ဂန္ထဝင် ရသ ကာတွန်းများ
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
ကာတွန်း ဟန်လေး ၏ ဂန္ထဝင် လက်ရာတခုကို ပြန်လည် ဖော်ပြလိုက်ပါသည်။
Caption - စစ်ရာဇဝတ် ကျူးလွန်မှု အမြင့်ဆုံး
Website တွင် ဖတ်ရန် https://bit.ly/45nwps4
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

👍16❤15😱3👎1
Media is too big
VIEW IN TELEGRAM
ဘဝချင်းမတူသည့် ဂျိုရှူအာဗန်နှင့် နေးနေး
အောက်တိုဘာ ၃၊ ၂၀၂၆
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း အမေရိကန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာသိ ပြိုင်ပွဲကြီးနှစ်ခုမှာ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံက လူငယ်နှစ်ဦး အနိုင်ရပြီး ဒေါ်လာ ၁ သန်းစီ အသီးသီး ဆုကြေးရရှိခဲ့ကြပါတယ်။
#မြန်မာ #ဧရာဝတီ #AGT #nene #ufc #joshuavan

👍45❤12
စစ်ပွဲ ကပ်ဘေးနှင့် ငွေကြေးအကျပ်အတည်းကြားက iPhone 18 Pro
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
စစ်တပ်အာဏာသိမ်းပြီးနောက် ၅နှစ်အတွင်း လူမှုစီးပွားအဘက်ဘက်မှ ဆိုးရွားသွားသည့်အခြေအနေတွင် မြန်မာပြည်၌ စားစရာမရှိသူနှင့် ထားစရာမရှိသူဟူ၍ လူတန်းစားနှစ်မျိုးသာ ရှိတော့ကြောင်း အများက ဆိုစမှတ်ပြုကြသည်။
တကယ်လည်း စစ်ပွဲပဋိပက္ခများကြား ကုန်ဈေးနှုန်းကမြင့် ကျပ်ငွေတန်ဖိုးကကျ ဝင်ငွေကအခက်အခဲဖြစ် အာရောဂျံ ပရမံလာဘံကို ထည့်မတွက်နိုင်သူ အများအပြားရှိနေပြီး ရေခဲသေတ္တာတလုံး ၆၈သိန်းအား ရင်သပ်ရှု့မောနေရစဉ် နောက်ဆုံးပေါ် iPhone 18 Pro ကို ကျပ်သိန်း ရာချီပေး၍ ဝယ်နိုင်သည့် လူတန်းစားက သီးသန့်ရှိ၏။
ထိုသူများထဲတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနှင့် ဝင်ငွေမြင့်မားသူများလည်းပါနိုင်သလို စစ်အုပ်စုနှင့် ပေါင်းကာ စီးပွားလုပ် နေသော ခရိုနီအသိုင်းအဝန်းကလည်း ဖြစ်နိုင်၏။ ဒါ့အပြင် မူးယစ်ဆေးကုန်သွယ်သူ၊ ကျားဖြန့်နှင့် အဓမ္မစစ်မှုထမ်းအတွက် လူဖမ်းရောင်းစားသည့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါလည်း ပါဝင်နိုင်သည်။ နေပြည်တော်က အကျင့်ပျက်ဝန်ထမ်း အသိုင်းအဝိုင်းကတော့ ထည့်သွင်းပြောစရာပင် မလိုပေ။
တနေ့အနိမ့်ဆုံးလုပ်ခလစာ ၆၈၀၀ ကျပ်သာရရှိသော စက်ရုံလုပ်သားများ အပါအဝင် အခြေခံလူတန်းစားများ၏ လစဉ် ဝင်ငွေနှင့် ယှဉ်ပါက နောက်ဆုံးပေါ် iPhone 18 Pro တလုံး၏ ဈေးက မြင့်မားသည့် ပမာဏဖြစ်၏။
Apple ထုတ်ကုန်အသစ် iPhone 18 Pro နှင့် Pro Max က စက်တင်ဘာလ ၁၈ ရက်မှ စရောင်းချခဲ့ရာ ပြည်တွင်းမိုဘိုင်းလ် ဈေးကွက်မှာ ဝယ်ပါက CEIR (IMEI မှတ်ပုံတင်ခြင်း) အခွန်နှင့် ဒဏ်ကြေးက ကျပ် ၁၃ သိန်းကျော်အထိ ပေးဆောင်ရပြီး ဖုန်းတလုံး၏ စုစုပေါင်းတန်ကြေးက ကျပ်သိန်း ၁၀၀ ကျော်အထိ ရှိကြောင်း အရောင်းအဝယ်ပြုလုပ်သူများနှင့် ဝယ်ယူ သုံးစွဲသူများထံမှ သိရသည်။
ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်အပါအဝင် အာရှနိုင်ငံအချို့၌ Apple က တိုက်ရိုက်ဖွင့်လှစ်ထားသော တရားဝင် ကိုယ်စားလှယ်ဆိုင်များရှိသော်လည်း မြန်မာနိုင်ငံရှိ တရားဝင်လက်လီရောင်းချခွင့်ရ mDrive နှင့် XtraSure တို့တွင်မူ iPhone 18 Pro Series ကို ရောင်းချနိုင်ခြင်း မရှိသေးဘဲ ကြိုတင်မှာယူမှု (Pre-order) သာ လက်ခံသေးသဖြင့် ဦးဦးဖျားဖျား ကိုင်ချင်သည့် ပြည်တွင်းဝယ်ယူသူများမှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပမှတဆင့် လေဆိပ်ခရီးသည် သယ်ယူခွင့်ဖြင့် ပြန်လည် တင်သွင်းလာသည့် ဖုန်းများကို ဝယ်ယူနေရခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖုန်းတင်သွင်းခွင့်အတွက် အာဏာသိမ်းအစိုးရ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOC) တွင် သွင်းကုန်လိုင်စင် မဖြစ်မနေ လျှောက်ထားရယူရမည်ဖြစ်ကာ mDrive နှင့် XtraSure တို့သည် ဖုန်းတင်သွင်းခွင့်အတွက် လိုင်စင်လျှောက်ထားသော်လည်း ဝန်ကြီးဌာနက ပြန်လည်မချပေးသည့်အတွက် တင်သွင်းခွင့် မရသေးကြောင်း သိရသည်။
