ရှေးဟောင်းပုဂံမှာ သီတင်းကျွတ် မီးပုံးပျံ ၃ သောင်း လွှတ်တင်မည့်အပေါ် မီးဘေး စိုးရိမ်
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
လာမည့် သီတင်းကျွတ်ပွဲတော်ကာလ ရှေးဟောင်း ပုဂံယဉ်ကျေးမှုနယ်မြေ၌ လူစည်ကားစေရေး တညလျှင် မီးပုံးပျံ အလုံး ၁၀,၀၀၀ နှုန်းဖြင့် ၃ ရက်အတွင်း စုစုပေါင်း အလုံး ၃၀,၀၀၀ လွှတ်တင်ရန် စီစဉ်နေရာ ယမန်နေ့ညပိုင်းက အစမ်းလွှတ်တင်မှုအတွင်း မီးပုံးပျံတလုံး မြင်းကပါကျေးရွာရှိ လူနေအိမ်ပေါ်သို့ ပြုတ်ကျခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။
ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလ မီးပုံးပျံအလုံးရေ ၃၀,၀၀၀ လွှတ်တင်သွားရန် Bagan Lover အဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းက စီစဉ်ထားခြင်းဖြစ်ပြီး အလိုတော်ပြည့်ဘုရား၊ ဓမ္မရံကြီးဘုရားနှင့် Sunset ကုန်းတို့တွင် ၃ နေရာခွဲကာ လွှတ်တင်သွားမည် ဖြစ်ကြောင်း၊ ထိုအတွက် ယခုရက် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက်နေစဉ် အိမ်ပေါ် မီးပုံးပြုတ်ကျခြင်း ဖြစ်သည်။
ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး ပညာရှင်တချို့က ပုဂံသီတင်းကျွတ်ပွဲတော်ကို အလှဆင်ရန်၊ အပန်းဖြေရန်နှင့် စီးပွားရေးအရ ဆွဲဆောင်ရန် ရန်သူမျိုးငါးပါးတွင် တပါးဖြစ်သည့် မီးကို အသုံးပြု၍ မီးပုံးပျံ အမြောက်အမြား လွှတ်တင်ခြင်းသည် သမိုင်းဝင်အမွေအနှစ်များနှင့် ဒေသခံပြည်သူများအတွက် ထိခိုက်ပျက်စီးနိုင်သည့် ဘေးအန္တရာယ် ကြီးမားကြောင်း ထောက်ပြပြောဆိုသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုဒေသသည် မြန်မာနိုင်ငံ၏ မူလအစ စေတီပုထိုး၊ ဘုရားကျောင်းကန်များ၊ မြေပေါ်မြေအောက် အမွေအနှစ်များအပြင် သစ်သား၊ ဝါး၊ ကျူထရံ အဆောက်အအုံများ၊ သစ်ပင်၊ ကောက်ပဲသီးနှံများ၊ ချုံနွယ်ပိတ်ပေါင်းများနှင့် လောင်စာများ တစုတဝေးတည်း တည်ရှိနေသော ဒေသဖြစ်သည်။
ထို့ပြင် မီးလောင်မှုကဲ့သို့ အရေးပေါ်အခြေအနေများ ဖြစ်ပွားလာပါက မီးသတ်ယာဉ်များပင် ဝင်ရောက်ရန် ခက်ခဲသည့် နေရာများစွာရှိနေသဖြင့် မီးပုံးပျံလွှတ်တင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို သတိထားဆင်ခြင်ရန်နှင့် ရှေးဟောင်းအမွေအနှစ်ဒေသ၏ လုံခြုံရေးကို ရှုထောင့်ပေါင်းစုံမှ အထူးသတိပြုကြရန် လိုအပ်ကြောင်းလည်း ထောက်ပြပြောဆိုကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍32😁9❤6🤔3
စစ်တပ်ထံ ဘက်ပြောင်းသူတို့ လမ်းပြမှုဖြင့် ဆားတောင်ဘက် စစ်ကြောင်းထိုး
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ဆားတောင်မြို့မှ လက်နက်ချ ဘက်ပြောင်းသူများကို လမ်းပြအဖြစ်အသုံးချ၍ စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ စစ်ကိုင်း-ရွှေဘိုလမ်းကြောင်းအတိုင်း အင်အား ၁၆၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာပြီး ဆားတောင်မြို့ထိ လမ်းမကြီးတလျောက် ဖြန့်ခွဲနေရာယူထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
