီး ကမ္ဘာတဝန်း အပူလှိုင်းဒဏ်နှင့် ရာသီဥတုဖောက်ပြန်မှုများ ပြင်းထန်လာနိုင်သည့်အတွက် ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်အဖြစ် မိုးလေဝသဌာနများက သတိပေး ထုတ်ပြန်ထားကြသည်။

မြန်မာနိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်ကာ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ခံစားနေရပြီး လက်ရှိ၌ တနင်္သာရီတိုင်းအတွင်း ရေဘေးအန္တရာယ်ပြင်းထန်စွာ ဖြစ်ပေါ်လျက်ရှိသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင်၂ ရက်ဆက်တိုက် မိုးရေချိန် စံချိန်သစ်တင်ခဲ့သည်။ ၁၉၉၈ ခုနှစ်က နောက်ဆုံး စံချိန်တင်ထားသည့် မိုးရေချိန်မှာ ၉ ဒသမ ၆၈ လက်မ (၂၄၆ မီလီမီတာ) ရှိပြီး စက်တင်ဘာ၂၇ ရက်က ရွာသွန်းသည့် မိုးရေချိန်မှာ ၁၁ ဒသမ ၀၂ လက်မ (၂၈၀ မီလီမီတာ) အထိ တက်သွားသလို စက်တင်ဘာ၂၈ ရက် မိုးရေချိန်သည်လည်း ၁၃ ဒသမ ၆၂ လက်မ (၃၄၆ မီလီမီတာ) အထိ ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎30❤8👍6😱4😭1
👍18👎2
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ ဆန်ကြမ်း ၁ အိတ် (အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၃,၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၀၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊
ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၀,၀၀၀ ကျပ်မှ ၁၈၅,၀၀၀ ကျပ်
ယခုတပတ်တွင်လည်း သတ်မှတ်ဈေး၌ ဧရာဝတီပေါ်ဆန်း ဆန်ဈေးမြင့်တက်လာပြီး အခြားဆန်ဈေးများမှာအပြောင်းအလဲ မရှိသည်ကို တွေ့ရသည်။

ပြင်ပ ဈေးကွက်၌ ကြိုက်ရောင်းကြိုက်ဝယ်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ဝါးတန်းလမ်း ဆန်ကုန်စည် ဒိုင်က သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ

ဓာတ်ဆီ ၉၂ တလီတာ ၄,၄၅၀ကျပ်
ဓာတ်ဆီ ၉၅ တလီတာ ၄,၆၀၀ ကျပ်
ဒီဇယ် တလီတာ ကျပ် ၄,၇၉၀ ကျပ်
ပရီမီယံ ဒီဇယ် တလီတာ ၅,၇၉၅ ကျပ်
စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၄၀၀ ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ်သိန်း ၁၀၀ ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၉၈ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၂ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၁၄၃
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။

#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
❤27👍20👎3
စစ်တပ်ရဲ့ လူမဆန်တဲ့၊ အောက်တန်းကျတဲ့လုပ်ရပ်ပေါ့

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူစည်ကားရာအိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာက အာဏာသိမ်းစစ်တပ်ရဲ့ လူမဆန်တဲ့ အောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခက တုန့်ပြန်လိုက်ပါတယ်။

အဲဒီနေရာတွေကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ရရှိထားတဲ့စာရင်းတွေအရပဲ လူသေဆုံးမှု ၅၀ အထိရှိထားပြီး ဒဏ်ရာရရှိသူက ၆၀ ကျော်အထိရှိနေပါတယ်။ ကျောက်တော်မြို့အပါအဝင် ရခိုင်ပြည်နယ်ထဲက AA ထိန်းချုပ်ထားတဲ့ မြို့တွေကို အာဏာသိမ်းစစ်တပ်က တောက်လျှောက်ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတာဖြစ်ပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်တဲ့ အခြေအနေတွေဘာကြောင့်ဖြစ်နေတာလဲနဲ့ လက်ရှိ ရခိုင်ပြည်နယ်အတွင်းက နှစ်ဖက်စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/aMelLxDv05I
#မြန်မာ #ဧရာဝတီ #ရခိုင် #ကျောက်တော် #ဗုံးကြဲ #WhatsHappensInMyanmar
👍73❤10😁8👎1🤔1
မိုးမိတ်က တပ်စခန်းတခု KIA ပူးပေါင်းတပ် သိမ်း

