The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
👍33😭16😁4🤔3❤2
လူအစုလိုက် သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲမှု ဥရောပသမဂ္ဂ ရှုတ်ချ

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးစေခဲ့သည့် စစ်တပ်၏ဗုံးကြဲတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေသည် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိသဖြင့် လေးစားလိုက်နာရမည် ဖြစ် ကြောင်း၊ ထိခိုက်နစ်နာရသူများနှင့် မိသားစုဝင်များအတွက် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနှင့် မြန်မာပြည်သူလူထုနှင့်အတူ တသားတည်း ဆက်လက် ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျောက်တော်မြို့နယ် ကစ္ဆပနဒီတံတားနှင့် တံတားအနီးရှိ အိန္ဒိယဈေးကို စက်တင်ဘာ ၂၈ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၅၀ ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရသူ ၂၁ ဦး ရှိကြောင်း AA က သတင်း ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း အရပ်သားအများအပြား သေဆုံးစေသည့် အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုအပေါ် အပြင်းအထန် ရှုတ်ချကြောင်း စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး ဗုံးကြဲမှု၌ ပါဝင်ပတ်သက်သူများကို အရေးယူနိုင်ရေးနှင့် တာဝန်ခံမှုရှိစေရေးတို့အတွက်လည်း တောင်းဆိုခဲ့သည်။

ကျောက်တော်ဗုံးကြဲပြီး နောက်ရက်များတွင်လည်း ရခိုင်ပြည်နယ်အတွင်း ဆက်တိုက် ဗုံးကြဲလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်တွင် ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့တို့ကို ဗုံးကြဲခဲ့သဖြင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍62😁8❤7👎2
👍40
AI နှင့် အခြားနည်းပညာသုတေသနများတွင် တရုတ် စပိုင်လုပ်နေကြောင်း ဗြိတိန် စွပ်စွဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆။

တရုတ်သည် နိုင်ငံတော်လုံခြုံရေးအတွက် AI ကဲ့သို့သော ခေါင်းစဉ်များဆိုင်ရာ ပညာရပ်ဆိုင်ရာ သုတေသနများကို ရန်ပုံငွေ ထောက်ပံ့ပေးရာတွင် ပါဝင်နေကြောင်း ဗြိတိန်၏ MI 5 စပိုင်အေဂျင်စီက ဗုဒ္ဓဟူးနေ့တွင် မကြုံစဖူး သတိပေးချက်တခု ထုတ်ပြန်ခဲ့သည်။

MI 5 ၏ "စပိုင်လုပ်ဆောင်မှု သတိပေးချက်" (Espionage Alert) တွင် ဗြိတိန်အခြေစိုက် ပညာရှင် ၁၀၀ ထက်မကသည် တရုတ်အထွေထွေနည်းပညာသုတေသနအဖွဲ့ (CGTRI) မှ ရန်ပုံငွေထောက်ပံ့သည့် စီမံကိန်းများတွင် ပါဝင်ကူညီခဲ့ကြပြီး၊ အဆိုပါအဖွဲ့သည် ပေကျင်း၏ အရပ်ဘက် ထောက်လှမ်းရေးအေဂျင်စီဖြစ်သော တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) နှင့် "အလွန်ခိုင်မာသော ဆက်နွယ်မှုများ" ရှိကြောင်း ပြောကြားခဲ့သည်။

"CGTRI ရဲ့ ပင်မရည်ရွယ်ချက်ဟာ စပိုင်လုပ်ဆောင်မှုအတွက် MSS ရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုက်ရိုက်တိုးတက်စေမယ့် ပညာရပ်ဆိုင်ရာ သုတေသနတွေကို ရန်ပုံငွေထောက်ပံ့ဖို့ဖြစ်တယ်လို့ MI5 က စုံစမ်းသိရှိရပါတယ်" ဟု အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