“ဂျိမ်းစိုးက ဆားတောင်သားဆိုတော့ သူတို့ကို လမ်းပြလုပ်ခိုင်းပြီးတော့ စစ်ကိုင်းကနေ ဆားတောင်အထိ စစ်ကြောင်းထိုး ဝင်လာတာ၊ ဆားတောင်မြို့အထိုင်ကတဆင့် အညံ့ခံပူးပေါင်းသွားတဲ့ ဝက်လက်ပကဖအဖွဲ့တွေရော ဂျိမ်းစိုးအဖွဲ့တွေရော စစ် ကြောင်းနဲ့ ပါလာတယ်လို့ သိရတယ်၊ လက်ရှိ စစ်ကိုင်းကနေ ဆားတောင်အထိက သူတို့ စိုးမိုးထားနိုင်တဲ့ အနေအထား ဖြစ်နေတယ်၊ ဆားတောင်ကို အခြေပြုပြီးတော့ စစ်ကိုင်း၊ ဝက်လက်နယ်တွေကို ပတ်မွှေမယ့် အခြေအနေ ရှိတယ်”ဟု စစ်ကိုင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
အလားတူ ရွှေဘိုမြို့နယ်ဘက်မှလည်း အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းသည် ရွှေဘို-စစ်ကိုင်းလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးနေရာ ရွှေဘိုမြို့နယ် ချီပါကျေးရွာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် စစ်ကိုင်း- ရွှေဘိုလမ်းမကြီးအား အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရေး နှစ်ဘက်ညှပ် စစ်ကြောင်းထိုးနေခြင်းဟု တော်လှန်ရေး အင်အားစုများက ဆိုသည်။
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှ ဂျိမ်းစိုးအဖွဲနှင့် ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်ပကဖ တာဝန်ခံ ကိုလင်း၏ ညာလက်ရုံး မီးတောက်အဖွဲ့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၀ ကျော်သည် စက်တင်ဘာ ၂၂ ရက်က လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်တပ်ထံ ဝင်သွားခြင်းဖြစ်သည်။
ပုံစာ- စက်တင်ဘာလ ၂၂ ရက်က စစ်ကိုင်းမြို့နယ် ဆားတောင်တွင်လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀ ကျော် စစ်တပ်ထံ ပူးပေါင်းစဉ်/ CINCDS

👎53❤23👍5🤔4😁1
ခရီးဆောင်အိတ်များ သောင်တင်မှုက ထိုင်းလေကြောင်းလိုင်း CEO အလုပ်မှ ထွက်ရ
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
ပြီးခဲ့သည့်ရက်ပိုင်းက ဘန်ကောက်တွင် ရေကြီးမှုကြောင့် သုဝဏ္ဏဘူမိလေဆိပ်၌ ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းများ ကြန့်ကြာခဲ့ကာ ခရီးဆောင်အိတ် သောင်းချီသောင်တင်မှုကြောင့် ထိုင်းအမျိုးသားလေကြောင်းလိုင်း (Thai Airways International)အမှုဆောင်အရာရှိချုပ် ချိုင် အမ်ဆီရီ (Chai Eamsiri) ကို ယနေ့မှစ၍ ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Thai Airways ဘုတ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူ Lavaron Sangsanit ဦးဆောင်ကျင်းပသည့် ဘုတ်အဖွဲ့အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Khaosod သတင်း၌ ဖော်ပြသည်။
ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်စည် ကိုင်တွယ်ဆောင်ရွက်မှုများနှင့် လေကြောင်းလိုင်းပျံသန်းမှုများ ထိခိုက်ခဲ့ပြီး ခရီးစဉ်များစွာ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နောင်တွင် ယခုကဲ့သို့ အဆင်မပြေမှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးရေး အစီအမံများနှင့် အမှုဆောင်အရာရှိချုပ် ချိုင် ၏ လေကြောင်းလိုင်း စီမံခန့်ခွဲမှု အခြေအနေများကို ဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားခဲ့သည်။