ဖုန်းအရောင်းအဝယ်လုပ်ကိုင်နေသူတဦးက “ဘန်ကောက်မှာ ကိုယ်တိုင်လာဝယ်တဲ့သူတွေကလည်း အရင်နှစ်ကထက် မြန်မာတွေတန်းစီတာ ပိုများတယ်။ ပြည်တွင်းမှာ CEIR ကိစ္စတွေကြောင့်လည်း ဖြစ်လိမ့်မယ်ထင်တယ်။ နောက်ပြီး အရင်နှစ်ကမှ အိုင်ဖုန်းရဲ့ အပြောင်းအလဲတခုက စတာဆိုတော့ မဝယ်ဘဲစောင့်ကြည့်ထားတဲ့သူတွေက ဒီနှစ်မှာ ဝယ်တာ များလာကြတာ။ အခု 18 pro ရဲ့ အရောင်ကို ကြိုက်ကြလို့လည်းပါတယ်။ အရင်နှစ်ကထက် ဒေါ်လာ ၁၀၀ လောက် ပိုများတယ်ဆိုပေမယ့် အော်ဒါတွေကတော့ တက်နေတုန်းပါပဲ။ အခုလက်ရှိကို အရင်နှစ်ထက် အော်ဒါ၂ ဆ လောက် တက်တယ်“ဟု ပြောသည်။
Apple ၏ တရားဝင်ဈေးနှုန်းများမှာ iPhone 18 Pro အတွက် အမေရိကန်ဒေါ်လာ ၁,၁၉၉ နှင့် iPhone 18 Pro Max အတွက် ဒေါ်လာ ၁,၂၉၉ မှ စတင်သော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဧပြီလမှစတင်၍ အကောင်အထည် ဖော်ခဲ့သော CEIR စနစ်အရ ပြည်ပမှ တင်သွင်းလာသည့် မိုဘိုင်းလ်ဖုန်းများအတွက် အကောက်ခွန် (Customs Duty) ၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၅ ရာခိုင်နှုန်း ၊ ကြိုတင်ဝင်ငွေခွန် (Advanced Income Tax) ၂ ရာခိုင်နှုန်း နှင့် ရွေးယူဒဏ်ကြေး (Redemption Fine) ၂၅ ရာခိုင်နှုန်း အထိ ပေးဆောင်ရမည်ဖြစ်ရာ စုစုပေါင်း အခွန်နှင့် ဒဏ်ကြေး ၃၂ မှ ၃၇ ရာခိုင်နှုန်း ဝန်းကျင်အထိ ကျသင့်နိုင်သည်။
ထို့ကြောင့် ပြည်တွင်းမိုဘိုင်းလ် အရောင်းဆိုင်များမှတဆင့် iPhone 18 Pro ကို CEIR (IMEI အခွန်) အပြီးအစီး ဝယ်မည် ဆိုပါက အကောက်ခွန် ကျပ် ၁၉၂,၅၇၀ ၊ ကုန်သွယ်လုပ်ငန်းခွန် ၂၀၂,၁၉၉ ကျပ်နှင့် ရွေးယူဒဏ်ကြေး (Redemption Fine) ကျပ် ၉၆၂,၈၅၀ အပါအဝင် စုစုပေါင်း အခွန်နှင့် ဒဏ်ကြေး ကျပ် ၁၃ သိန်းကျော် ပေးဆောင်ရ မည်ဖြစ်သဖြင့် ဖုန်းတလုံးလျှင် စုစုပေါင်းကျသင့်ငွေ ကျပ်သိန်း ၁၀၀ ကျော်အထိ ရှိနေသည်။
နောက်ဆုံးထုတ် iPhone 18 စီးရီးသည် ကင်မရာအရည်အသွေးကောင်းမွန်မှုကြောင့် Content Creator ၊ ဓာတ်ပုံနှင့် ဗီဒီယိုလုပ်ငန်း၊ နည်းပညာလေ့လာလိုက်စားသူများနှင့် အွန်လိုင်းအလုပ်လုပ်သူများအတွက် လုပ်ငန်းသုံးကိရိယာတခု ဖြစ်နိုင်သလို တချို့အတွက်မူ နောက်ဆုံးထွက်မော်ဒယ် ကိုင်ဆောင်ခြင်းသည် လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ်ပိုင် အဆင့်အတန်း၊ ခေတ်မီမှုပုံရိပ်ကို ဖော်ပြနေသော သင်္ကေတတခုလည်း

❤21👍14🤔3
ဖြစ်သည်။
“တကယ်တော့ ဒီနှစ်မှ အသစ်ထွက်မယ့် Duo ကိုကိုင်ဖို့ပဲ။ ဒါပေမယ့် စစချင်းထွက်တာဆိုတော့ ဘာ Error တွေပါနိုင်မလဲ ဆိုတာ မသိသေးလို့၊ အခု 18 Pro ကို ဘန်ကောက်က အစ်မဆီကနေတဆင့် ဝယ်ပြီး ကိုင်လိုက်တယ်။ မနှစ်က 17 ကတည်းကတော့ ဝယ်မလို့ပါပဲ။ သူ့ရဲ့အရောင်ကိုလည်း မကြိုက်တာနဲ့။ အိုင်ဖုန်းတို့ရဲ့ ထုံးစံအတိုင်း ဈေးကတော့ တခုထက် တခုက မြောက်ပေမယ့် ပေးရတာနဲ့တန်ပါတယ်။ ကိုယ်ကလည်း ဒီဖုန်းနဲ့ပဲအသုံးပြုပြီး ငွေရှာနေတာဆိုတော့ ဘယ်လောက် ပေးရပေးရ ဝယ်မှာပါပဲ” ဟု ပြည်တွင်းရှိ အွန်လိုင်းရှော့ပင်ရောင်းချနေသူတဦးက ပြောသည်။