MI5 အနေဖြင့် သီးခြားခွဲ၍ လူသိရှင်ကြား ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဟု ဆိုသော အဆိုပါသတိပေးချက်သည် တရုတ် စပိုင်နှင့် ပတ်သက်သည့် စွပ်စွဲချက်များအနက် နောက်ဆုံးထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ဗြိတိန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ပေကျင်းနှင့် ဆက်ဆံရေး တည်ဆောက်ရန် အစိုးရ၏ ကြိုးပမ်းမှုများအကြား တင်းမာမှုကို ပေါ်လွင်စေသည်။

ဗြိတိန်ရှိ တရုတ်သံရုံးကမူ အဆိုပါစွပ်စွဲချက်များကို "စိတ်ကူးယဉ်ဆန်ပြီး လုံးဝလုပ်ကြံဖန်တီးထားခြင်း" ဟု ဖော်ပြခဲ့သည်။

"ကျနော်တို့အနေနဲ့ အခြေအမြစ်မရှိတဲ့ ဒီလိုစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ဗြိတိန်ဘက်ကို ပြင်းထန်စွာ ကန့်ကွက်လွှာ ပေးပို့ထားပါတယ်" ဟု သံရုံးပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တခုတွင် ပြောကြားခဲ့သည်။

ပညာရှင်များနှင့် အဖွဲ့အစည်း အများအပြားသည် MSS နှင့် နီးကပ်သော ဆက်နွယ်မှုများကို မသိရှိဘဲ တခါတရံတွင် တရုတ်အထွေထွေနည်းပညာအကယ်ဒမီ (CAGT) ဟု ဘာသာပြန်ဆိုလေ့ရှိသော CGTRI နှင့် စေတနာအမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်နိုင်ကြောင်း MI 5 က ပြောကြားခဲ့သည်။

သို့သော် ထိုသို့ ဆက်လက်လုပ်ဆောင်သူများသည် ၂၀၂၃ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဗြိတိန်၏ အမျိုးသားလုံခြုံရေးဥပဒေအရ တရားစွဲဆိုခံရမည့် အန္တရာယ်ရှိလာမည်ဟု ဆိုသည်။

ဗြိတိန် လုံခြုံရေးဝန်ကြီး Dan Jarvis က တရုတ်အဖွဲ့အစည်းနှင့် မည်သည့်ဆက်ဆံရေးကိုမဆို ဝန်ထမ်းများ အဆုံးသတ်ကြောင်း သေချာစေရေး ဗြိတိန်ရှိ တက္ကသိုလ်အကြီးအကဲများအားလုံးထံ စာရေးသားပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်၏ တရုတ်နှင့် ဆက်ဆံရေးသည် လွန်ခဲ့သောနှစ်များအတွင်း ပိုမိုရှုပ်ထွေးလာခဲ့သည်။

တဖက်တွင် ဗြိတိန်အစိုးရသည် ကုန်သွယ်ရေးဆက်ဆံရေး တိုးမြှင့်ရန် ပေကျင်းနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ရှာဖွေခဲ့ပြီး၊ ဥရောပရှိ တရုတ်၏ နောက်ဆုံးသံရုံးကို လန်ဒန်တွင် တည်ဆောက်ရန် အစီအစဉ်များကို အတည်ပြုပေးခဲ့သော်လည်း၊ တရုတ်၏ စပိုင်လုပ်ဆောင်မှု ကြိုးပမ်းချက်များနှင့် ဗြိတိန်ဒီမိုကရေစီကို ထိခိုက်စေရန် ကြိုးပမ်းမှုများကိုလည်း အကြိမ်ကြိမ် သတိပေးခဲ့သည်။