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ရှမ်းမြောက်ဒေသ မိုးမိတ်မြို့ ညောင်နီရွာအနီးမှ ရွှေမြင်တင်ဘုရားဗျူဟာကုန်းကို ယမန်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသို့ ပြောသည်။

၎င်းက “မိုးမိတ်မှာ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာ ဗျူဟာကုန်းတခုကို သိမ်းနိုင်တယ်လို့ သိရပါ တယ်။ သိမ်းရတဲ့ လက်နက်ခဲယမ်း အသေးစိတ်တော့ မသိရဘူး။ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် ကချင်ပြည်နယ် ဝင်ပေါက်ဖြစ်တော့ အရေးပါတဲ့ လမ်းကြောင်းပေါ်က တပ်စခန်း ဖြစ်ပါတယ်” ဟု ပြောသည်။

ညောင်နီရွာသည် မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မဘိမ်းမြို့ဘက် အထွက်လမ်းပေါ်၌တည်ရှိကာ ပြီးခဲ့သည့် ဩဂုတ်လက စစ်တပ်က လေကြောင်းပစ်ကူယူကာ စစ်ကြောင်းထိုး နေရာ ယူထားခြင်း ဖြစ်သည်။

ထိုစခန်းကို ယမန်နေ့ KIA ပူးပေါင်းတပ်များက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA တပ်မဟာ- ၄ ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “အဲဒီကုန်းက မြို့နားမှာဆို အမြင့်ဆုံးနေရာလို့ ပြောလို့ရတယ်။ အဲဒီနေရာက သူတို့အတွက် အရေးပါသလို ကျနော်တို့အတွက်လည်း အရေးပါတယ်။ ဒီနေရာက မန္တလေးကို ဆင်းလို့ရသလို ကချင်ပြည်နယ် တက်မယ်ဆိုရင် လည်း ရတယ်” ဟု ပြောပြသည်။

ယမန်နေ့ တိုက်ပွဲအတွင်း စစ်တပ်က Mi-35 ရဟတ်ယာဉ်၊ တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များ သုံးကာ လေကြောင်းမှ ပစ်ခတ်ဗုံးကြဲသည့်အပြင် ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ် နေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ဘက်မှ ကချင်ပြည်နယ်သို့ ဝင်ပေါက်တခုဖြစ်သည့် မန္တလေး-မြစ်ကြီးနား လမ်းမကြီး ပေါ်ရှိ မိုးမိတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ယမန်နှစ် နိုဝင်ဘာ လ၌ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရခြင်း ဖြစ်သည်။

မိုးမိတ်နှင့် KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မဘိမ်းမြို့မှာ ၃၅ မိုင်ခန့် ကွာဝေးပြီး စစ်တပ်အနေဖြင့် မြို့ပေါ်တွင် ပြန်လည်နေရာယူထားသော်လည်း မြို့နယ် ပတ်ဝန်းကျင်ဒေသများကို KIA နှင့် ပူးပေါင်းတပ်များက နယ်မြေစိုးမိုးနေရာယူထားကြောင်း KIA နှင့် နီးစပ်သည့် မြေပြင်ရဲဘော်တဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ဗန်မော်စစ်မျက်နှာတွင်လည်း ကွန်ပျူတာတက္ကသိုလ်အနီးမှ စစ်တပ်စစ်ကြောင်း ကို KIA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ ကြောင်း ဗန်းမော်ရှေ့တန်း သတင်းအရင်းအမြစ်တဦးက ပြောသည်။

၎င်းက “ကွန်ပျူတာတက္ကသိုလ်နဲ့ ဗန်းမော်တက္ကသိုလ်ကြားမှာဖြစ်တာ အလောင်း ၄ လောင်းနဲ့ သေနတ် ၁၀ လက် လောက်ရတယ်။ သုံ့ပန်းလည်း ၇ ဦးလောက် မိတယ်။ သူတို့ စစ်ကြောင်းတက်လာချိန် ပိတ်မိပြီး တိုက်ခိုက်ခံရတာ၊ ညတွင်းချင်း လေယာဉ်နဲ့ လာတိုက်ခိုက်တာတွေရှိတယ်” ဟု ပြောပြသည်။

အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာလဆန်းတွင် ဗန်းမော်သို့ ရေကြောင်းမှ စစ်ကူအင်အားအချို့ ပို့ဆောင်နိုင်ခဲ့ပြီး နောက် စက်တင်ဘာ ၁၃ ရက်တွင် ဗန်းမော်မှ မံစီမြို့သို့ စစ်ကြောင်းထိုးရန် ကြိုးစားခဲ့ရာ ကောင်ဂျာယန်ရွာနှင့် ကမာ္ဘးနီရွာတို့တွင် KIA ပူးပေါင်းတပ်များ၏ ပိတ်ဆို့ချေမှုန်းခံရပြီး သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

စစ်တပ်အနေဖြင့် ဗန်းမော်မြို့ မကျစေရေးအတွက် အောက်တိုဘာလကုန်ပိုင်းက မန္တလေးမှ ဧရာဝတီမြစ်အတိုင်း ဗန်းမော်သို့ စစ်သင်္ဘောနှင့် ကုန်တင်တွဲသင်္ဘောများဖြင့် စစ်ကူရိက္ခာများ ပို့ဆောင်ရာတွင် KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး သင်္ဘော အစီး ၂၀ ခန့် နစ်မြုပ် ပျက်စီးခဲ့ကြောင်း KIA ဘက်က သတင်းထုတ်ပြန် ထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/29/416657.html
👍56❤26😁5👎1
• အရပ်သားတွေ တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်မယ်လို့ AA ပြော

• ထားဝယ်ဒေသ ရေကြီးမြေပြိုမှု သေဆုံးသူ တိုးလာနေ

• စစ်တပ်ပိုင် မြန်မာဘီယာနဲ့ ဒဂုံဘီယာ ဆုတွေ ပြန်သိမ်းခံရ

• မြန်မာမှာ TikTok အသုံးပြုမှုပါ တင်းကျပ်ခံလာရ

• ထိုင်းလေဆိပ်မှာ ခရီးဆောင်အိတ်တွေ ပိတ်မိနေ

နေ့စဥ်သတင်း၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

https://youtu.be/dTVlmAlAbrI
#မြန်မာ #ဧရာဝတီ #အရပ်သား # ကျောက်တော် #AA #ထားဝယ် #ရေကြီး #မြေပြို #tiktok #မြန်မာဘီယာ #ဒဂုံဘီယာ #လေဆိပ် #ထိုင်း #နေ့စဥ်သတင်း #DailyNews #WhathappeningInMyanmar
❤31👍21😁2👎1
မိုးမိတ်က စစ်တပ်စိုးမိုးကုန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ရွှေမြင်တင် စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းမြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုးမိတ်မြို့နဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ ဒီစခန်းကုန်းဟာ မိုးမိတ်ဗျူဟာက တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားတဲ့ အရေးပါတဲ့ စိုးမိုးကုန်းတခုဖြစ်ပြီး၊ အဆိုပါစခန်းကို ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ မှန်ပေမယ့် မြေပြင်အချက်အလက်အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

စခန်းလက်လွှတ်လိုက်ရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်ကတော့ ရွှေမြင်တင်ကုန်းနဲ့ အနီးဝန်းကျင်တဝိုက်ကို လေကြောင်းကနေ အပြင်းအထန် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသလို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာတင် ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ၃ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့သလို၊ Y-12 လေယာဉ်တစီးနဲ့ပါ ဝေဟင်ကနေ ဆက်တိုက်ပျံဝဲ စောင့်ကြည့်နေတယ်လို့လည်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။

https://youtu.be/B6lxKAKrYNU
#မြန်မာ #ဧရာဝတီ #မိုးမိတ် #KIA #WhatsHappensInMyanmar
👍53❤13😁2👎1
စစ်ရှုံးနေတဲ့ စစ်တပ်ရဲ့ ရခိုင်မှာလူမဆန်တဲ့ရက်စက်မှု

