The Irrawaddy - Burmese
✔
74.9K subscribers
38.8K photos
2.52K videos
3 files
18.2K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ရန်ကုန်က တန်ဖိုးကြီးကွန်ဒိုများ အခန်းမအပ်၍ ဖြေရှင်းဖို့ ဝယ်သူတို့ တောင်းဆို

သတင်း | ဧရာဝတီ၊ အောက်တိုဘာ ၁၊ ၂၀၂၆

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ တန်ဖိုးကြီးကွန်ဒိုစီမံကိန်း The Central မှ ၆နှစ်ကြာသည့်တိုင် ကြိုပွိုင့်ဝယ်ယူ ထားသူများအား အခန်းမအပ်သဖြင့် စက်တင်ဘာ ၂၉ ရက်က ကွန်ဒိုအရောင်းခန်းမ၌ ဝယ်ယူသူတချို့ စုဝေး သွားရောက်ကာ ဖြေရှင်းပေးရန် အော်ဟစ်တောင်းဆိုကြသည်။

The Central စီမံကိန်းမှာ အချက်အချာကျသည့် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်တွင်ရှိပြီး ကွန်ဒိုများ၏ တန်ဖိုးမှာ အခန်းအမျိုးအစားကိုလိုက်၍ ငွေကျပ်သိန်း ၁ သောင်းကျော်မှ သိန်း ၃ သောင်းကျော်အထိ ဈေးနှုန်းအသီးသီး ရှိကာ ကြိုပွိုင့်သွင့်ထားသူများမှာ ကျပ်သိန်း ၁ သောင်းကျော်မှ ၂ သောင်းခန့်အထိ ပေးသွင်းထားပြီးကြကြောင်း ဝယ်ယူသူများက ဆိုကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/01/416739.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍48❤1
• အာဏာသိမ်းစစ်တပ်နဲ့ ပေါင်းပြီး KIA ကို တိုက်မယ်လို့ SNA ပြော
• ရခိုင်က ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်တွေထဲ စစ်တပ် ဗုံးထပ်ကြဲ
• ကျောက်တော် လေကြောင်းတိုက်ခိုက်မှု သက်သေတွေ IIMM တောင်းခံ
• ဗန်းမော်ထောင်က အကျဉ်းသား ၇၀ ကျော် လွတ်မြောက်
• ဒူဘိုင်းလေယာဉ်ဖြစ်စဉ် ကြံစည်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုလား စစ်ဆေးနေ
• နျူကလီးယားသုံးတိုက်ခိုက်မယ်လို့ NATO ကို ရုရှားခြိမ်းခြောက်

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၊ ၂၀၂၆
https://youtu.be/0LArKYnm6uM

#မြန်မာ #ဧရာဝတီ #KIA #AA #လေကြောင်းတိုက်ခိုက် #NATO #ရုရှား #နေ့စဉ်သတင်း #DailyNews #WhatsHappeingInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍45❤9😁2
𝐂𝐡𝐢𝐧𝐚 𝐁𝐫𝐢𝐞𝐟𝐢𝐧𝐠

“တရုတ်ကို လုံးဝမှီခိုတယ်တော့ မဟုတ်ဘူး” လို့ မင်းအောင်လှိုင်ပြော

ဒီတပတ် China Briefing မှာတော့ တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုတာမျိုး မရှိဘူးလို့ မင်းအောင်လှိုင်ပြောတဲ့ သတင်းနဲ့ တရုတ်ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ အကြောင်း အပါအဝင် တရုတ် နဲ့ မြန်မာ ထူးခြားတဲ့ သတင်းတွေကို ပြောပြထားပါတယ်။

https://youtu.be/XmXnPVTIImE

#မြန်မာ #ဧရာဝတီ #ChinaBriefing #တရုတ် #ခရီးသွား #မင်းအောင်လှိုင်
😁48❤8😭2🤔1
Media is too big
VIEW IN TELEGRAM
မင်းအောင်လှိုင် "မလေးရှားသွားတဲ့အခါ"
👍42😁9❤5
👍23❤1😭1
သေကြောင်းကြံသော လေယာဉ်မှူး အစ္စလာမ်မစ် အစွန်းရောက်ဝါဒ ရိုက်သွင်းခံထားရ ဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆

အစ္စရေးသို့ ပျံသန်းစဉ် ခရီးသည်တင် လေယာဉ်ကို ပျက်ကျစေရန် ကြံစည်သည့်အနေဖြင့် လေယာဉ်မှူးကို ဓားဖြင့်ထိုးခဲ့သော ဒုတိယလေယာဉ်မှူးသည် အစ္စလာမ်မစ် အစွန်းရောက်ဝါဒ ရိုက်သွင်းခံထားရသူဖြစ်ပြီး သေကြောင်းကြံစည်လိုစိတ် သိသာစွာ ရှိနေခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမှ အစ္စရေးနိုင်ငံ တဲလ်အဗီးဗ်သို့ ပျံသန်းသည့် ဗုဒ္ဓဟူးနေ့ flydubai လေယာဉ်အမှတ် FZ1073 ပေါ်တွင် ဒဏ်ရာရရှိခဲ့သော လေယာဉ်မှူးသည် လေယာဉ်မောင်းခန်းတံခါးကို သော့ဖွင့်ပေးနိုင်ခဲ့သဖြင့် ခရီးသည်များက တိုက်ခိုက်သူကို ဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့ပြီး ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အရန်လေယာဉ်အဖွဲ့သားများက လူပေါင်း ၁၇၀ ကျော် လိုက်ပါလာသော အဆိုပါလေယာဉ်ကို ဆော်ဒီအာရေးဘီးယားနိုင်ငံ တဘွတ် (Tabuk) လေဆိပ်သို့ ဆင်းသက်ပေးခဲ့သည်။

"သူ့မှာ အစ္စလာမ်မစ် အစွန်းရောက်ဝါဒ ရိုက်သွင်းခံထားရတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါဟာ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေဆီကနေ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တစ်ခုဖြစ်ပုံရပါတယ်" ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟူ က Fox News နှင့် အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။

အစ္စရေးလုံခြုံရေးအရာရှိ နှစ်ဦးကမူ အစ္စရေးဘက်က အိုမန်နိုင်ငံသားအဖြစ် စုံစမ်းသိရှိထားသည့် ဒုတိယလေယာဉ်မှူးသည် တဦးတည်း မသမာသောစိတ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း အစ္စရေး၏ ပဏာမဆန်းစစ်ချက်များအရ သုံးသပ်ထားပြီး စုံစမ်းစစ်ဆေးမှုများကိုမူ ဆက်လက်လုပ်ဆောင်နေဆဲဟု ပြောဆိုခဲ့သည်။

လေယာဉ်လမ်းကြောင်း စောင့်ကြည့်လေ့လာသည့် Flightradar24 ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အစ္စရေးသို့ ပျံသန်းစဉ် ဆော်ဒီအာရေးဘီးယားနိုင်ငံ အထက်တွင် ဖြစ်ပွားခဲ့သော ထိုဖြစ်စဉ်အတွင်း လေယာဉ်သည် စက္ကန့် ၃၀ အတွင်း ပေ ၁၄,၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။

ဒုတိယလေယာဉ်မှူးသည် သေကြောင်းကြံစည်လိုသည့်စိတ် ရှိနေသည်မှာ ထင်ရှားကြောင်း နာတာညာဟူက ပြောကြားခဲ့သည်။

"ဒါပေမဲ့လည်း ကျနော် အပြီးသတ် ကောက်ချက်မဆွဲသေးပါဘူး။ ဒါပေမဲ့ လက်ရှိကျနော်တို့ရထားတဲ့ ညွှန်ပြချက်တွေကတော့ ဒီအတိုင်းပါပဲ" ဟု သူက ဆက်လက်ပြောဆိုသည်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ဖြစ်စဉ်အကြောင်းရင်းနှင့် "ဒီဖြစ်စဉ်ဟာ မည်သည့် အကြမ်းဖက်လှုပ်ရှားမှု၊ ရည်ရွယ်ချက်တို့နဲ့ ဆက်စပ်နေသလဲ၊ သို့မဟုတ် ကြိုတင်ပြင်ဆင်မှု ဒါမှမဟုတ် ညွှန်ကြားချက်များ ပါဝင်နေသလား" ဆိုသည်ကို စုံစမ်းဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း UAE အစိုးရသတင်းအေဂျင်စီက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