လွန်ခဲ့သည့်နှစ်က MI 5 ၏ ညွှန်ကြားရေးမှူးချုပ် Ken McCallum က တရုတ်စပိုင်များသည် နေ့စဉ် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတခုဖြစ်နေပြီး ဗြိတိန်ကျွမ်းကျင်ပညာရှင်များကို သတင်းအချက်အလက်များ လွှဲပြောင်းပေးရန် ဆွဲဆောင်ရန်အတွက် အလုပ်အကိုင် အတုအယောင် ကြော်ငြာများကို ဖန်တီးနေကြကြောင်း ပြောကြားခဲ့သည်။

သူ၏အေဂျင်စီသည် တရုတ်အေးဂျင့်များသည် အလုပ်ရှာဖွေရေးအေဂျင်စီများ သို့မဟုတ် ကုမ္ပဏီများအဖြစ် ဟန်ဆောင်ကာ သတင်းအချက်အလက် စုဆောင်းရန်နှင့် ဩဇာလွှမ်းမိုးရန် ဗြိတိန်ဥပဒေပြုအမတ်များကို ပစ်မှတ်ထားနေကြောင်း လွန်ခဲ့သည့်နိုဝင်ဘာလက လွှတ်တော်အမတ်များထံ သတိပေးချက် ထုတ်ပြန်ခဲ့သေးသည်။

ဇွန်လတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သော "Five Eyes" မဟာမိတ်အဖွဲ့၏ လုံခြုံရေးအေဂျင်စီများက တရုတ်စပိုင်များသည် လျှို့ဝှက်သတင်းအချက်အလက်များကို ရယူနိုင်စွမ်းရှိသူများကို စည်းရုံးရန် အွန်လိုင်းအလုပ်အကိုင် ပလက်ဖောင်းများကို အသုံးပြုနေကြောင်း သတိပေးချက်တခု ထုတ်ပြန်ခဲ့သည်။

လန်ဒန်ရှိ တရုတ်သံရုံးကမူ အဆိုပါသတိပေးချက်သည် "လုံးဝလုပ်ကြံဖန်တီးထားခြင်းဖြစ်ပြီး မသမာသော အဓိပ္ပါယ်မဲ့ စွပ်စွဲချက်သာ ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

ကိုးကား။ ။ CNN သတင်း UK accuses China of using academics to spy on AI and other tech research
👍43❤5
👎25😁17👍3🤔3😭1
နျူကလီးယား သုံး တိုက်မည်ဟု NATO ကို ရုရှား ခြိမ်းခြောက်

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆။

ဘောလ်တစ်ပင်လယ်နှင့် ထိစပ်နေသော ရုရှား၏ ကာလင်နင်ဂရက် (Kaliningrad) နယ်မြေအား နေတိုး (NATO) မဟာမိတ်အဖွဲ့က ဖြတ်တောက်ရန် ကြိုးပမ်းပါက နျူကလီးယား လက်နက်များ အပါအဝင် လက်ဝယ်ရှိ စစ်အင်အားတခုလုံးကို အသုံးပြု၍ တိုက်ခိုက်သွားမည်ဟု ရုရှားက သတိပေးလိုက်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကလည်း ဥရောပက ရုရှားကို တိုက်ခိုက်ပါက လွန်စွာတိုတောင်းသော စစ်ပွဲဖြစ်သွားမည်ဟု ပြောဆိုခဲ့သည်။

ယင်းအပေါ် နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေ က မိမိတို့မှာ ကာကွယ်ရေး မဟာမိတ်အဖွဲ့သာဖြစ်ကြောင်းနှင့် မလိုအပ်သော နျူကလီးယား ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် မော်စကိုအား တိုက်တွန်းခဲ့သည်။ ရုရှား၏ နျူကလီးယား သုံးစွဲနိုင်ခြေအပေါ် ရုတေက "ပူတင်အနေနဲ့ နေတိုးကို ဘယ်တော့မှ အနိုင်မရနိုင်တာ သိတဲ့အတွက် အလေးအနက် မထားပါဘူး" ဟု ပယ်ချခဲ့သည်။