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ အစုအလိုက်အပြုံလိုက် အရပ်သားပြည်သူတွေ သေဆုံးတဲ့အထိ အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ ရခိုင်စစ်မျက်နှာပြင်မှာ စစ်ရှုံးလို့ ပြည်သူတွေကိုသတ်ဖြတ်ပြီး ဖိအားပေးခြိမ်းခြောက် တာဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)၊ ရခိုင်ဒေသခံတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေက ဆိုကြပါတယ်။

AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်နဲ့ ချင်းပြည်နယ်ပလက်ဝ ဒေသတွေကနေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားနေသလို သူတို့အထိုင်ချထားတဲ့ စစ်တွေ နဲ့ ကျောက်ဖြူဒေသ တွေကနေလည်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားနေတယ်လို့ AA ထုတ်ပြန်ထားပါတယ်။

ဒီထိုးစစ်ကို အာဏာသိမ်းစစ်တပ်ဝါဒဖြန့်သူတွေက ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးထားပြီး AA က တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ ခံစစ်အနေအထား ခုခံနေရတဲ့ အခြေအနေလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီလိုအပြန်အလှန်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက် အကျဆုံးများနေလို့ AA ထိန်းချုပ်ရာဒေသတွေကို ဗုံးကြဲတိုက်ခိုက်မှုပိုလုပ်တာနဲ့ သူတို့ထိန်းချုပ်တဲ့ဒေသတွေမှာ ပြည်သူတွေကိုဖိအားပေးမှုတွေပိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဧရာဝတီကိုပြောပါတယ်။

https://youtu.be/IkCNrzGYXXs
#မြန်မာ #ဧရာဝတီ #ရခိုင် #ကျောက်တော် #AA #WhatsHappensInMyanmar
👍47👎6😁6😱2🤔1
လောင်းလုံးက မြေပြိုသည့်ရွာများ ကယ်ဆယ်ရေးခက်၍ သေဆုံးမှု တိုး

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၌ မိုးကြီးသည့်ဒဏ်ကြောင့် မြေအောက်ရောက်သွားသောရွာ ၁၀ ကျော် ရှိပြီး ၄ရက်မြောက်သည့်တိုင် လမ်းများမရှင်းနိုင်၍ ကယ်ဆယ်ရေးလည်း မရောက်သဖြင့် မြေပိသေသူတိုးလာ နေသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ထားဝယ်မြစ်ကြား တောင်တန်းကြီးများက မြောက်မှတောင်သို့ မိုင် ၅၀ကျော်သွယ်တန်းလျှက်ရှိပြီး မုတ်သုန်လေနှင့် လေဖိအားနည်းရပ်ဝန်းတို့ ဆုံကာ မိုးရက်ဆက်ရွာသဖြင့် စက်တင်ဘာ ၂၆ ရက်မှစ၍ တောင်ပြိုမှုသာမက ပင်လယ်ဒီရေ ထရက်ဖြစ်၍ ရေကြီးမှုပါ ကြုံပြီး ထားဝယ်- လောင်းလုံး- ရှင်မော် ကားလမ်းမကြီး အရှေ့ဘက် ထားဝယ်မြစ် ဘေးရွာ ၂၀ ကျော် ရေဘေးသင့်ခဲ့ရသလို ကားလမ်းမကြီးအနောက်ဘက် လောင်းလုံးအောက်ပိုင်း ရွာ ၁၀ ရွာကျော် မှာ တောင်ပြိုမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရသည်။