UAE ဆိုင်ရာ အစ္စရေးသံအမတ် ယော့ဆီ ရှယ်လီ (Yossi Shelley) က ကောက်ချက်ဆွဲရန် စောလွန်းသေးပြီး မည်သည်ကိုမျှ အတည်မပြုနိုင်သေးကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အခြား အစ္စရေးအရာရှိတဦးကလည်း အစ္စရေးသည် ဆော်ဒီများထံမှ လိုချင်သော သတင်းအချက်အလက် အားလုံးကို မရရှိသေးဘဲ အစ္စရေးထောက်လှမ်းရေးအဖွဲ့များဖြစ်ကြသော မော့ဆက် (Mossad) နှင့် ရှင်ဘက် (Shin Bet) တို့ကလည်း အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆော်ဒီအစိုးရ၏ ပထမဆုံး ထုတ်ပြန်ချက်တွင် အလုပ်သင်နှင့် လေယာဉ်မှူးကြီး နှစ်ဦးစလုံး ဒဏ်ရာများအတွက် ဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်ကြောင်း ဆေးဘက်ဆိုင်ရာ ခွင့်ပြုချက်ရရှိပြီးနောက် ကြာသပတေးနေ့နံနက်တွင် အဘူဒါဘီသို့ ထွက်ခွာသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဆော်ဒီအာရေးဘီးယားက ၎င်းအနေဖြင့် အာရပ်စော်ဘွားများပြည်ထောင်စုမှ လုံခြုံရေးအဖွဲ့များနှင့်အတူ ပဏာမစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒုတိယလေယာဉ်မှူးသည် လေယာဉ်မှူးကြီးကို တိုက်ခိုက်ခဲ့သဖြင့် လေယာဉ်အား တဘွတ်တွင် အရေးပေါ်ဆင်းသက်ရန် ဖိအားပေးခဲ့ခြင်းဖြစ်ကြောင်း ပဏာမစုံစမ်းစစ်ဆေးချက်များအရ သိရှိရသည်ဟု ဆော်ဒီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်သူအား အိုမန်နိုင်ငံသားအဖြစ် နာတာညာဟူက ဖော်ထုတ်ပြောဆိုခဲ့သည်။ အိုမန်အာဏာပိုင်များဘက်ကမူ တစုံတရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

"အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးမရှိတဲ့ နိုင်ငံတွေက လေယာဉ်မှူးတွေကို ခန့်ထားလို့မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ကျနော်တို့မှာ ရှိပါတယ်။ ဒါပေမဲ့ သူက အဲဒီကန့်သတ်ချက်ကို ကျော်လွန်သွားနိုင်ခဲ့တာ ထင်ရှားပါတယ်" ဟု နာတာညာဟူက Fox သို့ ပြောကြားခဲ့သည်။

အီရန် ပါဝင်ပတ်သက်မှု ရှိမရှိ မေးမြန်းရာတွင် နာတာညာဟူက ပြောဆိုရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။ အစ္စရေးဘက်က အီရန် ပါဝင်ပတ်သက်နေသည်ဟု တရားဝင် ပြောဆိုထားခြင်း မရှိသေးပေ။ အစ္စရေးလုံခြုံရေးအရာရှိ နှစ်ဦးကလည်း အစ္စရေးအနေဖြင့် ယခုအချိန်အထိ အီရန်၏ ပါဝင်ပတ်သက်မှုကို မတွေ့ရှိရသေးကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ ဦးဆောင်သည့်
👍26❤13😭2🤔1
တိုက်ခိုက်မှုများနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သော အစ္စရေး၏ ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်အနည်းငယ်အလို၌ ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်သည် အစ္စရေးတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့ပြီး အစ္စရေး၏ လုံခြုံရေးသည် မဲဆွယ်စည်းရုံးမှုများတွင် အဓိက အရေးပါသော အကြောင်းအရာအဖြစ် ပါဝင်နေသည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလတွင် အီရန်ကို တိုက်ခိုက်မှုများ စတင်ခဲ့ပြီး အဆိုပါပဋိပက္ခသည် ပင်လယ်ကွေ့ဒေသနှင့် အစ္စရေးက အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်နေသည့် လက်ဘာနွန်နိုင်ငံတို့ထံ အလျင်အမြန် ကူးစက်သွားခဲ့သည်။

ကိုးကား။ ။ Reuter သတင်း Israel's Netanyahu: Co-pilot of flydubai plane underwent radical Islamist indoctrination

ပုံစာ - ပြန်ပေးဆွဲပြီး သေကြောင်းကြံသော လေယာဉ်မှူးအား ခုခံတိုက်ခိုက်ပြီး လေယာဉ်ကို ကယ်တင်ခဲ့သော အစ္စရေးခရီးသည်အား ကြိုဆိုနုတ်ဆက်နေသော နေတာညာဟူ
👍32❤2😁1
❤16👍11😱3
အမေရိကန်ပြည်ထောင်စုတွင် သေဒဏ်ပေးရာ ဆေးထိုးကွပ်မျက်သော်လည်း မသေဘဲ အသက်ရှင်ကျန်ရစ်နေ

ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆

တရားရင်ဆိုင်မှုများအပြီး အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ်တွင် အနှစ် ၂၀၀ အတွင်း ပထမဆုံး အမျိုးသမီးကွပ်မျက်မှုအဖြစ် ခရစ်စတာ ပိုက်ခ် (Christa Pike) ကို ဆေးထိုးကွပ်မျက်ခဲ့သော်လည်း ဆေးနှစ်ကြိမ် ထိုးနှံခဲ့အပြီး မသေဆုံးဘဲ အသက်ရှင်နေခဲ့သည်။ ထို့ကြောင့် အဆိုပါ ကွပ်မျက်မှု လုံးဝမအောင်မြင်ခဲ့ဘဲ ဖြစ်စဉ်အတိအကျကို စုံစမ်းစစ်ဆေးရန်အတွက် အုပ်ချုပ်ရေးမှူး ဘေးလ် လီး (Bill Lee) က ယခုနှစ်အတွင်း နောက်ထပ်ပြုလုပ်မည့် ကွပ်မျက်မှုများကို ဆိုင်းငံ့လိုက်သည်။

၁၉၉၅ ခုနှစ် လူသတ်မှုဖြင့် သေဒဏ်ပေးခံထားရသူ ပိုက်ခ်သည် လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။ သူမ၏ ရှေ့နေများက အကြောရှာမရခြင်း၊ အကြောပေါက်ခြင်းနှင့် ဆေးအရည်အသွေး ကျဆင်းခြင်း အပါအဝင် ကွပ်မျက်မှုအဖွဲ့၏ အမှားအယွင်းများကို ထောက်ပြကာ၊ လူတဦး ခံစားဖူးသမျှထက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်ကို ခံစားခဲ့ရပြီးဖြစ်၍ ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုထားကြသည်။

သေဒဏ်ဆန့်ကျင်သူများကလည်း ဤဖြစ်စဉ်သည် သေဒဏ်ပေးစနစ်၏ မအောင်မြင်မှုကို ပြသနေကြောင်း ပြောကြားခဲ့ကြသည်။ ဆေးထိုးကွပ်မျက်မှုစနစ်တွင် ပရိုတိုကောအရ ပထမဆေးမတိုးပါက ဒုတိယအကြိမ် ထိုးရန်သာ ပါရှိပြီး ထိုထက်ပို၍ မအောင်မြင်ပါက မည်သို့ဆက်လုပ်ရမည်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။ ဤဖြစ်စဉ်သည် ဆေးထိုးကွပ်မျက်မှု ခံယူပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့သည့် အလွန်ရှားပါးသော ဖြစ်ရပ်တခု ဖြစ်လာခဲ့သည်။

ကိုးကား။ ။ CNN သတင်း Christa Pike survived her execution. What happened?

ပုံစာ - ခရစ်စတာ ပိုက်ခ်သည် လက်ရှိတွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။
👍32❤10😱5👎1
😁46🤔1
ကျားဖြန့်များကို လုံးဝသည်းခံ ခွင့်လွှတ်မည်မဟုတ်ဟု အာဏာသိမ်းသမ္မတ ပြော

ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု(ကျားဖြန့်)သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာသည့်အတွက် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍ မရသော ရာဇဝတ်မှုများအဖြစ်သတ်မှတ် နှိမ်နင်းလျက်ရှိကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ပြောသည်။

အွန်လိုင်းလိမ်လည်မှုနည်းလမ်းများနှင့် အန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်သည့် အရေးယူမှုများပြုလုပ်ကြရန် အလေးထားဆောင်ရွက်နေကြောင်း ဆိုသည်။

ထို့ပြင် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ” ကို ၂၀၂၆ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြဋ္ဌာန်း၍ မြန်မာနိုင်ငံအတွင်း တရားမဝင် လုပ်ငန်းလုပ်ကိုင်သည့်နေရာများဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ရွှေကုက္ကို မြိုင်ကျေးရွာရှိ အဆောက်အဦ(၇၇) လုံးကိုလည်းစိစစ်ဖော်ထုတ်ပြီး ရာနှုန်းပြည့်ဖြိုချဖျက်ဆီးရှင်းလင်းပြီး ယင်းမှာ ရဲတပ်ဖွဲ့အတွက်ကြီးမားသော လုပ်ဆောင်ချက်တရပ်ဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