ရုရှား၏ ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာချိန်တွင် စစ်ရေးလေ့ကျင့်မှုများနှင့် ပိတ်ဆို့အရေးယူမှုများကြောင့် နှစ်ဖက်စလုံး တွက်ချက်မှု မှားယွင်းနိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာဆန်းစစ်သူများကမူ ထောက်ပြထားသည်။ သို့သော်လည်း နေတိုး ဘက်က ယင်းသတိပေးချက်သည် ဥရောပကို ခြိမ်းခြောက်သည့် ရုရှား၏ ကြိုးပမ်းမှုတခုမျှသာဖြစ်ပြီး ယူကရိန်းကို ဆက်လက်ကူညီသွားမည်ဟု အတည်ပြုခဲ့သည်။ စစ်အင်အား အမြောက်အမြား တပ်ဆင်ထားသည့် ရုရှားနယ်မြေ ကာလင်နင်ဂရက်သည် ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံတို့နှင့် ထိပ်တိုက်ဖြစ်နေသည်။

ကိုးကား။ ။ Reuters သတင်း Russia sends nuclear warning to NATO as tensions rise in the Baltic

ပုံစာ - ၂၀၀၉ ခုနှစ် ကရင်မလင် စစ်ရေးပြပွဲတွင် တွေ့ရသော ရုရှား၏ နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးများ/ AFP
👎31👍8😁6❤4😭1
👍41❤15
အိန္ဒိယ ပိုင်းလော့ ရဲရင့်မှုကြောင့် လူပေါင်း ၁၇၀ ကျော် အသက်ဘေးမှ လွတ်မြောက်

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆။

စက်တင်ဘာ ၃၀ ရက်နေ့ ဒူဘိုင်းမှ တဲလ်အဗစ်သို့ ပျံသန်းလာသည့် Flydubai လေယာဉ်တစင်းပေါ်တွင် ပိုင်းလော့တဦးက အခြားပိုင်းလော့တဦးအား လေယာဉ်မောင်းခန်းအတွင်း ဓားဖြင့်ထိုးကာ လေယာဉ်အား ပျက်ကျစေရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟူးက အတည်ပြု ပြောကြားလိုက်သည်။

ဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် အိန္ဒိယအမျိုးသား ပိုင်းလော့ ကပ္ပတိန် စမစ် မချာ (Smit Machchhar) သည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း ကျူးလွန်သူအား ပြန်လည်ခုခံခဲ့ပြီး လေယာဉ်မောင်းခန်းတံခါးကို ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ခရီးသည်များနှင့် လေယာဉ်အဖွဲ့သားများက ကျူးလွန်သူအား ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

"ကပ္ပတိန် စမစ် မချာရဲ့ ရဲရင့်တဲ့ တုံ့ပြန်မှုကြောင့် ၉/၁၁ ကဲ့သို့ ကပ်ဘေးဆိုးကြီးတစ်ခု ဖြစ်ပွားမယ့်အန္တရာယ်ကို တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု အစ္စရေးဝန်ကြီးချုပ်က CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

လေယာဉ်ပျံသန်းမှု စောင့်ကြည့်ရေး ဒေတာများအရ အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ်အတွင်း လေယာဉ်သည် ၂ မိနစ်အတွင်း အမြင့်ပေ ၁၇,၄၀၀ အထိ ရုတ်တရက် ထိုးဆင်းသွားခဲ့ကြောင်း သိရသည်။ လေယာဉ်ပေါ်ပါ ခရီးသည်တဦး၏ ပြောကြားချက်အရ လေယာဉ် ထိုးဆင်းသွားစဉ်အတွင်း လျှပ်စစ်မီးများနှင့် လေအေးပေးစက်များ ရပ်တန့်သွားခဲ့ပြီး ထိုင်ခုံခါးပတ် စီးမထားသည့် ခရီးသည်များ လဲကျကာ လေယာဉ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဆိုပါ လေယာဉ်အား ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ အရေးပေါ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပြီး ခရီးသည် ၁၇၄ ဦးစလုံး အစ္စရေးသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