အသေအပျောက်များသည့် ရွာများက ကဒက်ငယ်ထိန်၊ ကျောက်နီမော်၊ ဇလွတ်၊ ညောပြင်၊ တောကျက်၊ တီဇစ်၊ သဗျာ၊ ကရင်ကြီး ၊ ကဒက်ကြီး ၊ တောကျဲ ကျေးရွာစသည်တို့ဖြစ်သည်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုဟိန်းထက်က “ လောင်းလုံးအထွက် ညင်းမော်ရွာမှာ ပိုးစာပင်ဘုရားကုန်းတောင်က ပြိုကျထားတော့ လူတရပ်စာလောက်ရှိတဲ့ နုန်းသဲမြေတွေ ကျောက်တုံး၊ ကျောက်ခဲတွေနဲ့ လမ်းမကြီးက ပိတ်နေတော့ မနေ့ကတည်းက ကယ်ဆယ်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေ ပြည်သူတွေက စက်ယန္တရား တွေနဲ့ ရှင်းနေတာ အခုချိန်ထိ မပြီးသေးဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေက ခြေလျင်နဲ့ အခြားအထောက်အကူပစ္စည်းတွေနဲ့ ကဒက်ငယ်ထိန်ရွာကို ရောက်ပြီး ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ရွာပြည်သူတွေနဲ့ ဆက်ပြီး လုပ်ကြတဲ့ သဘောဖြစ်တယ်” ဟု ပြောသည်။

ထားဝယ်မြို့ နှင့် လောင်းလုံးမြို့သည် ၁၀ မိုင်ကျော်ကွာဝေးပြီး လောင်လုံးဒေသတခုလုံး မိုင် ၄၀ ကျော်ရှည်လျားသည့် ထားဝယ်-လောင်းလုံး-ရှင်မော် ကားလမ်းမကြီး တခုတည်းဖြင့် အဓိက ဆက်သွယ်သွားလာနေရသည်။

တောင်ပြိုသည့်ဒဏ် ခံရသည့်ရွာများမှာ လမ်းမကြီးနှင့်ဆက်ထားသည့်လမ်းသာရှိပြီး ကျေးရွာချင်းဆက် လမ်းများမရှိ လမ်းမကြီးပိတ်ဆို့ပါက တရွာနှင့် တရွာ ဆက်သွယ်ရန် ရေလမ်းကြောင်းကိုသာသုံးရပြီး လက်ရှိ လှိုင်းကြီးလေထန်ကာလ သွားလာရန် အန္တရာယ်များကြောင်း ဒေသခံများက ပြောသည်။

လက်ရှိကယ်ဆယ်ရေး ရှေ့ပြေးအဖွဲ့ရောက်ရှိနေသည့် ကဒက်ငယ်ထိန်ရွာသည် လောင်းလုံးမြို့အထွက် ၆ မိုင်ခန့်သာ ဝေးပြီး ကျန်တောင်အောက်ရောက်သွားသည့် ရွာတချို့မှာ ကဒက်ငယ်ထိန်နှင့် မိုင် ၃၀ နီးပါးဝေးကြောင်း သိရသည်။

မြို့နှင့်နီးသည့် ကဒက်ငယ်ထိန်ရွာသည်ပင် ကူညီကယ်ဆယ်ရေး နှောင့်နှေးကြန့်ကြာမှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာကာ စက်တင်ဘာ ၂၉ ရက်ထိ အလောင်း ၉ လောင်းရှာဖွေတွေ့ရှိထားပြီး မတူးဖော်နိုင်သေးသည့် အလောင်း ၅ လောင်း နှင့် ပျောက်ဆုံးနေသူများလည်း ဆယ်ချီရှိနေသေးသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

လောင်းလုံးဒေသခံတဦးက “အဝေးက ရွာတွေထိရောက်ဖို့ဆိုတာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ လမ်းတလျောက် ပိတ် နေတာကို ထပ်ရှင်းဖို့ အများကြီးလိုတယ်။ တချို့ရွာတွေက တောင်တန်းအနောက်ဘက် ကပ္ပလီပင်လယ်ကို မျက်နှာမူပြီး တည်ထားတဲ့ပုံမျိုးဖြစ်နေတော့ ရွာချင်းဆက်လမ်းတွေ မရှိဘူး။ ရွာကနေ မိန်းလမ်းကြီးကို ထွက်လာဖို့ လမ်းတလမ်းပဲရှိပြီး အဲဒီလမ်းကလည်း တောင်တွေပြိုကျသွားတော့ လုံးဝမြေဖုံးနေတယ်။ လူတယောက် လမ်းမကို လမ်းလျှောက်ပြီး ထွက်လာ ဖို့တောင် အဆင်မပြေဘူး။ အရေးပေါ်လူနာတွေ လုံးဝ ပို့လို့မရဘူး။ ပင်လယ်ဘက်ကသွားမယ် ဆိုရင်လည်း လုံးဝမဖြစ်နိုင် တဲ့ အနေအထားမျိုးတွေဖြစ်နေတယ်”ဟု ပြောသည်။