CEO ချိုင် ၏ သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ တာဝန်ထမ်းဆောင်ရန် ကျန်ရှိနေသေးသော်လည်း ဒါရိုက်တာဘုတ်အဖွဲ့က PTT ကုမ္ပဏီ၏ အမှုဆောင်ဟောင်းတဦးဖြစ်သူ Samrit Samniang ကို ယာယီ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
အဆိုပါ ရက်များ၌ လေယာဉ်များ ပုံမှန် အတက် အဆင်းလုပ်နိုင်သော်လည်း လေဆိပ်ဝန်ထမ်းများ မလာရောက်နိုင်သဖြင့် ခရီးဆောင်အိတ် တင်ဆောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ခရီးသည်တင် လှေကားယာဉ်များ မောင်းနှင်ခြင်းနှင့် လေယာဉ်မြေပြင်ဝန်ဆောင်မှုပစ္စည်း ရွှေ့ပြောင်းခြင်းများ အခက်အခဲဖြစ်ပေါ်ခဲ့သည်။

👍39❤9😱2
သဘာဝဘေးသင့် တနင်္သာရီကို ဗုံးကြဲရုံမက ကူညီရေးအဖွဲ့ကိုလည်း ပစ်ခတ် ဖမ်းဆီး
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
တောင်ပြိုမှု နှင့် ရေကြီးမှု သဘာဝဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံနေရသည့် တနင်္သာရီတိုင်း ထားဝယ်ခရိုင်သို့ စစ်တပ်က ဗုံးကြဲရုံသာမက ကူညီရေးအဖွဲ့များကိုလည်း ပစ်ခတ်ဖမ်းဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလကုန်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း တောင်ပြိုကျကာ မြေအောက်ရောက်သွားသည့် ကျေးရွာများသည် လမ်းများပိတ်ဆို့နေ၍ ကူညီကယ်ဆယ်ရေးများ အချိန်မီ မရောက်ရှိနိုင်သောကြောင့် သေဆုံးမှု တိုးနေသလို ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်း စစ်တပ်က ဖမ်းဆီးမှုများ ပြုလုပ်နေသည်။
လောင်းလုံမြို့နယ် တောကျဲ ရွာဘက်မှ ကျောက်နီမော်ဘက်ကို လှေဖြင့်သွားသည့် ကယ်ဆယ်ရေးအဖွဲ့ကို ယနေ့ နံနက် ၁၁ နာရီတွင် စစ်သင်္ဘောက ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃ မှ နည်းဗျူဟာမှူး စောဒါးကို က “ရေလမ်းက သွားကူတဲ့အဖွဲ့တွေ၊ လူဦးရေက ၁၀ ကျော်လောက်ပါတယ်။ ဒေသခံတွေ အများအားဖြင့် ပါတယ်။ သတင်းရတာကတော့ သူတို့က ( စစ်တပ်)က ပစ်ခတ်ခေါ်လိုက်ပြီး စစ်ဆေးနေတယ်။ အခုချိန်ထိ ပြန်မလွှတ်သေးဘူး။ ကယ်ဆယ်ရေးအတွက် သူတို့ ပိတ်ဆို့တာကတော့ တော်တော်ဆိုးတယ်။ ပြည်သူတွေ ဒီလောက်ခံစားနေရတာ လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ လူဆိုရင် စဉ်းစားတတ်တယ်”ဟု ပြောသည်။
ထို့ပြင် လွန်ခဲ့သည့်ရက်ကလည်း ရေဘေးသင့် သရက်ချောင်းမြို့နယ် ကျေးရွာများကို ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့သလို လက်ရှိ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။
လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၂၆ ရက်မှစ၍ မြေပြိုမှု နှင့် ရေကြီးမှုဒဏ်များကို ခံစားနေရကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ပိတ်ဆို့ တားမြစ်မှုများကြောင့် ကူညီကယ်ဆယ်ရေး မရောက်နိုင်သေးသည့် ကျေးရွာများစွာရှိနေပြီး သေဆုံးသူ ၄၀ ကျော်ထိ တိုးလာသလို စားနပ်ရိက္ခာပြတ်တောက်မှုများနှင့် ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

👎43❤14😭6👍2🤔1
Media is too big
VIEW IN TELEGRAM
TIME မဂ္ဂဇင်း၊ မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်
အောက်တိုဘာ ၂၊ ၂၀၂၆
ဒီနေ့မှာတော့ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ တော်တော်လေး ဟိုလေးတကျော် ဖြစ်သွားခဲ့တဲ့ ကမ္ဘာကျော် TIME မဂ္ဂဇင်းနဲ့ မြန်မာ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ရဲ့ အင်တာဗျူးအကြောင်း၊ နောက်ပြီး TIME မဂ္ဂဇင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြောင်းတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

👍54❤5🤔1
• နေပြည်တော်ကို ကာကွယ်ဖို့နဲ့ စစ်ရေးလှုပ်ရှားဖို့ တိုင်းစစ်ဌာနချုပ်ရွှေ့
• တရုတ်ဆန့်ကျင်ရေးအတွက် အမျိုးသားရေးသမားတွေ အချင်းများ
• အရှင်ဆေကိန္ဒရဲ့ လူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြနည်း သင်ကြားနေ
• သဘာဝဘေးကာလ ထားဝယ်ဒေသမှာ အပစ်ရပ်ဖို့ သပိတ်အဖွဲ့ တောင်းဆို
• အရပ်သားတွေကို စစ်တပ်က မရပ်မနား လေကြောင်းဗုံးကြဲနေတယ်လို့ AA ပြော
• အမေရိကန် သေဒဏ်ကျအမျိုးသမီး နှစ်ကြိမ် ဆေးထိုးစီရင်ပေမယ့် မသေခဲ့
နေ့စဉ်သတင်း၊ အောက်တိုဘာ ၂ ၊ ၂၀၂၆
https://youtu.be/8IuxER05-Nw
#မြန်မာ #ဧရာဝတီ #အမျိုးသားရေးသမား #ဓမ္မဒူတလူငယ်ကျောင်း #AA #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

YouTube
နေပြည်တော်ကို ကာကွယ်ဖို့နဲ့ စစ်ရေးလှုပ်ရှားဖို့ တိုင်းစစ်ဌာနချုပ်ရွှေ့ | The Irrawaddy
• တရုတ်ဆန့်ကျင်ရေးအတွက် အမျိုးသားရေးသမားတွေ အချင်းများ
• အရှင်ဆေကိန္ဒရဲ့ လူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြနည်း သင်ကြားနေ
• သဘာဝဘေးကာလ ထားဝယ်ဒေသမှာ အပစ်ရပ်ဖို့ သပိတ်အဖွဲ့ တောင်းဆို
• အရပ်သားတွေကို စစ်တပ်က မရပ်မနား လေကြောင်းဗုံးကြဲနေတယ်လို့ AA ပြော
• အမေရိကန်…

👍41❤4🤔2😁1
မွေးဖွားဖို့ ၄ ရက်အလိုမှာ ကွယ်လွန်ခဲ့ရတဲ့ မိခင်နဲ့ ရင်သွေးလေး
ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ကိုယ်ဝန်နေ့စေ့လစေ့နဲ့ အသက် ၃၂ နှစ်အရွယ် မခင်မာနွယ်ရောကလေးပါသေဆုံးသွားခဲ့ရပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူပေါင်း ၅၀ သေဆုံးခဲ့ရပြီး မခင်မာနွယ်က အဲဒီထဲကတယောက်ဖြစ်ပါတယ်။
သူသာမကဘဲ ဗိုက်ထဲက ရင်သွေးငယ် လူ့လောကထဲကိုရောက်မလာခင် လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံရပြီး မီးလောင်ကျွမ်းသေဆုံးသွားခဲ့ရတာပါ။ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) နဲ့စစ်ပွဲဆိုင်ရာ ဥပဒေများ (Laws of War) တွေအရ အရပ်သားတွေ၊ ဈေး၊ လူနေအိမ်၊ကျောင်း၊ ဆေးရုံ စတဲ့ အရပ်ဘက် ဆိုင်ရာနေရာတွေကို တိုက်ရိုက်ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို တားမြစ်ထားပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို တားမြစ်ထားတဲ့ နေရာတွေကို တမင်ရွေးကြဲနေသလို ဖြစ်နေပါတယ်။
စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဘက်ကတော့ ဒါဟာ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်တာလို့ သူတို့ရဲ့ တယ်လီဂရမ်တွေမှာ အောင်ပွဲခံ ဝါဒဖြန့်နေကြပါတယ်။ ဒါပေမဲ့ မြေပြင်က အမှန်တရားကတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ရွေးနေတဲ့ မိခင်တွေ၊ မိခင်ဝမ်းထဲက သန္ဓေသားနဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံနေရတာ ဖြစ်ပါတယ်။
လူ့လောကထဲကို ဝင်ရောက်ခွင့်မရဘဲ မီးလောင်တိုက်ထဲမှာ အော်ငိုရင်း အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ကျောက်တော်က မွေးကင်းစ ရင်သွေးငယ်လေးရဲ့ အသံဟာ မြန်မာပြည်က စစ်ရာဇဝတ်မှုတွေရဲ့ အရက်စက်ဆုံး သက်သေတခုအဖြစ် ကျန်ရစ်နေခဲ့ပါပြီ။
https://youtu.be/xlQW9wAbTGs
#မြန်မာ #ဧရာဝတီ #ကျောက်တော် #ဗုံးကြဲ #မခင်မာနွယ် #WhatsHappensInMyanmar
Compose
Write to IRW TV

မွေးဖွားဖို့ ၄ ရက်အလိုမှာ ကွယ်လွန်ခဲ့ရတဲ့ မိခင်နဲ့ ရင်သွေးလေး | The Irrawaddy
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ ကိုယ်ဝန်နေ့စေ့လစေ့နဲ့ အသက် ၃၂ နှစ်အရွယ် မခင်မာနွယ်ရောကလေးပါသေဆုံးသွားခဲ့ရပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတား လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူပေါင်း ၅၀ သေဆုံးခဲ့ရပြီး…
😭79❤9👍4👎3😁1
သဖန်းဆိပ်ဆည် ရေလွှတ်ပြန်ရာ မူးမြစ်ကမ်းဘေးရွာများ ရေထပ်ကြီး
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ စက်တင်ဘာလကုန်က ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန် စွာ အဆက်မပြတ်ရွာသွန်းပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲတံခါး ၁၂ ပေါက်လုံး ဖွင့်ချလိုက်သဖြင့် ဆည်အောက်ဘက်ရှိ မူးမြစ်ကမ်းဘေးရွာများ ရေကြီးနေကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကစပြီး သဖန်းဆိပ်ဆည် အထက်ပိုင်း၌ မူးမြစ်ရေကျလာသလို ဆည်အောက်ပိုင်း တွင်လည်း ရေတိုးနေကာ ဩဂုတ်လအတွင်းက ရေကြီးခဲ့သည့် မူးမြစ်ရေ ဝင်ရောက်မှုထက် ပိုများကြောင်း သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/02/416753.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ စက်တင်ဘာလကုန်က ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန် စွာ အဆက်မပြတ်ရွာသွန်းပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲတံခါး ၁၂ ပေါက်လုံး ဖွင့်ချလိုက်သဖြင့် ဆည်အောက်ဘက်ရှိ မူးမြစ်ကမ်းဘေးရွာများ ရေကြီးနေကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၁ ရက် နံနက်ပိုင်းကစပြီး သဖန်းဆိပ်ဆည် အထက်ပိုင်း၌ မူးမြစ်ရေကျလာသလို ဆည်အောက်ပိုင်း တွင်လည်း ရေတိုးနေကာ ဩဂုတ်လအတွင်းက ရေကြီးခဲ့သည့် မူးမြစ်ရေ ဝင်ရောက်မှုထက် ပိုများကြောင်း သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/02/416753.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