ဓားဒဏ်ရာဖြင့် စီးချင်းထိုး ခုခံခဲ့သည့် အိန္ဒိယပိုင်းလော့ ကပ္ပတိန် စမစ် မချာ အား ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ တာဘွတ်ခ် (Tabuk) မြို့ရှိ ဆေးရုံသို့ တင်ပို့ကုသထားပြီး လက်ရှိတွင် အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း ရီယဒ်မြို့ရှိ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားသည်။

ကျူးလွန်သူ၏ ရည်ရွယ်ချက်နှင့် ဖြစ်စဉ်အသေးစိတ်အား သိရှိနိုင်ရန်အတွက် Flydubai လေကြောင်းလိုင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။

ကိုးကား။ ။ CNN သတင်း Hero pilot who fought off hijack attempt prevented ‘disaster for Israel,’ Netanyahu tells CNN

ပုံစာ - အိန္ဒိယအမျိုးသား ပိုင်းလော့ ကပ္ပတိန် စမစ် မချာ
❤57👍29👎1
👍22❤7😁2
တရုတ်က ဖမ်းထားသည့် အမေရိကန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ရှီနှင့် ထရမ့်တို့ ဆွေးနွေး

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့်သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ယမန်နေ့တွင် ပြောသည်။

ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) သုတေသနအဖွဲ့ ဦးဆောင်သူ အမေရိကန်နိုင်ငံသား ကိုမင်းဇင်အပါအဝင် တရုတ်အစိုးရကို ဝေဖန်သူ မီဒီယာသူဌေးကြီး ဂျင်မီလိုင်ကဲ့သို့သော နိုင်ငံရေးအကျဉ်းသားများအရေး ထုတ်ဖော်ပြောဆိုခဲ့ခြင်း ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။

“ကျနော်တို့ အလွန်အမင်း အရေးပါတဲ့ ဆွေးနွေးမှုအချို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က ဆိုသည်။

တိဘက်ဒေသ၊ ဝီဂါ မွတ်စလင်လူနည်းစုအုပ်စုနှင့် တရုတ်နိုင်ငံ၏ 'လူမျိုးစု စည်းလုံးညီညွတ်ရေး' ဥပဒေတို့နှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ကိစ္စရပ်များကို ထရမ့်က တိုက်ရိုက် ပြောဆိုခြင်း ရှိ၊ မရှိကိုမူ အိမ်ဖြူတော်က ပြောကြားခဲ့ခြင်း မရှိပေ။

ဇွန်လအတွင်း တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုမင်းဇင်အား မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် ဝါရှင်တန်က ဩဂုတ်လတွင် သတ်မှတ်ခဲ့သည်။
👍51❤4😁3
👎25😁4😭2❤1
မင်းအောင်လှိုင် မလေးရှား သွားမည်

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများမှ မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့နေစဉ် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မလေးရှားနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် လာရောက်ရန်ရှိသည်ဟု Bernama သတင်းဌာန၌ ဖော်ပြသည်။

အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ခံထားရသည့် မင်းအောင်လှိုင်အတွက် မလေးရှားနိုင်ငံသည် အာဆီယံဒေသအတွင်း စတုတ္ထမြောက်ဖိတ်ခေါ်သော နိုင်ငံ ဖြစ်လာသည်။

မြန်မာဒုက္ခသည်များနှင့်ပတ်သက်ပြီး မလေးရှားပြည်သူများ၏ လုံခြုံရေးနှင့်အကျိုးစီးပွားအား ဦးစားပေးကာ လူသားချင်းစာနာမှုဆိုင်ရာအခြေခံတန်ဖိုးများနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောထားသလို အာဏာသိမ်းသမ္မတ၏ ခရီးစဉ်တွင်လည်း အဆိုပါကိစ္စများ ဆွေးနွေးရန်ရှိသည်။