ဖုန်းနှင့် အင်တာနက်လိုင်းများ မကောင်းသဖြင့် ထိခိုက်ဆုံးမှု အခြေအနေကို အတည်ပြုရန် ခက်ခဲနေပြီး စက်တင်ဘာ ၂၉ ရက်ထိ သေဆုံးသူ ၂၀ ခန့် နှင့် ပျောက်ဆုံးသူ ၃၀ ကျော်ရှိနေသည်ဟု အတည်ပြုနိုင်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ( ပကဖ ) တာဝန်ခံ ကိုဟိန်းထက်က ပြောသည်။

ယနေ့နေ့လယ်က ထားဝယ်အမျိုးသား အဖွဲ့ချုပ်(TNF) ထုတ်ပြန်ချက်အရ ထားဝယ်ဒေသတခုလုံး စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး ပျောက်ဆုံးနေသူ ဒါဇင်ချီရှိနေကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သဖြင့် သေဆုံးမှုစာရင်း ဆက်လက် တိုးပွားလာ နိုင်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ ဒေသအများစု ရေ ပြန်ကျသွားပြီး တချို့ ဒေသများတွင် ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများ ဆက်လက်ဖြစ်ပွားနေကာ ကယ်ဆယ်ရေးများလုပ်နေရဆဲဖြစ်ကြောင်း၊

အချို့ရွာများက ပြန်လည် ဝင်ရောက်နေထိုင်ရန် မလုံခြုံသော အခြေအနေများ ရှိနေဆဲဖြစ်ကြောင်း၊ မိုးရွာသွန်းမှုရပ်တန့်ခြင်း သို့မဟုတ် ရေများပြန်ကျဆင်းလာခြင်းတို့ကြောင့် တောင်ပြိုမှုအန္တရာယ် လုံးဝကင်းရှင်းသွားပြီဟု မယူဆနိုင် သေးကြောင်း လည်း TNF က သတိပေးထားသည်။

တနင်္သာရီတိုင်း စစ်ဌာန ဗျူဟာ ၃၃ မှ နည်းဗျူဟာမှူး စောဒါးကိုက တော်လှန်ရေးတပ်များနှင့် အဖွဲ့အစည်းများက သဘာဝဘေး ကြုံနေရသည့် နေရာရွှေ့ပေးခြင်း၊ ကူညီကယ်ဆယ်ရေးများ
😭41❤8👎1
အတတ်နိုင်ဆုံးဆောင်ရွက်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းအခက်အခဲတို့ကြောင့် မသွားရောက်နိုင်သည့် ကျေးရွာများလည်းရှိနေကြောင်းဆို သည်။

ထို့ကြောင့် ကရင်၊ မွန် နှင့် တနင်္သာရီ အခြားမြို့နယ်တို့ရှိ ကူညီကယ်ရေးအဖွဲ့များကို ဖိတ်ခေါ်ထား၍ အရေးပေါ် စားသောက် နိုင်သည့် အစားအစာ၊ သောက်ရေ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကမူ ပြည်သူများအတွက် အရေးပေါ် တုံ့ပြန်ရေးဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မှပြုလုပ်နေသည်ကို တွေ့ရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊ အထူးသဖြင့် လောင်းလုံးမြို့နယ်တွင်း ရေလွှမ်းမိုးမှုများနှင့် တောင်ပြို၊ မြေပြိုမှုများကို ဒေသခံများ ဆိုးရွားစွာရင်ဆိုင်နေကြပြီး နေအိမ်ထောင်ချီ ထိခိုက်ပျက်စီးသလို သောက်သုံးရေနှင့် အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်လျက်ရှိနေသည်ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ယနေ့ ထုတ်ပြန်ထားသည်။