နိုင်ငံခြားမှ ပြန်လာသည့် ခရီးသည်တဦးလျှင် ဖုန်း ၂ လုံးအထိယူဆောင်ခွင့်ပြုထားပြီး လေဆိပ် Customs Counter တွင် Passenger Declaration Form (PD Form) ဖြင့် တရားဝင် ကြေညာပါက ဒဏ်ကြေး မကျသင့်ဘဲ ပုံမှန် အခွန်နှုန်းထား သာ ကျသင့်မည်ဖြစ်သည်။
ဘန်ကောက်မှ ကိုယ်တိုင်ဝယ်ယူကာ အခွန်ဆောင်ခဲ့သူတဦးက “ကိုယ်တိုင် နိုင်ငံခြားကနေ သယ်လာပြီး လေဆိပ်မှာ PD Form ဖြည့်ပြီး Declare လုပ်ထားရင် စာရွက်စာတမ်းအစုံနဲ့ အခွန်ဆောင်တဲ့အခါ iPhone 18 Pro Max တောင် အခွန်ဆောင်ရတာ ၄ သိန်း မပြည့်ပါဘူး” ဟု ပြောသည်။
သတ်မှတ်ထားသည့် CEIR အခွန်မဆောင်ပါက မြန်မာနိုင်ငံရှိ မည်သည့် SIM Card ဖြင့်မျှ အသုံးပြုနိုင်မည်မဟုတ်ဘဲ ရက် ၃၀ အကြာတွင် ကွန်ရက်ပိတ်ပင်ခံရမည်ဖြစ်ပြီး PD Form မပါဘဲ ပြည်တွင်းသို့ တင်သွင်းလာသည့် ဖုန်းများကို CEIR စနစ်တွင် IMEI မှတ်ပုံတင်ပါက အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ကြိုတင်ဝင်ငွေခွန်တို့အပြင် ရွေးယူဒဏ်ကြေး (Redemption Fine ၂၅ ရာခိုင်နှုန်း) အထိ ပါဝင်သွားသဖြင့် အခွန်နှင့် ဒဏ်ကြေး စုစုပေါင်း ၁၃ သိန်းကျော် ပေးဆောင်ရခြင်း ဖြစ်သည်။
ဖုန်းပြန်လည်ရောင်းချနေသူတဦးက “လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ အလုံးတွေကတော့ CEIR အခွန် ၁၃ သိန်း ဝန်းကျင်နဲ့ ပေါင်းလိုက်ရင် သိန်း ၁၀၀ စွန်းစွန်းရှိသွားမယ်။ CEIR အခွန်ဈေးမထွက်ခင်ကတော့ ၈၈ သိန်း၊ သိန်း ၉၀ နဲ့ ရောင်းတာ။ ထွက်ထွက်ချင်း မကိုင်ဘဲ အချိန်နည်းနည်းစောင့်ရင်တော့ ဒီထက် သက်သာတဲ့ ဈေးနဲ့ ရနိုင်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ အောက်ခြေလူတန်းစားများအဖို့မှာမူ စားသောက်ရန်ပင် မလွယ်ကူတော့ချိန် ငွေကြေးတတ်နိုင်သူများကမူ ယခုကဲ့သို့ အခွန်များ၊ ဒဏ်ကြေးများ ပေးကာဝယ်ယူကြသလို နှစ်စဉ် စက်တင်ဘာလ အိုင်ဖုန်းစီးရီးသစ်ထွက်ရှိချိန် ငွေကြေးတတ်နိုင်သူများက ဘန်ကောက်သို့ တက်ကာ ကြိုတင်စောင့်ဆိုင်းတန်း စီဝယ် ယူကြပြီး ထိပ်ဆုံးဝယ်ယူခွင့်ရသူများထဲ မြန်မာနိုင်ငံသားများက ၂ နှစ် ဆက်တိုက် ဗိုလ်ဆွဲခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ကျော်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ သန်း ၆၀ ကျော်အထိရှိကြောင်း ဒစ်ဂျစ်တယ်နှင့် ဖုန်းဆက်သွယ်ရေးအဖွဲ့များ၏ အစီရင်ခံစာများ၌ ဖော်ပြထားသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/03/416769.html

ဧရာဝတီ
စစ်ပွဲ ကပ်ဘေးနှင့် ငွေကြေးအကျပ်အတည်းကြားက iPhone 18 Pro
ဘန်ကောက်မှာ ကိုယ်တိုင်လာဝယ်တဲ့သူတွေကလည်း အရင်နှစ်ကထက် မြန်မာတွေတန်းစီတာ ပိုများတယ်။ ပြည်တွင်းမှာ CEIR ကိစ္စတွေကြောင့်လည်း ဖြစ်လိမ့်မယ်ထင်တယ်။ နောက်ပြီး အရင်နှစ်ကမှ အိုင်ဖုန်းရဲ့ အပြောင်းအလဲတခုက စတာဆို တော့ မဝယ်ဘဲစောင့်ကြည့်ထားတဲ့သူတွေက ဒီနှစ်မှာ ဝယ်တာများလာကြတာ။…
👍25👎5❤2🤔2
AI နှင့် ဒရုန်းစွမ်းရည်များကို တိုးမြှင့်ရန် ပင်တဂွန်က 'Autowarcom' ကို ဖွဲ့စည်း
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
အမေရိကန် စစ်တပ်တခုလုံးတွင် အလိုအလျောက်မောင်းနှင်စနစ်နှင့် ရိုဘော့တစ်စွမ်းရည်များကို တည်ဆောက်ပေးအပ်သွားမည့် စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးဌာနအသစ်တခု ဖွဲ့စည်းလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