မြန်မာဒုက္ခသည်များအရေးသည် ပြဿနာအသစ်တခုမဟုတ်ဘဲ လုံခြုံရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုရှုထောင့်များအရ ဆယ်စုနှစ်များစွာ ဖိအားဖြစ်စေခဲ့သည့် အမွေဆိုးတခုဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုသည်။

မလေးရှားနှင့် မြန်မာတို့ကြား ဒုက္ခသည်ဦးရေ ၅၀၀၀ ပြန်လည်လက်ခံရန် သဘောတူညီချက်အရ ပထမအသုတ်အနေဖြင့် စက်တင်ဘာ ၂၉ ရက်၌ ၁၄၇၆ ဦးအား ရေတပ်စစ်သင်္ဘောသုံးစီးဖြင့် အာဏာသိမ်းအစိုးရက ပြန်လည် ခေါ်ယူခဲ့သည်။

ထို့ပြင်ကျန်ရှိသည့် ၃၅၂၄ ဦးကိုလည်း ဒုတိယအသုတ်အနေဖြင့် ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း မလေးရှားဘက်က ပြောထားသည်။

ယင်းမတိုင်မီကလည်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ရာနှင့်ချီကို လေကြောင်းလိုင်းများမှတဆင့် အသုတ်လိုက် ပြန်လည်ပို့ဆောင်မှုများရှိခဲ့သည်။

ထိုသို့ ဒုက္ခသည်များအား ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက်ဖြစ်နေသော နိုင်ငံသို့ပြန်လည်ပို့ဆောင်သည့် မလေးရှား၏ အစီအစဉ်အပေါ် ဒုက္ခသည်များ လုံခြုံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများက ဝေဖန်နေကြသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎51❤11👍5😱1😭1
Media is too big
VIEW IN TELEGRAM
မက္ကဆီကို အမျိုးသားရဲတပ်ဖွဲ့ရဲ့ အသေးဆုံး တပ်ဖွဲ့ဝင် ချီဝါးဝါးခွေးလေး Comando

မက္ကဆီကို အမျိုးသားလုံခြုံရေးတပ်ဖွဲ့မှ ကိုယ်အလေးချိန် ၁၅ ပေါင်ပဲရှိတဲ့ ချီဝါဝါခွေးလေးကို တပ်ဖွဲ့၀င်အသစ်အဖြစ်ပွဲထုတ်လိုက်ပြီး သူဟာ ဒီတပ်ဖွဲ့ရဲ့ အထူးဆန်းဆုံးနဲ့ အသေးဆုံး ခွေးရဲဘော်လေးဖြစ်လာခဲ့ပါတယ်။
❤33👍18
😁23👍6😭2😱1
ခြင်နှင့် မွှားကောင်များအား ဒေါ်နယ်ထရမ့် စစ်ကြေညာ

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီစီ (D.C.) ဒေသရှိ ခြင်ကောင်ရေကို လျှော့ချရန်အတွက် အုပ်ချုပ်ရေးအမိန့်တရပ်ကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့သည်။ ဖလော်ရီဒါပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေချိန်တွင် ယခုအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ အမိန့်အရ ရက်ပေါင်း ၆၀ အတွင်း ဒီစီဒေသရှိ ခြင်မျိုးစိတ်များကို ၉၀ ရာခိုင်နှုန်း လျှော့ချရန်နှင့် နှစ်နှစ်အတွင်း မွှားကောင်ရေကို ၅၀ ရာခိုင်နှုန်း လျှော့ချရန် ဖက်ဒရယ်တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ ထို့ပြင် ဓာတုဗေဒမဟုတ်သော ဘေးကင်းသည့် နည်းပညာအသစ်များ အသုံးပြုရန်၊ သုတေသနများ တိုးချဲ့ရန်နှင့် မွှားကိုက်ခံရမှုကြောင့် ဖြစ်ပွားတတ်သော ရောဂါ (alpha-gal syndrome) ဆိုင်ရာ ကာကွယ်ကုသမှုများကို တိုးမြှင့်လုပ်ဆောင်ရန်လည်း ပါဝင်သည်။