ထို့ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးအစီအစဉ်များကို ဒေသတွင်းရှိ ကယ်ဆယ်ရေး အဖွဲ့အစည်း အနည်းငယ်နှင့် ဒေသခံများက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရသဖြင့် ဝန်နှင့်အား လုံးဝ(လုံးဝ) မမျှတတော့သည့် အခြေအနေဖြစ်သောကြောင့်ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် ဆောင်ရွက်ပေးကြရန်လည်း အကူအညီ တောင်းခံထားသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/29/416671.html
😭45👍5❤3🤔1
👍24❤1🤔1
အမေရိကန် လေယာဉ်တင်သင်္ဘော ဂျော့ချ် ဘုရှ် ဦးဆောင်သည့် သင်္ဘောအုပ်စု ဖူးခက် ဆိုက်မည်

ဧရာဝတီ၊ စက်တင်ဘာ ၂၉၊ ၂၀၂၆

အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS George H.W. Bush ဦးဆောင်သည့် သင်္ဘောအုပ်စုသည် လာမည့် အောက်တိုဘာ ၄ ရက်မှ ၉ ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်ရှိ ဝိချစ် ရေနက်ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းသတင်းများအရ သိရသည်။

အဆိုပါ USS George H.W. Bush နှင့်အတူ ဖျက်သင်္ဘော USS Delbert D. Black တို့ ပါဝင်ပြီး တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော် လိုက်ပါလာမည်ဟု ခန့်မှန်းထားကြောင်း Khaosod သတင်းက ဆိုသည်။

USS George H.W. Bush သည် ဗာဂျီးနီးယားပြည်နယ်၊ နောဖော့ခ် ရေတပ်စခန်းတွင် အခြေစိုက်သည့် နျူကလီးယားစွမ်းအင်သုံး Nimitz လေယာဉ်တင်သင်္ဘောဖြစ်ကာ အလျား ၃၃၃ မီတာခန့် ရှိပြီး လေယာဉ် ၉၀ ခန့် တင်ဆောင်နိုင်သည်။

USS Delbert D. Black သည် Arleigh Burke-class ဖျက်သင်္ဘောဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးနှင့် အခြားလက်နက်စနစ်များ တပ်ဆင်ထားကာ လေယာဉ်တင်သင်္ဘောနှင့်အတူ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နိုင်ကြောင်း သိရသည်။

ခရီးစဉ်သည် အမေရိကန်ရေတပ်၏ ပင်လယ်ပြင် စစ်ဆင်ရေး ခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး မကြာသေးမီကလည်း USS Abraham Lincoln လေယာဉ်တင်သင်္ဘော ထိုင်းနိုင်ငံ လှေမ်ချဘန်းဆိပ်ကမ်းသို့ လာရောက်ခဲ့သေးသည်။

ပုံစာ- USS George H.W. Bush (CVN-77)သင်္ဘောကို ပင်လယ်ပြင်တွင် တွေ့ရစဉ် / US Navy
👍59❤16
ဂွင်ကြုံရင်တော့ ဗျင်းမှာပဲ

ဧရာဝတီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၆

မကြာခင်က ပြီးဆုံးသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(USDP) ညီလာခံမှာ မင်းအောင်လှိုင်ဂိုဏ်းသားတွေ ထိပ်ပိုင်းနေရာတွေ မရခဲ့တဲ့နောက်ပိုင်း အရင် ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့လို ပါတီတွင်း အကွဲအပြဲတွေပေါ်လာမှာလားဆိုတဲ့ မေးခွန်းတွေကို ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီထိ နေပြည်တော်မှာ အခြေစိုက်ခဲ့တဲ့ သတင်းစာဆရာ ကိုသန်းထိုက်အောင်က ဒီတပတ် ဧရာဝတီရဲ့ တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ သုံးသပ်ဆွေးနွေးထားပါတယ်။

https://youtu.be/xbUbfUkk9Pc

#မြန်မာ #ဧရာဝတီ #ကြံ့ခိုင်ရေး #ခင်ရီ #မင်းအောင်လှိုင် #USDP #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍48😁5❤4👎1