"Autonomous Warfare Command" (အလိုအလျောက် မောင်းနှင်စနစ်သုံး စစ်ဆင်ရေး ကွပ်ကဲမှုဌာန) ဟု ခေါ်ဆိုမည်ဖြစ်ကြောင်း ဟက်ဂ်ဆက်သ် ပြောကြားခဲ့သည့် ထိုကွပ်ကဲမှုဌာနသည် လျှင်မြန်စွာ ပြောင်းလဲလာသော စစ်ပွဲများ၏ သဘောသဘာဝနှင့် ဒရုန်းများ၊ AI အသုံးပြုမှုကဲ့သို့သော စနစ်များတွင် တိုးတက်မှု ရရှိရန် လိုအပ်ချက်ကို မီးမောင်းထိုးပြနေသည်။
ကွပ်ကဲမှုဌာနအသစ်တခု ဖွဲ့စည်းခြင်းသည် ဖြစ်လေ့ဖြစ်ထ မရှိဘဲ နောက်ဆုံးဖွဲ့စည်းခဲ့သည်မှာ ၂၀၁၉ ခုနှစ်က အမေရိကန် အာကာသ ကွပ်ကဲမှုဌာန ဖြစ်သည်။ ယခုလှုပ်ရှားမှုသည် ပင်တဂွန်အနေဖြင့် စရိတ်ကြီးမားသော ရိုးရာ လက်နက်ယန္တရားများမှ လတ်တလော ပဋိပက္ခများတွင် အဆုံးအဖြတ်ပေးနိုင်ကြောင်း သက်သေပြခဲ့သည့် စရိတ်သက်သာပြီး AI အခြေပြု အလိုအလျောက်မောင်းနှင်စနစ်များဆီ ပြောင်းလဲရန် တွန်းအားပေးနေမှုကို ထင်ဟပ်စေသည်။
ဗာဂျီးနီးယားပြည်နယ်၊ ကွမ်တီကိုတွင် အရာရှိငယ်များနှင့် တပ်သားရာပေါင်းများစွာ ရှေ့မှောက်၌ ပြောဆိုသည့် မိန့်ခွန်းတခုတွင် ဟက်ဂ်ဆက်သ်က ယင်းကွပ်ကဲမှုဌာနကို ဗိုလ်ချုပ်ကြီး (Four-star officer) တဦးက ဦးဆောင်မည်ဟု ပြောကြားခဲ့သည်။
"စစ်ပွဲရဲ့ လျှင်မြန်မှုဟာ အဲဒီစစ်ပွဲကို ပံ့ပိုးပေးရတဲ့ လုပ်ငန်းစဉ်ထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲနေပါတယ်" ဟု "State of the Force" အမည်ရှိ မိန့်ခွန်းတွင် ဟက်ဂ်ဆက်သ်က ပြောကြားခဲ့သည်။
"စရိတ်သက်သာတဲ့ ကွန်ပျူတာ တွက်ချက်မှုစနစ်တွေ၊ လွန်စွာထက်မြက်တဲ့ AI နည်းပညာနဲ့ အဆင့်မြင့်ထုတ်လုပ်မှုတွေဟာ စရိတ်နည်းပြီး တိကျမှုမြင့်မားတဲ့ တိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဖန်တီးပေးခဲ့ပါတယ်" ဟု ဟက်ဂ်ဆက်သ်က ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန် စစ်တပ်တွင် လက်ရှိ၌ ကမ္ဘာ့နေရာအသီးသီးနှင့် သီးခြားတာဝန်များကို တာဝန်ယူရသည့် စစ်ဆင်ရေး ကွပ်ကဲမှုဌာန ၁၁ ခု ရှိသည်။
ကိုးကား။ ။ Reuters သတင်း Pentagon creates 'Autowarcom' to expand AI and drone capabilities
ပုံစာ - အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်

👍35❤16
ရသေ့တောင် ဗုံးကြဲ ၉ တန်းကျောင်းသူ ပွဲချင်းပြီး သေဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေဖြစ်သည့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို ယနေ့နံနက်အစော ၁ နာရီခန့်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ၉ တန်းကျောင်းသူအပါအဝင် ၂ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရသေ့တောင်မြို့ပေါ်ရှိ ကမ်းနားလမ်း၊ စိုက်ပျိုးရေးရုံး၊ အလယ်ရွာချေ၊ ပြားချောင်းကြီးအပါအဝင် နေရာတချို့ကို ဗုံး ၁၇ လုံး ကြဲချခဲ့ခြင်းဖြစ်ကာ ချွတ်ပြင်ရွာမှ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူ မမိုးမိုးနွယ်သည် စိုက်ပျိုးရေးရုံးအနီး ဗုံးပေါက်ကွဲမှုအတွင်း ပွဲချင်းပြီး သေဆုံးခဲ့သလို ပြားချောင်းကြီးရွာ ဗုံးကြဲခံရမှု၌ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာ သေဆုံးခဲ့ခြင်းဟု သိရသည်။
ထို့အတူ တောင်ရင်းရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း၊ ပြင်ခေါင်ကျေးရွာ စာသင်ကျောင်းနောက်ဘက်နှင့် ကျေးရွာအပြင်ဘက် ဗုံးကြဲခံရမှုတွင် စာသင်ဆောင်တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် အငူမော်ကျေးရွာ ဗုံးကြဲခံရမှုတွင် ၃ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့၊ အိန္ဒိယဈေးလေကြောင်းတိုက်ခိုက်ခံရ၍ လူ ၅၀ အစုလိုက် အပြုံလိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင် စစ်တပ်သည် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ(ပေါက်တော)၊ ကျောက်တော်နှင့် သံတွဲ မြို့တို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သောနေရာများကို ဂျက်တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း AA က ယမန်နေ့ညတွင် ထုတ်ပြန်သည်။