"အမေရိကန်ပြည်သူများအနေဖြင့် ခြင်နှင့် မွှားန္တရာယ်မရှိဘဲ မြို့တော်၏ အလှအပကို ခံစားနိုင်ရမည်" ဟု အမိန့်တွင် ဖော်ပြထားသည်။

တချိန်တည်းတွင် ဖလော်ရီဒါပြည်နယ်၌ ၂၀၂၆ ခုနှစ်အတွင်း ဒေသတွင်း ကူးစက်သည့် သွေးလွန်တုပ်ကွေးလူနာ ၁၉၀ အထိ ရှိလာခဲ့ရာ ခရိုင် ၃ ခုတွင် အရေးပေါ်အခြေအနေ ကြေညာထားရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှု အပါအဝင် ရာသီဥတုအခြေအနေများကြောင့် ခြင်များ ပိုမိုပေါက်ဖွားလာခြင်းဖြစ်သည်ဟု ယူဆရသည်။ သွေးလွန်တုပ်ကွေးရောဂါသည် Aedes ခြင်မှတဆင့် ကူးစက်တတ်ပြီး အရှေ့တောင်အာရှ အပါအဝင် အပူပိုင်းဒေသများတွင် အဖြစ်များသည့် ရောဂါဖြစ်သည်။

ကိုးကား။ ။ Newsweek သတင်း Donald Trump Declares War on Mosquitoes
❤31👍24😁13
Media is too big
VIEW IN TELEGRAM
ဖုန်းတလုံးရဲ့ IMEI နံပါတ်က ဘာကို ဖော်ပြနိုင်သလဲ

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

မြန်မာနိုင်ငံသားတိုင်း ဖုန်းအသစ်ဝယ်ရင်ဖြစ်ဖြစ်၊ ရှိပြီးသားဖုန်းတွေကို ဖြစ်ဖြစ် မှတ်ပုံတင်နေရပါပြီ။

IMEI နံပါတ်က တဆင့် အလိုရှိနေတဲ့လူဟာ ဘယ်နေရာ၊ ဘယ်ဒေသမှာ ရောက်ရှိနေလဲဆိုတာကို အနီးဆုံးတယ်လီဖုန်းတာဝါသုံးတိုင်က ပို့တဲ့အချက်အလက်တွေကို တွက်ချက်ပြီး အနီးစပ်ဆုံး ခြေရာခံနိုင်တယ်လို့နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။

စစ်အစိုးရကတော့ IMEI မှတ်ပုံတင်တဲ့စနစ်ကို ဖော်ဆောင်တာဟာ နိုင်ငံအတွင်း တရားမဝင် တင်သွင်း နေတဲ့ မိုဘိုင်းဖုန်းတွေဆီကနေ အခွန်ရရှိဖို့၊ ဖုန်းပျောက်ဆုံးမှု၊ အခိုးခံရမှုနဲ့ ဒုစရိုက်မှုတွေကို ကာကွယ်ဖို့လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ အတိုက်အခံအင်အားစုတွေကို စောင့်ကြည့်ဖိနှိပ်ဖို့ ဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။

#မြန်မာ #ဧရာဝတီ #ဖုန်း #IMEI #WhatsHappensInMyanmar
❤28👍26👎5😁1
😭31👎6❤2
မြန်မာတဦးအပါအဝင် သင်္ဘောသား ၅ ဦး ဆိုမာလီဓားပြများ သတ်ဖြတ်

ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

ဆိုမာလီပင်လယ်ဓားပြများဖမ်းဆီးထားသည့် Honor 25 ရေနံတင်သင်္ဘောကို မကယ်နိုင်မီ သင်္ဘောသား ၅ ဦးသတ် ဖြတ်ခံခဲ့ရကြောင်း ဆိုမာလီနိုင်ငံ၊ Puntland ရေကြောင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများအားကိုးကားပြီး The Maritime Executive သတင်းတွင် ယမန်နေ့က ဖော်ပြသည်။