သဖန်းဆိပ်ဆည် ရေလွှတ်ပြန်ရာ မူးမြစ်ကမ်းဘေးရွာများ ရေထပ်ကြီး
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ စက်တင်ဘာလကုန်က ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန် စွာ အဆက်မပြတ်ရွာသွန်းပြီး သဖန်းဆိပ်ဆည် ရေပိုလွှဲတံခါး ၁၂ ပေါက်လုံး ဖွင့်ချလိုက်သဖြင့် ဆည်အောက်ဘက်ရှိ မူးမြစ်ကမ်းဘေးရွာများ ရေကြီးနေကြောင်း ဒေသခံများထံက…
👎35😭17😱5❤3🤔1
ရခိုင်ကို ဘာကြောင့် ပစ်မှတ်ထားနေသလဲ
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၀၆
https://youtu.be/UShqMKSs3Ck
#မြန်မာ #ဧရာဝတီ #ရခိုင် #ဗုံးကြဲ #စစ်တပ် #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၀၆
https://youtu.be/UShqMKSs3Ck
#မြန်မာ #ဧရာဝတီ #ရခိုင် #ဗုံးကြဲ #စစ်တပ် #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ရခိုင်ကို ဘာကြောင့် ပစ်မှတ်ထားနေသလဲ | The Irrawaddy
#မြန်မာ #ဧရာဝတီ #ရခိုင် #ဗုံးကြဲ #စစ်တပ် #WhatsHappensInMyanmar
_________
မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက အရေးကြီးသတင်းတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ဧရာဝတီ (The Irrawaddy) ရဲ့ YouTube Channel မှာ အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေပါတယ်။ Subscribe…

👍31🤔3😁2
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း ရဲ့ ဂျပန်မှု ဆိုင်ရာ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/03/416765.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
အခု စနေမှာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း ရဲ့ ဂျပန်မှု ဆိုင်ရာ ဆောင်းပါး တပုဒ်ကို ပြန်လည် တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/10/03/416765.html
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍30❤2
၂၀၂၅ ခုနှစ် ဧပြီလက ဧရာဝတီမှာ ရေးထားတဲ့ အာဆီယံနဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်အကြောင်း သူ့အတွေး သူ့အမြင် ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/04/25/400245.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/viewpoint/2025/04/25/400245.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍37❤3😁2😭2
ကင်ဂျုံအန်းသည် ‘အလွန်အမင်း ဝလွန်းသူ’ ဟု တောင်ကိုရီးယား ထောက်လှမ်းရေး ပြော
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆။
မြောက်ကိုရီးယားခေါင်းဆောင်သည် “အလွန်အမင်း ဝလွန်းသူ” ဟု ကင်ဂျုံအန်း၏ ကျန်းမာရေးဆိုင်ရာ နောက်ဆုံးသုံးသပ်ချက်ကို ကိုးကား၍ ဆိုးလ်ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။