ပုံစာ-စက်တင်ဘာ ၂၈ ရက်က ကျောက်တော်ကို ဗုံးကြဲပြီးနောက် မြင်ကွင်း/ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup

😭41👎9❤7👍6😁2
တရုတ် Hacker တွေက အီးမေးလ်တွေ ခိုးယူဖို့ အမေရိကန် အရာရှိဟောင်း အယောင်ဆောင်ခဲ့
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
တရုတ် ဟက်ကာတွေ (Hacker) က အမေရိကန် အစိုးရ အရှာရှိဟောင်း တဦး အပါအဝင် AI ကျွမ်းကျင်သူတွေ အဖြစ် အယောင် ဆောင်ခဲ့ကြတယ်လို့ ဆိုက်ဘာ လုံခြုံရေး ကုမ္ပဏီ Proofpoint က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြောကြားလိုက် ပါတယ်။
အယောင်ဆောင်သူတွေဟာ စူစမ်းလေ့လာရေးနဲ့ မူဝါဒ ရေးဆွဲရေး အဖွဲ့တွေ၊ တက္ကသိုလ်တွေနဲ့ တခြား အဖွဲ့အစည်းတွေ ရဲ့ AI ကျွမ်းကျင်သူတွေထံမှ အီးမေးလ်တွေ ခိုးယူဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“TA419” လို့ အမည်ပေးထားတဲ့ ဟက်ကာတွေကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ၎င်းတို့ဟာ ၂၀၂၅ ခုနှစ်တည်းက စတင်ကာ အမေရိကန်နဲ့ ဂျပန် စူးစမ်းလေ့လာရေးနဲ့ မူဝါဒ အဖွဲ့တွေ၊ ကာကွယ်ရေး ကန်ထရိုက်တာတွေ၊ တက္ကသိုလ်တွေနဲ့ ဥပဒေ ကုမ္ပဏီ တွေမှာ အလုပ်လုပ်တဲ့ လူတွေထံမှ စကားဝှက်တွေကို ခိုးယူဖို့ ကြိုးစားလေ့ ရှိကြောင်း Proofpoint အစီရင်ခံစာ တခုက ဖော်ပြပါတယ်။
အသုံးပြုတဲ့ Malware အမျိုးအစားတွေ၊ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ သုံးတဲ့ အင်တာနက် အခြေခံ အဆောက်အအုံ တွေနဲ့ တရုတ် ထောက်လှမ်းရေးရဲ့ ဦးစားပေးတွေနဲ့ ကိုက်ညီနေတဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ပစ်မှတ်တွေကို အခြေခံပြီး တရုတ် ဟက်ကာအဖွဲ့က ကြိုးစားမှုတွေ လုပ်တယ်လို့ Proofpoint က သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
ဟက်ကာတွေရဲ့လုပ်ဆောင်မှုတွေမှာ အိမ်ဖြူတော် သိပ္ပံနဲ့ နည်းပညာ မူဝါဒရုံးရဲ့ ဒုတိယ ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ Lynne Parker အပါအဝင် အစိုးရ ယန္တရားနဲ့ AI ကျွမ်းကျင်သူတွေ ဟန်ဆောင်ပြီး အီးမေးလ် ပေးပို့ခြင်းတွေ ပါဝင်တယ် လို့လည်း Proofpoint က ဆိုပါတယ်။
အီးမေးလ်တွေမှာ စကားဝှက်ခိုးယူဖို့ ဝက်ဘ် စာမျက်နှာတွေဆီ မခေါ်ဆောင်မီ AI ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ကနဦး အစီအစဉ်တွေကို မိတ်ဆက်လေ့ ရှိကြောင်း သိရပါတယ်။
ဝါရှင်တန်မှာရှိတဲ့ တရုတ် သံရုံးကတော့ မှတ်ချက်မပေးပါဘူး။
တရုတ် အစိုးရဟာ ဆိုက်ဘာ သူလျှိုအလုပ်တွေ မလုပ်ဘူးလို့လည်း ကာလကြာရှည် ငြင်းဆန်ထားပါတယ်။
ဟက်ကာတွေ ပစ်မှတ်ထားခံရတဲ့ သူတွေရဲ့ နာမည်ကို ထုတ်ဖော်ဖို့ Proofpoint က ငြင်းဆိုခဲ့ပြီး စာထဲမှာတော့ AI စည်းမျဉ်း ထိန်းသိမ်းရေး၊ ပို့ကုန် ထိန်းချုပ်ရေးနဲ့ နိုင်ငံအဆင့် AI နည်းဗျူဟာတွေမှာ အလုပ်လုပ်နေတဲ့ ကျွမ်းကျင်သူတွေ လို့ပဲ ဖော်ပြခဲ့ပါတယ်။
Reuters သတင်းဌာန ကတော့ အိမ်ဖြူတော် အရာရှိဟောင်းတဦး ဖြစ်သူ လက်ရှိမှာ မီဒီယာ၊ နည်းပညာနဲ့ ဒီမိုကရေစီ ဆိုင်ရာ Penn Center ကို ဦးဆောင်နေတဲ့ Alex Engler လည်း ပစ်မှတ်တွေထဲမှာ ပါဝင်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။