မူးယစ်ဆေး နှိမ်နင်းမှုအနေဖြင့် နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(INCB)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှု ခင်းဆိုင်ရာရုံး (UNODC)၊ အမေရိကန်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)တို့အပြင် အိမ်နီးချင်းနိုင်ငံများ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ထိန်းချုပ်အဖွဲ့များနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် တိုက်တွန်းသွားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁78👍4❤3👎1
👍45😁6❤2
👎20😭3👍2
မလေးရှားက မြန်မာဒုက္ခသည်များ ပြန်ပို့ခြင်း ချက်ချင်း ရပ်ဖို့ ကုလ တိုက်တွန်း

ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆

မလေးရှားအာဏာပိုင်များအနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ပေးနေသည့် လုပ်ငန်းစဉ်များ ချက်ချင်းရပ်တန့်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားများနှင့်အညီ ရိုဟင်ဂျာအပါအဝင် မြန်မာဒုက္ခသည်များ၏ အခြေအနေကို ဖြေရှင်းရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kelley E. Currie က တောင်းဆိုလိုက်သည်။

"မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ သဘောတူထားတဲ့ 'ဆန္ဒအလျောက် နေရပ်ပြန်ရေး အစီအစဉ်' ဆိုတာရဲ့ အောက်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် မြန်မာနိုင်ငံသား ၅,၀၀၀ ကို ပြန်လည်ပို့ဆောင်ဖို့ စတင်နေတာနဲ့ ပတ်သက်ပြီး ကျမအနေနဲ့ စိုးရိမ်မကင်း ဖြစ်ရပါတယ်" ဟု ၎င်းက ပြောသည်။

နိုင်ငံတကာဥပဒေအရ မလေးရှားအစိုးရအနေဖြင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ဖိနှိပ်ခံရခြင်း သို့မဟုတ် အခြားသော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် ရင်ဆိုင်ရနိုင်သည့် ဘေးအန္တရာယ်ရှိသော အခြေအနေများသို့ မည်သူ့ကိုမျှ အတင်းအကျပ် ပြန်မပို့ရေးမူကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိကြောင်းနှင့် လက်ရှိအခြေအနေများအရ ပြန်လည်ပို့ဆောင်ပါက အဆိုပါ အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေ အလွန်မြင့်မားကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

ရရှိထားသော အချက်အလက်များအရ မလေးရှားနိုင်ငံသည် စက်တင်ဘာ ၂၉ ရက်နေ့မှစ၍ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စတင်ပြန်လည်ပို့ဆောင်ခဲ့ပြီး ၎င်းတို့သည် ယမန်နေ့က မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် မကြာမီရက်အတွင်း ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း အာဏာသိမ်းအစိုးရပိုင် သတင်းစာတွင် ဖော်ပြသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြားမှ စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ် ရှိ လူစည်ကားရာ 'အိန္ဒိယဈေး' ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကိုလည်း ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် ကျယ်ပြန့်စွာဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ အထူးသဖြင့် မတူညီသော အဖွဲ့အစည်းအသီးသီးက ရိုဟင်ဂျာလူမျိုးများအပေါ် စနစ်တကျ ချိုးဖောက်မှုများပြုလုပ်နေခြင်း ကြောင့် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာ၊ ရေရှည်တည်တံ့စွာနှင့် အမှန်တကယ် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်နိုင်သည့် အခြေအနေများ မရှိသေးကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အရပ်သားများနှင့် အဖွဲ့အစည်းများအပေါ် အကြမ်းဖက်မှုများ ကျရောက်နေပြီး ကျန်ရှိနေသေးသော ရိုဟင်ဂျာလူဦးရေအတွက် အန္တရာယ်ဖြစ်စေသည့်အပြင် ဒုက္ခသည်များ ထပ်မံထွက်ပြေးရမှုကိုလည်း ဖြစ်ပေါ်စေကြောင်း၊ စစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများ၏ အခြေအနေမှာလည်း အလွန်ဆိုးရွားလျက်ရှိပြီး ပဋိပက္ခတွင် ပါဝင်နေသော လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရက်စက်ကြမ်းကြုတ်မှု သတင်းများကိုလည်း ဆက်လက်လက်ခံရရှိနေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာအာဏာပိုင်များအနေဖြင့် လွတ်လပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းနှင့် မြေပြင်အခြေအနေများကို သီးခြားအတည်ပြု စောင့်ကြည့်စစ်ဆေးခြင်းများကို ပြင်းထန်စွာ ပိတ်ပင် တားဆီးထားဆဲဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍49😁7❤5
👍23😁3😱2
တရုတ်က ပြည်ပ လောင်စာဆီ တင်ပို့မှု ဒုတိယအကြိမ် ရပ်ဆိုင်း