သင်္ဘောသား ၁၇ ဦးအနက် သေဆုံးသူများမှာ မြန်မာနိုင်ငံသား သင်္ဘောအင်ဂျင်နီယာချုပ် ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့ဖြစ်ကြပြီး အခြားသင်္ဘောသား လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဆိုမာလီဓားပြများ ဧပြီလကတည်းက ပြန်ပေးဆွဲဖမ်းဆီးထားသည့် Palau နိုင်ငံအလံတင် Honor 25 ရေနံတင်သင်္ဘောအား ဆိုမာလီနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်သော Puntland ရေကြောင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် ပြန်လည် စီးနင်းထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ သင်္ဘောအား ပြန်လည်ကယ်တင်မည့်စစ်ဆင်ရေးမတိုင်မီ အသတ်ခံရခြင်းဖြစ်ကြောင်း ရဲဘက်ကပြောသော်လည်း ဒေသတွင်းသတင်းအချို့တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြမှုများလည်းရှိနေသည်။

စစ်ဆင်ရေးအတွင်း ဆိုမာလီဓားပြများထဲက သံသယရှိသူ ၁၆ ဦးအား ဖမ်းမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားသူများကို လိုက်လံရှာဖွေနေကြောင်းလည်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭35❤11👎11👍4
Media is too big
VIEW IN TELEGRAM
ဒူဘိုင်းက အစ္စရေးဆီ ပျံတဲ့ Flydubai လေယာဉ်ပေါ် ဘာတွေဖြစ်ခဲ့လဲ

ဒူဘိုင်းက အစ္စရေးနိုင်ငံ တယ်လ်အဗီးမြို့ဆီ ပျံသန်းလာတဲ့ Flydubai လေယာဉ်လိုင်းမှ Flight FZ1073 ပေါ်မှာ ပိုင်းလော့တစ်ဦးက အခြားပိုင်းလော့တစ်ဦးကို ဓားဖြင့်ထိုးပြီး လေယာဉ်ကို ထိုးစိုက်ပျက်ကျစေဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
👍52❤8🤔3
ဘန်ကောက်ရေကြီးမှု မြန်မာရွှေ့ပြောင်းတို့ အလုပ်အကိုင်ထိခိုက်မည်ကို စိုးရိမ်

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အပါအဝင် ခရိုင် ၅၀ခန့်၌ ပြီးခဲ့သည့်ရက် မိုးကြီးရေလျှံမှုကြောင့် စီးပွားရေးလုပ်ငန်းများပျက်စီးကာ လုပ်ငန်းများ ရပ်နားထားရပြီး တချို့နေရာများ ရေပြန်ကျသွားပြီဖြစ်သော်လည်း လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သည့်အတွက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေကြသည်။

ရေကြီးဒဏ် အဆိုးဆုံးခံရသည့် ဘန်ကပိရှိ စားသောက်ဆိုင်ဝန်ထမ်းတဦးက “ဆိုင်က ရေတက်တဲ့နေ့ကတည်းက ပိတ်ထားရတယ်။ ဆိုင်ကိုသွားတဲ့ လမ်းတလျောက်လည်း ရေတက်နေတော့ ရောက်အောင်သွားဖို့က မလွယ်ဘူး။ ပိုင်ရှင်ကလည်း မလာခိုင်းထားဘူး။ အလုပ်ပြန်ဆင်းဖို့ကလည်း အခုထိ မဆက်သွယ်သေးဘူးဆိုတော့ ဆိုင် ပြန်ဖွင့်နိုင်ပါ့မလားဆိုတာကို ပူပန်နေရတယ်” ဟု ပြောသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/01/416733.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍39😭7❤1