Engler က သူ့အနေနဲ့ Lynne Parker ထံမှ AI မူဝါဒ စီမံကိန်း အသစ်တခုမှာ ပါဝင်ဖို့ အီးမေးလ် လက်ခံရရှိခဲ့ပြီး တခုခု လွဲမှားနေတယ်လို့ ခံစားရတာကြောင့် တခြားသူတွေထံ စုံစမ်းကြည့်တဲ့အခါမှ အယောင်ဆောင် ဖြစ်နေတာကို သိရှိခဲ့ရကြောင်း Reuters ကို ပြောပါတယ်။
Proofpoint ကတော့ အခုလုပ်ရပ်ဟာ နည်းပညာ ခိုးယူမှုတခု ဆိုတာထက် အမေရိကန်ရဲ့ မူဝါဒပိုင်း ဆိုင်ရာကို စုံစမ်း ထောက်လှမ်းလိုခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/10/03/416773.html
Ref : Reuters

အယောင်ဆောင်သူတွေဟာ စူစမ်းလေ့လာရေးနဲ့ မူဝါဒ ရေးဆွဲရေး အဖွဲ့တွေ၊ တက္ကသိုလ်တွေနဲ့ တခြား အဖွဲ့အစည်းတွေ ရဲ့ AI ကျွမ်းကျင်သူတွေထံမှ အီးမေးလ်တွေ ခိုးယူဖို့ ကြိုးစားခဲ့…
👍30❤7😱3👎2🤔1
NUG မုံရွာခရိုင် တပ်ရင်းမှူး စစ်တပ်လက်ရောက်ပြီးနောက် ချောင်းဦး ဗုံးကြဲခံရဟု ဆို
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ယမန်နေ့က ဗုံးကြဲခံရပြီး စစ်ရှောင်နှစ်ဦး သေဆုံးကာ တဦး ဒဏ်ရာရခဲ့သည်။
ထိုဖြစ်ရပ်အပေါ် မြေပြင်စစ်ရေးရင်းမြစ်များက ချောင်းဦးမြို့နယ်တွင်း လှုပ်ရှားနေသည့် မုံရွာခရိုင်တပ်ရင်း ၁၅ တပ်ရင်းမှူး ပျံလွှား (ခ) ဝေဇင်အောင် စက်တင်ဘာ ၃၀ရက်က စစ်တပ်လက် ရောက်သွားပြီးနောက် ယခုလို စခန်းဝန်းကျင် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
“အခုလေကြောင်းတိုက်ခိုက်တာတွေလုပ်တာက ကိုဝေဇင်အောင်နေခဲ့တဲ့ စခန်းပတ်ဝန်းကျင်တွေလို့ ပြောလို့ရတယ်၊ မနေ့က ညနေ ၆ နာရီလောက်မှာ ဗုံးပတ်ကြဲသွားတာ၊ စစ်ရှောင် ၂ ယောက် သေတယ်၊ တယောက်ဒဏ်ရာရတယ်၊ သူက(ဝေဇင်အောင်) လက်နက်ချသွားတယ်တို့ အဖမ်းခံရတယ်တို့ဆိုပြီး သတင်းအမျိုးမျိုး ထွက်နေတာပေါ့နော်၊ ကျနော်တို့ သိရသလောက် လက်နက်ချအညံ့ခံမဲ့သူမျိုးတော့ မဟုတ်ဘူးဗျ၊ လက်ရှိမှာတော့ သူ့ကို အသုံးချပြီး စစ်ကြောင်းထိုးတာတွေ လုပ်လာနိုင်တာမို့ သတိနဲ့ နေ နေကြတယ်”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
တပ်ရင်း ၁၅ တပ်ရင်းမှူးဖြစ်သူ ပျံလွှား (ခ) ဝေဇင်အောင်သည် မုံရွာခရိုင်တပ်ရင်းများသည့် ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၅ တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် (6+1) စုပေါင်းတပ်ရင်း၏ တပ်ရေးပိုင်းကို တာဝန်ယူထားသူတဦးဖြစ်ကာ နာမည်ပျက်မရှိသလို အဖွဲ့အစည်း၌ မည်သူနှင့်မျှ ပြဿနာဖြစ်ပွားခြင်း မရှိဘဲ ပြင်ပတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
တပ်ရင်း ၁၅ တပ်ရင်းမှူးဖြစ်သူ ပျံလွှား (ခ) ဝေဇင်အောင် သေနတ်တလက်၊ ငွေကျပ် သိန်း ၁၅၀ ခန့်နှင့် စစ်တပ်ထံသို့ ရောက်ရှိသွားသည်မှာ မှန်ကန်ပြီး မည်သို့ရောက်ရှိသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ချောင်းဦးမြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။
လက်ရှိ မြေပြင်စစ်ကြောင်းထိုးမှု မရှိသေးသော်လည်း လေကြောင်းတိုက်ခိုက်နေသဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေးထားသည်။

👎39❤5😁4👍2😭2
ချင်းပြည်မှာလည်း သဘာဝဘေးကြုံ၊ လူတဦး ရေစီးနှင့် မျောပါ သေဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