ဆေးလိပ်အသောက်လွန်ပြီး ကာလရှည်ကြာ ဝလွန်းသူဖြစ်သည့် ကင်၏ ကျန်းမာရေးကို တောင်ကိုရီးယား ထောက်လှမ်းရေးက အနီးကပ်စောင့်ကြည့်လျက်ရှိသည်၊ အကြောင်းမှာ သူ၏ ရုတ်တရက်ကွယ်လွန်မှုသည် နျူကလီးယားလက်နက် ဆက်ခံရေးနှင့် တည်ငြိမ်ရေးတို့အပေါ် မေးခွန်းများ မြှင့်တက်လာစေနိုင်သောကြောင့်ဖြစ်သည်။
ကင်၏ “ကျန်းမာရေးအခြေအနေကို အလေးချိန် ၁၄၀ ကီလိုဂရမ်ကျော်ရှိပြီး အလွန်အမင်း ဝလွန်းသူအဖြစ် သတ်မှတ်ထားသည်” ဟု လွှတ်တော်အမတ် ယွန်းဂွန်းယောင်း က ဆိုးလ်ထောက်လှမ်းရေးအေဂျင်စီကို ကိုးကား၍ ပြောကြားခဲ့သည်။
သူသည် “နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မား” သော်လည်း၊ လှေကားထစ်များပေါ်သို့ ပြေးတက်ခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများတွင် အခက်အခဲ မရှိကြောင်း ယွန်းက ဆက်လက်ပြောကြားခဲ့သည်။
“ သီးသန့်ဆေးအဖွဲ့၏ အနီးကပ်စောင့်ကြည့်မှုကြောင့် ကျန်းမာရေးပြဿနာ လက္ခဏာများ မတွေ့ရကြောင်း သုံးသပ်ရပါသည်” ဟု ၎င်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်တွင် ကင်သည် သူ၏ ကွယ်လွန်သူ အဘိုးဖြစ်သူ၏ မွေးနေ့ အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး ရက်ပေါင်း ၂၀ ခန့် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့စဉ် သူ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာခဲ့ရာ ခွဲစိတ်ကုသမှုအပြီးတွင် သူ ပြင်းထန်စွာ မကျန်းမမာဖြစ်နေသည်ဟူသော သတင်းအမှားများကို မီးထိုးပေးခဲ့သည်။
ကင်၏ ဖခင် ကင်ဂျုံအီးလ်နှင့် အဘိုးဖြစ်သူ ကင်အီးလ်ဆောင်းတို့သည်လည်း ဝလွန်းသူများနှင့် ဆေးလိပ်အသောက်လွန်သူများ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားသည် ယင်းလက်နက်အစီအစဉ်များကြောင့် အရေးယူပိတ်ဆို့မှု မြောက်မြားစွာခံထားရပြီး ကျဆုံးလုနီးပါး ဖြစ်နေသည့် နိုင်ငံပိုင်စီးပွားရေးနှင့် နာတာရှည် စားနပ်ရိက္ခာ ပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေရသည်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ အယ်လိဇဘက် ဆားမွန် (Elizabeth Salmon) က စားနပ်ရိက္ခာ ပြတ်လပ်မှုသည် နိုင်ငံ၏ အဓိက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာဖြစ်ကြောင်း ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွင်း ကင်၏ ကိုယ်ပိုင်စားဖိုမှူးများနှင့် အတူလုပ်ကိုင်ခဲ့ဖူးသည့် ဟနွိုင်း Metropole ဟိုတယ်မှ စားဖိုမှူးချုပ် ပေါလ် စမတ် (Paul Smart) က မြောက်ကိုရီးယားခေါင်းဆောင်သည် ရှားပါးအသားနှင့် အဖိုးတန် ဇိမ်ခံအစားအစာများကို နှစ်သက်သူဖြစ်ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။
“သူက ငါးဥနက် (Caviar)၊ ကျောက်ပုဇွန် (Lobster) စတဲ့ တကယ်ကို ဇိမ်ခံပစ္စည်းတွေကို ကြိုက်ပါတယ်။ ဖွာဂရာ (Foie gras - ငန်းအသည်း) လိုမျိုး အစားအသောက်တွေကို တကယ် လွန်လွန်ကဲကဲ နှစ်သက်ပါတယ်” ဟု ဆိုသည်။
ကိုးကား။ ။ The Japan Times သတင်း North Korean leader ‘extremely obese,’ Seoul spy agency says

👍30❤15😁5