ဧရာဝတီ၊ အောက်တိုဘာ ၂၊ ၂၀၂၆

သမ္မတရှီကျင့်ဖျင် အမေရိကန်ခရီးစဉ်မှ ပြန်လာအပြီး တရုတ်နိုင်ငံ၏ စက်သုံးဆီချက်စက်ရုံများအနေဖြင့် ဘေဂျင်းအစိုးရထံမှ နောက်ထပ်ညွှန်ကြားချက် မရရှိသေးမီအထိ ဟောင်ကောင်နှင့် မကာအိုဒေသများမှလွဲ၍ အခြားပြည်ပဒေသများသို့ ယခုလအတွက် စက်သုံးဆီတင်ပို့မှုကို ယမန်နေ့မှစကာ ရပ်ဆိုင်းထားကြောင်း ရိုက်တာသတင်း၌ ဖော်ပြသည်။

ထိုသို့ရပ်ဆိုင်းခြင်းသည် ပြည်တွင်းဆီလက်ကျန်များကို ထိန်းသိမ်းရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး စစ်ပွဲကြောင့် ကျပ်တည်းနေပြီးသား ကမ္ဘာ့လောင်စာဆီဈေးကွက်ကို ပိုမိုကျဉ်းမြောင်းသွားစေမည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

အီရန်စစ်ပွဲ စတင်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်း တင်သွင်းမှုများ ထိခိုက်ခဲ့၍ တရုတ်သည် မတ်လ၌ စက်သုံးဆီတင်ပို့မှုများကို ပထမအကြိမ် ကန့်သတ်ခဲ့ပြီးနောက် ဇူလိုင်လတွင် အဆိုပါ ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ကာ ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီ ပြည်ပတင်ပို့မှုများ လစဉ် စီမံခန့်ခွဲလျက်ရှိရာမှ ယခု ထပ်မံ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပြည်တွင်း စက်သုံးဆီလက်ကျန်မှာ စစ်ပွဲမဖြစ်ပွားမီ အခြေအနေအောက် လျော့နည်းလျက်ရှိနေပြီး နိုင်ငံပိုင် ပက်ထရိုတရုတ် (PetroChina) ကုမ္ပဏီကလည်း တင်ပို့ရန် စီစဉ်ထားသည့် သင်္ဘော အတော်များများကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းက ဆိုသည်။

တရုတ်နိုင်ငံက အဓိက တင်ပို့နေသည့် စက်သုံးဆီများမှာ လေယာဉ်ဆီ၊ ဒီဇယ်နှင့် ဓာတ်ဆီတို့ဖြစ်သည်။

တရုတ်နိုင်ငံ၏ စက်သုံးဆီ တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန် စစ်အင်အား တိုးမြှင့်ချထားသည့် သတင်းများကြောင့် ကမ္ဘာ့လောင်စာဆီ ရောင်းလိုအားအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ယမန်နေ့က ရေနံဈေးနှုန်းများမှာ တပီပါလျှင် ၄ ဒေါ်လာမက ခုန်တက်သွားခဲ့ကာ ရေနံစိမ်းဈေးမှာလည်း ၁၀၂ ဒေါ်လာ အထက်တွင် ဈေးပိတ်ခဲ့သည်။
👍38❤9😁6😱3
Media is too big
VIEW IN TELEGRAM
KIA နဲ့ PDF ကို စစ်တပ်နဲ့ ပေါင်းပြီး တိုက်မယ်လို့ SNA ပြော

အာဏာသိမ်းစစ်တပ်အပါအဝင် မဟာမိတ် ပြည်သူ့စစ်အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ပြောလိုက်တာပါ။

SNA နဲ့ KIA ကြား ပဋိပက္ခတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပိုမိုပြင်းထန်လာခဲ့တာပါ။ အာဏာသိမ်းပြီးနောက် SNA ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေကို တိုက်ခိုက်မှုတွေမှာ သိသိသာသာ ပါဝင်လာခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #ရှမ်းနီ #SNA #KIA #PDF #WhatsHappensInMyanmar
😁73👎15❤8👍5😭1
🤔21👎7😁4😱3❤1