ချင်းပြည်နယ် ထန်တလန်၊ တီးတိန်၊ ဟားခါး၊ ဖလမ်းမြို့နယ်များတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လမ်းနှင့် တံတားများ ပြိုကျ ပျက်စီးကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသလို ထန်တလန်နှင့် ဖလမ်းအစပ်၌ အမျိုးသားတဦး ရေစီးနှင့် မျောပါ သေဆုံးခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် အရေးကြီး တံတားများနှင့် လမ်းပိုင်း ၁၀ နေရာထက်မနည်း ပျက်စီးနေသလို ဆေးရုံဆေးခန်းများ၊ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးရုံများလည်း ထိခိုက်ပျက်စီးမှု များပြားကြောင်း ချင်းတော်လှန်ရေးအဖွဲ့များနှင့် ဖွဲ့စည်းထားသည့် ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က လူမှုကွန်ရက်မှတဆင့် ပြောသည်။
ထန်တလန်မြို့နယ်ကောင်စီ၊ ဟွာလ်ငိုရမ်းဒေသ အပါအဝင် ဟားခါးနှင့် ဆဲန်ထန်၊ ဇိုတုန်၊ မတူပီဘက်သို့ သွားသော လမ်းများ၊ မင်းတပ် - မတူပီကြားက လမ်းပိုင်း စသည့် နေရာတချို့တွင် ရုတ်တရက် ရေကြီး မြေပြိုမှုများ ဖြစ်နေခြင်းဟု သိရသည်။
ထိုသို့ ရေကြီး တောင်ပြိုမှုများကြောင့် စစ်ဘေးရှောင်များအတွက် အခြေခံစားနပ်ရိက္ခာအကူအညီများ၊ အမိုးအကာများ၊ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေသည်ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ဆို ထားသည်။
“ချင်းတောင်မှာက သိတဲ့အတိုင်း မိုးနည်းနည်း များရင်တောင် မြေပြိုတယ်၊ အခု ရေကြီးမှုလည်း ကြုံနေရတယ်၊ တချို့ဒေသမှာဆိုရင် လမ်းတွေ ပြိုလို့ သွားရေးလာရေး တော်တော် ခက်ခဲနေတယ်၊ ဒီလမ်းတွေက ပြည်သူတွေ အသုံးပြုတဲ့၊ တချို့နေရာမှာဆိုရင် ပြည်ထောင်စုလမ်းမတွေ၊ မြို့ချင်းဆက်လမ်းမတွေ ဖြစ်နေတယ်”ဟု လူမှုဖွံ့ဖြိုးရေးဝန်ကြီး Pu Za Thawng က ပြောသည်။
ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ရှိရာ ချင်းလုံမြို့တွင်လည်း တီအိုချောင်း ရေကြီးမှုကြောင့် ဗစ်တိုးရီးယား အထွေထွေရောဂါကုဆေးရုံ ရေနစ်မြှုပ်ခဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတချို့ ပြုလုပ်ခဲ့ရကာ အကူအညီများ လိုအပ်နေသည်ဟု CDF ထန်တလန်နှင့် ဗစ်တိုးရီးယားဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။
တီးတိန်မြို့နယ် လိုင်တွီးတံတားနှင့် လိုင်တွီးရွာအကြား လမ်းပိုင်း မြေပြိုကျမှု ဖြစ်ပွားနေပြီး လက်ရှိ အသုံးပြု၍ မရသေးကြောင်း၊ အဆိုပါလမ်းပိုင်းကို ပြင်ဆင်မှုမှာ ၂ ရက်မှ ၃ ရက်ခန့် ကြာမြင့်နိုင်ကြောင်း PDF – Zoland က ယနေ့ ထုတ်ပြန်သည်။
ဓာတ်ပုံ- Ministry Of Social Development, Government Of Chinland

😭29❤4👍4👎3
Media is too big
VIEW IN TELEGRAM
တရုတ်ဆန့်ကျင်ရေးအတွက် အမျိုးသားရေးသမားတွေ အချင်းများ
လက်ရှိ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာတောင် ဈေးဆိုင်အတော်များများက တရုတ်ဆိုင်းဘုတ်တွေ တင်ထားပြီး တရုတ်စာတွေသာ ရေးသားထားတာကို တွေ့လာရတယ်လို့ ဦးအေးနေဝင်းက ပြောပါတယ်။ ဒါပေမယ့်အမျိုးသားရေးလှုပ်ရှားသူအဖြစ် နာမည်ခံထားသူတချို့ဟာ ဗီနိုင်းစာရွက်ဖိုးနဲ့ လူစုလူဝေးလုပ်တဲ့နေ့တွေမှာပိုက်ဆံရဖို့လောက်သာ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဦးအေးနေဝင်းရဲ့ ဒီပြောဆိုချက်ကို ပေါက်ကိုယ်တော်က အမျိုးသားရေးသမားတွေ တရုတ်အကြောင်း ပြောနေချိန်ဒကာကြီးက ဟိုင်းခန်းရောက်နေလို့နေမှာလို့ ပြောဆိုခဲ့သလို မြန်မာစကားမပြောရ၊ မြန်မာစာမရေးရဆိုတဲ့နေရာတွေကို တွေ့ရင် ဥပဒေနဲ့ မရှင်းတော့ဘဲ ဝင်ရိုက်မယ်လို့လည်း ပြောဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ပေါက်ကိုယ်တော် #အေးနေဝင်း #WhatsHappensInMyanmar

😁48❤9👍9🤔1
၂၀၁၅ ခုနှစ် မတ်လက ဧရာဝတီမှာ ရေးထားတဲ့ ကိုးကန့် သမိုင်း အကြောင်း ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2015/03/19/72792.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2015/03/19/72792.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍32😁1
ဈေးကို လူသတ်ကွင်းလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှု
ဧရာဝတီ၊ အောက်တိုဘာ ၃၊ ၂၀၂၆
ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဘေးတွဲဆိုင်ကယ်သမားတွေနဲ့ ဈေးဝယ်သူတွေ စည်ကားနေတဲ့ ကျောက်တော်မြို့က အိန္ဒိယစျေးဟာ အသံထက်မြန်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်ဖိုက်တာဗုံးဆံတွေကြောင့် မီးလောင်ပြင် ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ မိနစ်ပိုင်းအတွင်းမှာပဲ လူ ၅၀ ရဲ့ အသက်ကို နုတ်ယူသွားခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေသာ မကဘဲ ဒီဈေးလမ်းမကြီးပေါ်မှာ အတူယှဉ်တွဲ ရှင်သန်နေထိုင်ကြတဲ့ ဒေသခံ မူစလင်ပြည်သူတွေကိုပါ ခွဲခြားမှုမရှိ သွေးမြေကျစေခဲ့ပါတယ်။
ဈေးသည်တွေ၊ ကျောင်းသားတွေ၊ ကလေးသူငယ်တွေ နေ့စဉ် ဖြတ်သန်းနေရတဲ့ ဒီလမ်းမကြီးဟာ စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာကို မြေပြင်က ပြည်သူတွေက အသိဆုံးပါ။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (IHL) နဲ့ စစ်ပွဲဆိုင်ရာ ဥပဒေများ (Laws of War) တွေအရ အရပ်သားတွေ၊ ဈေး၊ လူနေအိမ်၊ ကျောင်း၊ ဆေးရုံ စတဲ့ အရပ်ဘက် ဆိုင်ရာနေရာတွေကို တိုက်ရိုက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို တားမြစ်ထားပါတယ်။
https://youtu.be/4_bv7thRqOI
#မြန်မာ #ဧရာဝတီ #ကျောက်တော် #ဗုံးကြဲ #AA #WhatsHappensInMyanmar

YouTube
ဈေးကို လူသတ်ကွင်းလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှု | The Irrawaddy
ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ဘေးတွဲဆိုင်ကယ်သမားတွေနဲ့ ဈေးဝယ်သူတွေ စည်ကားနေတဲ့ ကျောက်တော်မြို့က အိန္ဒိယစျေးဟာ အသံထက်မြန်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဂျက်ဖိုက်တာဗုံးဆံတွေကြောင့် မီးလောင်ပြင် ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ မိနစ်ပိုင်းအတွင်းမှာပဲ…

😭33👍19❤5😁3🤔2
၁၉၅၄ မှ ၁၉၅၆ ခုနှစ်အထိ တည်ဆောက်ခဲ့သော ဤသစ်သားအင်ဂျင်နီယာ အံ့ဖွယ်လက်ရာသည် ရန်ကုန်၏ စစ်ပြီးခေတ် အထင်ကရ အမှတ်အသားတခုအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။ သို့သော် ၁၉၈၀ ပြည့်လွန်နှစ်များသို့ ရောက်သောအခါ ကာလကြာမြင့်မှုနှင့် အပူပိုင်းမိုးဒဏ်တို့ကြောင့် ထိခိုက်ပျက်စီးလာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရက ထိန်းသိမ်းစရိတ် မြင့်မားသည်ဟု အကြောင်းပြကာ ခန်းမကို ဖြိုဖျက်ခဲ့သည်။
နှစ်ပေါင်း ၃၆ နှစ်အကြာတွင် မင်းအောင်လှိုင်သည် အဆိုပါ ဗိသုကာပြယုဂ်ကို ပြန်လည်ဆန်းသစ်ရန် မျက်စိကျလာခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်သည် ပုံတူပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ လတ်တလောတွင် သွားရောက်ကြည့်ရှုခဲ့ပြီး အွန်လိုင်းတွင် အပြင်းအထန် ငြင်းခုံဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/10/03/416782.html

လိပ်ခုံးကို ပြန်ဆောက်ရန် မင်းအောင်လှိုင် နောက်ဆုံးပေါ် ဟန်ရေးပြ
အလျား ၁၅၃ ပေ၊ အနံ ၉၃ ပေ ရှိသော မူလဒီဇိုင်းသည် သာမန်ကိုလိုနီ ဗိသုကာပုံစံများနှင့် သိသိသာသာ ကွဲပြားခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ထိုအဆောက်အအုံအတွက် ပန္နက်ချ ပေးခဲ့ခြင်းဖြစ်သည်။
😁30👍8❤3😭1